လူတစ်ယောက်နဲ့ တစ်ယောက် မျက်နှာကျပုံတွေ မတူညီကြပါဘူး။ ဒါ့ကြာင့် မိမိရဲ့ မျက်နှာကျပုံနဲ့ မိမိရွေးချယ်တဲ့ ဆံပင်ပုံစံ လိုက်ဖက်ဖို့လိုပါတယ်။ ဒီတခါမှာတော့ မိမိမျက်နှာကျပုံနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ရွေးချယ်နိုင်ဖို့ မျှဝေပေးသွားမှာပါ။
၁။ အသည်းပုံမျက်နှာ
အသည်းပုံမျက်နှာရှိတယ်ဆိုရင်တော့ သင်ဟာ ဆံပင်မတိုမရှည်နဲ့ လိုက်ဖက်ပါတယ်နော်။ လိုက်ဖက်တဲ့ ဆံပင်ပုံစံကို ဖော်ပြပေးလိုက်ပါတယ်။
၂။ စိန်ပုံစံမျက်နှာ
သင့်မျက်နှာကျပုံက စိန်ပုံစံလိုမျိုးဖြစ်နေတယ်ဆိုရင်တော့ ဆံပင်မတိုမရှည်တွေ ကလိုက်ဖက်ပါတယ်။ ဆံပင်တိုတိုလေးကလည်း လိုက်ဖက်ပါတယ်။
၃။ မျက်နှာဝိုင်းဝိုင်း
မျက်နှာဝိုင်းတဲ့သူတွေကတော့ ဆံပင်အတိုမညှပ်ပါနဲ့။ ဆံပင်အတိုညှပ်မယ်ဆိုရ်ငလည်း ပါးထက် တိုအောင်မညှပ်ပါနဲ့နော်။
ဆံပင်ရှည်ရှည်ဖြောင့်ဖြောင့်လေးတွေ၊ ဆံပင်အဖျားခုတ်ထားတဲ့ ပုံလေးတွေ၊ ဆံပင် ခပ်ဖွဖွလေးစည်းပေးတာမျိုးတွေက လိုက်ဖက်ပါတယ်။
၄။ လေးထောင့်ကျတဲ့ မျက်နှာ
လေးထောင့်ကျတဲ့ မျက်နှာပိုင်ရှင်ကလည်း ဆံပင်အရှည်နဲ့ ပိုလိုက်ပါတယ်နော်။ ပါးပြင်ကို ဖုံးထားတဲ့ ဆံပင်ကေမျိုးဆို လိုက်ဖက်ပါတယ်။ အလွှာလေးတွေအလိုက်ညှပ်ထားတဲ့ ပုံစံတွေ၊ ဆံပင်ရှည်ရှည်ကောက်ကောက်လေးတွေနဲ့ ဆံပင်ဘေးခွဲ ကေခုတ်တာမျိုးတွေ လိုက်ဖက်ပါတယ်။
၅။ ထောင့်မှန်စတုဂံလို မျက်နှာကျ
ဒီလိုမျက်နှာကျတွေကတော့ Bob-Cut ကေနဲ့ လိုက်ဖက်ပါတယ်။ ပါးပြင်နဲ့ ပါးရိုးကို ဖုံးတဲ့ ဆံပင်ပုံစံမျိုးထားပါ။ ဆံပင်မတိုမရှည်တွေ၊ Wave ပုံစံလေးတွေ လိုက်ဖက်ပါတယ်။
၆။ ကြက်ဥလိုမျက်နှာကျ
ကြက်ဥပုံစံလို မျက်နှာကျတွေကလည်း Bot-Cut (သို့) ဆံပင်မတိုမရှည်လေးတွေနဲ့ လိုက်ဖက်ပါတယ်။
