“အမေ့အတွက် အောက်ဆီဂျင်တစ်အိုးတော့ ရအောင်လုပ်ပေးပါ “ကျွန်တော် ဒီနေ့ လူကြားထဲ မျက်ရည်ကျမိတယ် ။
ကျွန်တော် ယနေ့ ကားပေါ်မှာ ငိုမိခဲ့တယ် ။
အလကားရတဲ့ “ လေ ” လို့ ပြောတဲ့သူကို အခုနေ အောက်စီဂျင် တအိုးသယ်ပြီး လိုက်ရှာ ကြည့်စမ်းပါဗျာလို့သာ ပြောချင်မိပါတယ် ။မလွယ်ကူခဲ့ပါဖူး ၊ လုံးဝကို မလွယ်ကူနေခဲ့ပါဖူး ။
“အမေ့အတွက် တအိုးတော့ ရအောင်လုပ်ပေးပါ ”ဆိုကာ ကျွန်တော့ရှေ့တင် မြေပြင်မှာ ဒူးထောက်တသောင်းတန် ၂အုပ် မြေမှာချလို့ ရှိခိုးသူလည်းဒီနေ့ မြင်ခဲ့ရပါပြီ ။
Phone Speaker ဖွင့်ကာ ပြောနေသည်ကိုဘေးက ကြားပြီး မျက်ရည်တွေတွေ ကျရသည်လည်းယနေ့ ကြုံခဲ့ရပါပြီ ။
“ လေ ” အလကား ရတယ်လို့ ပြောမရတဲ့ ခေတ်ပါ။Oxygen Plants တွေက ဝန်ထမ်းတွေ၊မန်နေဂျာများ နှင့်စက်ရုံပိုင်ရှင်- သူတို့လည်း မနားကြရပါဖူး ။သောက နဲ့ ဇော ကပ်ကာ အပြေးရောက်လာပြီးမရသေးလို့ အော်ဟစ်သည်ကိုလည်း သည်းခံကြရ ၊လာသူများကလည်း Positive သမားအိမ်တွေကမို့အတော်ကို ခက်ခဲတဲ့ အခြေအနေတခုကို သူတို့ရှိသမျှ အင်အားစိတ်ထုတ်လို့ ကိုယ်ချင်းစာနာစိတ်နဲ့ပေးဆပ်ကာ ကြိုးစားထုတ်လုပ်ပေးနေကြပါတယ် ။
သို့သော် စက်ပျက်ခြင်း ၊ မီးပြတ်ခြင်း နှင့် ထုတ်နိုင်စွမ်း နှင့် လိုအပ်ချက် မနိုင်နင်းနေသည်မို့အလွန်ကိုပဲ ရရှိဖို့ရာ ခက်ခဲနေပါတယ် ။
ပရဟိတ အဖွဲ့အစည်း မြောက်များစွာတို့သည်လည်းနေပူမိုးရွာ မရှောင်အားပဲ စက်ရုံများရှေ့ တန်းစီစောင့်အိုးသယ် ချ/တင် ဖြင့် မနားမနေ ထုတ်ယူနိုင်သမျှကြိုးစားရယူပြီး မိမိတို့ကို တောင်းခံသမျှ ကူညီနိုင်ဖို့အစွမ်းရှိသမျှထက် အစွမ်းကုန်ကို ကြိုးပမ်းနေကြသည်ကို မျက်မြင် မြင်ခဲ့ရပါတယ် ။
Oxygen မထောက်ပံနိုင်သဖြင့် ဖုံးထဲကနေ ဝေဒနာသည် မိသားစုရဲ့ ဆဲဆိုပြစ်တင် ကျိန်ဆဲခြင်းကိုနှလုံးပိုက်ကာ မျက်ရည်တွေနဲ့ တွေတွေကြီး ငေးငိုင်နေတဲ့ပရဟိတ ညီငယ် တဦးနဲ့လည်း ဆုံခဲ့ရပါသေးတယ် ။
ဒါတွေ ရေးပြနေတာ ခြောက်လှန့်လိုခြင်း လုံးဝ(လုံးဝ) မရှိပါ ခင်ဗျာ ။
