အလုပ်သမားတွေကို ဒေါ်လာ1သန်းပေးပြီးတစ်နှစ်လုံးဖုန်းမသုံးပဲနေဖိူ့စိန်ခေါ်ခဲ့တဲ့ ကုမ္ပဏီ

အလုပ်သမားတွေကို ဒေါ်လာ1သန်းပေးပြီးတစ်နှစ်လုံးဖုန်းမသုံးပဲနေဖိူ့စိန်ခေါ်ခဲ့တဲ့ ကုမ္ပဏီ

Vitaminwater ကုမ္ပဏီဟာ တစ်နှစ်ပတ်တာကာလလုံး ဖုန်း၊ တက်ဘလက် လုံးဝမသုံးဘဲ နေနိုင်သူကို ဒေါ်လာ ၁ သိန်းပေးမယ်လို့ စိန်ခေါ်မှုပြုလုပ်ခဲ့ကြောင်း OC သတင်းမှာ ဖော်ပြထားတာပါ။Coca Cola ကုမ္ပဏီက ပိုင်ဆိုင်တဲ့

Vitaminwaterကုမ္ပဏီက ဒီchallenge မှာပါဝင်ယှဉ်ပြိုင်ဖို့လည်း ဖိတ်ခေါ်ထားပြီတော့ ယှဉ်ပြိုင်လိုသူတွေဟာ သူတို့ဘာကြောင့် ဖုန်းမသုံးချင်တာလဲဆိုတဲ့အကြောင်း အရာကို ရေးသားပြီးတော့ nophoneforayear နဲ့ contest ဆိုတဲ့စာနဲ့အတူ အင်စတာဂရမ်ဒါမှမဟုတ်တွစ်တာမှာ ဓာတ်ပုံတပုံတင်ပြီးတော့ကုမ္ပဏီကို အကြောင်းကြားရမှာပါ။ကုမ္ပဏီဘက်က လာမယ့် ဇန်နဝါရီ၈ရက်နေ့အထိပြိုင်ပွဲဝင်တွေကို ဖိတ်ခေါ်ထားပြီးတော့ အဆို ပြုထားတဲ့ ပြိုင်ပွဲဝင်တွေထဲက

ကုမ္ပဏီဘက်က ဒီ challengeနဲ့ အသင့်တော်ဆုံးသူကိုရွေးချယ်မှာပါ။ရွေးချယ်ခံရသူတွေကို လာမယ့် ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးမယ်လို့လည်း ကုမ္ပဏီဘက်က ပြောပါတယ်နော်။ရွေးချယ်ခံရသူတွေအနေနဲ့ကုမ္ပဏီဘက်ကချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပြီးတော့ သူများဖုန်းတွေကိုလည်း ငှားရမ်းအသုံးပြုလို့ရမှာမဟုတ်ပါဘူးတဲ့။

အခုလိုခေတ်ကြီးမှာ ဖုန်းတွေကမရှိမဖြစ်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေတာကြောင့်ဒီ စိန်ခေါ်မှုဟာလူအများစုအတွက်ခက်ခဲမှာဖြစ်ပေမယ့်လည်းကုမ္ပဏီဘက်ကပြောဆိုဆက် သွယ်ရေးအတွက် ဖုန်းပြောခြင်းတမျိုးတည်းကိုပဲသုံးနိုင်တဲ့၁၉၉၆ ခုနှစ်ထုတ် ဖုန်း တလုံးကိုပေးထားမှာဖြစ်ပါတယ်နော်။အခုချိန်မှာ Vitaminwater ကုမ္ပဏီရဲ့

အစီအစဉ်ဟာ လူမှုကွန်ရက်အသုံးပြုတွေကြားမှာ အတော်လေးရေပန်းစားနေပြီးတော့ ကုမ္ပဏီဘက်ကတော့ ဒါဟာဟာသပြုလုပ်တာမဟုတ်ဘူးလို့အခိုင်အမာ ပြောပါတယ်နော်။ဒီchallenge ဟာ ဖုန်းတွေနဲ့အချိန်ကုန်နေသူတွေအတွက်သူတို့အချိန်နဲ့တခြားစိတ် ဝင်စားစရာ အကြောင်းအရာတွေကို ဆောင်ရွက်ဖို့အကောင်းဆုံးနဲ့အထိရောက် ဆုံးနည်းလမ်းဖြစ်တယ်လို့ ကုမ္ပဏီရဲ့မန်နေဂျာတဦးဖြစ်သူက ပြောခဲ့တာပါနောါ။

Credit

အလုပ်သမားတွေကို ဒေါ်လာ1သန်းပေးပြီးတစ်နှစ်လုံးဖုန်းမသုံးပဲနေဖို့စိန်ခေါ်ခဲ့တဲ့ ကုမ္ပဏီ






Credit