ေအာက္ဆီဂ်င္ေလး (၁) လုံးေလာက္ အကူညီေတာင္းၿပီးေနာက္ (၇) နာရီအၾကာမွာ “မလိုအပ္ေတာ့ပါဘူး”လို႔ ပို႔စ္ေလးျပန္တင္ခဲ့တဲ့ ရင္နာစရာျဖစ္ရပ္ေလးတစ္ခု

လတ္တေလာမွာ နိုင္ငံေရးအေျခအေနေတြေၾကာင့္ စိတ္မေကာင္းစရာ သတင္းေတြအျပင္ တစ္ေက်ာ့ျပန္ကူးစက္လာတဲ့ ကိုဗစ္ေရာဂါေၾကာင့္ လူအမ်ားအျပား ေသဆုံးေနရတဲ့ ျမင္ကြင္းေတြကိုလည္း ေန႔ေရာညပါ ေတြ႕ျမင္ေနရပါတယ္။ ဒါ့အျပင္ ေနအိမ္ေတြမွာ ကုသေနၾကတဲ့ ကိုဗစ္လူနာေတြမ်ားလာတာနဲ႔အမၽွ ေအာက္ဆီဂ်င္မ်ား အလြယ္တကူမရွိတဲ့ အခက္အခဲေတြနဲ႔ ၾကဳံေတြ႕ေနရပါတယ္။ ဒီလို ေအာက္ဆီဂ်င္မ်ားအလြယ္တကူ အေရးေပၚမရရွိတာေၾကာင့္ ခ်စ္ရသူေတြကို မ်က္စိေအာက္မွာပဲ ဆုံးရႈံးခဲ့ရပါတယ္။

 

ယခုမွာလည္း ေအာက္ဆီဂ်င္အလြယ္တကူမရတဲ့ ျပႆနာေၾကာင့္ စိတ္မေကာင္းစရာ ျဖစ္ရပ္ေလးတစ္ခု ၾကားသိခဲ့ရပါတယ္။ ဒီျဖစ္ရပ္ေလးကေတာ့ အေရးေပၚအသက္ရႈဖို႔လိုအပ္ေနတဲ့ မိခင္အတြက္ ေအာက္ဆီဂ်င္ေလး (၁) လုံးေလာက္ လူမႈကြန္ယက္ေပၚမွာ ကူညီၾကဖို႔အသနားခံတဲ့ ပို႔စ္တင္ၿပီးေနာက္ (၇)နာရီအၾကာေလာက္မွာပဲ မိခင္ျဖစ္သူဟာ ဆုံးပါးသြားခဲ့ရပါတယ္။ အသက္ရႉဖို႔ ခက္ခဲေနတဲ့ မိခင္အတြက္ အကူညီေတာင္းေနရွာလာတဲ့ ပို႔စ္ေလးက နာရီပိုင္းအတြင္းမွာပဲ “မလိုေတာ့ပါဘူး”ဆိုတဲ့ စကားေလးေတြေၾကာင့္ ျမင္ရသူအဖို႔ စိတ္မေကာင္းျဖစ္ရပါတယ္။

ဒါ့အျပင္ ပိုၿပီးရင္နာစရာေကာင္းတာကေတာ့ တစ္ပတ္အတြင္းမွာပဲ အဆိုပါအကူအညီေတာင္းခံခဲ့တဲ့မိသားစုေလးက ခ်စ္ရသူ(၃)ဦး ကိုဗစ္ေရာဂါေၾကာင့္ စြန္႔လႊတ္ခဲ့ရပါတယ္။

 

ဇူလိုင္လ(၅)ေန႔မွာ မွာ အဘြားျဖစ္သူက ဆုံးပါးသြားသလို ဇူလိုင္လ(၈)ေန႔မွာလည္း ဦးေလးျဖစ္သူ ဆုံးပါးသြားခဲ့ရပါတယ္။ ယမန္ေန႔ ဇူလိုင္လ (၁၀ )ရက္ေန႔မွာေတာ့ မိခင္ျဖစ္သူဟာ ကိုဗစ္ေရာဂါျဖစ္ စိတ္မေကာင္းစြာနဲ႔ဘဲ ထပ္မံ ဆုံးပါးသြားခဲ့ရပါတယ္။ ဒီလိုခ်စ္ရတဲ့သူေတြ တစ္ပတ္အတြင္းမွာပဲ ကိုဗစ္ေရာဂါေၾကာင့္ ဆုံးပါးသြားခဲ့ရတဲ့ ရင္နာစရာျဖစ္ရပ္ေလးကေတာ့ ၾကားရသူအဖို႔ မ်ားစြာစိတ္မေကာင္း ျဖစ္ရပါတယ္။

