ပခုကၠဴေဆး႐ုံရဲ့ ကိုဗစ္ကိုင္တြယ္ပုံ .

ပခုကၠဴေဆး႐ုံရဲ့ ကိုဗစ္ကိုင္တြယ္ပုံ Positive ေနာ္…. အိမ္တန္းျပန္ ဆိုဘဲ

ေအာက္ဆုံးတြင္ ဗီဒီယို တင္ေပးထားသည္.

ကိုဗစ္ပိုးေတြ႕လူနာသစ္ ၄၃၀၀ ေက်ာ္တြင္ ရန္ကုန္တိုင္းႏွင့္ ပဲခူးတိုင္းက အမ်ားဆုံးျဖစ္

ျမန္မာနိုင္ငံမွာ တရက္အတြင္း ကိုဗစ္-၁၉ ေရာဂါကူးစက္မႈအသစ္ ၄,၃၇၇ ေယာက္ရွိခဲ့ၿပီး ရန္ကုန္နဲ႔ ပဲခူးတိုင္းတိုင္းေဒသႀကီးေတြက အမ်ားဆုံးျဖစ္တယ္လို႔ စစ္ေကာင္စီ လက္ေအာက္ခံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။

 

ဒီစစ္ေဆးမႈမွာေတာ့ အာဏာဖီဆန္ေရးလႈပ္ရွားမႈ (CDM) မွာ ပါဝင္ေနၾကတဲ့ ေဆး႐ုံေတြ၊ ဓာတ္ခြဲစမ္းသပ္ခန္းေတြ မပါဝင္ဘဲ စစ္အုပ္စုလက္ေအာက္ခံ တပ္မေတာ္ေဆး႐ုံေတြ အမ်ားစုမွာ စမ္းသပ္စစ္ေဆးခဲ့တာမို႔ ေရာဂါကူးစက္မႈ တိက်တဲ့ ပမာဏအတိုင္းအဆကိုေတာ့ မသိနိုင္ေသးပါဘူး။

ဝန္ႀကီးဌာန ထုတ္ျပန္ခ်က္ထဲမွာေတာ့ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ဓာတ္ခြဲနမူနာ ၁၅,၁၂၈ ခုကို စစ္ေဆးခဲ့ရာမွာ ေရာဂါကူးစက္မႈအသစ္ ၄,၃၇၇ ေယာက္ ေတြ႕ရွိခဲ့ရတာမို႔ ပိုးေတြ႕ႏႈန္း ၂၈ ဒသမ ၉၃ ရာခိုင္ႏႈန္း ရွိေနတာပါ။

ဒါ့အျပင္ လူနာ ၇၁ ေယာက္ ထပ္မံၿပီးေတာ့ စံခ်ိန္တင္ေသဆုံးခဲ့တာမို႔ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံရၿပီး စုစုေပါင္းေသဆုံးသူ ၃,၇၅၆ ေယာက္ ရွိၿပီလို႔ ဆိုပါတယ္။ ၿပီးခဲ့တဲ့ ရက္ကေတာ့ ေသဆုံးသူအသစ္ ၆၄ ေယာက္ ရွိခဲ့တာပါ။

ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ေရာဂါျပန္လည္သက္သာလာတဲ့အတြက္ ေဆး႐ုံက ဆင္းခြင့္ရခဲ့သူ အေရအတြက္ ၁,၃၄၉ ေယာက္နဲ႔ ကူးစက္ခံရသူ စုစုေပါင္းကေတာ့ ၁၈၈,၇၅၂ ေယာက္ထိ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။

 

ျပည္နယ္၊ တိုင္းေဒသႀကီးအလိုက္ ပိုးေတြ႕လူနာသစ္ ေတြ႕ရွိရတဲ့ႏႈန္းမွာေတာ့ ရန္ ကုန္တိုင္းေဒသႀကီးက ၈၉၂ ေယာက္နဲ႔ အမ်ားဆုံးျဖစ္ၿပီး အဲဒီေနာက္မွာေတာ့ ပဲခူးတိုင္း ေဒသႀကီးက ၆၈၅ ေယာက္၊ စစ္ကိုင္းတိုင္းေဒသႀကီးက ၄၁၆ ေယာက္၊ ရွမ္းျပည္နယ္က ၃၉၉ ေယာက္စီနဲ႔ အစဥ္လိုက္ ကူးစက္ခံထားရပါတယ္။

ျမန္မာနိုင္ငံမွာ ပထမဆုံးေသာ ကိုဗစ္-၁၉ အတည္ျပဳလူနာကိုေတာ့ ၿပီးခဲ့တဲ့ ၂၀၂၀ ျပည့္ႏွစ္၊ မတ္ ၂၃ ရက္က စတင္ေတြ႕ရွိခဲ့တာျဖစ္ၿပီး ၿပီးခဲ့တဲ့ ဇန္နဝါရီ ၂၇ ရက္မွာေတာ့ အာဆီယံနိုင္ငံေတြထဲ အေစာဆုံး ကာကြယ္ေဆးထိုးႏွံတဲ့နိုင္ငံ ျဖစ္လာခဲ့ပါတယ္။

