ကြော်ငြာခကို အောက်စီဂျင်အိုးအလှူနဲ့ ရှင်းပေးရင် လက်ခံလုပ်ဆောင်ပေးသွားမယ့် မိတ်ကပ်ဆူး




Source – Ma Ma Sue

ပရိသတ်တွေရဲ့အချစ်တော် အလှဖန်တီးရှင်တစ်ယောက်ဖြစ်တဲ့ မိတ်ကပ်ဆူးကတော့ လတ်တလောမှာ Live လွှင့်ဈေးရောင်းပေးတဲ့ အလုပ်တွေကို ပြန်လည်လက်ခံပြီး လုပ်ဆောင်သွားမယ့်အကြောင်းသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ Live လွှင့်ဈေးရောင်းရာကနေ အကျိုးအမြတ်အနေနဲ့ အောက်စီဂျင်ဘူးတွေလှူဒါန်းပေးသွားမှာပါတဲ့။

Live လွှင့်ဈေးရောင်းပေးခကိုတော့ မိတ်ကပ်မေဆူးက ငွေတစ်ပြားတစ်ကျပ်မှ မယူဘဲ သူ့ကို ဈေးရောင်းပေးဖို့ ငှားတဲ့ လုပ်ငန်းရှင်ဘက်ကနေပြီးတော့ တစ်နာရီကို ဈေးရောင်းပေးခအဖြစ် အောက်စီဂျင်တစ်အိုး၊ နှစ်နာရီငှားရင် နှစ်အိုးနှုန်း လှူဒါန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ Live လွှင့်ဈေးရောင်းပေးသွားမှာဖြစ်ပါတယ်တဲ့။ Photo ကြော်ငြာတစ်ခုအတွက်ငှားရင်တော့ အောက်စီဂျင်အိုး (၅)အိုးလှူဒါန်းပေးရမှာပါ။

မိတ်ကပ်ဆူးကတော့ ဘာကြော်ငြာပဲရိုက်ရိုက် Post တင်ပြီး ကြော်ငြာပေးရတာပဲဖြစ်ဖြစ် အောက်စီဂျင်အိုးနဲ့ အလှူနဲ့ လက်ခံပေးသွားမျာပါတဲ့။ ပရိသတ်ကြီးရေ မိတ်ကပ်ဆူးရဲ့ ကြော်ငြာခကို တစ်ပြားတစ်ချပ်မှမယူဘဲ အောက်စီဂျင်အိုး လှူပေးပြီး ကြော်ငြာလက်ခံပေးသွားမယ်ဆိုတဲ့ စိတ်ကူးလေးက တကယ်ကို ကောင်မွန်လှတဲ့ စိတ်ကူးလေးပါပဲနော်။

Source – Ma Ma Sue