ပြန်လည် လွတ်မြောက်လာသူများထဲတွင် ပါဝင်လာခြင်း မရှိသေးတဲ့ လောကီ ဗေဒင် နိမိတ်ဖတ် ပညာရှင် လင်းညှို့တာယာ

ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ လူငယ် ဗေဒင်ဆရာ လင်းညှို့တာရာဟာ

ဇွန်လ (၃ဝ) ရက်နေ့က လွတ်မြောက်လာသူတွေ ထဲ မပါဝင်သေးဘူးလို့မိသားစုနဲ့ နီးစပ်သူ တွေက ပြောပါတယ်။

ကိုဟိန်းမင်းအောင် (ခေါ်) ဗေဒင်ဆရာလင်းညှို့တာရာဟာအာဏာသိမ်းမှု ဖြစ်စဉ်ပြီးတဲ့‌နောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟောပြောချက်တချို့ကိုသူရဲ့လူမူကွန်ရက် စာမျက်နှာမှာ တင်ခဲ့တာကြောင့် ဖေဖော်ဝါရီ (၁ဝ) ရက်နေ့ည ပိုင်းမှာစစ်ကောင်စီတပ်တွေက နေအိမ်မှာ လာရောက် ဖမ်းဆီးခဲ့တာဖြစ်တယ်လို့နီးစပ်သူတွေက ဆိုပါတယ်။

“ဖမ်းသွား ပြီးကတည်းက မိသားစုတွေနဲ့လည်းမတွေ့ရပါဘူး။သူ့ကိုစွဲတာ ပုဒ်မ (၅ဝ၅ -ခ) နဲ့ စွဲတယ်။ကျန်းမာရေးက တခါ တလေဖျားတာ နာတာရှိပေမယ့် ကောင်းပါတယ်လွတ်မယ်ထင်လို့မျှော်နေတာ စိတ်မကောင်းဘူး။

အမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတာ တွေကိုတော့ ကျွန်တော်တို့ပြောလို့မရသေးပါဘူး” လို့လင်း ညှို့တာရာရဲ့မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။

လက်ရှိမှာ ဗေဒင်ဆရာလင်းညှို့တာရာဟာ တပ်မတော်အကြည်ညိုပျက်စေမှုပုဒ်မ (၅ဝ၅-ခ) နဲ့ ထောင် တွင် းတရား ရင်ဆိုင်ေ နရတာပဲ ဖြစ်ပါတယ်။

ဒီပုဒ်မနဲ့ လက်ရှိ မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊

သမ္မတ ဦးဝင်းမြင့်အပါအဝင် NLD အစိုးရလက်ထက် တိုင်းနဲ့ ပြည်နယ် ဝန်ကြီးချုပ်တချို့ကိုဒီပုဒ်မနဲ့ တရားစွဲဆိုထားပါတယ်။

အဲဒီထဲကမှ မကွေးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုဟာ ၅၀၅ (ခ)နဲ့အလုပ်နဲ့ ထောင်နှစ်နှစ် ချမှတ်ခံထားရပါတယ်။

ဖမ်းဆီးခံထားရတဲ့ လောကီဗေဒင်နိမိတ်ဖတ်ပညာရှင် လင်းညို့တာရာရဲ့ ဟောကိန်းတွေထဲက ထပ်ပြီးဖြစ်လာခဲ့တဲ့ ထိတ်လန့်ဖွယ်အချက်တစ်ချက်အာဏာသိမ်းပြီးသိပ်မကြာခင် ဖေဖော်ဝါရီ (၂၄) ရက်နေ့မှာ ဖမ်းဆီးခံလိုက်ရတဲ့ လောကီဗေဒင်နိမိတ်ဖတ် ပညာရှင် လင်းညို့တာရာဟာ၂၀၂၀ ခုနှစ် ဒီဇင်ဘာ (၃၁) ရက်နေ့မှာ လာမယ့် (၂၀၂၁) တစ်နှစ်လုံးစာ အတွက်ဟောကိန်းတစ်ခုထုတ်ခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်းလိုလို ဟောကိန်းတွေထုတ်ခဲ့ပြီး ဒီဟောကိန်းတွေ ဟာလည်း မှန်ခဲ့တာများပါတယ်။

