စာသင္ဖို႔မတတ္ႏိုင္တဲ့လမ္းေဘးခေလးငယ္ေတြကိုအခ်ိန္ေပးပီး၊အခမဲ့စာသင္ေပးလ်က္ရွိေနတဲ့ပရဟိသစိတ္အျပည့္ရွိတဲ့အမ်ိဳးသားတစ္ဦး

မိဘေထာက္ပံ့မႈေပးႏိုင္တဲ့ခေလးငယ္ေတြဟာေက်ာင္းတက္ဖို႔မခက္ခဲေပမဲ့၊အခ်ိဳ႕ေသာအိမ္ေျခရာမဲ့ေအာက္ေျခလူတန္းစားေတြရဲ႕ခေလးေတြဘဝကေတာ့၊ေက်ာင္းတက္ဖို႔ေနေနသာသာစာသင္ဖို႔ေတာင္အင္မတန္ခက္ခဲတဲ့အေျခေနတစ္ခုပါ။သို​ေပမဲ့ယခုေဖာ္ျပေပးမဲ့ဖိလစ္ပိုင္ႏိုင္ငံကအမ်ိဳးသားတစ္ေယာက္ရဲ႕၊လူသားခ်င္းစာနာတဲ့လုပ္ရပ္တခုဟာေတာ့၊သတင္းစာေခါင္းစီးပိုင္းေနရာယူလို႔ေနပါတယ္။

အေၾကာင္းက​ေတာ့Instagramအသုံးျပဳသူအမ်ိဳးသမီးတစ္ေယာက္ဟာ၊ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္းကၿမိဳ႕ငယ္ေလးတစ္ေနရာညေနခင္းေလးမွာ၊လမ္းေဘးခေလးငယ္ေတြကိုစာသင္ေပးေနတဲ့အမ်ိဳးသားတစ္ေယာက္ကိုေတြ႕ရွိခဲ့ပါတယ္။ေန႔စဥ္နဲ႔အမွ်သင္ျပေပးေနတာကိုေတြ႕တဲ့အခါမွာေတာ့၊၎အမ်ိဳးသမီးဟာအဆိုပါစာသင္ေပးေနတဲ့အမ်ိဳးသားကိုေမးျမန္းၾကည့္ပီးယခုလိုပဲမွ်ေဝေပးခဲ့ပါတယ္။၎အမ်ိဳးသားဟာေနပူမိူး႐ြာမေရွာင္ခေလးငယ္ေတြကိုစာသင္ေပးပီး၊လိုအပ္တဲ့ေက်ာင္းသုံးစာအုပ္ေတြကိုလဲ၊သူ႔ကိုယ္ပိုင္ပိုက္ဆံနဲ႔တတ္ႏိုင္သေလာက္ဝယ္ေပးပီးသင္ေပးေစခဲ့ပါတယ္။

၎အမ်ိဳးသားဟာ၊ဖိလစ္ပိုင္ႏိုင္ငံကတကၠသိုလ္တခုမွာအမွတ္ေကာင္းေကာင္းနဲ႔၊အဆင့္ျမင့္ဘြဲ႕တခုကိုရရွိထားပီးပါပီ။သို႔ေပမဲ့ယခုေလာေလာဆယ္မွာအလုပ္အကိုင္မရွိေသးတဲ့အတြက္ေၾကာင့္၊ယခုလိုစာသင္ဖို႔ခက္ခဲတဲ့ခေလး​ငယ္ေတြကိုစာတတ္ခ်င္တဲ့စိတ္ေၾကာင့္သင္ေပးေနတာလို႔ဆိုပါတယ္။ထို႔​ေနာက္၎အမ်ိဳးသားရဲ႕အေၾကာင္းကိုInstagramကနဆင့္မွ်ေဝတဲ့အခါမွာေတာ့၊ထိုလမ္းေဘးခေလးငယ္ေတြကိုလိုအပ္တဲ့ေက်ာင္းသုံးစာအုပ္အခ်ိဳ႕နဲ႔၊အျခားပစၥည္းေတြကိုလႉခ်င္လို႔ဆက္သြယ္လာခဲ့ၾကပါတယ္။ထို႔အျပင္၎အမ်ိဳးသားရဲ႕လုပ္ရပ္ကိုေတြ႕ရွိခဲ့တဲ့နာမည္ႀကီးကိုယ္ပိုင္ေက်ာင္းတစ္ခုက၊ေက်ာင္းဆရာအျဖစ္ခန္႔အပ္ဖို႔ကမ္းလွမ္းခဲ့တဲ့အတြက္အလုပ္ရခဲ့ပီး၊၎အမ်ိဳးသားဟာသူရဲ႕အျခားေသာအားလပ္ခ်ိန္ေတြကို၊ဒီလမ္းေဘးခေလးေတြအတြက္အခ်ိန္ေပးပီးစာသင္ျပေပးခဲ့ပါတယ္။