သတင္းအရင္းျမစ္: Source – Hnin Eain Lynn fb account

 

Unicode

လတ်တလောမှာ နိုင်ငံရေးအခြေအနေတွေကြောင့် စိတ်မကောင်းစရာ သတင်းတွေအပြင် တစ်ကျော့ပြန်ကူးစက်လာတဲ့ ကိုဗစ်ရောဂါကြောင့် လူအများအပြား သေဆုံးနေရတဲ့ မြင်ကွင်းတွေကိုလည်း နေ့ရောညပါ တွေ့မြင်နေရပါတယ်။ ဒါ့အပြင် နေအိမ်တွေမှာ ကုသနေကြတဲ့ ကိုဗစ်လူနာတွေများလာတာနဲ့အမျှ အောက်ဆီဂျင်များ အလွယ်တကူမရှိတဲ့ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။ ဒီလို အောက်ဆီဂျင်များအလွယ်တကူ အရေးပေါ်မရရှိတာကြောင့် ချစ်ရသူတွေကို မျက်စိအောက်မှာပဲ ဆုံးရှုံးခဲ့ရပါတယ်။

 

ယခုမှာလည်း အောက်ဆီဂျင်အလွယ်တကူမရတဲ့ ပြဿနာကြောင့် စိတ်မကောင်းစရာ ဖြစ်ရပ်လေးတစ်ခု ကြားသိခဲ့ရပါတယ်။ ဒီဖြစ်ရပ်လေးကတော့ အရေးပေါ်အသက်ရှုဖို့လိုအပ်နေတဲ့ မိခင်အတွက် အောက်ဆီဂျင်လေး (၁) လုံးလောက် လူမှုကွန်ယက်ပေါ်မှာ ကူညီကြဖို့အသနားခံတဲ့ ပို့စ်တင်ပြီးနောက် (၇)နာရီအကြာလောက်မှာပဲ မိခင်ဖြစ်သူဟာ ဆုံးပါးသွားခဲ့ရပါတယ်။ အသက်ရှူဖို့ ခက်ခဲနေတဲ့ မိခင်အတွက် အကူညီတောင်းနေရှာလာတဲ့ ပို့စ်လေးက နာရီပိုင်းအတွင်းမှာပဲ “မလိုတော့ပါဘူး”ဆိုတဲ့ စကားလေးတွေကြောင့် မြင်ရသူအဖို့ စိတ်မကောင်းဖြစ်ရပါတယ်။

ဒါ့အပြင် ပိုပြီးရင်နာစရာကောင်းတာကတော့ တစ်ပတ်အတွင်းမှာပဲ အဆိုပါအကူအညီတောင်းခံခဲ့တဲ့မိသားစုလေးက ချစ်ရသူ(၃)ဦး ကိုဗစ်ရောဂါကြောင့် စွန့်လွှတ်ခဲ့ရပါတယ်။

 

ဇူလိုင်လ(၅)နေ့မှာ မှာ အဘွားဖြစ်သူက ဆုံးပါးသွားသလို ဇူလိုင်လ(၈)နေ့မှာလည်း ဦးလေးဖြစ်သူ ဆုံးပါးသွားခဲ့ရပါတယ်။ ယမန်နေ့ ဇူလိုင်လ (၁၀ )ရက်နေ့မှာတော့ မိခင်ဖြစ်သူဟာ ကိုဗစ်ရောဂါဖြစ် စိတ်မကောင်းစွာနဲ့ဘဲ ထပ်မံ ဆုံးပါးသွားခဲ့ရပါတယ်။ ဒီလိုချစ်ရတဲ့သူတွေ တစ်ပတ်အတွင်းမှာပဲ ကိုဗစ်ရောဂါကြောင့် ဆုံးပါးသွားခဲ့ရတဲ့ ရင်နာစရာဖြစ်ရပ်လေးကတော့ ကြားရသူအဖို့ များစွာစိတ်မကောင်း ဖြစ်ရပါတယ်။

သတင်းအရင်းမြစ်: Source – Hnin Eain Lynn fb account