ဒီနှစ်အတွက် ဟောကိန်းဟာလည်း တိုက်ဆိုက်ခဲ့တဲ့အချက်တွေလည်း ရှိခဲ့ပါတယ်။

ဟောချက် (၁၉) ချက် ထဲမှာ နံပါတ် (၈) အချက်ဖြစ်တဲ့

“နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်း (သို့)

ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ်ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။” ဆိုတဲ့ ဟောထားချက်ဟာ မှန်ကန်သွားခဲ့တာပါ။

မနေ့က ဇွန်လ (၁၉) ရက်နေ့ညပိုင်းမှာ ရွှေတိဂုံဘုရားတောင်ဖက်မုခ်တံတိုင်းပြိုကျပျက်ဆီး ခဲ့ပါတယ်။

အာဏာသိမ်းမှုစတင်ဖြစ်ကတည်းက ပြည်သူတွေအန္တရာယ်ကာကွယ်စေနိုင်ဖို့ ယတြာတွေပေးခဲ့ပြီး

ပြည်သူတွေဟာလည်း ယုံယုံကြည်ကြည်နဲ့ လိုက်လုပ်ခဲ့ကြပါတယ်။

ဒီနောက်မှာတော့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လက်ရှိမှာတော့ အင်းစိန်အကျဉ်းထောင်မှာ အမှုရင်ဆိုင်နေခဲ့ရပါတယ်။

ကျန်းမာရေးမကောင်းသူ ဖြစ်တာကြောင့် စတင်ဖမ်းဆီးခံရစဉ်က လင်းညို့ရဲ့တပည့်တွေနဲ့ သူငယ်ချင်းတွေဟာ စိတ်ပူနေကြပါတယ်။

လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေ တည်ငြိမ်နေခဲ့ပါပြီ။

ဟောကိန်း (၁၉) ချက်ဟာ တစ်ခုပြီးတစ်ခုမှန်ကန်လာခဲ့ပြီး

ကျန်သေးတဲ့အချက်တွေလည်း ဘယ်တော့ဖြစ်လာမလဲဆိုတာကို ယုံကြည်သူတွေက ရင်တမမနဲ့စောင့်မျှော်နေခဲ့ပါတယ်။

ဒီလို အရည်အချင်းရှိတဲ့ လောကီပညာရှင်တွေဖမ်းဆီးထိန်းသိမ်းခံထားရတာ တကယ်ကိုစိတ်မကောင်းစရာပါ။

အမြန်ဆုံးလွတ်မြောက်ဖို့ကိုလည်း အားလုံးကဝိုင်းဝန်းဆုတောင်းပေးနေခဲ့ပါတယ်။ ဟောချက်တွေထဲက ကောင်းမွန်တဲ့အရာတွေ အမြန်ဆုံးဖြစ်လာပါစေလို့လည်း ဆုတောင်းပါတယ်။

ဗေဒင်ပညာရှင် လင်းညို့တာရာ၏ ၂၀၂၁ ခုနှစ် ဗေဒင်

နှစ်စဉ်နှစ်တိုင်း နှစ်သစ်တစ်ခုမစခင်မှာ နှစ်သစ်တွင် ဖြစ်နိုင်ခြေများသော အခြင်းအရာများအား ကြိုတင်နိမိတ်ထုတ်လေ့ရှိပါသည်။

၁။ အချို့သော လက်နက်ကိုင်များဖြင့် ချစ်ကြည်ရေးဖြစ်ပြီး ပြေလည်မှုများ ဖြစ်တတ်သည်။

၂။ ပြည်တွင်းစစ်များ သိသာစွာ အားနည်းလာတတ်သော်လည်း စီးပွားရေးထိုးစစ်များဖြင့် အပြိုင်အဆိုင်များ ဖြစ်ပေါ်လာတတ်သည်။

၃။ မြန်မာပြည်ကြီး ၏ အမြင့်ဆုံး အဖွဲ့အစည်းများစွာတို့ အပြောင်းအလဲများစွာဖြစ်တတ်သည်။