လက်ရှိ ပရဟိတအဖွဲ့များ ၊ အောက်စီဂျင် စက်ရုံများနှင့် ဝေဒနာသည်တို့ရဲ့ မိသားစုတွေကြား အဖြစ်ကိုအတိုချုပ် ပြောပြကာ သတိထားနိုင်ဖို့နှင့် ဆင်ခြင်နိုင်စေရန် အတွက်သာ ရေးသား အသိပေးခြင်း ဖြစ်ပါတယ်။
ကျွန်တော် ကိုယ်တိုင်လည်း ယနေ့မှ 40 Liters အိုးတလုံးကို အဝေးတနေရာမှ အကိုကြီး တဦးရဲ့လမ်းညွှန် အကူအညီပေးမှုကြောင့် ဝယ်ယူရရှိခဲ့ပြီးOxygen Plants 4 ရုံ ပတ်ပြီးမှ အိုးဖြည့်ခဲ့ရသူပါ ။
မိတ်ဆွေ တို့ ခင်ဗျာ အာရောဂျံ ပရာမံလာဘံ ဆိုသလို ကျန်းမာခြင်းသည်ကအမှန်တကယ်ကို လာဘ်ကြီး တပါးမို့ မိမိကိုယ်ကို မိမိ“ ဂရုစိုက် ”ကာ ကာကွယ် နေထိုင်ကြပါ ။
မြန်မာနိုင်ငံသူ/သား အပေါင်းတို့ ကပ်ကြီး ၃ ပါး ကျော်လွှားကာ သက်ရှည်ကျန်းမာ စိတ်ချမ်းသာ ဆေးလည်းစွမ်းကာ သမားစစ်တွေ့ရောဂါကင်းပ့ စိတ်ချမ်းသာစွာဖြင့် မိမိအလိုရှိရာ ကောင်းကျိုးများစွာဆောင်ရွက်နိုင်ကြပါစေခင်ဗျာ ။
(ပြည်သူတစ်ဦးရေးသားထားသည်ကို ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါတယ်)
Source -MoeZayYa
zawgyi
“အေမ့အတြက္ ေအာက္ဆီဂ်င္တစ္အိုးေတာ့ ရေအာင္လုပ္ေပးပါ “ကြၽန္ေတာ္ ဒီေန႔ လူၾကားထဲ မ်က္ရည္က်မိတယ္ ။
ကြၽန္ေတာ္ ယေန႔ ကားေပၚမွာ ငိုမိခဲ့တယ္ ။
အလကားရတဲ့ “ ေလ ” လို႔ ေျပာတဲ့သူကို အခုေန ေအာက္စီဂ်င္ တအိုးသယ္ၿပီး လိုက္ရွာ ၾကည့္စမ္းပါဗ်ာလို႔သာ ေျပာခ်င္မိပါတယ္ ။မလြယ္ကူခဲ့ပါဖူး ၊ လုံးဝကို မလြယ္ကူေနခဲ့ပါဖူး ။
“အေမ့အတြက္ တအိုးေတာ့ ရေအာင္လုပ္ေပးပါ ”ဆိုကာ ကြၽန္ေတာ့ေရွ႕တင္ ေျမျပင္မွာ ဒူးေထာက္တေသာင္းတန္ ၂အုပ္ ေျမမွာခ်လို႔ ရွိခိုးသူလည္းဒီေန႔ ျမင္ခဲ့ရပါၿပီ ။
Phone Speaker ဖြင့္ကာ ေျပာေနသည္ကိုေဘးက ၾကားၿပီး မ်က္ရည္ေတြေတြ က်ရသည္လည္းယေန႔ ႀကဳံခဲ့ရပါၿပီ ။
“ ေလ ” အလကား ရတယ္လို႔ ေျပာမရတဲ့ ေခတ္ပါ။Oxygen Plants ေတြက ဝန္ထမ္းေတြ၊မန္ေနဂ်ာမ်ား ႏွင့္စက္႐ုံပိုင္ရွင္- သူတို႔လည္း မနားၾကရပါဖူး ။ေသာက နဲ႔ ေဇာ ကပ္ကာ အေျပးေရာက္လာၿပီးမရေသးလို႔ ေအာ္ဟစ္သည္ကိုလည္း သည္းခံၾကရ ၊လာသူမ်ားကလည္း Positive သမားအိမ္ေတြကမို႔အေတာ္ကို ခက္ခဲတဲ့ အေျခအေနတခုကို သူတို႔ရွိသမွ် အင္အားစိတ္ထုတ္လို႔ ကိုယ္ခ်င္းစာနာစိတ္နဲ႔ေပးဆပ္ကာ ႀကိဳးစားထုတ္လုပ္ေပးေနၾကပါတယ္ ။