Zawgyi
လူတစ္ေယာက္နဲ႔ တစ္ေယာက္ မ်က္ႏွာက်ပုံေတြ မတူညီၾကပါဘူး။ ဒါ့ၾကာင့္ မိမိရဲ႕ မ်က္ႏွာက်ပုံနဲ႔ မိမိေ႐ြးခ်ယ္တဲ့ ဆံပင္ပုံစံ လိုက္ဖက္ဖို႔လိုပါတယ္။ ဒီတခါမွာေတာ့ မိမိမ်က္ႏွာက်ပုံနဲ႔ လိုက္ဖက္တဲ့ ဆံပင္ပုံစံကို ေ႐ြးခ်ယ္ႏိုင္ဖို႔ မွ်ေဝေပးသြားမွာပါ။
၁။ အသည္းပုံမ်က္ႏွာ
အသည္းပုံမ်က္ႏွာရွိတယ္ဆိုရင္ေတာ့ သင္ဟာ ဆံပင္မတိုမရွည္နဲ႔ လိုက္ဖက္ပါတယ္ေနာ္။ လိုက္ဖက္တဲ့ ဆံပင္ပုံစံကို ေဖာ္ျပေပးလိုက္ပါတယ္။
၂။ စိန္ပုံစံမ်က္ႏွာ
သင့္မ်က္ႏွာက်ပုံက စိန္ပုံစံလိုမ်ိဳးျဖစ္ေနတယ္ဆိုရင္ေတာ့ ဆံပင္မတိုမရွည္ေတြ ကလိုက္ဖက္ပါတယ္။ ဆံပင္တိုတိုေလးကလည္း လိုက္ဖက္ပါတယ္။
၃။ မ်က္ႏွာဝိုင္းဝိုင္း
မ်က္ႏွာဝိုင္းတဲ့သူေတြကေတာ့ ဆံပင္အတိုမညႇပ္ပါနဲ႔။ ဆံပင္အတိုညႇပ္မယ္ဆိုရ္ငလည္း ပါးထက္ တိုေအာင္မညႇပ္ပါနဲ႔ေနာ္။
ဆံပင္ရွည္ရွည္ေျဖာင့္ေျဖာင့္ေလးေတြ၊ ဆံပင္အဖ်ားခုတ္ထားတဲ့ ပုံေလးေတြ၊ ဆံပင္ ခပ္ဖြဖြေလးစည္းေပးတာမ်ိဳးေတြက လိုက္ဖက္ပါတယ္။
၄။ ေလးေထာင့္က်တဲ့ မ်က္ႏွာ
ေလးေထာင့္က်တဲ့ မ်က္ႏွာပိုင္ရွင္ကလည္း ဆံပင္အရွည္နဲ႔ ပိုလိုက္ပါတယ္ေနာ္။ ပါးျပင္ကို ဖုံးထားတဲ့ ဆံပင္ေကမ်ိဳးဆို လိုက္ဖက္ပါတယ္။ အလႊာေလးေတြအလိုက္ညႇပ္ထားတဲ့ ပုံစံေတြ၊ ဆံပင္ရွည္ရွည္ေကာက္ေကာက္ေလးေတြနဲ႔ ဆံပင္ေဘးခြဲ ေကခုတ္တာမ်ိဳးေတြ လိုက္ဖက္ပါတယ္။
၅။ ေထာင့္မွန္စတုဂံလို မ်က္ႏွာက်
ဒီလိုမ်က္ႏွာက်ေတြကေတာ့ Bob-Cut ေကနဲ႔ လိုက္ဖက္ပါတယ္။ ပါးျပင္နဲ႔ ပါး႐ိုးကို ဖုံးတဲ့ ဆံပင္ပုံစံမ်ိဳးထားပါ။ ဆံပင္မတိုမရွည္ေတြ၊ Wave ပုံစံေလးေတြ လိုက္ဖက္ပါတယ္။
၆။ ၾကက္ဥလိုမ်က္ႏွာက်
ၾကက္ဥပုံစံလို မ်က္ႏွာက်ေတြကလည္း Bot-Cut (သို႔) ဆံပင္မတိုမရွည္ေလးေတြနဲ႔ လိုက္ဖက္ပါတယ္။