၄။ ဩဇာအာဏာကြီးမားသော ဆရာတော်ကြီးများ နှင့် ပုဂ္ဂိုလ်ကြီးများ သုံးပါး သို့ သုံးယောက် သေဆုံးမှု ဖြစ်မည်။

၅။ နိုင်ငံတကာတွင် မြန်မာနိုင်ငံ ၏ သတင်းများ ထိုးတက်အောင်ကို အပြောင်းအလဲအဆိုးအကောင်း များစွာ ဖြစ်ပေါ်တတ်သည်။

၆။ တန်ဖိုးကြီး အလွန်ရှားပါးသော ရတနာကြီးတစ်ခု သို့ တစ်ခုထက် မနည်း တူးဖော်ရရှိတတ်သည်။

၇။ အစိုးရပိုင်းဆိုင်ရာ ရာထူးအပြောင်းအလဲများ အလွန်များသောနှစ်ဖြစ်ပြီး စပ်စပ်ထိမခံသော အစိုးရတစ်ရပ် ဖြစ်ပေါ်တတ်သည်။

၈။ နာမည်ကြီး တန်ခိုးကြီး ဘုရားတစ်ဆူပြိုလဲခြင်း သို့ ထိုဘုရားဖြင့် ပတ်သက်သော ပုရဝိုဏ် ပျက်စီးခြင်း ဖြစ်ပေါ်တတ်သည်။

၉။ နိုင်ငံတော်တစ်ဝှမ်း စီးပွားရေးအလွန်အားကောင်းလာပြီး စီးပွားရေးဖြင့် ပတ်သက်သော ကြေငြာချက်အသစ်တစ်ခု (သို့) ဥပဒေတစ်ရပ် ဖြစ်ပေါ်လာတတ်သည်။

၁၀။ တိုက်ပြိုခြင်း မြေပြိုခြင်း တံတားကျိုးခြင်း စသော ရေ နှင့် မြေကြောင့် လူအစုလိုက် အပြုံလိုက် သေဆုံးမှု ဖြစ်ပေါ်တတ်သည်။

၁၁။ ကမ္ဘာမှာ ရောဂါဆန်းပေါ်လာတတ်သော်လည်း ကိုရိုနာလောက် Epidemic မဖြစ်တတ်ချေ။

၁၂။ ကမ္ဘာ့အင်အားကြီး နိုင်ငံများကြားထဲတွင် မြန်မာနိုင်ငံသည် သိသိသာသာ ရေပန်းစားလာတတ်သည်။

၁၃။ ကာလအတန်ကြာပျောက်ဆုံးနေကြသော ပုဂ္ဂိုလ်ဟောင်းများ လူဟောင်းများ မျက်နှာဖော်၍ ပြန်လည်ပေါ်ပေါက်လာတတ်သည်။

၁၄။ ဩဇာအာဏာကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ကျန်းမာရေးဆိုင်ရာ အပြောင်းအလဲ ရှိတတ်သည်။

၁၅။ ရာဇဝတ်မှုများ နှင့် မိမိကိုယ်မိမိ သတ်သေသောအမှုများ ပိုမိုများပြားလာတတ်သည်။

၁၆။ ဂမ္ဘီရဆိုင်ရာဆရာများ များပြားလာတတ်ပြီး မြန်မာပြည်အခြေစိုက် ဂမ္ဘီရပညာများ ကမ္ဘာက သိသိသာသာ သိရှိလာတတ်သည်။

၁၇။ အထင်ကရ နတ်ပုံတော်များ ပျက်စီးခြင်း နိမိတ်မကောင်းသောအခြင်းအရာများ ဖြစ်ခြင်း ဖြစ်ပေါ်တတ်သည်။

၁၈။ ထူးခြားထင်ရှားသော သာသနာနယ်မြေများ သာသနာအဆောက်အဦ်းများ ဘုရားများ ပုံမှန်ထက်ပိုလွန်ပြီး ထူးခြားစွာဖြစ်ပေါ်တတ်သည်။ ဥပမာ – ကမ္ဘာ့ပထမဆုံး ဘုရား ၊ အကြီးဆုံးဘုရား စသဖြင့်ပါ။

