ဆိုက်ကားနင်းတဲ့ ဦးတောင်ဆိတ်ရဲ့ မွန်မြတ်လေးစားဖွယ်စိတ်ထားလေး…

ဆိုက်ကားနင်းရင်း ရသမျှထဲက လေလွင့်ခွေးတွေအတွက် ထမင်းကျွေးလာတာ ဆယ်စုနှစ်ကျော်ပြီး ဖြစ်တဲ့ ဦးတောင်ဆိတ်

မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဆိုက် ကားနင်းပြီးဘဝကို ရုန်းကန်နေရပေမယ့် သူရသမျှထဲက လမ်းဘေးတွေအတွက် အမြဲတမ်း ထမင်းကျွေးနေတဲ့ ဦးတောင်ဆိတ် အကြောင်းလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သူ့ပုံစံကတော့ မေးစေ့မှာ တွဲလောင်းကျနေသော မုတ်ဆိတ်မွှေး ကျဲ ကျဲ ကြောင့် သူ့ကိုရပ်ကွက်ထဲက ဦးတောင်ဆိတ်လို့ အမည်ပေးထားကြသည်။ ဦးတောင်ဆိတ်သည် ယုဇနဥယျာဉ်မြို့တော် ၅လမ်းက ဆိုက်ကားဆရာ တစ်ဦးဖြစ်ပြီး

ထိုရပ်ကွက်ထဲရှိ လေလွင့်ခွေးများကို အစာကြွေးနေသည်မှာ ၁၀ စုနှစ်များစွာ ရှိပြီဖြစ်ပါသည်။ ဆိုက်ကားနင်း၍ ပုံမှန်ရသော ဝင်ငွေလေးငါးထောင်ခန့်မှာ လေလွင့်ခွေးအကောင်ရေ ၃၀ ခန့်ကို နေ့စဉ်အစာ ကျွေးနိုင်ရန်အတွက် အသုံးပြုသည်။

“ကျွန်တော်ငယ်ငယ်ကတည်းက ခွေးချစ်တတ်တယ် သူတို့တွေက လူတွေကျွေးမှ စားရတယ်။ ခွေးတွေကသနားစရာကောင်းပါတယ်။ ညဘက် လူချေတိတ်ချိန် ဟောင်လို့ဆိုပြီး အရိုက်အနှက်ခံရတယ်။

ဒါပေမယ့်သူတို့ကြောင့် ရပ်ကွက်သူခိုးမကပ်တာ လူတွေမသိကြဘူး” ဟု ဦးတောင်ဆိတ်က ပြောပြပါတယ်။ ခွေးအကောင် ၃၀ ကိုနေ့စဉ် ထမင်းကျွေးရန် ဆန်နှစ်ပြည် ကုန်ကျစရိတ် ကျပ် ၁၄၀၀ ဖြင့်ဝယ်ရပြီး ငါးနှင့်ကြက်သားဖိုးပါ ထပ်ပေါင်းပါလျင် တစ်နေ့ကုန်ကျငွေမှာ သူနေ့စဉ်ဝင်ငွေထက် ပိုများနေလေသည်။

ထို့ကြောင့် သူကညအချိန်များတွင် ပလပ်စတစ် ဘူးခွံကောက်ပြီး ထိုအလုပ်မှ အပိုဝင်ငွေရှာသည်။ လမ်းသန့်ရှင်းရေးနှင့် အနီးပတ်ဝန်ကျင်ရှိ ဈေးဆိုင်မှာကို အမှိုက်လှည်းကျင်း သန့်ရှင်းပေးသဖြင့် သူ့အတွက် ခွေးစာဖိုးများကို လှူပေးကြသည်။

သူ့အတွက်ကတော့ ချွေတာတဲ့ အနေဖြင့် ထမင်းတစ်နပ်သာစားသည်။ သူစားသည်မှာလည်း ၅ လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်မှ ထမင်းကြော် ကြက်ဥနှင့်သာ စားသည်။ ပြီးလျှင် သူတစ်နေကုန်ရေသာသောက်ကာ အလုပ်ကိုလုပ်ပါတော့သည်။

ပိတောက်လမ်းအလယ်လောက်မှာ ခွေးတွေအတွက် တစ်နေ့ နှစ်ကြိမ်ထမင်းချက်တယ် တစ်ခါတစ်လေ လည်းပတ်ဝန်းကျင်ကမီးခိုးမွန်လို့ တိုင်တာတွေရှိတာပေါ့”ဟု ဦးတောင်ဆိတ်က ဆိုသည်။

