သားဖြစ်သူကို တစ်နေ့မှမေ့မရဘဲ ပူဆွေးဝမ်းနည်းစွာ ငိုကြွေးနေတဲ့ ရေမွန်မိခင်ရဲ့ ဗီဒီယိုဖိုင်
အဆိုတော် ရေမွန်ဟာ ဇွန်လ (၂၃) ရက်နေ့တွင် အစာအိမ်သွေးကြောပေါက်တဲ့ ရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့တာ ဖြစ်ပါတယ်။
မမျှော်လင့်ထားတဲ့ အခြေအနေကို ကြုံတွေ့လိုက်ရတဲ့အတွက် ရေမွန့်ကို ချစ်ခင်ကြသူများအားလုံးက ဝမ်းနည်းပူဆွေးခဲ့ကြရတာ ဖြစ်ပါတယ်။
သူ့ရဲ့မိခင်ကလည်း အားကိုးရလွန်းပြီး မိဘအပေါ်သိတတ်လွန်းတဲ့ သားလိမ္မာလေး ဆုံးရှုံးလိုက်ရတဲ့အတွက် ပြောမပြတတ်အောင်ကို ဝမ်းနည်းခဲ့ရတာ ဖြစ်ပါတယ်။
ဒီနေ့ဆိုရင် ရေမွန်ကွယ်လွန်သွားတာ (၂) ပတ်ကျော်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။
ခွဲခွာသွားတာမကြာသေးပေမယ့်အားလုံးက အခုချိန်ထိသူ့ကို လွမ်းဆွတ်သတိရနေကြဆဲ ဖြစ်ပါတယ်။
ရေမွန်ရဲ့ ညီမလေးကလည်း သူမရဲ့ လူမှုကွန်ယက်မှတစ်ဆင့်
အစ်ကိုဖြစ်သူနဲ့ ပတ်သက်တဲ့ အမှတ်တရလေးတွေကို အမြဲဝေမျှပေးနေတာ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း လပြည့်ကဗျာရဲ့ Facebook Story တွင်
သားဖြစ်သူကို တစ်နေ့မှမေ့မရနိုင်ဘဲ သတိရတိုင်း ဝမ်းနည်းစွာ ငိုကြွေးနေတဲ့ မိခင်ရဲ့ ဗီဒီယိုဖိုင်ကို တင်ထားတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ တစ်လလောက်က သားဖြစ်သူနဲ့ အတူရှိနေခဲ့တာကို တတွတ်တွတ်ပြောရင်း ငိုနေတာကို မြင်တွေ့ရတာတကယ်ကို ဝမ်းနည်းစရာကောင်းလှပါတယ်။
ရေမွန်ရဲ့တူလေးကလည်း သူ့အဘွားငိုတာကို မြင်ပြီး ဝမ်းနည်းစွာ ငိုနေတာကြောင့် လပြည့်ကဗျာမှ ” ရင်တွေလည်း ကွဲရပါတယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာရှိတဲ့ မိခင်တိုင်းဟာ သူတို့ရဲ့ သားသမီးများအား အရိပ်တကြည့်ကြည့် အမြဲနေတတ်ကြသူတွေပါ။
သားဖြစ်သူနဲ့စောစီးစွာ ခွဲခွာလိုက်ရတဲ့ အန်တီခင်မြတ်မွန်ကိုကြည့်ပြီး ထပ်တူစိတ်မကောင်း ဖြစ်ရပါတယ်။
ရေမွန်တစ်ယောက်လည်း ကောင်းကင်ဘုံမှာ သူချစ်တဲ့ သီချင်းတွေနဲ့
အေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
ရုပ်သံ ကြည့်ရန်
Source and Photo Crd-Lapyae Kabyar’s,