၁၉။ သိသာထင်ရှားပေါ်ပေါက်လာတတ်သော အမှောင်ဖြစ်ရပ်များစွာ ဖြစ်ပေါ်တတ်သည်။ ထိုအခြေအနေများ မပေါ်ခင်မှာ ဦးစွာ သတင်းပေးမည် ဖြစ်ပါသည်။

၂၀၂၁ သည် ၂၀၂၀ ထက်စာရင် ပိုမိုကောင်းမွန်သော နေ့ရက်များစွာ ရှိတတ်ပါသည်။

အစိုးရပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများသည် သာမန်ထက်ပိုမို လွန်ကဲတတ်ပြီး အတွင်းပိုင်း ပြဿနာများဖြင့် အဆင်မပြေမှုများ ဖြစ်နေတတ်သည်။

ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ စီးပွားရေးများ ပြန်လည် တိုးတက်လာတတ်ပြီး နိုင်ငံတကာဖြင့် လက်တွဲနိုင်သည့် လုပ်ငန်းများစွာ တဖြည်းဖြည်း ပြန်လည်တိုးတက်လာစေသော နှစ်တစ်နှစ်လေးပါ။

လူတွေအနေနဲ့ အရင်ထက် လောဘ ၊ ဒေါသ ၊ မောဟ ပိုမို များပြားလာတတ်ပါသည်။

ဒီအရာက သာမန်မဟုတ်သော သေဆုံးခြင်းဆီကို ပို့ဆောင်ပေးတတ်ပါသည်။

စိတ်ကြောင့်ပိုမို သေဆုံးမှုများ ဖြစ်တတ်ပေသည်။

ကမ္ဘာလုံးဆိုင်ရာအားဖြင့် အလွန်ကြီးမားသော ရှာဖွေတွေ့ ရှိမှုကြီးတစ်ခု ဒီနှစ်မှာ ရှာဖွေမိတတ်ပေသည်။

မြန်မာနိုင်ငံဖြင့် မသက်ဆိုင်သော်ငြားလည်း ၂၁ ရာစု၏ အကြီးဆုံး တွေ့ရှိမှုကြီးတစ်ခု ဖြစ်သွားတတ်ပေသည်။

ဗေဒင်ဆရာတောင် အဖမ်းခံရတဲ့ ဓါးကိုးချောင်း (သို့) အပ်ကိုးချောင်း ဖယောင်းတိုင် အစီအရင် နည်းလမ်းလေးက လွယ်လွယ်လေးပါ။

ည ၁၀ နာရီကနေ ၁ နာရီကြားမှာ ဖယောင်းတိုင်ကို ဓါးကိုးချောင်း (သို့မဟုတ်) အပ်ကိုးချောင်းထိုးပြီး ထွန်းတာတဲ့။ စွမ်း မစွမ်းတော့ မသိဘူး ဗေဒင်ဆရာကတော့ အထဲရောက်သွားပြီ။

ဗေဒင်ပညာရှင် လင်းညို့တာရာ

Credit

zawgyi

ဖမ္းဆီးထိန္းသိမ္းခံထားရသူေတြထဲက တစ္ဦးျဖစ္တဲ့ လူငယ္ ေဗဒင္ဆရာ လင္းညႇိဳ႕တာရာဟာ

ဇြန္လ (၃ဝ) ရက္ေန႔က လြတ္ေျမာက္လာသူေတြ ထဲ မပါဝင္ေသးဘူးလို႔မိသားစုနဲ႔ နီးစပ္သူ ေတြက ေျပာပါတယ္။

ကိုဟိန္းမင္းေအာင္ (ေခၚ) ေဗဒင္ဆရာလင္းညႇိဳ႕တာရာဟာအာဏာသိမ္းမႈ ျဖစ္စဥ္ၿပီးတဲ့‌ေနာက္ ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ ေဟာေျပာခ်က္တခ်ိဳ႕ကိုသူရဲ႕လူမူကြန္ရက္ စာမ်က္ႏွာမွာ တင္ခဲ့တာေၾကာင့္ ေဖေဖာ္ဝါရီ (၁ဝ) ရက္ေန႔ည ပိုင္းမွာစစ္ေကာင္စီတပ္ေတြက ေနအိမ္မွာ လာေရာက္ ဖမ္းဆီးခဲ့တာျဖစ္တယ္လို႔နီးစပ္သူေတြက ဆိုပါတယ္။

