

အသဲ


ထမင်းစားတာတောင်








အသဲ







အသဲ

အခုတော့လေ




အဖေဘယ်လိုဖြေရမလဲ

အသဲ


credit #ပေသီး#

unicode

သမီးလေးကိုလွမ်းရင်း ရေးဖွဲ့ထားတဲ့ ဖခင်တစ်ယောက်ရဲ့ခံစားချက်နဲ့ အမှတ်တရဗွီဒီယိုဖိုင်လေး

အသဲ

စိတ်ချစွာအဖေ့ကိုထားရက်ခဲ့တယ်နော်

ထမင်းစားတာတောင်

အဖေမှာတဲ့ဟင်းနဲ့ဘဲစားမှာတဲ့လား

အဖေကြိုက်ရင်သမီးအကုန်ကြိုက်တယ်တဲ့လား

နောက်ဆုံးလှူခဲ့တဲ့ငွေငါးထောင်ကိုတောင်

သမီးအတွက်ယူမသွားခဲ့ဘဲ

အဖေ့နာမည်နဲ့လှူပေးသွားခဲ့တာဟာ

သမီးအဖေ့ကိုဘာမက်ဆေ့ပေးသွားတယ်ဆိုတာ

အဖေသိပါတယ်သမီးလေးရယ်

အသဲ

အဖေမတောက်တစ်ခေါက်နဲ့ကဗျာတွေး

ရေးနေရင်အရမ်းကောင်းတာဘဲဆိုပြီး

အမြဲတမ်းအားပေးခဲ့တယ်နော်

ကားမောင်းရင်ဖြေးဖြေးမောင်းပါနော်လို့

ဖုန်းဆက်ပြီးအမြဲတမ်းသတိပေးခဲ့တယ်

ဘာလုပ်လုပ်အဖေကိုအသိပေးခဲ့တယ်နော်

အသဲ

အခုတော့လေ

တစ်နေ့တစ်ခါဖုန်ဆက်ပြီး

အဖေ့ကိုဘယ်သူမေးတော့မှာလဲ

အသဲဖုန်းကိုအဖေခေါ်တော့လဲစက်ပိတ်ထားတယ်တဲ့

အဖေဘယ်လိုဖြေရမလဲ

အသဲ

ငြိမ်းချမ်းတဲ့ဘဝလေးမှာရှိနေမယ်ဆိုတာအဖေယုံကြည်ပါတယ်

 

credit #ပေသီး#