ခုရက္ပိုင္းေတြမွာ ေရာဂါကူးစက္မႈဟာ ေန႔စဥ္ရက္ဆက္ ခပ္စိပ္စိပ္ျဖစ္ေနခဲ့ၿပီး မ်ိဳးရိုးဗီဇကြဲ ကိုဗစ္-၁၉ ေရာဂါပိုး ၃ မ်ိဳး စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္းလည္း ဇြန္ ၁၅ ရက္ေန႔က ေၾကညာထားပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ ၃ ရက္ေန႔ ကာကြယ္ေရးဝန္ႀကီးဌာန၊ ေဆးသုေတသနစင္တာမွ စစ္ေဆးတဲ့ ဓာတ္ခြဲစစ္ေဆးခ်က္အေျဖအရ ကိုဗစ္-၁၉ မ်ိဳးရိုးဗီဇ ေျပာင္းလဲတဲ့ပိုးေတြ႕ရွိသူ ၁၁ ဦး ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။credit

 

Unicode

ပခုက္ကူဆေးရုံရဲ့ ကိုဗစ်ကိုင်တွယ်ပုံ Positive နော်…. အိမ်တန်းပြန် ဆိုဘဲ

အောက်ဆုံးတွင် ဗီဒီယို တင်ပေးထားသည်.

ကိုဗစ်ပိုးတွေ့လူနာသစ် ၄၃၀၀ ကျော်တွင် ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းက အများဆုံးဖြစ်

မြန်မာနိုင်ငံမှာ တရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုအသစ် ၄,၃၇၇ ယောက်ရှိခဲ့ပြီး ရန်ကုန်နဲ့ ပဲခူးတိုင်းတိုင်းဒေသကြီးတွေက အများဆုံးဖြစ်တယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီစစ်ဆေးမှုမှာတော့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှု တိကျတဲ့ ပမာဏအတိုင်းအဆကိုတော့ မသိနိုင်သေးပါဘူး။

ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၅,၁၂၈ ခုကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၄,၃၇၇ ယောက် တွေ့ရှိခဲ့ရတာမို့ ပိုးတွေ့နှုန်း ၂၈ ဒသမ ၉၃ ရာခိုင်နှုန်း ရှိနေတာပါ။

 

ဒါ့အပြင် လူနာ ၇၁ ယောက် ထပ်မံပြီးတော့ စံချိန်တင်သေဆုံးခဲ့တာမို့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး စုစုပေါင်းသေဆုံးသူ ၃,၇၅၆ ယောက် ရှိပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ရက်ကတော့ သေဆုံးသူအသစ် ၆၄ ယောက် ရှိခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရောဂါပြန်လည်သက်သာလာတဲ့အတွက် ဆေးရုံက ဆင်းခွင့်ရခဲ့သူ အရေအတွက် ၁,၃၄၉ ယောက်နဲ့ ကူးစက်ခံရသူ စုစုပေါင်းကတော့ ၁၈၈,၇၅၂ ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ပြည်နယ်၊ တိုင်းဒေသကြီးအလိုက် ပိုးတွေ့လူနာသစ် တွေ့ရှိရတဲ့နှုန်းမှာတော့ ရန် ကုန်တိုင်းဒေသကြီးက ၈၉၂ ယောက်နဲ့ အများဆုံးဖြစ်ပြီး အဲဒီနောက်မှာတော့ ပဲခူးတိုင်း ဒေသကြီးက ၆၈၅ ယောက်၊ စစ်ကိုင်းတိုင်းဒေသကြီးက ၄၁၆ ယောက်၊ ရှမ်းပြည်နယ်က ၃၉၉ ယောက်စီနဲ့ အစဉ်လိုက် ကူးစက်ခံထားရပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်မှာတော့ အာဆီယံနိုင်ငံတွေထဲ အစောဆုံး ကာကွယ်ဆေးထိုးနှံတဲ့နိုင်ငံ ဖြစ်လာခဲ့ပါတယ်။

ခုရက်ပိုင်းတွေမှာ ရောဂါကူးစက်မှုဟာ နေ့စဉ်ရက်ဆက် ခပ်စိပ်စိပ်ဖြစ်နေခဲ့ပြီး မျိုးရိုးဗီဇကွဲ ကိုဗစ်-၁၉ ရောဂါပိုး ၃ မျိုး စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း ဇွန် ၁၅ ရက်နေ့က ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ဆေးသုတေသနစင်တာမှ စစ်ဆေးတဲ့ ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ မျိုးရိုးဗီဇ ပြောင်းလဲတဲ့ပိုးတွေ့ရှိသူ ၁၁ ဦး တွေ့ရှိရတယ်လို့ ဆိုပါတယ်။credit