“ဖမ္းသြား ၿပီးကတည္းက မိသားစုေတြနဲ႔လည္းမေတြ႕ရပါဘူး။သူ႔ကိုစြဲတာ ပုဒ္မ (၅ဝ၅ -ခ) နဲ႔ စြဲတယ္။က်န္းမာေရးက တခါ တေလဖ်ားတာ နာတာရွိေပမယ့္ ေကာင္းပါတယ္လြတ္မယ္ထင္လို႔ေမွ်ာ္ေနတာ စိတ္မေကာင္းဘူး။

အမႈနဲ႔ပတ္သက္ၿပီး စစ္ေဆးေနတာ ေတြကိုေတာ့ ကြၽန္ေတာ္တို႔ေျပာလို႔မရေသးပါဘူး” လို႔လင္း ညႇိဳ႕တာရာရဲ႕မိသားစုဝင္ေတြနဲ႔ နီးစပ္သူတစ္ဦးကေျပာပါတယ္။

လက္ရွိမွာ ေဗဒင္ဆရာလင္းညႇိဳ႕တာရာဟာ တပ္မေတာ္အၾကည္ညိဳပ်က္ေစမႈပုဒ္မ (၅ဝ၅-ခ) နဲ႔ ေထာင္ တြင္ းတရား ရင္ဆိုင္ေ နရတာပဲ ျဖစ္ပါတယ္။

ဒီပုဒ္မနဲ႔ လက္ရွိ မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊

သမၼတ ဦးဝင္းျမင့္အပါအဝင္ NLD အစိုးရလက္ထက္ တိုင္းနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္တခ်ိဳ႕ကိုဒီပုဒ္မနဲ႔ တရားစြဲဆိုထားပါတယ္။

အဲဒီထဲကမွ မေကြးဝန္ႀကီးခ်ဳပ္ေဒါက္တာေအာင္မိုးညိဳဟာ ၅၀၅ (ခ)နဲ႔အလုပ္နဲ႔ ေထာင္ႏွစ္ႏွစ္ ခ်မွတ္ခံထားရပါတယ္။

ဖမ္းဆီးခံထားရတဲ့ ေလာကီေဗဒင္နိမိတ္ဖတ္ပညာရွင္ လင္းညိဳ႕တာရာရဲ႕ ေဟာကိန္းေတြထဲက ထပ္ၿပီးျဖစ္လာခဲ့တဲ့ ထိတ္လန႔္ဖြယ္အခ်က္တစ္ခ်က္အာဏာသိမ္းၿပီးသိပ္မၾကာခင္ ေဖေဖာ္ဝါရီ (၂၄) ရက္ေန႔မွာ ဖမ္းဆီးခံလိုက္ရတဲ့ ေလာကီေဗဒင္နိမိတ္ဖတ္ ပညာရွင္ လင္းညိဳ႕တာရာဟာ၂၀၂၀ ခုႏွစ္ ဒီဇင္ဘာ (၃၁) ရက္ေန႔မွာ လာမယ့္ (၂၀၂၁) တစ္ႏွစ္လုံးစာ အတြက္ေဟာကိန္းတစ္ခုထုတ္ခဲ့ပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္းလိုလို ေဟာကိန္းေတြထုတ္ခဲ့ၿပီး ဒီေဟာကိန္းေတြ ဟာလည္း မွန္ခဲ့တာမ်ားပါတယ္။

ဒီႏွစ္အတြက္ ေဟာကိန္းဟာလည္း တိုက္ဆိုက္ခဲ့တဲ့အခ်က္ေတြလည္း ရွိခဲ့ပါတယ္။

ေဟာခ်က္ (၁၉) ခ်က္ ထဲမွာ နံပါတ္ (၈) အခ်က္ျဖစ္တဲ့

“နာမည္ႀကီး တန္ခိုးႀကီး ဘုရားတစ္ဆူၿပိဳလဲျခင္း (သို႔)

