ငါမေသခင္ ျမန္မာျပည္မွာ ဒီလိုတရားသူႀကီးမ်ိဳးျမင္ဖူးခ်င္လိုက္တာ ( ဆုသာေတာင္းရတာပါ … မထင္ ) ေၾကကြဲစရာ 😢😢😢
(၁၅) ႏွစ္အ႐ြယ္ တရားခံကေလးတစ္ဦး။
စတိုးဆိုင္တစ္ခုမွ ေပါင္မုန္ႏွင့္ ဒိန္ခဲခိုးယူမႈေၾကာင့္ ဖမ္းခံခဲ့ရခဲ့သူေပါ့။
အေစာင့္လက္က လြတ္ေအာင္ ထြက္ေျပးဖို႔ ႀကိဳးစားခဲ့သူလည္း ျဖစ္တယ္။
႐ုန္းရင္းဆန္ခက္ျဖစ္ေနခ်ိန္မွာ စတိုးဆိုင္က စာေရးကလည္း ေကာင္ေလးကို ဖမ္းဖို႔ ကူညီခဲ့တယ္။
ဒီလိုနဲ႔ တရား႐ုံးေရာက္တဲ့အခါ တရားခံကေလးကို
တရားသူႀကီးက ေမးေတာ့တယ္။
တရားသူႀကီး။ ။ မင္းတကယ္ပဲ တစ္ခုခုခိုးခဲ့တာလား
ကေလး။ ။ ေပါင္မုန္နဲ႔ ဒိန္ခဲပါ
တရားသူႀကီး။ ။ ဘာလို႔ခိုးတာလဲ
ကေလး။ ။ ကြၽန္ေတာ္လိုအပ္လို႔ပါ
တရားသူႀကီး။ ။ ဒါဆိုလည္း ဝယ္လိုက္ေရာေပါ့
ကေလး။ ။ ပိုက္ဆံမွ မရွိတာ
တရားသူႀကီး။ ။အိမ္ကေန မေတာင္းဘူးလား
ကေလး။ ။ အိမ္မွာက ဝင္ေငြမရွိတဲ့ က်န္းမာေရးမေကာင္းတဲ့
အေမတစ္ေယာက္ပဲ ရွိတာပါ။ အခုေပါင္မုန႔္နဲ႔ ဒိန္ခဲကလည္း
သူ႔အတြက္ ကြၽန္ေတာ္ ခိုးလိုက္တာပါ။
တရားသူႀကီး။ ။ မင္းက အလုပ္မလုပ္ဘူးလား
ကေလး။ ။ ကြၽန္ေတာ္ ကားေရေဆးခုံမွာ အလုပ္လုပ္ပါတယ္။
အေမ့ကို ျပဳစုေပးဖို႔ လိုေနလို႔ တစ္ရက္ ခြင့္ယူတာ
အလုပ္ထုတ္ခံလိုက္ရပါတယ္။
တရားသူႀကီး။ ။ ဒါဆိုတစ္ေယာက္ေယာက္ဆီက အကူအညီေတာင္းေပါ့
ကေလး။ ။ မနက္ကတည္းက ေတာင္းေနတာပါ။
ဘယ္သူမွ မကူညီၾကပါဘူး
ေမးျမန္းစစ္ေဆးမႈ ၿပီးဆုံးသြားေတာ့ တရားသူႀကီး စီရင္ခ်က္ခ်ေတာ့တယ္။
ခိုးမႈဟာ ေတာ္ေတာ္ျပင္းထန္တဲ့
ျပစ္မႈျဖစ္တယ္။ အထူးသျဖင့္ ေပါင္မုန႔္ခိုးယူတာဟာ စိုးရိမ္ဖြယ္ရာျပစ္မႈျဖစ္တယ္။
အခုဒီကေလး က်ဴးလြန္လိုက္တဲ့ ခိုးမႈမွာ တာဝန္ရွိသူဟာ ကြၽန္ေတာ္တို႔အားလုံးပဲျဖစ္တယ္။
အဲ့ဒီေတာ့ တရား႐ုံးမွာ ကြၽန္ေတာ္အပါအဝင္ ရွိေနသူအားလုံး
တစ္ဦးလ်င္ ေဒၚလာတစ္ဆယ္ ေပးေဆာင္ဖို႔ အမိန႔္ခ်မွတ္ပါတယ္။
ေဒၚလာတစ္ဆယ္မေပးဘဲ ဘယ္သူမွ တရား႐ုံးအျပင္ ထြက္ခြင့္မရွိပါ” လို႔ အမိန႔္ခ်ၿပီး တရားသူႀကီးက