နေ့လည် တစ်နာရီထိုးသည်နှင့် ဆိုက်ကား ခေတ္တနားကာ ထမင်းချက်သည်။ ပြီးလျင်တော့ ငါးနှင့် ကြက်သားကို ပြုတ်ကာ ထမင်းနှင့်ရောနယ်ပြီး သူ၏ခွေးလေးများကို စကျွေးတော့သည်။

ဟင်းနံ့လေးများသင်းလာပြီးဆိုရင်တော့ ကားအောက်၊ အရိပ်ရသည့်နေရာများတွင် အသင့် စောင့်ဆိုင်းနေသော ခွေးလေးများ အလျှိုအလျှိုထွက်လာကြတော့သည်။“ခွေးတွေက တော်တော် အနံ့ခံနိုင်တဲ့ သတ္တဝါတွေ။လူတွေဘယ်လောက်ပဲညင်းဆဲပါစေသည်းခံကြတယ်။”ဟု အသက် ၇၈ နှစ်ရှိပြီဖြစ်သည့် ဦးတောင်ဆိတ်ကဆိုသည်။

ဦးတောင်ဆိတ်က တစ်ကိုယ်တည်းသမားဖြစ်သည်။ အိမ်ထောင်ကျဖူးသော်လည်း အခုတော့တစ်ကိုယ်တည်းပရဟိတအလုပ်ကိုလုပ်ရင်းဘဝကိုရောင့်ရဲနေသူဖြစ်ပါငည်။ခွေးများကိုအစာကျွေးသည့် အလုပ်တစ်ခုတည်း မဟုတ်ပဲ ခွေးများဒဏ်ရာ ရသည့်အခါများတွင်လည်း ဆေးကုပေးတတ်သေးသည်။

သူ့ဆိုက်ကားပေါ်က ခြင်းတောင်းထဲတွင်တော့ ခွေးနှင့်ပတ်သတ်သည့်ဆေးမီးတိုမှာ အစုံအလင်နှင့် ဝဲဆေးကအစဆောင်ထားသည်။ခွေးရူးကာကွယ်ဆေးတော့ ကျွန်တော်မထိုးပေးနိုင်ဘူး ဈေးကြီးတယ်လေ စေတနာရှိလို့ထိုးပေးမယ်ဆိုရင်တော့ ကျွန်တော် ကြိုဆိုပါတယ်”ဟု သူကဆိုသည်။

သူကတော့ အသက်ရှင်သန်နေသေးသ၍ ကူကယ်ရာမဲ့နေသည့် လေလွင့်ခွေးများကို စောင့်ရှောက်ပေးနေအုံးမည် ဟုဆိုသည်။”ကျောက်ခေတ်ကတည်းက ခွေးတွေက လူတွေနှင့်အတူနေလာတာ” ခွေးတွေဟာ သူတို့သခင်ကို ဘယ်တော့မှ သစ္စာမဖောက်တဲ့အပြင် စောင့်ရှောက်ကြသည်။

တိုင်းပြည်အတွက်တောင်ပေးဆပ်တဲ့ ခွေးတွေရှိသေးတယ်မဟုတ်လား။ ဥပမာ မိုင်းရှင်းပေးတဲ့ခွေးတွေပေါ့”ဟုဦးတောင်ဆိတ်ကဆိုသည်။ ဖတ်ရှု့အားပေးတဲ့ပရိသတ်ကြီးလည်း

ဦးတောင်ဆိတ်အကြောင်း သိရပြီးဖြစ်လို့ ကျေ နပ်လိမ့်မယ်လို့ထင်ပါတယ်။ ဦးတောင် ဆိတ်အလှူ အတွက် သာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်။

Credit;

Zawgyi

ဆိုက္ကားနင္းရင္း ရသမွ်ထဲက ေလလြင့္ေခြးေတြအတြက္ ထမင္းေကြၽးလာတာ ဆယ္စုႏွစ္ေက်ာ္ၿပီး ျဖစ္တဲ့ ဦးေတာင္ဆိတ္