ထိုဘုရားျဖင့္ ပတ္သက္ေသာ ပုရဝိုဏ္ပ်က္စီးျခင္း ျဖစ္ေပၚတတ္သည္။” ဆိုတဲ့ ေဟာထားခ်က္ဟာ မွန္ကန္သြားခဲ့တာပါ။

မေန႔က ဇြန္လ (၁၉) ရက္ေန႔ညပိုင္းမွာ ေ႐ႊတိဂုံဘုရားေတာင္ဖက္မုခ္တံတိုင္းၿပိဳက်ပ်က္ဆီး ခဲ့ပါတယ္။

အာဏာသိမ္းမႈစတင္ျဖစ္ကတည္းက ျပည္သူေတြအႏၲရာယ္ကာကြယ္ေစႏိုင္ဖို႔ ယၾတာေတြေပးခဲ့ၿပီး

ျပည္သူေတြဟာလည္း ယုံယုံၾကည္ၾကည္နဲ႔ လိုက္လုပ္ခဲ့ၾကပါတယ္။

ဒီေနာက္မွာေတာ့ ဖမ္းဆီးထိန္းသိမ္းခံခဲ့ရၿပီး လက္ရွိမွာေတာ့ အင္းစိန္အက်ဥ္းေထာင္မွာ အမႈရင္ဆိုင္ေနခဲ့ရပါတယ္။

က်န္းမာေရးမေကာင္းသူ ျဖစ္တာေၾကာင့္ စတင္ဖမ္းဆီးခံရစဥ္က လင္းညိဳ႕ရဲ႕တပည့္ေတြနဲ႔ သူငယ္ခ်င္းေတြဟာ စိတ္ပူေနၾကပါတယ္။

လက္ရွိမွာေတာ့ က်န္းမာေရးအေျခအေန တည္ၿငိမ္ေနခဲ့ပါၿပီ။

ေဟာကိန္း (၁၉) ခ်က္ဟာ တစ္ခုၿပီးတစ္ခုမွန္ကန္လာခဲ့ၿပီး

က်န္ေသးတဲ့အခ်က္ေတြလည္း ဘယ္ေတာ့ျဖစ္လာမလဲဆိုတာကို ယုံၾကည္သူေတြက ရင္တမမနဲ႔ေစာင့္ေမွ်ာ္ေနခဲ့ပါတယ္။

ဒီလို အရည္အခ်င္းရွိတဲ့ ေလာကီပညာရွင္ေတြဖမ္းဆီးထိန္းသိမ္းခံထားရတာ တကယ္ကိုစိတ္မေကာင္းစရာပါ။

အျမန္ဆုံးလြတ္ေျမာက္ဖို႔ကိုလည္း အားလုံးကဝိုင္းဝန္းဆုေတာင္းေပးေနခဲ့ပါတယ္။ ေဟာခ်က္ေတြထဲက ေကာင္းမြန္တဲ့အရာေတြ အျမန္ဆုံးျဖစ္လာပါေစလို႔လည္း ဆုေတာင္းပါတယ္။

ေဗဒင္ပညာရွင္ လင္းညိဳ႕တာရာ၏ ၂၀၂၁ ခုႏွစ္ ေဗဒင္

ႏွစ္စဥ္ႏွစ္တိုင္း ႏွစ္သစ္တစ္ခုမစခင္မွာ ႏွစ္သစ္တြင္ ျဖစ္ႏိုင္ေျခမ်ားေသာ အျခင္းအရာမ်ားအား ႀကိဳတင္နိမိတ္ထုတ္ေလ့ရွိပါသည္။

၁။ အခ်ိဳ႕ေသာ လက္နက္ကိုင္မ်ားျဖင့္ ခ်စ္ၾကည္ေရးျဖစ္ၿပီး ေျပလည္မႈမ်ား ျဖစ္တတ္သည္။

၂။ ျပည္တြင္းစစ္မ်ား သိသာစြာ အားနည္းလာတတ္ေသာ္လည္း စီးပြားေရးထိုးစစ္မ်ားျဖင့္ အၿပိဳင္အဆိုင္မ်ား ျဖစ္ေပၚလာတတ္သည္။

