ချစ်သူနှစ်ဦးကြား ဆက်ဆံရေး တည်မြဲဖို့ မဖြစ်မနေထား ရှိထားသင့်တဲ့ နားလည်မှု(၄)ခု
ချစ်သူနှစ်ဦးကြား ဆက်ဆံရေး တည်မြဲဖို့ မဖြစ်မနေထား ရှိထားသင့်တဲ့ နားလည်မှု(၄)ခု
ချစ်သူနှစ်ယောက်ကြားမှာ သာယာတဲ့ အချစ်ခရီးလမ်းတစ်ခုကို ဦးတည်သွားဖို့ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။
နားလည်မှု မရှိတဲ့ Relationship တစ်ခုဟာ အနှေးနဲ့အမြန် ကျိန်းသေပြတ်မှာပါပဲ။တစ်ခါတစ်လေကျရင် ဘာမဟုတ်တဲ့ အမှားလေးတစ်ခုကြောင့် ဆိုးဝါးလှတဲ့ Relationship တစ်ခုကို ဦးတည်မသွားဖို့အတွက် နှစ်ယောက်ကြားမှာ နားလည်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်။
ဒါ့ကြောင့် ဒီနေ့မှာတော့ ချစ်သူနှစ်ဦးကြားမှာ မဖြစ်မနေကို ထားရှိပြီး နားလည်မှုထားသင့်တဲ့ အရာလေးတွေကို ပြောပြပေးချင်ပါတယ်။
၁။ အရာရာတိုင်းကို ကိုယ့်စိတ်နဲ့ မဆုံးဖြတ်ပါနဲ့
လူတစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းထပ်တူကျဖို့ဆိုတာ အင်မတန်မှ ခဲယဉ်းလွန်းလှပါတယ်။တစ်ခါတလေကျရင် ကိုယ့်စိတ်နဲ့ ဘယ်တော့မှ မဆုံးဖြတ်လိုက်ပါနဲ့။ သူ့ဖက်ကိုလည်း ငဲ့ကြည့်ပါ။ငါဒီလိုလုပ်တာ သူကြိုက်ပါ့မဘလားဆိုတဲ့ နားလည်စိတ်လေး ထားကြည့်ကြပါ။
၂။ ကိုယ့်ချစ်သူအပေါ် မလေးမစားပြောတာမျိုးတွေ ရှောင်ကျဉ်ပါ
ကိုယ့်ချစ်သူနဲ့ နှစ်ယောက်တည်း ရှိတဲ့အချိန်မျိုးတွေမှာပဲဖြစ်စေ၊ တစ်ခြားတစ်ယောက်နဲ့ ရှိနေတဲ့ အချိန်တွေမျိုးမှာပဲဖြစ်စေ ကိုယ့်ချစ်သူအပေါ် မလေးမစားပြောဆိုတာမျိုးတွေကို ရှောင်ကျဉ်သင့်ပါတယ်
တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ပဲချစ်နေပါစေ၊ တစ်ယောက်အပေါ်တစ်ယောက် မလေးမစားဖြစ်နေရင်တော့ အဆင်မပြေပါဘူး။
၃။ သူ့တာဝန်ချည်းပဲဆိုတာမျိုးတွေ မလုပ်ပါနဲ့
ကိုယ့်ကိုပျော်အောင်ထားဖို့နဲ့ စိတ်ကျေနပ်အောင် လုပ်ပေးဖို့က သူ့တာဝန်ချည်းပဲဆိုပြီး မသတ်မှတ်လိုက်ပါနဲ့။
ကိုယ်ကိုယ်တိုင်လည်း ကိုယ့်ဟာကိုယ် ဘယ်လိုမျိုးပျော်အောင်နေရမလဲ၊ သူ့ကိုလည်း ဘယ်လိုမျိုးပျော်အောင်ထားရမလဲဆိုပြီး နှစ်ဖက်စလုံးက်က တွေးတောတတ်ပါစေ။
၄။ တစ်ယောက် privacy တစ်ယောက် ဝင်မစွက်ဖက်ကြပါနဲ့
ကိုယ့် privacy ကို သူလာထိခိုက်ရင်လည်း ကိုယ်မကြိုက်သလို သူ့ privacy ကိုလည်း ကိုယ်ကသွားမထိပါနဲ့။လူတိုင်းမှာ ကိုယ့် pricvacy နဲ့ ကိုယ်ရှိတတ်ပါတယ်။
အဲဒီကြားထဲကမှ တစ်ကယ်ချစ်ရင် တစ်ယောက်နဲ့တစ်ယောက် privacy ဆိုတာ မရှိရဘူးဆိုတဲ့ စကားမျိဲးတွေ သွားမပြောမိပါစေနဲ့။
phk
Zawgyi
phk