မိမိအိပ္ထဲက ဆယ္ေဒၚလာကို ထုတ္ၿပီး စားပြဲေပၚတင္လိုက္တယ္။
စတိုးဆိုင္ပိုင္ရွင္နဲ႔ မန္ေနဂ်ာကိုလည္း ေဒၚလာတစ္ေထာင္ ဒါဏ္ေၾကးေပးေဆာင္ဖို႔ အမိန႔္ခ်လိုက္တယ္။
ဘာေၾကာင့္လည္းဆိုေတာ့ သူတို႔ဟာ ဆာေလာင္ေနတဲ့
ကေလးငယ္တစ္ေယာက္ကို လူသားမဆန္စြာ ျပဳမူခဲ့႐ုံမက ရဲလက္အပ္ခဲ့တာေၾကာင့္ျဖစ္တယ္။
တကယ္လို႔ (၂၄) နာရီအတြင္း ဒါဏ္ေၾကးမေပးေဆာင္ရင္
စတိုးဆိုင္ကို ခ်ိတ္ပိတ္ဖို႔ တရား႐ုံးကအမိန႔္ေပးမွာျဖစ္တယ္။
ေနာက္ဆုံးမွာေတာ့ စတိုးဆိုင္နဲ႔ တရားခြင္မွာ
ရွိတဲ့သူေတြအားလုံးစီက ရတဲ့ ဒါဏ္ေၾကးေတြကို
ကေလးကိုေပးၿပီး တရား႐ုံးက ကေလးငယ္ကို
ေတာင္းပန္ေၾကာင္း စီရင္ခ်က္ခ်ခဲ့တယ္။
စီရင္ခ်က္ကို ၾကားနာၿပီးတဲ့အခါ
တရားခြင္ကသူေတြအားလုံးက မ်က္ရည္ဆက္လက္နဲ႔ေပါ့။
ကေလးငယ္ကလည္း အသက္ရႈရပ္မတတ္ အံ့ၾသၿပီး
တရားသူႀကီးကိုသာ မွင္သက္တဲ့ အၾကည့္နဲ႔ ၾကည့္ေနခဲ့တယ္။
crd . . . Painglwin Oo
Unicode
ငါမသေခင် မြန်မာပြည်မှာ ဒီလိုတရားသူကြီးမျိုးမြင်ဖူးချင်လိုက်တာ ( ဆုသာတောင်းရတာပါ … မထင် ) ကြေကွဲစရာ 😢😢😢
(၁၅) နှစ်အရွယ် တရားခံကလေးတစ်ဦး။
စတိုးဆိုင်တစ်ခုမှ ပေါင်မုန်နှင့် ဒိန်ခဲခိုးယူမှုကြောင့် ဖမ်းခံခဲ့ရခဲ့သူပေါ့။
အစောင့်လက်က လွတ်အောင် ထွက်ပြေးဖို့ ကြိုးစားခဲ့သူလည်း ဖြစ်တယ်။
ရုန်းရင်းဆန်ခက်ဖြစ်နေချိန်မှာ စတိုးဆိုင်က စာရေးကလည်း ကောင်လေးကို ဖမ်းဖို့ ကူညီခဲ့တယ်။
ဒီလိုနဲ့ တရားရုံးရောက်တဲ့အခါ တရားခံကလေးကို
တရားသူကြီးက မေးတော့တယ်။
တရားသူကြီး။ ။ မင်းတကယ်ပဲ တစ်ခုခုခိုးခဲ့တာလား
ကလေး။ ။ ပေါင်မုန်နဲ့ ဒိန်ခဲပါ
တရားသူကြီး။ ။ ဘာလို့ခိုးတာလဲ
ကလေး။ ။ ကျွန်တော်လိုအပ်လို့ပါ
တရားသူကြီး။ ။ ဒါဆိုလည်း ဝယ်လိုက်ရောပေါ့
ကလေး။ ။ ပိုက်ဆံမှ မရှိတာ
တရားသူကြီး။ ။အိမ်ကနေ မတောင်းဘူးလား
ကလေး။ ။ အိမ်မှာက ဝင်ငွေမရှိတဲ့ ကျန်းမာရေးမကောင်းတဲ့
အမေတစ်ယောက်ပဲ ရှိတာပါ။ အခုပေါင်မုန့်နဲ့ ဒိန်ခဲကလည်း