၃။ ျမန္မာျပည္ႀကီး ၏ အျမင့္ဆုံး အဖြဲ႕အစည္းမ်ားစြာတို႔ အေျပာင္းအလဲမ်ားစြာျဖစ္တတ္သည္။

၄။ ဩဇာအာဏာႀကီးမားေသာ ဆရာေတာ္ႀကီးမ်ား ႏွင့္ ပုဂၢိဳလ္ႀကီးမ်ား သုံးပါး သို႔ သုံးေယာက္ ေသဆုံးမႈ ျဖစ္မည္။

၅။ ႏိုင္ငံတကာတြင္ ျမန္မာႏိုင္ငံ ၏ သတင္းမ်ား ထိုးတက္ေအာင္ကို အေျပာင္းအလဲအဆိုးအေကာင္း မ်ားစြာ ျဖစ္ေပၚတတ္သည္။

၆။ တန္ဖိုးႀကီး အလြန္ရွားပါးေသာ ရတနာႀကီးတစ္ခု သို႔ တစ္ခုထက္ မနည္း တူးေဖာ္ရရွိတတ္သည္။

၇။ အစိုးရပိုင္းဆိုင္ရာ ရာထူးအေျပာင္းအလဲမ်ား အလြန္မ်ားေသာႏွစ္ျဖစ္ၿပီး စပ္စပ္ထိမခံေသာ အစိုးရတစ္ရပ္ ျဖစ္ေပၚတတ္သည္။

၈။ နာမည္ႀကီး တန္ခိုးႀကီး ဘုရားတစ္ဆူၿပိဳလဲျခင္း သို႔ ထိုဘုရားျဖင့္ ပတ္သက္ေသာ ပုရဝိုဏ္ ပ်က္စီးျခင္း ျဖစ္ေပၚတတ္သည္။

၉။ ႏိုင္ငံေတာ္တစ္ဝွမ္း စီးပြားေရးအလြန္အားေကာင္းလာၿပီး စီးပြားေရးျဖင့္ ပတ္သက္ေသာ ေၾကျငာခ်က္အသစ္တစ္ခု (သို႔) ဥပေဒတစ္ရပ္ ျဖစ္ေပၚလာတတ္သည္။

၁၀။ တိုက္ၿပိဳျခင္း ေျမၿပိဳျခင္း တံတားက်ိဳးျခင္း စေသာ ေရ ႏွင့္ ေျမေၾကာင့္ လူအစုလိုက္ အၿပဳံလိုက္ ေသဆုံးမႈ ျဖစ္ေပၚတတ္သည္။

၁၁။ ကမာၻမွာ ေရာဂါဆန္းေပၚလာတတ္ေသာ္လည္း ကို႐ိုနာေလာက္ Epidemic မျဖစ္တတ္ေခ်။

၁၂။ ကမာၻ႔အင္အားႀကီး ႏိုင္ငံမ်ားၾကားထဲတြင္ ျမန္မာႏိုင္ငံသည္ သိသိသာသာ ေရပန္းစားလာတတ္သည္။

၁၃။ ကာလအတန္ၾကာေပ်ာက္ဆုံးေနၾကေသာ ပုဂၢိဳလ္ေဟာင္းမ်ား လူေဟာင္းမ်ား မ်က္ႏွာေဖာ္၍ ျပန္လည္ေပၚေပါက္လာတတ္သည္။

၁၄။ ဩဇာအာဏာႀကီးမားေသာ ပုဂၢိဳလ္တစ္ဦး က်န္းမာေရးဆိုင္ရာ အေျပာင္းအလဲ ရွိတတ္သည္။

၁၅။ ရာဇဝတ္မႈမ်ား ႏွင့္ မိမိကိုယ္မိမိ သတ္ေသေသာအမႈမ်ား ပိုမိုမ်ားျပားလာတတ္သည္။

၁၆။ ဂမၻီရဆိုင္ရာဆရာမ်ား မ်ားျပားလာတတ္ၿပီး ျမန္မာျပည္အေျခစိုက္ ဂမၻီရပညာမ်ား ကမာၻက သိသိသာသာ သိရွိလာတတ္သည္။

