ကိုဗစ်ပျံ့နှံ့နှုန်းတွေမြင့်တက်နေတာကြောင့် တစ်မြို့လုံးအနှံ့ပိုးသတ်ဆေးလိုက်ဖြန်းနေရတဲ့ ကလေးမြို့ရဲ့ မြင်ကွင်းဗီဒီယိုဖိုင်

ကိုဗစ်ပျံ့နှံ့နှုန်းတွေမြင့်တက်နေတာကြောင့် တစ်မြို့လုံးအနှံ့ပိုးသတ်ဆေးလိုက်ဖြန်းနေရတဲ့ ကလေးမြို့ရဲ့ မြင်ကွင်းဗီဒီယိုဖိုင်

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါတွေပြန်ဖြစ်လာနေပြီး ကလေးမြို့မှာ ကိုဗစ်ကူးစက်ခံရမှုအဆိုးဆုံးဖြစ်ကာ နေ့စဉ်နေ့တိုင်းလူအများအပြားသေဆုံးနေခဲ့ပါတယ်။ ကလေးမြို့က လမ်းတိုင်းလိုလိုမှာလည်း နာရေးဆိုင်းဘုတ်တွေရှိပြီး သုသာန်တွေမှာလည်းအုတ်ဂူတွေအဆင်သင့်ပြုလုပ်ထားရတဲ့အထိ အခြေအနေတွေဆိုးရွားနေပါတယ်။

ဒါ့ပြင်အောက်ဆီဂျင်မလောက်ငှမှုတွေကြောင့် အောက်ဆီဂျင်ရရှိဖို့အတွက် လမ်းတွေမှာတန်းစီစောင့်ယူနေရတဲ့အထိ ဆိုးရွားနေတာတွေ့ရပါတယ်။ကလေးမြို့မှာ ကိုဗစ်ကူးစက်မှုတွေကြောင့် တစ်နေ့ကို ပျမ်းမျှဆယ်ယောက်ကျော်ခန့်နေ့စဉ်သေဆုံးနေတယ်လို့သိရပါတယ်။

နိုင်ငံရေးအခြေအနေတွေကြောင့် အရင်လိုကိုဗစ်ကုသရေးစင်တာတွေ ကောင်းကောင်းမရှိတော့တဲ့အပြင် ကုန်ဈေးနှုန်းမြင့်တက်မှုတွေကြောင့် Maskဈေးတွေလည်း နှစ်ဆခန့်မြင့်တက်နေတာကြောင့် ပြည်သူတွေအနေနဲ့ ဆင်းရဲဒုက္ခမျိုးစုံကို တွေ့ကြုံခံစားနေကြရတာပါ။

ကိုဗစ်ပျံ့နှံ့မှုတွေအများဆုံးဖြစ်ပေါ်နေတဲ့ ကလေးမြို့လေးကို ယနေ့မှာတော့မြို့အနှံ့ကားနဲ့လှည့်ကာ ပိုးသတ်ဆေးဖြန်းနေရတာဖြစ်ပါတယ်။

ဒီမြင်ကွင်းဗီဒီယိုလေးကို ကလေးမြို့မှာပရဟိတသွားရောက်လုပ်ကိုင်နေတဲ့ လူငယ်လေးတစ်ဦးက သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ မျှဝေထားတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်

Zawgyi

ကိုဗစ္ပ်ံ႕ႏွံ႔ႏႈန္းေတြျမင့္တက္ေနတာေၾကာင့္ တစ္ၿမိဳ႕လုံးအႏွံ႔ပိုးသတ္ေဆးလိုက္ျဖန္းေနရတဲ့ ကေလးၿမိဳ႕ရဲ႕ ျမင္ကြင္းဗီဒီယိုဖိုင္

ျမန္မာႏိုင္ငံမွာ ကိုဗစ္ေရာဂါေတြျပန္ျဖစ္လာေနၿပီး ကေလးၿမိဳ႕မွာ ကိုဗစ္ကူးစက္ခံရမႈအဆိုးဆုံးျဖစ္ကာ ေန႔စဥ္ေန႔တိုင္းလူအမ်ားအျပားေသဆုံးေနခဲ့ပါတယ္။ ကေလးၿမိဳ႕က လမ္းတိုင္းလိုလိုမွာလည္း နာေရးဆိုင္းဘုတ္ေတြရွိၿပီး သုသာန္ေတြမွာလည္းအုတ္ဂူေတြအဆင္သင့္ျပဳလုပ္ထားရတဲ့အထိ အေျခအေနေတြဆိုး႐ြားေနပါတယ္။

ဒါ့ျပင္ေအာက္ဆီဂ်င္မေလာက္ငွမႈေတြေၾကာင့္ ေအာက္ဆီဂ်င္ရရွိဖို႔အတြက္ လမ္းေတြမွာတန္းစီေစာင့္ယူေနရတဲ့အထိ ဆိုး႐ြားေနတာေတြ႕ရပါတယ္။ကေလးၿမိဳ႕မွာ ကိုဗစ္ကူးစက္မႈေတြေၾကာင့္ တစ္ေန႔ကို ပ်မ္းမွ်ဆယ္ေယာက္ေက်ာ္ခန႔္ေန႔စဥ္ေသဆုံးေနတယ္လို႔သိရပါတယ္။

ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ အရင္လိုကိုဗစ္ကုသေရးစင္တာေတြ ေကာင္းေကာင္းမရွိေတာ့တဲ့အျပင္ ကုန္ေဈးႏႈန္းျမင့္တက္မႈေတြေၾကာင့္ Maskေဈးေတြလည္း ႏွစ္ဆခန႔္ျမင့္တက္ေနတာေၾကာင့္ ျပည္သူေတြအေနနဲ႔ ဆင္းရဲဒုကၡမ်ိဳးစုံကို ေတြ႕ႀကဳံခံစားေနၾကရတာပါ။

ကိုဗစ္ပ်ံ႕ႏွံ႔မႈေတြအမ်ားဆုံးျဖစ္ေပၚေနတဲ့ ကေလးၿမိဳ႕ေလးကို ယေန႔မွာေတာ့ၿမိဳ႕အႏွံ႔ကားနဲ႔လွည့္ကာ ပိုးသတ္ေဆးျဖန္းေနရတာျဖစ္ပါတယ္။

ဒီျမင္ကြင္းဗီဒီယိုေလးကို ကေလးၿမိဳ႕မွာပရဟိတသြားေရာက္လုပ္ကိုင္ေနတဲ့ လူငယ္ေလးတစ္ဦးက သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ မွ်ေဝထားတာျဖစ္ပါတယ္။ ပရိသတ္ေတြအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္