ရွှေရောင်နှလုံးသားနဲ့ အလောင်းထမ်းခဲ့သူ မေပုရစ် (သို့မဟုတ်) လေးမြို့သူ နီလာစိုး

လိမ္မော်ရောင်အင်္ကျီနဲ့ အမဲရောင် ဘောင်းဘီအရှည် ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေဟာ

လူသေအလောင်းထည့်ထားတဲ့ အခေါင်းတွေကို နာရေးကားပေါ်ကသယ်ယူပြီး

သုသာန်ဇရပ်မှာချကာ အသုဘလိုက်ပါ ပို့ဆောင်လာသူတွေကို သရနဂုံတင်ပြီးတဲ့အထိ စောင့်ဆိုင်းကြပြီး

ဇရပ်ထဲက အခေါင်းကို လက်တွန်းလှည်းပေါ်တင်ကာ မီးသင်္ဂြိုလ်စက်ဆီ ပို့ဆောင်နေကြပါတယ်။

 

ပုံမှန်ဆိုရင် လူထည့်ထားတဲ့အခေါင်းတွေ၊ လူသေအလောင်းတွေကို

ယောကျ်ားတွေကသာ သယ်ယူပြီး မြေမြှပ်၊ မီးသင်္ဂြိုလ်ပေးတာကို တွေ့ရပေမယ့်

စစ်တွေမြို့ပေါ်မှာတော့ အမျိုးသမီးငယ်တစ်စုဟာ အပြုံမပျက်ဘဲ

သာရေး၊ နာရေးလုပ်ငန်းတွေမှာ အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေကြတာလည်းဖြစ်ပါတယ်။

သူတို့တွေဟာ အခုလို ယောကျ်ားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး

နာရေးတွေမှာ ကူညီဆောင်ရွက် ပေးနေတာဟာ အစပိုင်းမှာတော့

ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင် ကဲ့ရဲ့တာတွေကို ခါးသီးစွာခံခဲ့ကြရပါတယ်။

အခုလို ကဲ့ရဲ့လှောင်ပြောင်မှုတွေကို ကျော်ဖြတ်ပြီး ပရဟိတအလုပ်ကို

တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူတွေကတော့ တခြားသူတွေမဟုတ်ပါဘူး။

စစ်တွေမြို့အခြေစိုက် ပရဟိတအသင်းတစ်ခုဖြစ်တဲ့

ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) က အမျိုးသမီးတွေပဲဖြစ်ပါတယ်။

အဲဒီ အမျိုးသမီးတွေထဲမှာ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာက

အသက် ၂၃ နှစ်အရွယ် မနီလာစိုး တစ်ဦးလည်း အပါဝင်ဖြစ်ပါတယ်။

နီလာစိုးဆိုတာ သူ့ရဲ့အမည်ရင်းဖြစ်ပြီး ပရဟိတတာဝန် ထမ်းဆောင်ချိန်မှစပြီး

မေပုရစ်လို့ သူ့ကိုခေါ်ကြပါတယ်။

 

မနီလာစိုး နာရေးတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ကိုင်ကူညီဆောင်ရွက်ခဲ့ တဲ့အချိန်ကဆိုရင်

ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှုတွေကို ခံစားခဲ့ရတဲ့အကြောင်း အခုလိုပြောပြရှာပါတယ်။

“ ကျမတို့ အလုပ်က လူကိုကူညီတယ်ဆိုတော့ အားလုံးအစုံပါတယ်။

သာရေး၊ နာရေးတွေက အစပေါ့။

ကျမက နာရေးမှာ တာဝန်ယူပြီး ကူညီပေးတယ်။

နာရေးလုပ်တော့ ရွာမှာက အယူအဆရှိတယ်။

မိန်းမတွေ နာရေးမှာ လုပ်တာတွေ မရှိဘူးပေါ့။

ကျမ နာရေးမှာ လုပ်တဲ့အချိန်က ရွာက လူတွေပြောကြတာပေါ့။

နင့် သမီး ပရဟိတ လုပ်နေတာက (လူသေ) အလောင်းတွေပဲ ထမ်းနေတာလို့ ပြောကြတယ်။

ဘာမှ မဟုတ်ပါဘူးဆိုပြီး လှောင်ပြောင်တဲ့ ပုံစံမျိုးပေါ့” လို့ မနီလာစိုးက ပြောပါတယ်။

အခုလို ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်မှုတွေကိုခံစားခဲ့ရတဲ့ မနီလာစိုးဟာ

မွေးရပ်မြေဇာတိဖြစ်တဲ့ သူမရဲ့ ရွာကလေးကိုတောင် မသွားချင်တော့တဲ့အထိ စိတ်ဓာတ်တွေကျခဲ့ရသလို၊

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်ရဲ့ အနေအထားအရ နာရေးလုပ်မယ်ဆိုရင်

ယောကျ်ားတွေကတောင် နင်တို့လုပ်နိုင်မှာ မဟုတ်ဘူး၊ ကိုင်နိုင်မှာ မဟုတ်ဘူးဆိုပြီး

အထင်အမြင်သေးကြတာတွေ၊ နာရေးလုပ်တဲ့ မိန်းကလေးဆိုပြီး စကားမပြောချင်ကြတာကိုလည်း ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။

 

မနီလာစိုးဟာ မြန်မာစာမေဂျာနဲ့ ဘွဲ့ရရှိသူတစ်ဦးဖြစ်သလို

ပရဟိတအသင်းကို မဝင်ရောက်မီအချိန်က စစ်တွေ မြို့ရှိ ပုဂ္ဂလိက ဘော်ဒါဆောင်တစ်ခုမှာ

အလယ်တန်း ကျောင်းဆရာမအဖြစ် တစ်နှစ်နီးပါးလုပ်ကိုင်ခဲ့ပါ သေးတယ်။

အဲဒီနောက်မှာတော့ သူဟာ ကျောင်းဆရာမ အလုပ်ကို စွန့်လွှတ်ပြီး

ရွှေရောင်မေတ္တာဖောင်ဒေးရှင်း (လူမှုကူညီရေးအသင်း) ကို ၂၀၁၉ ခုနှစ် ၁၂ လပိုင်းမှာ ဝင်ရောက်ခဲ့ပါတယ်။