Gabar News

Unicode

စာသင်ဖို့မတတ်နိုင်တဲ့လမ်းဘေးခလေးငယ်တွေကိုအချိန်ပေးပီး၊အခမဲ့စာသင်ပေးလျက်ရှိနေတဲ့ပရဟိသစိတ်အပြည့်ရှိတဲ့အမျိုးသားတစ်ဦး

မိဘထောက်ပံ့မှုပေးနိုင်တဲ့ခလေးငယ်တွေဟာကျောင်းတက်ဖို့မခက်ခဲပေမဲ့၊အချို့သောအိမ်ခြေရာမဲ့အောက်ခြေလူတန်းစားတွေရဲ့ခလေးတွေဘဝကတော့၊ကျောင်းတက်ဖို့နေနေသာသာစာသင်ဖို့တောင်အင်မတန်ခက်ခဲတဲ့အခြေနေတစ်ခုပါ။သို​ပေမဲ့ယခုဖော်ပြပေးမဲ့ဖိလစ်ပိုင်နိုင်ငံကအမျိုးသားတစ်ယောက်ရဲ့၊လူသားချင်းစာနာတဲ့လုပ်ရပ်တခုဟာတော့၊သတင်းစာခေါင်းစီးပိုင်းနေရာယူလို့နေပါတယ်။

အကြောင်းက​တော့Instagramအသုံးပြုသူအမျိုးသမီးတစ်ယောက်ဟာ၊ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကမြို့ငယ်လေးတစ်နေရာညနေခင်းလေးမှာ၊လမ်းဘေးခလေးငယ်တွေကိုစာသင်ပေးနေတဲ့အမျိုးသားတစ်ယောက်ကိုတွေ့ရှိခဲ့ပါတယ်။နေ့စဥ်နဲ့အမျှသင်ပြပေးနေတာကိုတွေ့တဲ့အခါမှာတော့၊၎င်းအမျိုးသမီးဟာအဆိုပါစာသင်ပေးနေတဲ့အမျိုးသားကိုမေးမြန်းကြည့်ပီးယခုလိုပဲမျှဝေပေးခဲ့ပါတယ်။၎င်းအမျိုးသားဟာနေပူမိူးရွာမရှောင်ခလေးငယ်တွေကိုစာသင်ပေးပီး၊လိုအပ်တဲ့ကျောင်းသုံးစာအုပ်တွေကိုလဲ၊သူ့ကိုယ်ပိုင်ပိုက်ဆံနဲ့တတ်နိုင်သလောက်ဝယ်ပေးပီးသင်ပေးစေခဲ့ပါတယ်။

၎င်းအမျိုးသားဟာ၊ဖိလစ်ပိုင်နိုင်ငံကတက္ကသိုလ်တခုမှာအမှတ်ကောင်းကောင်းနဲ့၊အဆင့်မြင့်ဘွဲ့တခုကိုရရှိထားပီးပါပီ။သို့ပေမဲ့ယခုလောလောဆယ်မှာအလုပ်အကိုင်မရှိသေးတဲ့အတွက်ကြောင့်၊ယခုလိုစာသင်ဖို့ခက်ခဲတဲ့ခလေး​ငယ်တွေကိုစာတတ်ချင်တဲ့စိတ်ကြောင့်သင်ပေးနေတာလို့ဆိုပါတယ်။ထို့​နောက်၎င်းအမျိုးသားရဲ့အကြောင်းကိုInstagramကနဆင့်မျှဝေတဲ့အခါမှာတော့၊ထိုလမ်းဘေးခလေးငယ်တွေကိုလိုအပ်တဲ့ကျောင်းသုံးစာအုပ်အချို့နဲ့၊အခြားပစ္စည်းတွေကိုလှူချင်လို့ဆက်သွယ်လာခဲ့ကြပါတယ်။ထို့အပြင်၎င်းအမျိုးသားရဲ့လုပ်ရပ်ကိုတွေ့ရှိခဲ့တဲ့နာမည်ကြီးကိုယ်ပိုင်ကျောင်းတစ်ခုက၊ကျောင်းဆရာအဖြစ်ခန့်အပ်ဖို့ကမ်းလှမ်းခဲ့တဲ့အတွက်အလုပ်ရခဲ့ပီး၊၎င်းအမျိုးသားဟာသူရဲ့အခြားသောအားလပ်ချိန်တွေကို၊ဒီလမ်းဘေးခလေးတွေအတွက်အချိန်ပေးပီးစာသင်ပြပေးခဲ့ပါတယ်။

Gabar News