ဦးအောင်မျိုးမင်း
တော်လှန်ရေးဘယ်တော့ပြီးမလဲ…
တော်လှန်ရေးဘယ်တော့ပြီးမလဲဆိုတာသချာ်ဖော်မြူလာ သုံးပြီးတွက်ချက်အဖြေရှာလို့ရတဲ့ကိစ္စမျိုးလဲ မဟုတ်ဘူး။လက်တွေ့အရမ်းဆန်တယ်။
အခြေခံကနေ လက်တွေ့ကျကျ ဟန်ချက်ညီညီလုပ်ဆောင်ဖို့လိုပါတယ်။
အချင်းချင်းကြားဘယ်လောက်ညီညွတ်မှုရှိလဲ၊ စည်းလုံးမှုရှိလဲ၊ဘယ်လောက်အထိ ညီညီညာညာလုပ်ဆောင်နိုင်လဲ၊
ပြည်ပနိုင်ငံတွေနဲ့ချိတ်ဆက်လုပ်ဆောင်မှုတွေဘယ်လောက်ထိ အချိန်မှီ တိတိကျကျလုပ်ဆောင်နိုင်မလဲစတဲ့အချက်တွေအပေါ်မူတည်ပါတယ်။
နောက်ပြီးအရေးအကြီးဆုံးကတော့စိတ်ဓာတ်ကျပြီး လုပ်ကိုင်နေရတဲ့ လုပ်ငန်းဆောင်တာများနှောင့်နှေးသွားတယ်ဆိုရင်လဲ ပြီးဆုံးဖို့ပိုကြာသွားနိုင်ပါတယ်။
အဲဒီတော့ ဘယ်အချိန်ပြီးဆုံးမလဲဆိုတာကို တွေးမနေဘဲ နေ့စဉ်ကိုယ်လုပ်နေတဲ့ အလုပ်အပေါ်မှာ …
ပိုတန်ဖိုးထားမယ်၊တန်ဖိုးရှိအောင်လုပ်မယ်၊စနစ်ကျအောင်အကြိမ်ကြိမ်ဆောင်ရွက်မယ်၊
ပိုပြီးတိကျအောင်လုပ်ဆောင်မယ်၊စိတ်ဝမ်းကွဲ စိတ်ကျစေမယ့်အပြုအမူအသုံးအနှုန်းတွေရှောင်မယ်ဆိုတာတွေကို လုပ်ရမှာပါ။
လုပ်နေကိုင်နေ ပြောနေဆိုနေသမျှကို ပိုပြီး လေးစား လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ဦးအောင်မျိုးမင်း
(လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးအမျိုးသားညီညွတ်ရေးအစိုးရ )