လူတွေကို ကူညီချင်တဲ့ စိတ်ကလေးတစ်ခုတည်းနဲ့ အဲဒီပရဟိတအသင်းကို ဝင်ဖြစ်သွားခဲ့တာလို့လည်း မနီလာစိုးက ပြောပြပါတယ်။

“ကိုယ်က နဂိုကတည်းက လူတွေကို ကူညီချင်တဲ့ စိတ်ကလေးရှိတယ်ဆိုတော့ ဝင်ဖြစ်သွားတယ်။

သိပ် အများကြီး ပရဟိတလုပ်ချင်တယ်မျိုးလည်း မဟုတ်ဘူး” လို့ သူမက ပြောပါတယ်။

သူမ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို ဝင်ဖြစ်သွားတဲ့ နောက်အကြောင်းရင်း တစ်ခုကတော့

လူမှုဆက်ဆံရေး၊ အပြောအဆိုတွေအပါအဝင် လူတွေနဲ့ နေထိုင်ပေါင်းသင်းဆက်ဆံတဲ့ အတွေ့အကြုံတွေကိုလိုချင်တဲ့ ရည်ရွယ်ချက်လည်းပါဝင်နေပါတယ်။

မနီလာစိုး ဝင်ရောက်တဲ့အချိန်က ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှာ ပရဟိတလုပ်နေကြတဲ့ အမျိုးသမီးတွေက မရှိသလောက်ပါပဲ။

အမျိုးသမီး သုံးဦးနဲ့ အမျိုးသား ၁၃ ဦးသာ ရှိတာရှိပါတယ်။

သူဟာ အမျိုးသမီးဖြစ်ပေမယ့် အဲဒီဖောင်ဒေးရှင်းက ကူညီပေးတဲ့ သာရေး၊ နာရေးတွေ အကုန်လုံးကို ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

အစပိုင်းမှာတော့ အဲဒီလိုလုပ်ကိုင်ရတဲ့ အခါမှာလည်း သာရေးတွေလုပ်ရတဲ့အခါ အခက်အခဲတွေမရှိခဲ့ပေမယ့်

နာရေးတွေဖြစ်တဲ့ လူသေအလောင်းတွေကို သယ်ယူပြီး မီးရှို့သင်္ဂြိုလ်ပြီးတဲ့အထိ

အစစအရာရာ ကူညီဆောင်ရွက်ပေးတဲ့အချိန်က ကြောက်ရွံ့စိတ်တွေ ဖြစ်ပေါ်ခဲ့တယ်လို့ ပြောပါတယ်။

လူသေအလောင်းတွေကို သယ်ယူတဲ့အခါမှာလည်း လူသေမျက်နှာကို မမြင်ရအောင်

လူသေရဲ့ခြေဘက်ကသာကိုင်ပြီး မျက်နှာကို တခြားတစ်ဘက်ကို လွှဲထားကာ သယ်ခဲ့ရတာတွေရှိတယ်လို့ မနီလာစိုးက ပြောပါတယ်။

 

“လူသေမျက်နှာတွေကို မြင်သွားရင် တစ်နေ့လုံးအိပ်လို့မရဘူး။ သူ့ကိုပဲ မြင်နေရတယ်။

အဲလို အခက်အခဲတွေ ကြုံခဲ့ရတယ်။

ရိုးရိုးလူသေတာကိုတောင် အဲလိုမျက်နှာမြင်ရတာတွေဖြစ်တယ်။

ရေမြှပ်လို့ အလောင်းတွေပေါ်လို့ သွားပြီးဆယ်တာတွေမှာ အလောင်းတွေက ပုပ်လို့၊ ပုံပျက်ဆင်းပျက်ဆိုရင်

ထမင်းမစားချင်တာ၊ ညည့်ဆိုရင်လည်း သူတို့ရဲ့မျက်နှာပဲ မြင်တာတွေဖြစ်ခဲ့တယ်” လို့ သူမ ပရဟိတစလုပ်တဲ့အချိန်က ကြုံခဲ့ရတာကို ပြောပြပါတယ်။

အဲဒီလို ကြောက်ရွံ့မှုတွေနဲ့အတူ စားမဝင်၊ အိပ်မပျော်ဖြစ်ခဲ့ရတာတွေကို တစ်လလောက် ရင်ဆိုင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။

နောက်ပိုင်းမှာတော့ လုပ်ဖော်ကိုင်ဖက်စီနီယာတွေနဲ့ ဆရာတွေရဲ့ လမ်းညွှန်၊ သင်ပြ ပြောဆိုမှုတွေကြောင့်

သူမလုပ်ချင်တဲ့ ပရဟိတအလုပ်ကို အခက်အခဲမရှိဘဲ ချော့မွေ့စွာလုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

“ အခုဆိုရင်တော့ အဲလိုမဖြစ်တော့ဘူး။ ကိုယ့်စိတ်ထဲမှာ အဲဒီလူက သေဆုံးနေပြီ၊

ဘာမှလုပ်နိုင်တာမဟုတ်ဘူး ဆိုပြီး နှလုံးသွင်းလိုက်တယ်။

ကိုယ်ကသာ အကောင်းဆုံးလုပ်ပေးလိုက်ရင် အဆင်ပြေသွားမယ်။

ဘဝကူးကောင်းသွားမယ်ဆိုတဲ့ စိတ်နဲ့ပဲ လုပ်ဖြစ်တယ်” လို့ မနီလာစိုးက ပြောပါတယ်။

ပတ်ဝန်းကျင်က အလောင်းထမ်းတဲ့ မိန်းကလေးဆိုပြီး လှောင်ပြောင် ကဲ့ရဲ့ကြတာတွေဟာ

နောက်ဆုံးတော့ သူ့ရဲ့မိခင်ဆီအထိ သတင်းတွေ ရောက်သွားခဲ့တဲ့အကြောင်းကိုလည်း မနီလာစိုးက အခုလိုပြောပါတယ်။

 

“အမေက ဘယ်လောက်ထိပြောလည်းဆိုရင် သူကစာသင်ပေးလိုက်တယ်ပေါ့။

ကျမက မြန်မာစာနဲ့ ဘွဲ့ရပြီး ကျောင်းပြီးထားတယ်။

ဆိုတော့ အမေက နင့်ကို ငါ စာသင်ပေးလိုက်တာက အလောင်းထမ်းဖို့ မဟုတ်ဘူးဆိုပြီး

အဲလောက်ထိတောင် ပြောတာ” လို့ သူမက ပြောပါတယ်။

ဒါပေမယ့် သူမဟာ မိခင်ကို သူလုပ်နေတဲ့ ပရဟိတအလုပ်ဟာ လူသေအလောင်းတစ်ခုတည်း ထမ်းရတာ မဟုတ်ဘဲ

