Unicode
ဗုဒ္ဓဟူးသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း (၁၄.၇.၂၀၂၀ မှ ၂၀.၇.၂၀၂၀ ထိ)
ဗုဒ္ဓဟူးသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းအဘက်ဘက်က ကံဇာတာအညံ့လေးတွေ များနေပါလိမ့်မယ် …။
အဘက်ဘက်က အနှောက်အယှက်လေးတွေ ဖြစ်ပေါ်တတ်ပါတယ် …။
ခရီးသွားခြင်းဟာ သင့်အတွက် အကောင်းဆုံး ဖြစ်ပါလိမ့်မယ် …။
နေရာသစ် အိမ်သစ် အလုပ်သစ် အထူးကောင်းမွန်ပါတယ် …။
ရပ်ဝေးပြည်ပခရီး ကိစ္စတွေ အထူးဦးစားပေး စီစဉ်သင့်ပါတယ် …။
ကွဲကွာနေသူများနှင့် ပြန်လည်ဆုံရခြင်း၊ ရပ်ဝေးအကူညီတောင်းခံရခြင်များ ကြုံတွေ့ရတတ်ပါတယ် …။
ငွေကြေးကိစ္စကတော့ ဝင်တော့မလိုလိုနဲ့ အထွက်များနေတတ်ပါတယ် ….။
မထင်မှတ်တဲ့ ဘာသာရေး၊ပညာရေး အခွင့်လမ်းကောင်းတွေတော့ကြုံတွေ့ရတတ်ပါတယ် …။
အိမ်တွင်သူခိုး ခိုးခံရတတ်ပါတယ်။ သတိထားပါ …။
ရာထူးနေရာကိစ္စတွေကတော့ အနှောက်အယှက်ကြားက အောင်မြင်ပါလိမ့်မယ် …။
စပ်တူလုပ်ငန်း လုံးဝမလုပ်ပါနဲ့။ ညံ့ပါသည် …။
အိမ်ထောင်ရှင်များအိမ်ထောင်ရေးအဆင်ပြေပါမယ် …။
ငယ်ရွယ်သူများအချစ်ရေးခွဲခွာ နေထိုင်ရတတ်ပါတယ် …။
သင့်ကျန်းမာရေးကတော့အကြောတတ်သောရောဂါဖြစ်တတ်ပါတယ် …။
သင့်အတွက်ကံကောင်းစေသောအရောင်မှာ အဝါရောင်ဖြစ်ပါတယ် …။
သင်ထီထိုးမယ်ဆိုရင်ကံကောင်းစေမည့် ဂဏန်း (၁၄) အတွဲဟာ သင့်အတွက်ကံကောင်းစေပါလိမ့်မယ် …။
ကံကောင်းစေရန်ယတြာ-မေတ္တာသုတ်(၁၄)ခေါက်ရွတ်ပြီး လိုရာဆုတောင်းပါ …။
သင်၏အခက်အခဲများ အားလုံးတို့သည် ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ကျွန်ုပ်မှ ယုံကြည်ပါတယ် …။
*သင်၏အခက်အခဲများကို 1875 Baydin Messenger တွင်မေးမြန်းနိုင်ပါသည် …။ ။
#အချစ်ရေး #အိမ်ထောင်ရေး #စီးပွားရေး #1875Baydin #ဗေဒင်