မဂၤလာပါ ပရိသတ္ႀကီးေရ ဒီေန႔မွာေတာ့ ဆိုက္ ကားနင္းၿပီးဘဝကို ႐ုန္းကန္ေနရေပမယ့္ သူရသမွ်ထဲက လမ္းေဘးေတြအတြက္ အၿမဲတမ္း ထမင္းေကြၽးေနတဲ့ ဦးေတာင္ဆိတ္ အေၾကာင္းေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

သူ႔ပုံစံကေတာ့ ေမးေစ့မွာ တြဲေလာင္းက်ေနေသာ မုတ္ဆိတ္ေမႊး က်ဲ က်ဲ ေၾကာင့္ သူ႔ကိုရပ္ကြက္ထဲက ဦးေတာင္ဆိတ္လို႔ အမည္ေပးထားၾကသည္။ ဦးေတာင္ဆိတ္သည္ ယုဇနဥယ်ာဥ္ၿမိဳ႕ေတာ္ ၅လမ္းက ဆိုက္ကားဆရာ တစ္ဦးျဖစ္ၿပီး

ထိုရပ္ကြက္ထဲရွိ ေလလြင့္ေခြးမ်ားကို အစာေႂကြးေနသည္မွာ ၁၀ စုႏွစ္မ်ားစြာ ရွိၿပီျဖစ္ပါသည္။ ဆိုက္ကားနင္း၍ ပုံမွန္ရေသာ ဝင္ေငြေလးငါးေထာင္ခန္႔မွာ ေလလြင့္ေခြးအေကာင္ေရ ၃၀ ခန္႔ကို ေန႔စဥ္အစာ ေကြၽးႏိုင္ရန္အတြက္ အသုံးျပဳသည္။

“ကြၽန္ေတာ္ငယ္ငယ္ကတည္းက ေခြးခ်စ္တတ္တယ္ သူတို႔ေတြက လူေတြေကြၽးမွ စားရတယ္။ ေခြးေတြကသနားစရာေကာင္းပါတယ္။ ညဘက္ လူေခ်တိတ္ခ်ိန္ ေဟာင္လို႔ဆိုၿပီး အ႐ိုက္အႏွက္ခံရတယ္။

ဒါေပမယ့္သူတို႔ေၾကာင့္ ရပ္ကြက္သူခိုးမကပ္တာ လူေတြမသိၾကဘူး” ဟု ဦးေတာင္ဆိတ္က ေျပာျပပါတယ္။ ေခြးအေကာင္ ၃၀ ကိုေန႔စဥ္ ထမင္းေကြၽးရန္ ဆန္ႏွစ္ျပည္ ကုန္က်စရိတ္ က်ပ္ ၁၄၀၀ ျဖင့္ဝယ္ရၿပီး ငါးႏွင့္ၾကက္သားဖိုးပါ ထပ္ေပါင္းပါလ်င္ တစ္ေန႔ကုန္က်ေငြမွာ သူေန႔စဥ္ဝင္ေငြထက္ ပိုမ်ားေနေလသည္။

ထို႔ေၾကာင့္ သူကညအခ်ိန္မ်ားတြင္ ပလပ္စတစ္ ဘူးခြံေကာက္ၿပီး ထိုအလုပ္မွ အပိုဝင္ေငြရွာသည္။ လမ္းသန္႔ရွင္းေရးႏွင့္ အနီးပတ္ဝန္က်င္ရွိ ေစ်းဆိုင္မွာကို အမႈိက္လွည္းက်င္း သန္႔ရွင္းေပးသျဖင့္ သူ႔အတြက္ ေခြးစာဖိုးမ်ားကို လႉေပးၾကသည္။

သူ႔အတြက္ကေတာ့ ေခြၽတာတဲ့ အေနျဖင့္ ထမင္းတစ္နပ္သာစားသည္။ သူစားသည္မွာလည္း ၅ လမ္းထိပ္ရွိ လက္ဖက္ရည္ဆိုင္ တစ္ဆိုင္မွ ထမင္းေၾကာ္ ၾကက္ဥႏွင့္သာ စားသည္။ ၿပီးလွ်င္ သူတစ္ေနကုန္ေရသာေသာက္ကာ အလုပ္ကိုလုပ္ပါေတာ့သည္။

ပိေတာက္လမ္းအလယ္ေလာက္မွာ ေခြးေတြအတြက္ တစ္ေန႔ ႏွစ္ႀကိမ္ထမင္းခ်က္တယ္ တစ္ခါတစ္ေလ လည္းပတ္ဝန္းက်င္ကမီးခိုးမြန္လို႔ တိုင္တာေတြရွိတာေပါ့”ဟု ဦးေတာင္ဆိတ္က ဆိုသည္။