သာရေး/နာရေးတွေ အားလုံးမှာ ကူညီဆောင်ရွက်ပေးတဲ့အကြောင်းကို နားလည်သဘော ပေါက်အောင် ရှင်းပြခဲ့ပါတယ်။

“နားလည်သဘောပေါက်အောင် ရှင်းပြတဲ့အခါမှာ အမေက သမီးအဆင်ပြေရင် ပြီးတာပဲဆိုပြီးတော့ လက်ခံသွားတယ်”

မနီလာစိုးမှာ မိသားစုသုံးဦးရှိပြီး မိဘတွေကတော့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှာ နေထိုင်ကြပါတယ်။

လယ်ယာမြေတွေပိုင်ဆိုင်ထားတဲ့အတွက် သူ့ရဲ့မိသားစုဟာ ကျေးရွာအတိုင်းအတာအရ စားဝတ်နေရေး အဆင်ပြေကြ

ဒါကြောင့် မနီလာစိုးဟာ မိသားစုဘက်ကို လှည့်ကြည့်စရာမလိုဘဲ

သူလုပ်ချင်တဲ့ ပရဟိတအလုပ်ကို တစိုက်မတ်မတ်လုပ်ကိုင် နိုင်ဖြစ်တယ်လို့လည်းဆိုပါတယ်။

နာရေးတွေကိုကူညီတဲ့ အမျိုးသမီးတွေအတွေက်စိန်ခေါ်မှုတွေ အများကြီးရှိပေမယ့် နောက်ပိုင်းမှာတော့ သူဟာ အဲဒါတွေကို ကျော်လွန်နိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

 

“ကျမတို့လုပ်တာကို လူတွေက ယုတ်ညံ့တယ်လို့ သတ်မှတ်တယ်ပေါ့။

သူတို့က ယုတ်ညံ့တဲ့အလုပ်ကို လုပ်တဲ့ မိန်းမဆိုပြီး စကားမပြောချင်ကြပေမယ့် ကျမကတော့ အဲလိုမတွေးဘူး။

သူတစ်ပါးရဲ့ နောက်ဆုံးအခြေအနေ သေရေးမှာ ဝင်လို့ကူညီပေးလိုက်တာက တမန်လွန်ဘဝ အတွက်ကောင်းသွားတယ်။

ပြီးရင် အသုဘဆိုရင်လည်း ကောင်းကောင်းမွန်မွန်ပြီးသွားတယ်။ အဲတာတွေ မြင်ပြီး ပီတိဖြစ်မိတယ်” လို့ မနီလာစိုးကဆိုပါတယ်။

မနီလာစိုး စလုပ်တုန်းကဆိုရင် ရွာကလူတွေက နာရေးမှာအလုပ် လုပ်တယ်အထင်နဲ့ အထင်အမြင်တွေ လွဲခဲ့ကြပေမယ့်

နောက်ပိုင်းမှာတော့ သူ့ရဲ့ဇာတိရွာကလူတွေ နေမကောင်းလို့ စစ်တွေဆေးရုံကြီးကို ရောက်လာ ကြတဲ့အချိန်တွေမှာတော့

ရွာကလူတွေဟာလည်း သူ့အပေါ်နားလည်သွားတယ်လို့ ဆိုပါတယ်။

“ဆေးရုံတက်ဖို့၊ ဆေးရုံဆင်းဖို့ အခက်အခဲဖြစ်နေတဲ့ သူတွေကို ကူညီပေးတယ်။

ဆေးရုံမှာ ဆေးကုသမှုခံယူရင်း ပိုက်ဆံတွေကုန်သွားပြီး၊ ဆေးရုံဆင်းစရိတ်မရှိ အခက်အခဲဖြစ်နေတဲ့ သူတွေကို သူတို့ရဲ့ နေရပ်ဆီ ပို့ပေးတယ်။

အဲဒီလို ပရဟိတတွေကို လုပ်ဆောင်ပေးတာကို မြင်တဲ့အခါမှ ရွာကလူတွေက နာရေးတစ်ခုတည်းလုပ်တာ မဟုတ်ဘူးလို့ ပြောကြတယ်။

 

အားလုံးကူညီပေးတာကို သိသွားကြတယ် ” လို့ မနီလာစိုးက ဆိုပါတယ်။

သူမပါဝင်လုပ်ကိုင်နေတဲ့ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဟာ ရခိုင်ပြည်အတွင်းက

ကျန်းမာရေးကိစ္စတွေ အပါအဝင်၊ မတော်တဆ ထိခိုက်ဒဏ်ရာရရှိသွားတဲ့ လူနာတွေနဲ့

အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွား သူတွေရဲ့ အရေးကိစ္စတွေကို (၂၄) နာရီစလုံး ကူညီဆောင်ရွက်ပေးနေကြတာဖြစ်ပါတယ်။

လက်ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှာ အမျိုးသား ၃၅ ဦးနဲ့ အမျိုးသမီး ၂၅ ဦးအထိရှိပါတယ်။

အခုအချိန်မှာတော့ မနီလာစိုးဟာ သူရဲ့လူသားတွေအပေါ် ကူညီလိုတဲ့စိတ်နဲ့ ခက်ခဲစွာဖြတ်ကျော်လာခဲ့အတွက်

သူ့ရဲ့ ပရဟိတဖောင်းဒေးရှင်းမှာ အမျိုးသမီခေါင်းဆောင်၊ နာရေးပိုင်းမှာလည်း တာဝန်ခံ စတဲ့တာဝန်တွေကို ထမ်းဆောင်နေရပြီဖြစ်ပါတယ်။

“နယ်က လူတွေဆိုရင် ကျမတို့ ကူညီပေးလိုက်လို့ အေးဆေး ရွာပြန်သွားနိုင်တယ်။

သူတို့တွေက ကျမတို့ကို ကျေးဇူးတင်စကားတွေပြောတယ်။

 