သို႔ေသာ္ စက္ပ်က္ျခင္း ၊ မီးျပတ္ျခင္း ႏွင့္ ထုတ္ႏိုင္စြမ္း ႏွင့္ လိုအပ္ခ်က္ မႏိုင္နင္းေနသည္မို႔အလြန္ကိုပဲ ရရွိဖို႔ရာ ခက္ခဲေနပါတယ္ ။
ပရဟိတ အဖြဲ႕အစည္း ေျမာက္မ်ားစြာတို႔သည္လည္းေနပူမိုး႐ြာ မေရွာင္အားပဲ စက္႐ုံမ်ားေရွ႕ တန္းစီေစာင့္အိုးသယ္ ခ်/တင္ ျဖင့္ မနားမေန ထုတ္ယူႏိုင္သမွ်ႀကိဳးစားရယူၿပီး မိမိတို႔ကို ေတာင္းခံသမွ် ကူညီႏိုင္ဖို႔အစြမ္းရွိသမွ်ထက္ အစြမ္းကုန္ကို ႀကိဳးပမ္းေနၾကသည္ကို မ်က္ျမင္ ျမင္ခဲ့ရပါတယ္ ။
Oxygen မေထာက္ပံႏိုင္သျဖင့္ ဖုံးထဲကေန ေဝဒနာသည္ မိသားစုရဲ႕ ဆဲဆိုျပစ္တင္ က်ိန္ဆဲျခင္းကိုႏွလုံးပိုက္ကာ မ်က္ရည္ေတြနဲ႔ ေတြေတြႀကီး ေငးငိုင္ေနတဲ့ပရဟိတ ညီငယ္ တဦးနဲ႔လည္း ဆုံခဲ့ရပါေသးတယ္ ။
ဒါေတြ ေရးျပေနတာ ေျခာက္လွန႔္လိုျခင္း လုံးဝ(လုံးဝ) မရွိပါ ခင္ဗ်ာ ။
လက္ရွိ ပရဟိတအဖြဲ႕မ်ား ၊ ေအာက္စီဂ်င္ စက္႐ုံမ်ားႏွင့္ ေဝဒနာသည္တို႔ရဲ႕ မိသားစုေတြၾကား အျဖစ္ကိုအတိုခ်ဳပ္ ေျပာျပကာ သတိထားႏိုင္ဖို႔ႏွင့္ ဆင္ျခင္ႏိုင္ေစရန္ အတြက္သာ ေရးသား အသိေပးျခင္း ျဖစ္ပါတယ္။
ကြၽန္ေတာ္ ကိုယ္တိုင္လည္း ယေန႔မွ 40 Liters အိုးတလုံးကို အေဝးတေနရာမွ အကိုႀကီး တဦးရဲ႕လမ္းၫႊန္ အကူအညီေပးမႈေၾကာင့္ ဝယ္ယူရရွိခဲ့ၿပီးOxygen Plants 4 ႐ုံ ပတ္ၿပီးမွ အိုးျဖည့္ခဲ့ရသူပါ ။
မိတ္ေဆြ တို႔ ခင္ဗ်ာ အာေရာဂ်ံ ပရာမံလာဘံ ဆိုသလို က်န္းမာျခင္းသည္ကအမွန္တကယ္ကို လာဘ္ႀကီး တပါးမို႔ မိမိကိုယ္ကို မိမိ“ ဂ႐ုစိုက္ ”ကာ ကာကြယ္ ေနထိုင္ၾကပါ ။
ျမန္မာႏိုင္ငံသူ/သား အေပါင္းတို႔ ကပ္ႀကီး ၃ ပါး ေက်ာ္လႊားကာ သက္ရွည္က်န္းမာ စိတ္ခ်မ္းသာ ေဆးလည္းစြမ္းကာ သမားစစ္ေတြ႕ေရာဂါကင္းပ့ စိတ္ခ်မ္းသာစြာျဖင့္ မိမိအလိုရွိရာ ေကာင္းက်ိဳးမ်ားစြာေဆာင္႐ြက္ႏိုင္ၾကပါေစခင္ဗ်ာ ။
(ျပည္သူတစ္ဦးေရးသားထားသည္ကို ျပန္လည္ေဖာ္ျပထားျခင္းျဖစ္ပါတယ္)
Source -MoeZayYa