Raymond’s and Khin Myat Mon’s Facebook Account
Zawgyi
သားျဖစ္သူကို တစ္ေန႔မွေမ့မရဘဲ ပူေဆြးဝမ္းနည္းစြာ ငိုေႂကြးေနတဲ့ ေရမြန္မိခင္ရဲ႕ ဗီဒီယိုဖိုင္
အဆိုေတာ္ ေရမြန္ဟာ ဇြန္လ (၂၃) ရက္ေန႔တြင္ အစာအိမ္ေသြးေၾကာေပါက္တဲ့ ေရာဂါျဖင့္ ကြယ္လြန္အနိစၥေရာက္ခဲ့တာ ျဖစ္ပါတယ္။
မေမွ်ာ္လင့္ထားတဲ့ အေျခအေနကို ႀကဳံေတြ႕လိုက္ရတဲ့အတြက္ ေရမြန္႔ကို ခ်စ္ခင္ၾကသူမ်ားအားလုံးက ဝမ္းနည္းပူေဆြးခဲ့ၾကရတာ ျဖစ္ပါတယ္။
သူ႔ရဲ႕မိခင္ကလည္း အားကိုးရလြန္းၿပီး မိဘအေပၚသိတတ္လြန္းတဲ့ သားလိမၼာေလး ဆုံးရႈံးလိုက္ရတဲ့အတြက္ ေျပာမျပတတ္ေအာင္ကို ဝမ္းနည္းခဲ့ရတာ ျဖစ္ပါတယ္။
ဒီေန႔ဆိုရင္ ေရမြန္ကြယ္လြန္သြားတာ (၂) ပတ္ေက်ာ္သြားခဲ့ၿပီပဲ ျဖစ္ပါတယ္။
ခြဲခြာသြားတာမၾကာေသးေပမယ့္အားလုံးက အခုခ်ိန္ထိသူ႔ကို လြမ္းဆြတ္သတိရေနၾကဆဲ ျဖစ္ပါတယ္။
ေရမြန္ရဲ႕ ညီမေလးကလည္း သူမရဲ႕ လူမႈကြန္ယက္မွတစ္ဆင့္
အစ္ကိုျဖစ္သူနဲ႔ ပတ္သက္တဲ့ အမွတ္တရေလးေတြကို အၿမဲေဝမွ်ေပးေနတာ ျဖစ္ပါတယ္။
မၾကာေသးခင္ နာရီပိုင္းေလာက္ကလည္း လျပည့္ကဗ်ာရဲ႕ Facebook Story တြင္
သားျဖစ္သူကို တစ္ေန႔မွေမ့မရႏိုင္ဘဲ သတိရတိုင္း ဝမ္းနည္းစြာ ငိုေႂကြးေနတဲ့ မိခင္ရဲ႕ ဗီဒီယိုဖိုင္ကို တင္ထားတာ ျဖစ္ပါတယ္။
လြန္ခဲ့တဲ့ တစ္လေလာက္က သားျဖစ္သူနဲ႔ အတူရွိေနခဲ့တာကို တတြတ္တြတ္ေျပာရင္း ငိုေနတာကို ျမင္ေတြ႕ရတာတကယ္ကို ဝမ္းနည္းစရာေကာင္းလွပါတယ္။
ေရမြန္ရဲ႕တူေလးကလည္း သူ႔အဘြားငိုတာကို ျမင္ၿပီး ဝမ္းနည္းစြာ ငိုေနတာေၾကာင့္ လျပည့္ကဗ်ာမွ ” ရင္ေတြလည္း ကြဲရပါတယ္ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။
ကမာၻေပၚမွာရွိတဲ့ မိခင္တိုင္းဟာ သူတို႔ရဲ႕ သားသမီးမ်ားအား အရိပ္တၾကည့္ၾကည့္ အၿမဲေနတတ္ၾကသူေတြပါ။
သားျဖစ္သူနဲ႔ေစာစီးစြာ ခြဲခြာလိုက္ရတဲ့ အန္တီခင္ျမတ္မြန္ကိုၾကည့္ၿပီး ထပ္တူစိတ္မေကာင္း ျဖစ္ရပါတယ္။
ေရမြန္တစ္ေယာက္လည္း ေကာင္းကင္ဘုံမွာ သူခ်စ္တဲ့ သီခ်င္းေတြနဲ႔
ေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို တင္ဆက္ေပးလိုက္ ရပါတယ္။
Source and Photo Crd-Lapyae Kabyar’s,
Raymond’s and Khin Myat Mon’s Facebook Account
ရုပ္သံ ၾကည့္ရန္