ကျမတို့ အဖွဲ့ရှိလို့ပေါ့ မဟုတ်ရင် ဆွေမျိုးမရှိဘဲ ဒီမြို့မှာ ဘယ်လို အခက်အခဲရှိမလဲဆိုတာ မတွေးရဲဘူးဆိုပြီး ပြောကြတယ်။

အဲလိုဆိုတော့ ကိုယ်က ကူညီပေးလိုက်လို့ သူတို့တွေ အဆင်ပြေသွားရင် ပီတိဖြစ်မိတယ်” လို့ မနီလာစိုးက ပြောပါတယ်။

ပရဟိတအလုပ်ကို စွဲစွဲမြဲမြဲလုပ်လိမ့်မယ်လို့ မထင်ထားခဲ့တဲ့ မနီလာစိုးဟာ အခုအချိန်မှာ

သူတစ်ပါးရဲ့ အခက်အခဲတွေကို ကူညီတဲ့ ပရဟိတအလုပ်ကို အဆုံးထိ လုပ်မယ်လို့ ဆုံးဖြတ်ထားပြီဖြစ်ပါတယ်။

သူတို့ ကူညီလိုက်တဲ့အတွက် လူတွေရဲ့ ပါးစပ်ကနေထွက်လာတဲ့ ကျေးဇူးတင်စကားတွေဟာ

မနီလာစိုးအတွက်တော့ တန်းဖိုးဖြတ်လို့မရတဲ့ ပျော်ရွှင်မှုတွေလို့ ပြောရမှာဖြစ်ပါတယ်။

“ကိုယ်ကတော့ ပရဟိတစိတ်တော့ရှိတယ်။

ဒါပေမယ့် ဒီလောက်ထိ အဆုံးထိလုပ်ဖြစ်မယ်လို့ ကိုယ့့်ကိုကိုယ် မထင်ထားခဲ့ဘူး။

အခက်အခဲဖြစ်နေသူတွေကို ကူညီလိုက်တဲ့အခါ သူတို့တွေက အဆင်ပြေပါတယ်။

ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောကြတယ်။ အဲဒီစကားလေးတွေကြောင့် ဆက်ပြီးဝင်ဖြစ်သွားတာ” လို့ မနီလာစိုးက ဆိုပါတယ်။

အခုချိန်မှာတော့ သူမဟာ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့လှောင်ပြောင်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်သလို

အမျိုးသမီးတွေဟာ ယောကျ်ားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး

လုပ်ဆောင်နိုင်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

သူမဖြစ်ချင်တဲ့ ဆန္ဒအတိုင်း လူအများရဲ့ လေးစားအားကိုးမှုကို ရွှေရောင်မေတ္တာဖောင်ဒေးရှင်း ပရဟိတအသင်းနဲ့အတူ

ပါဝင်ကူညီဆောင်ရွက်ရင်း မနီလာစိုးတစ်ယောက် ပျော်ရွှင်နေတာကို တွေ့ရပါတယ်။

အခုလိုပျော်ရွှင်မှုတွေနဲ့အတူ ယောကျ်ားတွေနဲ့တန်းတူ ပရဟိတတွေ လုပ်ကိုင်နိုင်ကြောင်း သက်သေပြနိုင်ခဲ့တာဟာ မနီလာစိုးတစ်ယောက်တည်း မဟုတ်ပါဘူး။

ရွှေရောင်မေတ္တာ ဖောင်ဒေးရှင်းမှာ ပရဟိတတွေ လုပ်ကိုင်နေတဲ့ အမျိုးသမီးလူငယ်တွေ အားလုံးဟာလည်း အပါဝင်ဖြစ်ပါတယ်။

တဝီ …. ဝီ မြည်သံနဲ့ အတူ လူနာတင်ယာဉ်တွေ ဖြတ်သွားတိုင်း၊

သုသာန်ဇရပ်ပေါ်မှာ မီးသင်္ဂြိုလ်စက်ကို တွန်းသွားတဲ့ အမျိုးသမီးတွေကို မြင်တိုင်း

ဖြူစင်ရိုးသားတဲ့ ရခိုင်အမျိုးသမီးလေးတွေရဲ့ စိတ်ဓာတ်ကို ဖေါ်ပြနေတာကတော့

ရွှေရောင်မေတ္တာဖောင်ဒေးရှင်းလို့ပဲ ဆိုရမှာဖြစ်ပါတယ်။

မနီလာစိုးရဲ့ အဖြစ်ချင်ဆုံးဆန္ဒတစ်ခုကတော့ “ လူအများရဲ့ လေးစားအားကိုးထိုက်တဲ့ သူတစ်ယောက် ပဲဖြစ်ချင်တယ်” လို့ မနီလာစိုးက ပြောပါတယ်။

“မင်းထွန်း” ရေးသားသည်

Zawgyi

လိေမၼာ္ေရာင္အက်ႌနဲ႔ အမဲေရာင္ ေဘာင္းဘီအရွည္ ယူနီေဖာင္းကို ဝတ္ဆင္ထားတဲ့ အမ်ိဳးသမီးေတြဟာ

လူေသအေလာင္းထည့္ထားတဲ့ အေခါင္းေတြကို နာေရးကားေပၚကသယ္ယူၿပီး

သုသာန္ဇရပ္မွာခ်ကာ အသုဘလိုက္ပါ ပို႔ေဆာင္လာသူေတြကို သရနဂုံတင္ၿပီးတဲ့အထိ ေစာင့္ဆိုင္းၾကၿပီး