သူ့အတွက် ကျွန်တော် ခိုးလိုက်တာပါ။
တရားသူကြီး။ ။ မင်းက အလုပ်မလုပ်ဘူးလား
ကလေး။ ။ ကျွန်တော် ကားရေဆေးခုံမှာ အလုပ်လုပ်ပါတယ်။
အမေ့ကို ပြုစုပေးဖို့ လိုနေလို့ တစ်ရက် ခွင့်ယူတာ
အလုပ်ထုတ်ခံလိုက်ရပါတယ်။
တရားသူကြီး။ ။ ဒါဆိုတစ်ယောက်ယောက်ဆီက အကူအညီတောင်းပေါ့
ကလေး။ ။ မနက်ကတည်းက တောင်းနေတာပါ။
ဘယ်သူမှ မကူညီကြပါဘူး
မေးမြန်းစစ်ဆေးမှု ပြီးဆုံးသွားတော့ တရားသူကြီး စီရင်ချက်ချတော့တယ်။
ခိုးမှုဟာ တော်တော်ပြင်းထန်တဲ့
ပြစ်မှုဖြစ်တယ်။ အထူးသဖြင့် ပေါင်မုန့်ခိုးယူတာဟာ စိုးရိမ်ဖွယ်ရာပြစ်မှုဖြစ်တယ်။
အခုဒီကလေး ကျူးလွန်လိုက်တဲ့ ခိုးမှုမှာ တာဝန်ရှိသူဟာ ကျွန်တော်တို့အားလုံးပဲဖြစ်တယ်။
အဲ့ဒီတော့ တရားရုံးမှာ ကျွန်တော်အပါအဝင် ရှိနေသူအားလုံး
တစ်ဦးလျင် ဒေါ်လာတစ်ဆယ် ပေးဆောင်ဖို့ အမိန့်ချမှတ်ပါတယ်။
ဒေါ်လာတစ်ဆယ်မပေးဘဲ ဘယ်သူမှ တရားရုံးအပြင် ထွက်ခွင့်မရှိပါ” လို့ အမိန့်ချပြီး တရားသူကြီးက
မိမိအိပ်ထဲက ဆယ်ဒေါ်လာကို ထုတ်ပြီး စားပွဲပေါ်တင်လိုက်တယ်။
စတိုးဆိုင်ပိုင်ရှင်နဲ့ မန်နေဂျာကိုလည်း ဒေါ်လာတစ်ထောင် ဒါဏ်ကြေးပေးဆောင်ဖို့ အမိန့်ချလိုက်တယ်။
ဘာကြောင့်လည်းဆိုတော့ သူတို့ဟာ ဆာလောင်နေတဲ့
ကလေးငယ်တစ်ယောက်ကို လူသားမဆန်စွာ ပြုမူခဲ့ရုံမက ရဲလက်အပ်ခဲ့တာကြောင့်ဖြစ်တယ်။
တကယ်လို့ (၂၄) နာရီအတွင်း ဒါဏ်ကြေးမပေးဆောင်ရင်
စတိုးဆိုင်ကို ချိတ်ပိတ်ဖို့ တရားရုံးကအမိန့်ပေးမှာဖြစ်တယ်။
နောက်ဆုံးမှာတော့ စတိုးဆိုင်နဲ့ တရားခွင်မှာ
ရှိတဲ့သူတွေအားလုံးစီက ရတဲ့ ဒါဏ်ကြေးတွေကို
ကလေးကိုပေးပြီး တရားရုံးက ကလေးငယ်ကို
တောင်းပန်ကြောင်း စီရင်ချက်ချခဲ့တယ်။
စီရင်ချက်ကို ကြားနာပြီးတဲ့အခါ
တရားခွင်ကသူတွေအားလုံးက မျက်ရည်ဆက်လက်နဲ့ပေါ့။
ကလေးငယ်ကလည်း အသက်ရှုရပ်မတတ် အံ့သြပြီး
တရားသူကြီးကိုသာ မှင်သက်တဲ့ အကြည့်နဲ့ ကြည့်နေခဲ့တယ်။
crd . . . Painglwin Oo