ေန႔လည္ တစ္နာရီထိုးသည္ႏွင့္ ဆိုက္ကား ေခတၱနားကာ ထမင္းခ်က္သည္။ ၿပီးလ်င္ေတာ့ ငါးႏွင့္ ၾကက္သားကို ျပဳတ္ကာ ထမင္းႏွင့္ေရာနယ္ၿပီး သူ၏ေခြးေလးမ်ားကို စေကြၽးေတာ့သည္။

ဟင္းနံ႔ေလးမ်ားသင္းလာၿပီးဆိုရင္ေတာ့ ကားေအာက္၊ အရိပ္ရသည့္ေနရာမ်ားတြင္ အသင့္ ေစာင့္ဆိုင္းေနေသာ ေခြးေလးမ်ား အလွ်ိဳအလွ်ိဳထြက္လာၾကေတာ့သည္။“ေခြးေတြက ေတာ္ေတာ္ အနံ႔ခံႏိုင္တဲ့ သတၱဝါေတြ။လူေတြဘယ္ေလာက္ပဲညင္းဆဲပါေစသည္းခံၾကတယ္။”ဟု အသက္ ၇၈ ႏွစ္ရွိၿပီျဖစ္သည့္ ဦးေတာင္ဆိတ္ကဆိုသည္။

ဦးေတာင္ဆိတ္က တစ္ကိုယ္တည္းသမားျဖစ္သည္။ အိမ္ေထာင္က်ဖူးေသာ္လည္း အခုေတာ့တစ္ကိုယ္တည္းပရဟိတအလုပ္ကိုလုပ္ရင္းဘဝကိုေရာင့္ရဲေနသူျဖစ္ပါငည္။ေခြးမ်ားကိုအစာေကြၽးသည့္ အလုပ္တစ္ခုတည္း မဟုတ္ပဲ ေခြးမ်ားဒဏ္ရာ ရသည့္အခါမ်ားတြင္လည္း ေဆးကုေပးတတ္ေသးသည္။

သူ႔ဆိုက္ကားေပၚက ျခင္းေတာင္းထဲတြင္ေတာ့ ေခြးႏွင့္ပတ္သတ္သည့္ေဆးမီးတိုမွာ အစုံအလင္ႏွင့္ ဝဲေဆးကအစေဆာင္ထားသည္။ေခြး႐ူးကာကြယ္ေဆးေတာ့ ကြၽန္ေတာ္မထိုးေပးႏိုင္ဘူး ေစ်းႀကီးတယ္ေလ ေစတနာရွိလို႔ထိုးေပးမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္ ႀကိဳဆိုပါတယ္”ဟု သူကဆိုသည္။

သူကေတာ့ အသက္ရွင္သန္ေနေသးသ၍ ကူကယ္ရာမဲ့ေနသည့္ ေလလြင့္ေခြးမ်ားကို ေစာင့္ေရွာက္ေပးေနအုံးမည္ ဟုဆိုသည္။”ေက်ာက္ေခတ္ကတည္းက ေခြးေတြက လူေတြႏွင့္အတူေနလာတာ” ေခြးေတြဟာ သူတို႔သခင္ကို ဘယ္ေတာ့မွ သစၥာမေဖာက္တဲ့အျပင္ ေစာင့္ေရွာက္ၾကသည္။

တိုင္းျပည္အတြက္ေတာင္ေပးဆပ္တဲ့ ေခြးေတြရွိေသးတယ္မဟုတ္လား။ ဥပမာ မိုင္းရွင္းေပးတဲ့ေခြးေတြေပါ့”ဟုဦးေတာင္ဆိတ္ကဆိုသည္။ ဖတ္ရႈ႕အားေပးတဲ့ပရိသတ္ႀကီးလည္း

ဦးေတာင္ဆိတ္အေၾကာင္း သိရၿပီးျဖစ္လို႔ ေက် နပ္လိမ့္မယ္လို႔ထင္ပါတယ္။ ဦးေတာင္ ဆိတ္အလႉ အတြက္ သာဓုေခၚဆိုေပးခဲ့ပါအုံးေနာ္။
Credit;

Zawgyi;