ဇရပ္ထဲက အေခါင္းကို လက္တြန္းလွည္းေပၚတင္ကာ မီးသၿဂႋဳလ္စက္ဆီ ပို႔ေဆာင္ေနၾကပါတယ္။

ပုံမွန္ဆိုရင္ လူထည့္ထားတဲ့အေခါင္းေတြ၊ လူေသအေလာင္းေတြကို

ေယာက်္ားေတြကသာ သယ္ယူၿပီး ေျမျမႇပ္၊ မီးသၿဂႋဳလ္ေပးတာကို ေတြ႕ရေပမယ့္

စစ္ေတြၿမိဳ႕ေပၚမွာေတာ့ အမ်ိဳးသမီးငယ္တစ္စုဟာ အၿပဳံမပ်က္ဘဲ

သာေရး၊ နာေရးလုပ္ငန္းေတြမွာ အင္တိုက္အားတိုက္ ေဆာင္႐ြက္ေပးေနၾကတာလည္းျဖစ္ပါတယ္။

သူတို႔ေတြဟာ အခုလို ေယာက်္ားေတြနဲ႔ တန္းတူရင္ေဘာင္တန္းၿပီး

နာေရးေတြမွာ ကူညီေဆာင္႐ြက္ ေပးေနတာဟာ အစပိုင္းမွာေတာ့

ပတ္ဝန္းက်င္ရဲ႕ ေလွာင္ေျပာင္ ကဲ့ရဲ႕တာေတြကို ခါးသီးစြာခံခဲ့ၾကရပါတယ္။

အခုလို ကဲ့ရဲ႕ေလွာင္ေျပာင္မႈေတြကို ေက်ာ္ျဖတ္ၿပီး ပရဟိတအလုပ္ကို

တစိုက္မတ္မတ္ လုပ္ေဆာင္ခဲ့သူေတြကေတာ့ တျခားသူေတြမဟုတ္ပါဘူး။

စစ္ေတြၿမိဳ႕အေျခစိုက္ ပရဟိတအသင္းတစ္ခုျဖစ္တဲ့

ေ႐ႊေရာင္ေမတၱာ ေဖာင္ေဒးရွင္း (လူမႈကူညီေရးအသင္း) က အမ်ိဳးသမီးေတြပဲျဖစ္ပါတယ္။

အဲဒီ အမ်ိဳးသမီးေတြထဲမွာ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်း႐ြာက

အသက္ ၂၃ ႏွစ္အ႐ြယ္ မနီလာစိုး တစ္ဦးလည္း အပါဝင္ျဖစ္ပါတယ္။

နီလာစိုးဆိုတာ သူ႔ရဲ႕အမည္ရင္းျဖစ္ၿပီး ပရဟိတတာဝန္ ထမ္းေဆာင္ခ်ိန္မွစၿပီး

ေမပုရစ္လို႔ သူ႔ကိုေခၚၾကပါတယ္။

မနီလာစိုး နာေရးေတြမွာ ကိုယ္တိုင္ပါဝင္လုပ္ကိုင္ကူညီေဆာင္႐ြက္ခဲ့ တဲ့အခ်ိန္ကဆိုရင္

ပတ္ဝန္းက်င္ရဲ႕ ေလွာင္ေျပာင္မႈေတြကို ခံစားခဲ့ရတဲ့အေၾကာင္း အခုလိုေျပာျပရွာပါတယ္။

“ က်မတို႔ အလုပ္က လူကိုကူညီတယ္ဆိုေတာ့ အားလုံးအစုံပါတယ္။

သာေရး၊ နာေရးေတြက အစေပါ့။

က်မက နာေရးမွာ တာဝန္ယူၿပီး ကူညီေပးတယ္။

နာေရးလုပ္ေတာ့ ႐ြာမွာက အယူအဆရွိတယ္။

မိန္းမေတြ နာေရးမွာ လုပ္တာေတြ မရွိဘူးေပါ့။

က်မ နာေရးမွာ လုပ္တဲ့အခ်ိန္က ႐ြာက လူေတြေျပာၾကတာေပါ့။

နင့္ သမီး ပရဟိတ လုပ္ေနတာက (လူေသ) အေလာင္းေတြပဲ ထမ္းေနတာလို႔ ေျပာၾကတယ္။

ဘာမွ မဟုတ္ပါဘူးဆိုၿပီး ေလွာင္ေျပာင္တဲ့ ပုံစံမ်ိဳးေပါ့” လို႔ မနီလာစိုးက ေျပာပါတယ္။

အခုလို ပတ္ဝန္းက်င္ရဲ႕ ေလွာင္ေျပာင္မႈေတြကိုခံစားခဲ့ရတဲ့ မနီလာစိုးဟာ

ေမြးရပ္ေျမဇာတိျဖစ္တဲ့ သူမရဲ႕ ႐ြာကေလးကိုေတာင္ မသြားခ်င္ေတာ့တဲ့အထိ စိတ္ဓာတ္ေတြက်ခဲ့ရသလို၊

တစ္ဖက္မွာလည္း ရခိုင္ျပည္နယ္ရဲ႕ အေနအထားအရ နာေရးလုပ္မယ္ဆိုရင္

ေယာက်္ားေတြကေတာင္ နင္တို႔လုပ္ႏိုင္မွာ မဟုတ္ဘူး၊ ကိုင္ႏိုင္မွာ မဟုတ္ဘူးဆိုၿပီး

အထင္အျမင္ေသးၾကတာေတြ၊ နာေရးလုပ္တဲ့ မိန္းကေလးဆိုၿပီး စကားမေျပာခ်င္ၾကတာကိုလည္း ႀကဳံခဲ့ရတယ္လို႔ ဆိုပါတယ္။

မနီလာစိုးဟာ ျမန္မာစာေမဂ်ာနဲ႔ ဘြဲ႕ရရွိသူတစ္ဦးျဖစ္သလို

ပရဟိတအသင္းကို မဝင္ေရာက္မီအခ်ိန္က စစ္ေတြ ၿမိဳ႕ရွိ ပုဂၢလိက ေဘာ္ဒါေဆာင္တစ္ခုမွာ

အလယ္တန္း ေက်ာင္းဆရာမအျဖစ္ တစ္ႏွစ္နီးပါးလုပ္ကိုင္ခဲ့ပါ ေသးတယ္။

အဲဒီေနာက္မွာေတာ့ သူဟာ ေက်ာင္းဆရာမ အလုပ္ကို စြန႔္လႊတ္ၿပီး

ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္း (လူမႈကူညီေရးအသင္း) ကို ၂၀၁၉ ခုႏွစ္ ၁၂ လပိုင္းမွာ ဝင္ေရာက္ခဲ့ပါတယ္။

လူေတြကို ကူညီခ်င္တဲ့ စိတ္ကေလးတစ္ခုတည္းနဲ႔ အဲဒီပရဟိတအသင္းကို ဝင္ျဖစ္သြားခဲ့တာလို႔လည္း မနီလာစိုးက ေျပာျပပါတယ္။

