အမ်ိဳးသမီးမ်ား အိပ္ရာမဝင္ခင္ အလုပ္သင့္ဆံုး အရာတစ္ခု…

အမ်ိဳးသမီးမ်ား အိပ္ရာမဝင္ခင္ အလုပ္သင့္ဆံုး အရာတစ္ခု…

အမ်ိဳးသမီးတစ္ေယာက္ရဲ့ အိပ္ရာဝင္ခ်ိန္မွာ လုပ္ေလ့ရွိတာေတြက သြားတိုက္မယ္၊ မိတ္ကပ္ေတြဖ်က္မယ္။ တစ္ခါတစ္ေလမွာ ေပါင္းတင္ရင္တင္မယ္။ ဒါေပမယ့္ အေရးၾကီးဆံုးအခ်က္တစ္ခုကို အမ်ိဳးသမီး အခ်ိဳ႕ေမ့ေလ်ာ့တတ္ၾကပါတယ္။ ကြ်မ္းက်င္သူေတြက အမ်ိဳးသမီးေတြအေနနဲ႔ မလိင္အဂၤါက်န္းမာေရးေကာင္းဖို႔ လုပ္သင့္တာတစ္ခုကို ေထာက္ျပခဲ့ၾကပါတယ္ …။

အမ်ိဳးသမီးေတြအေနနဲ႔ အတြင္းခံဝတ္ျပီး မအိပ္သင့္ေၾကာင္း ကြ်မ္းက်င္သူေတြက ဆိုပါတယ္။ အတြင္းခံနဲ႔အိပ္စက္ခင္းဟာ အမ်ိဳးသမီးလိင္အဂၤါက်န္းမာေရးကို ထိခိုက္ေစနုုိင္ပါတယ္။ ဘယ္ေလာက္ပဲ ေအးစက္တဲ့ အခန္းထဲမွာ ျဖစ္ေစ၊ ပူေလာင္ အိုက္စက္ျခင္းမရွိရင္ေတာင္ အတြင္းခံခြ်တ္အိပ္သင့္တယ္လုိ႔ ဆိုထားပါတယ္ …။

Michigan တကၠသိုလ္က Nancy Herta, M.D. လိင္အဂၤါက်န္းမာေရး ကြ်မ္းက်င္သူက “သင့္အေနနဲ႔ လိင္အဂၤါက်န္းမာေရးျပႆနာေတြရွိေနျပီဆိုရင္ ပိုေတာင္ဂရုစိုက္သင့္ပါေသးတယ္။ အတြင္းထဲမွာ ေလဝင္ေလထြက္မရွိတာဟာဘက္တီးရီးယားေတြေနလိုု႔ေကာင္းတဲ့ ပတ္ဝန္းက်င္တစ္ခုု ဖန္တီးေပးတာနဲ႔ အတူတူပါပဲ”လို႔ ဆိုခဲ့ပါတယ္ …။

“ခႏၶာကိုယ္က ထြက္တဲ့ အညစ္အေၾကးနဲ႔ ေခြ်းေတြေပါင္းစက္ျပီး စိုစြတ္လာတတ္ပါတယ္။ ေအာက္ခံေဘာင္းဘီက ထိုစိုစြတ္မႈကို အားေပးပါတယ္။ စိုစြတ္မႈက ဘက္တီးရီးယားေတြကို ေပါက္ဖြားေစပါတယ္။ အကယ္၍ေလဝင္ေလထြက္ရွိေအာင္ အတြင္းခံခြ်တ္အိပ္မယ္ ဆိုရင္ေတာ့ စိုစြတ္ျခင္းျဖစ္မွာ မဟုတ္ပဲသန္႔ရွင္းေနမွာ ျဖစ္ပါတယ္။”လို႔ဆိုုခဲ့ပါတယ္။အကယ္၍အဝတ္အစားမပါပဲ မအိပ္ခ်င္ရင္လည္း ေဘာင္းဘီအပြ၊ အက်ီအပြ၊ ေလဝင္ေလထြက္ေကာင္းတဲ့ အက်ီမ်ိဳးေတြ ဝတ္အိပ္သင့္ပါတယ္ေနာ္ …။ ။

Source:thesun

Photo credit: thesun

Unicode

အမျိုးသမီးများ အိပ်ရာမဝင်ခင် အလုပ်သင့်ဆုံး အရာတစ်ခု…

အမျိုးသမီးတစ်ယောက်ရဲ့ အိပ်ရာဝင်ချိန်မှာ လုပ်လေ့ရှိတာတွေက သွားတိုက်မယ်၊ မိတ်ကပ်တွေဖျက်မယ်။ တစ်ခါတစ်လေမှာ ပေါင်းတင်ရင်တင်မယ်။ ဒါပေမယ့် အရေးကြီးဆုံးအချက်တစ်ခုကို အမျိုးသမီး အချို့မေ့လျော့တတ်ကြပါတယ်။ ကျွမ်းကျင်သူတွေက အမျိုးသမီးတွေအနေနဲ့ မလိင်အင်္ဂါကျန်းမာရေးကောင်းဖို့ လုပ်သင့်တာတစ်ခုကို ထောက်ပြခဲ့ကြပါတယ် …။

အမျိုးသမီးတွေအနေနဲ့ အတွင်းခံဝတ်ပြီး မအိပ်သင့်ကြောင်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။ အတွင်းခံနဲ့အိပ်စက်ခင်းဟာ အမျိုးသမီးလိင်အင်္ဂါကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဘယ်လောက်ပဲ အေးစက်တဲ့ အခန်းထဲမှာ ဖြစ်စေ၊ ပူလောင် အိုက်စက်ခြင်းမရှိရင်တောင် အတွင်းခံချွတ်အိပ်သင့်တယ်လို့ ဆိုထားပါတယ် …။

Michigan တက္ကသိုလ်က Nancy Herta, M.D. လိင်အင်္ဂါကျန်းမာရေး ကျွမ်းကျင်သူက “သင့်အနေနဲ့ လိင်အင်္ဂါကျန်းမာရေးပြဿနာတွေရှိနေပြီဆိုရင် ပိုတောင်ဂရုစိုက်သင့်ပါသေးတယ်။ အတွင်းထဲမှာ လေဝင်လေထွက်မရှိတာဟာဘက်တီးရီးယားတွေနေလို့ကောင်းတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးတာနဲ့ အတူတူပါပဲ”လို့ ဆိုခဲ့ပါတယ် …။

“ခန္ဓာကိုယ်က ထွက်တဲ့ အညစ်အကြေးနဲ့ ချွေးတွေပေါင်းစက်ပြီး စိုစွတ်လာတတ်ပါတယ်။ အောက်ခံဘောင်းဘီက ထိုစိုစွတ်မှုကို အားပေးပါတယ်။ စိုစွတ်မှုက ဘက်တီးရီးယားတွေကို ပေါက်ဖွားစေပါတယ်။ အကယ်၍လေဝင်လေထွက်ရှိအောင် အတွင်းခံချွတ်အိပ်မယ် ဆိုရင်တော့ စိုစွတ်ခြင်းဖြစ်မှာ မဟုတ်ပဲသန့်ရှင်းနေမှာ ဖြစ်ပါတယ်။”လို့ဆိုခဲ့ပါတယ်။အကယ်၍အဝတ်အစားမပါပဲ မအိပ်ချင်ရင်လည်း ဘောင်းဘီအပွ၊ အကျီအပွ၊ လေဝင်လေထွက်ကောင်းတဲ့ အကျီမျိုးတွေ ဝတ်အိပ်သင့်ပါတယ်နော် …။ ။

Source:thesun

Photo credit: thesun