၁၇။ အထင္ကရ နတ္ပုံေတာ္မ်ား ပ်က္စီးျခင္း နိမိတ္မေကာင္းေသာအျခင္းအရာမ်ား ျဖစ္ျခင္း ျဖစ္ေပၚတတ္သည္။

၁၈။ ထူးျခားထင္ရွားေသာ သာသနာနယ္ေျမမ်ား သာသနာအေဆာက္အဦ္းမ်ား ဘုရားမ်ား ပုံမွန္ထက္ပိုလြန္ၿပီး ထူးျခားစြာျဖစ္ေပၚတတ္သည္။ ဥပမာ – ကမာၻ႔ပထမဆုံး ဘုရား ၊ အႀကီးဆုံးဘုရား စသျဖင့္ပါ။

၁၉။ သိသာထင္ရွားေပၚေပါက္လာတတ္ေသာ အေမွာင္ျဖစ္ရပ္မ်ားစြာ ျဖစ္ေပၚတတ္သည္။ ထိုအေျခအေနမ်ား မေပၚခင္မွာ ဦးစြာ သတင္းေပးမည္ ျဖစ္ပါသည္။

၂၀၂၁ သည္ ၂၀၂၀ ထက္စာရင္ ပိုမိုေကာင္းမြန္ေသာ ေန႔ရက္မ်ားစြာ ရွိတတ္ပါသည္။

အစိုးရပိုင္းဆိုင္ရာ ရႈပ္ေထြးမႈမ်ားသည္ သာမန္ထက္ပိုမို လြန္ကဲတတ္ၿပီး အတြင္းပိုင္း ျပႆနာမ်ားျဖင့္ အဆင္မေျပမႈမ်ား ျဖစ္ေနတတ္သည္။

ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ စီးပြားေရးမ်ား ျပန္လည္ တိုးတက္လာတတ္ၿပီး ႏိုင္ငံတကာျဖင့္ လက္တြဲႏိုင္သည့္ လုပ္ငန္းမ်ားစြာ တျဖည္းျဖည္း ျပန္လည္တိုးတက္လာေစေသာ ႏွစ္တစ္ႏွစ္ေလးပါ။

လူေတြအေနနဲ႔ အရင္ထက္ ေလာဘ ၊ ေဒါသ ၊ ေမာဟ ပိုမို မ်ားျပားလာတတ္ပါသည္။

ဒီအရာက သာမန္မဟုတ္ေသာ ေသဆုံးျခင္းဆီကို ပို႔ေဆာင္ေပးတတ္ပါသည္။

စိတ္ေၾကာင့္ပိုမို ေသဆုံးမႈမ်ား ျဖစ္တတ္ေပသည္။

ကမာၻလုံးဆိုင္ရာအားျဖင့္ အလြန္ႀကီးမားေသာ ရွာေဖြေတြ႕ ရွိမႈႀကီးတစ္ခု ဒီႏွစ္မွာ ရွာေဖြမိတတ္ေပသည္။

ျမန္မာႏိုင္ငံျဖင့္ မသက္ဆိုင္ေသာ္ျငားလည္း ၂၁ ရာစု၏ အႀကီးဆုံး ေတြ႕ရွိမႈႀကီးတစ္ခု ျဖစ္သြားတတ္ေပသည္။

ေဗဒင္ဆရာေတာင္ အဖမ္းခံရတဲ့ ဓါးကိုးေခ်ာင္း (သို႔) အပ္ကိုးေခ်ာင္း ဖေယာင္းတိုင္ အစီအရင္ နည္းလမ္းေလးက လြယ္လြယ္ေလးပါ။

ည ၁၀ နာရီကေန ၁ နာရီၾကားမွာ ဖေယာင္းတိုင္ကို ဓါးကိုးေခ်ာင္း (သို႔မဟုတ္) အပ္ကိုးေခ်ာင္းထိုးၿပီး ထြန္းတာတဲ့။ စြမ္း မစြမ္းေတာ့ မသိဘူး ေဗဒင္ဆရာကေတာ့ အထဲေရာက္သြားၿပီ။

ေဗဒင္ပညာရွင္ လင္းညိဳ႕တာရာ

Credit