“ကိုယ္က နဂိုကတည္းက လူေတြကို ကူညီခ်င္တဲ့ စိတ္ကေလးရွိတယ္ဆိုေတာ့ ဝင္ျဖစ္သြားတယ္။

သိပ္ အမ်ားႀကီး ပရဟိတလုပ္ခ်င္တယ္မ်ိဳးလည္း မဟုတ္ဘူး” လို႔ သူမက ေျပာပါတယ္။

သူမ ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းကို ဝင္ျဖစ္သြားတဲ့ ေနာက္အေၾကာင္းရင္း တစ္ခုကေတာ့

လူမႈဆက္ဆံေရး၊ အေျပာအဆိုေတြအပါအဝင္ လူေတြနဲ႔ ေနထိုင္ေပါင္းသင္းဆက္ဆံတဲ့ အေတြ႕အႀကဳံေတြကိုလိုခ်င္တဲ့ ရည္႐ြယ္ခ်က္လည္းပါဝင္ေနပါတယ္။

မနီလာစိုး ဝင္ေရာက္တဲ့အခ်ိန္က ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းမွာ ပရဟိတလုပ္ေနၾကတဲ့ အမ်ိဳးသမီးေတြက မရွိသေလာက္ပါပဲ။

အမ်ိဳးသမီး သုံးဦးနဲ႔ အမ်ိဳးသား ၁၃ ဦးသာ ရွိတာရွိပါတယ္။

သူဟာ အမ်ိဳးသမီးျဖစ္ေပမယ့္ အဲဒီေဖာင္ေဒးရွင္းက ကူညီေပးတဲ့ သာေရး၊ နာေရးေတြ အကုန္လုံးကို ဝင္ေရာက္လုပ္ကိုင္ခဲ့ပါတယ္။

အစပိုင္းမွာေတာ့ အဲဒီလိုလုပ္ကိုင္ရတဲ့ အခါမွာလည္း သာေရးေတြလုပ္ရတဲ့အခါ အခက္အခဲေတြမရွိခဲ့ေပမယ့္

နာေရးေတြျဖစ္တဲ့ လူေသအေလာင္းေတြကို သယ္ယူၿပီး မီးရႈိ႕သၿဂႋဳလ္ၿပီးတဲ့အထိ

အစစအရာရာ ကူညီေဆာင္႐ြက္ေပးတဲ့အခ်ိန္က ေၾကာက္႐ြံ႕စိတ္ေတြ ျဖစ္ေပၚခဲ့တယ္လို႔ ေျပာပါတယ္။

လူေသအေလာင္းေတြကို သယ္ယူတဲ့အခါမွာလည္း လူေသမ်က္ႏွာကို မျမင္ရေအာင္

လူေသရဲ႕ေျခဘက္ကသာကိုင္ၿပီး မ်က္ႏွာကို တျခားတစ္ဘက္ကို လႊဲထားကာ သယ္ခဲ့ရတာေတြရွိတယ္လို႔ မနီလာစိုးက ေျပာပါတယ္။

“လူေသမ်က္ႏွာေတြကို ျမင္သြားရင္ တစ္ေန႔လုံးအိပ္လို႔မရဘူး။ သူ႔ကိုပဲ ျမင္ေနရတယ္။

အဲလို အခက္အခဲေတြ ႀကဳံခဲ့ရတယ္။

႐ိုး႐ိုးလူေသတာကိုေတာင္ အဲလိုမ်က္ႏွာျမင္ရတာေတြျဖစ္တယ္။

ေရျမႇပ္လို႔ အေလာင္းေတြေပၚလို႔ သြားၿပီးဆယ္တာေတြမွာ အေလာင္းေတြက ပုပ္လို႔၊ ပုံပ်က္ဆင္းပ်က္ဆိုရင္

ထမင္းမစားခ်င္တာ၊ ညည့္ဆိုရင္လည္း သူတို႔ရဲ႕မ်က္ႏွာပဲ ျမင္တာေတြျဖစ္ခဲ့တယ္” လို႔ သူမ ပရဟိတစလုပ္တဲ့အခ်ိန္က ႀကဳံခဲ့ရတာကို ေျပာျပပါတယ္။

အဲဒီလို ေၾကာက္႐ြံ႕မႈေတြနဲ႔အတူ စားမဝင္၊ အိပ္မေပ်ာ္ျဖစ္ခဲ့ရတာေတြကို တစ္လေလာက္ ရင္ဆိုင္ခဲ့ရတယ္လို႔လည္း ေျပာပါတယ္။

ေနာက္ပိုင္းမွာေတာ့ လုပ္ေဖာ္ကိုင္ဖက္စီနီယာေတြနဲ႔ ဆရာေတြရဲ႕ လမ္းၫႊန္၊ သင္ျပ ေျပာဆိုမႈေတြေၾကာင့္

သူမလုပ္ခ်င္တဲ့ ပရဟိတအလုပ္ကို အခက္အခဲမရွိဘဲ ေခ်ာ့ေမြ႕စြာလုပ္ႏိုင္ခဲ့တယ္လို႔ ေျပာပါတယ္။

“ အခုဆိုရင္ေတာ့ အဲလိုမျဖစ္ေတာ့ဘူး။ ကိုယ့္စိတ္ထဲမွာ အဲဒီလူက ေသဆုံးေနၿပီ၊

ဘာမွလုပ္ႏိုင္တာမဟုတ္ဘူး ဆိုၿပီး ႏွလုံးသြင္းလိုက္တယ္။

ကိုယ္ကသာ အေကာင္းဆုံးလုပ္ေပးလိုက္ရင္ အဆင္ေျပသြားမယ္။

ဘဝကူးေကာင္းသြားမယ္ဆိုတဲ့ စိတ္နဲ႔ပဲ လုပ္ျဖစ္တယ္” လို႔ မနီလာစိုးက ေျပာပါတယ္။

ပတ္ဝန္းက်င္က အေလာင္းထမ္းတဲ့ မိန္းကေလးဆိုၿပီး ေလွာင္ေျပာင္ ကဲ့ရဲ႕ၾကတာေတြဟာ

ေနာက္ဆုံးေတာ့ သူ႔ရဲ႕မိခင္ဆီအထိ သတင္းေတြ ေရာက္သြားခဲ့တဲ့အေၾကာင္းကိုလည္း မနီလာစိုးက အခုလိုေျပာပါတယ္။

