သန်မာပြီး ဆရာဝန်ရဲ့ဝတ်ရုံကို မလွတ်တမ်းအတင်းဆွဲကိုင်ထားခဲ့တဲ့ မွေးကင်းစကလေးငယ်
မွေးကင်းစကလေးငယ်အများစုက သူတို့မွေးခါစအချိန်လေးမှာ အားနည်းနေကြတာပါ ။ ဒါပေမဲ့ ယခုဖော်ပြပေးမဲ့ ‘အားကောင်းနေတဲ့’
မွေးကင်းစကလေးငယ်ရဲ့ ပုံဟာ မကြာသေးမီက ဆိုရှယ်မီဒီယာမှာ အလွန်ချစ်စရာကောင်းတဲ့ အကြောင်းပြချက်နဲ့ ပျံ့နှံ့သွားပါတယ် ။
ဓာတ်ပုံထဲမှာ မွေးကင်းစကလေးဟာ လွန်ခဲ့တဲ့စက္ကန့်အနည်းငယ်ကမှ မွေးဖွားလာပုံရှိတဲ့ ကလေးငယ်တစ်ဦးဟာ ရုတ်တရက်ဆရာဝန်ရဲ့ဝတ်ရုံကို ဆွဲလိုက်ပြီး အတင်းဆွဲထားခဲ့ပါတယ် ။
အမျိုးသားဆရာဝန်က သူ့ရဲ့အလုပ်တွေပြီးဆုံးပြီဖြစ်လို့ ထွက်သွားရန်လုပ်နေတဲ့အခါမှာကလေးငယ်က ကိုင်ထားတာကြောင့် မထွက်နိုင်ဖြစ်နေပါတယ် ။
အခြားကလေးတွေက များသောအားဖြင့် ငိုကြတဲ့အခါမှာ ထိုမွေးကင်းစကလေးငယ်ကတော့ ဆရာဝန်ကို ပြောစရာတစ်ခုခုများ ရှိနေတယ်လို့ ထင်ရပါတယ် ။
အစီရင်ခံစာအရ,၎င်းအဖြစ်အပျက်ဟာ ဗီယက်နမ်နိုင်ငံက Phuong Châu နိုင်ငံတကာဆေးရုံမှာ ဖြစ်ပျက်ခဲ့ပါတယ် ။
အချို့လူများက ကလေးငယ်ဟာ ဆာလောင်နေလို့ အစားအစာတောင်းနေတာဖြစ်မယ်လို့ မှတ်ချက်ပြုခဲ့ပါတယ် ။
အပြောင်ဆုံး မှတ်ချက်တစ်ခုကတော့ “ သူဟာ ကမ္ဘာကိုလာဖို့ အဆင်သင့်မဖြစ်သေးပေမယ့် ဆရာဝန်က သူ့ကိုဆွဲထုတ်လိုက်လို့ ဒေါသထွက်တာနေမာ ”
ဆိုပြီး Comment ပေးခဲ့ပါတယ် ။ မွေးကင်းစကလေးငယ်ရဲ့ သတင်းအချက်အလက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ယခုချိန်မှာ အများပြည်သူက Baby Boss နဲ့ Baby Strong အဖြစ် လူသိများခဲ့ပါတယ် ။