“အေမက ဘယ္ေလာက္ထိေျပာလည္းဆိုရင္ သူကစာသင္ေပးလိုက္တယ္ေပါ့။

က်မက ျမန္မာစာနဲ႔ ဘြဲ႕ရၿပီး ေက်ာင္းၿပီးထားတယ္။

ဆိုေတာ့ အေမက နင့္ကို ငါ စာသင္ေပးလိုက္တာက အေလာင္းထမ္းဖို႔ မဟုတ္ဘူးဆိုၿပီး

အဲေလာက္ထိေတာင္ ေျပာတာ” လို႔ သူမက ေျပာပါတယ္။

ဒါေပမယ့္ သူမဟာ မိခင္ကို သူလုပ္ေနတဲ့ ပရဟိတအလုပ္ဟာ လူေသအေလာင္းတစ္ခုတည္း ထမ္းရတာ မဟုတ္ဘဲ

သာေရး/နာေရးေတြ အားလုံးမွာ ကူညီေဆာင္႐ြက္ေပးတဲ့အေၾကာင္းကို နားလည္သေဘာ ေပါက္ေအာင္ ရွင္းျပခဲ့ပါတယ္။

“နားလည္သေဘာေပါက္ေအာင္ ရွင္းျပတဲ့အခါမွာ အေမက သမီးအဆင္ေျပရင္ ၿပီးတာပဲဆိုၿပီးေတာ့ လက္ခံသြားတယ္”

မနီလာစိုးမွာ မိသားစုသုံးဦးရွိၿပီး မိဘေတြကေတာ့ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်း႐ြာမွာ ေနထိုင္ၾကပါတယ္။

လယ္ယာေျမေတြပိုင္ဆိုင္ထားတဲ့အတြက္ သူ႔ရဲ႕မိသားစုဟာ ေက်း႐ြာအတိုင္းအတာအရ စားဝတ္ေနေရး အဆင္ေျပၾက

ဒါေၾကာင့္ မနီလာစိုးဟာ မိသားစုဘက္ကို လွည့္ၾကည့္စရာမလိုဘဲ

သူလုပ္ခ်င္တဲ့ ပရဟိတအလုပ္ကို တစိုက္မတ္မတ္လုပ္ကိုင္ ႏိုင္ျဖစ္တယ္လို႔လည္းဆိုပါတယ္။

နာေရးေတြကိုကူညီတဲ့ အမ်ိဳးသမီးေတြအေတြက္စိန္ေခၚမႈေတြ အမ်ားႀကီးရွိေပမယ့္ ေနာက္ပိုင္းမွာေတာ့ သူဟာ အဲဒါေတြကို ေက်ာ္လြန္ႏိုင္ခဲ့တယ္လို႔လည္း ေျပာပါတယ္။

“က်မတို႔လုပ္တာကို လူေတြက ယုတ္ညံ့တယ္လို႔ သတ္မွတ္တယ္ေပါ့။

သူတို႔က ယုတ္ညံ့တဲ့အလုပ္ကို လုပ္တဲ့ မိန္းမဆိုၿပီး စကားမေျပာခ်င္ၾကေပမယ့္ က်မကေတာ့ အဲလိုမေတြးဘူး။

သူတစ္ပါးရဲ႕ ေနာက္ဆုံးအေျခအေန ေသေရးမွာ ဝင္လို႔ကူညီေပးလိုက္တာက တမန္လြန္ဘဝ အတြက္ေကာင္းသြားတယ္။

ၿပီးရင္ အသုဘဆိုရင္လည္း ေကာင္းေကာင္းမြန္မြန္ၿပီးသြားတယ္။ အဲတာေတြ ျမင္ၿပီး ပီတိျဖစ္မိတယ္” လို႔ မနီလာစိုးကဆိုပါတယ္။

မနီလာစိုး စလုပ္တုန္းကဆိုရင္ ႐ြာကလူေတြက နာေရးမွာအလုပ္ လုပ္တယ္အထင္နဲ႔ အထင္အျမင္ေတြ လြဲခဲ့ၾကေပမယ့္

ေနာက္ပိုင္းမွာေတာ့ သူ႔ရဲ႕ဇာတိ႐ြာကလူေတြ ေနမေကာင္းလို႔ စစ္ေတြေဆး႐ုံႀကီးကို ေရာက္လာ ၾကတဲ့အခ်ိန္ေတြမွာေတာ့

႐ြာကလူေတြဟာလည္း သူ႔အေပၚနားလည္သြားတယ္လို႔ ဆိုပါတယ္။

“ေဆး႐ုံတက္ဖို႔၊ ေဆး႐ုံဆင္းဖို႔ အခက္အခဲျဖစ္ေနတဲ့ သူေတြကို ကူညီေပးတယ္။

ေဆး႐ုံမွာ ေဆးကုသမႈခံယူရင္း ပိုက္ဆံေတြကုန္သြားၿပီး၊ ေဆး႐ုံဆင္းစရိတ္မရွိ အခက္အခဲျဖစ္ေနတဲ့ သူေတြကို သူတို႔ရဲ႕ ေနရပ္ဆီ ပို႔ေပးတယ္။

အဲဒီလို ပရဟိတေတြကို လုပ္ေဆာင္ေပးတာကို ျမင္တဲ့အခါမွ ႐ြာကလူေတြက နာေရးတစ္ခုတည္းလုပ္တာ မဟုတ္ဘူးလို႔ ေျပာၾကတယ္။

အားလုံးကူညီေပးတာကို သိသြားၾကတယ္ ” လို႔ မနီလာစိုးက ဆိုပါတယ္။

သူမပါဝင္လုပ္ကိုင္ေနတဲ့ ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းဟာ ရခိုင္ျပည္အတြင္းက

က်န္းမာေရးကိစၥေတြ အပါအဝင္၊ မေတာ္တဆ ထိခိုက္ဒဏ္ရာရရွိသြားတဲ့ လူနာေတြနဲ႔

အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေသဆုံးသြား သူေတြရဲ႕ အေရးကိစၥေတြကို (၂၄) နာရီစလုံး ကူညီေဆာင္႐ြက္ေပးေနၾကတာျဖစ္ပါတယ္။

လက္ရွိ ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းမွာ အမ်ိဳးသား ၃၅ ဦးနဲ႔ အမ်ိဳးသမီး ၂၅ ဦးအထိရွိပါတယ္။

အခုအခ်ိန္မွာေတာ့ မနီလာစိုးဟာ သူရဲ႕လူသားေတြအေပၚ ကူညီလိုတဲ့စိတ္နဲ႔ ခက္ခဲစြာျဖတ္ေက်ာ္လာခဲ့အတြက္

သူ႔ရဲ႕ ပရဟိတေဖာင္းေဒးရွင္းမွာ အမ်ိဳးသမီေခါင္းေဆာင္၊ နာေရးပိုင္းမွာလည္း တာဝန္ခံ စတဲ့တာဝန္ေတြကို ထမ္းေဆာင္ေနရၿပီျဖစ္ပါတယ္။

“နယ္က လူေတြဆိုရင္ က်မတို႔ ကူညီေပးလိုက္လို႔ ေအးေဆး ႐ြာျပန္သြားႏိုင္တယ္။

သူတို႔ေတြက က်မတို႔ကို ေက်းဇူးတင္စကားေတြေျပာတယ္။

က်မတို႔ အဖြဲ႕ရွိလို႔ေပါ့ မဟုတ္ရင္ ေဆြမ်ိဳးမရွိဘဲ ဒီၿမိဳ႕မွာ ဘယ္လို အခက္အခဲရွိမလဲဆိုတာ မေတြးရဲဘူးဆိုၿပီး ေျပာၾကတယ္။

အဲလိုဆိုေတာ့ ကိုယ္က ကူညီေပးလိုက္လို႔ သူတို႔ေတြ အဆင္ေျပသြားရင္ ပီတိျဖစ္မိတယ္” လို႔ မနီလာစိုးက ေျပာပါတယ္။

ပရဟိတအလုပ္ကို စြဲစြဲၿမဲၿမဲလုပ္လိမ့္မယ္လို႔ မထင္ထားခဲ့တဲ့ မနီလာစိုးဟာ အခုအခ်ိန္မွာ

သူတစ္ပါးရဲ႕ အခက္အခဲေတြကို ကူညီတဲ့ ပရဟိတအလုပ္ကို အဆုံးထိ လုပ္မယ္လို႔ ဆုံးျဖတ္ထားၿပီျဖစ္ပါတယ္။

သူတို႔ ကူညီလိုက္တဲ့အတြက္ လူေတြရဲ႕ ပါးစပ္ကေနထြက္လာတဲ့ ေက်းဇူးတင္စကားေတြဟာ

မနီလာစိုးအတြက္ေတာ့ တန္းဖိုးျဖတ္လို႔မရတဲ့ ေပ်ာ္႐ႊင္မႈေတြလို႔ ေျပာရမွာျဖစ္ပါတယ္။

“ကိုယ္ကေတာ့ ပရဟိတစိတ္ေတာ့ရွိတယ္။

ဒါေပမယ့္ ဒီေလာက္ထိ အဆုံးထိလုပ္ျဖစ္မယ္လို႔ ကိုယ့့္ကိုကိုယ္ မထင္ထားခဲ့ဘူး။

အခက္အခဲျဖစ္ေနသူေတြကို ကူညီလိုက္တဲ့အခါ သူတို႔ေတြက အဆင္ေျပပါတယ္။

ေက်းဇူးအမ်ားႀကီးတင္ပါတယ္လို႔ ေျပာၾကတယ္။ အဲဒီစကားေလးေတြေၾကာင့္ ဆက္ၿပီးဝင္ျဖစ္သြားတာ” လို႔ မနီလာစိုးက ဆိုပါတယ္။

အခုခ်ိန္မွာေတာ့ သူမဟာ ပတ္ဝန္းက်င္ရဲ႕ ကဲ့ရဲ႕ေလွာင္ေျပာင္မႈေတြကို ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္သလို

အမ်ိဳးသမီးေတြဟာ ေယာက်္ားေတြနဲ႔ တန္းတူရင္ေဘာင္တန္းၿပီး

လုပ္ေဆာင္ႏိုင္ေၾကာင္းကို သက္ေသျပႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

သူမျဖစ္ခ်င္တဲ့ ဆႏၵအတိုင္း လူအမ်ားရဲ႕ ေလးစားအားကိုးမႈကို ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္း ပရဟိတအသင္းနဲ႔အတူ

ပါဝင္ကူညီေဆာင္႐ြက္ရင္း မနီလာစိုးတစ္ေယာက္ ေပ်ာ္႐ႊင္ေနတာကို ေတြ႕ရပါတယ္။

အခုလိုေပ်ာ္႐ႊင္မႈေတြနဲ႔အတူ ေယာက်္ားေတြနဲ႔တန္းတူ ပရဟိတေတြ လုပ္ကိုင္ႏိုင္ေၾကာင္း သက္ေသျပႏိုင္ခဲ့တာဟာ မနီလာစိုးတစ္ေယာက္တည္း မဟုတ္ပါဘူး။

ေ႐ႊေရာင္ေမတၱာ ေဖာင္ေဒးရွင္းမွာ ပရဟိတေတြ လုပ္ကိုင္ေနတဲ့ အမ်ိဳးသမီးလူငယ္ေတြ အားလုံးဟာလည္း အပါဝင္ျဖစ္ပါတယ္။

တဝီ …. ဝီ ျမည္သံနဲ႔ အတူ လူနာတင္ယာဥ္ေတြ ျဖတ္သြားတိုင္း၊

သုသာန္ဇရပ္ေပၚမွာ မီးသၿဂႋဳလ္စက္ကို တြန္းသြားတဲ့ အမ်ိဳးသမီးေတြကို ျမင္တိုင္း

ျဖဴစင္႐ိုးသားတဲ့ ရခိုင္အမ်ိဳးသမီးေလးေတြရဲ႕ စိတ္ဓာတ္ကို ေဖၚျပေနတာကေတာ့

ေ႐ႊေရာင္ေမတၱာေဖာင္ေဒးရွင္းလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။

မနီလာစိုးရဲ႕ အျဖစ္ခ်င္ဆုံးဆႏၵတစ္ခုကေတာ့ “ လူအမ်ားရဲ႕ ေလးစားအားကိုးထိုက္တဲ့ သူတစ္ေယာက္ ပဲျဖစ္ခ်င္တယ္” လို႔ မနီလာစိုးက ေျပာပါတယ္။

“မင္းထြန္း” ေရးသားသည္