ခ်စ္သူနဲ႔ ရန္ျဖစ္တဲ့အခါ လုံးဝ မျပဳလုပ္သင့္တဲ့ အျပဳအမူ (၇) ခု…

ခ်စ္သူနဲ႔ ရန္ျဖစ္တဲ့အခါ လုံးဝ မျပဳလုပ္သင့္တဲ့ အျပဳအမူ (၇) ခု…

ကၽြန္ုပ္တို႔ ရန္ျဖစ္တဲ့အခါမွာ တဖက္သားကို စကားနဲ႔ ေသာ္လည္းေကာင္း အျပဳအမူတစ္ခုနဲ႔ ေသာ္လည္းေကာင္း နာက်င္ေအာင္ ျပဳလုပ္တတ္ၾကပါတယ္ …။

ဒါဟာ Limit တစ္ခုထက္ ေက်ာ္လြန္သြားပါက ျပင္ဆင္မရတဲ့ ေနာင္တကို ရေစႏိုင္ပါတယ္။ ဒါေၾကာင့္မို႔ ခ်စ္သူနဲ႔ ရန္ျဖစ္ရင္ ဘာေတြကို ေရွာင္သင့္လဲဆိုတာ သိထားသင့္ပါတယ္ေနာ္ …။

(1) ရန္ျဖစ္ရာမွာ မိသားစုေတြ မပါပါေစနဲ႔”

ရန္ျဖစ္ျခင္းဟာ သင္နဲ႔သူ ၂ေယာက္ၾကားမွာ စတင္တာျဖစ္လို႔ မိဘ သို႔ ေမာင္ႏွမမ်ားကို တိုင္ေတာျခင္း၊ ပါဝင္ေစျခင္း ျပဳလုပ္ျခင္းဟာ ပုံမွန္ရန္ျဖစ္ျခင္းကေန ပဋိပကၡအႀကီးႀကီးကို ျဖစ္ေပၚေစပါတယ္ …။

သင္တို႔ ၂ ဦး ျပန္အဆင္ေျပသြားလၽွင္ ေတာင္မွ မိသားစုဝင္ေတြက အမွတ္ထားၿပီး ေနာင္အခါ အဖုအထစ္မ်ားကို ျဖစ္ေပၚေစပါတယ္ …။

(2) အၾကမ္းဖက္ျခင္း”

ရန္ျဖစ္စဥ္မွာ ေဒါသတႀကီး ေအာ္ဟစ္တာ၊ လက္ပါတာ စတာေတြဟာ သင္ခ်စ္တဲ့ သူအေပၚ ေသရာပါဒဏ္ရာ ျဖစ္ေစတတ္ပါတယ္။ သူမ သင့္အေပၚထားတဲ့ ခံစားခ်က္မ်ားကို ေသဆုံးေစပါတယ္။ ကိုယ္ခ်စ္လို႔ ေရြးခ်ယ္ထားသူကို နာက်င္ေအာင္ မလုပ္သင့္ပါဘူး။ လူအမ်ားရဲ႕ အထင္ေသးမႈကိုလည္း ရေစပါတယ္ …။

(3) ကိစၥတိုင္းကို ေရာေထြးရန္ရွာျခင္း”

သင္တို႔ ရန္ျဖစ္ရျခင္းအေၾကာင္းက အိမ္အလုပ္ေတြ ကူမလုပ္ေပးလို႔ဆိုပါက ထိုကိစၥကိုပဲ ဦးတည္ေျပာဆိုပါ။ ယခင္က ျပႆနာမ်ားကိုပါ ဆြဲထည့္ေနပါက သူ႔အေနနဲ႔ စိတ္ပ်က္လာမွပါ။ ဒီေလာက္ ေတာင္းဆိုမႈေတြ မ်ားေနတဲ့ ဆက္ဆံေရးကို ေရွ႕ဆက္သင့္လားဆိုတဲ့ အေတြးဝင္ လာႏိုင္ပါတယ္ …။

(4) ကြာရွင္းဖို႔ေျပာျခင္း”

ဘာမဟုတ္တဲ့ အေသးအဖြဲကိစၥေၾကာင့္ ရန္ျဖစ္ရာကေန ကြာရွင္းဖို႔ထိ ေတာင္းဆိုပါက တစ္ဖက္သားကို အႀကီးအက်ယ္ ေစာ္ကားမိသလို ျဖစ္ပါတယ္။ ျပင္းထန္စြာ နာက်င္ေစပါတယ္ …။

ခဏခဏေျပာဆိုပါက တကယ္ ျဖစ္လာတတ္ပါတယ္။ ကိုယ္တကယ္ ခ်စ္ျမတ္နိုးသူကို အနိုင္ပိုင္းလိုစိတ္နဲ႔ေတာ႔ ကြာရွင္းဖို႔ မေတာင္းဆိုလိုက္ပါနဲ႔ေနာ္ …။

(5) ရန္ျဖစ္စဥ္ အိမ္ကထြက္သြားျခင္း”

ဒါဟာ သင့္ခ်စ္သူနဲ႔ တမိုးေအာက္မွာ မေနလိုေၾကာင္း ျပသရာေရာက္ပါတယ္။ သင့္အေနနဲ႔ ကေလးဆန္လြန္းရာ က်ပါတယ္။ ထြက္မသြားပဲ ၂ဦးစလုံး စိတ္ေျပစဥ္မွာ မ်က္ႏွာခ်င္းဆိုင္ျပီး ေဆြးေႏြးရမွာပဲ ျဖစ္ပါတယ္ …။

(6) ကုတင္ခြဲအိပ္ျခင္း”

ရန္ျဖစ္ထားတယ္ဆိုၿပီး တစ္ေနရာစီ အိပ္လိုက္ျခင္းထက္ တစ္ကုတင္တည္းအိပ္တာ ပဋိပကၡကိုေျပေစပါတယ္။ အိပ္ရာဝင္စဥ္မွာ တကုတင္တည္း ေက်ာခိုင္းအိပ္ေပမယ့္ မိုးလင္းတဲ့အခါ တစ္ေယာက္လက္ေမာင္းထဲ တစ္ေယာက္ နိုးထ လာႏိုင္ပါတယ္ …။

(7) လူၾကားသူၾကားထဲ ရန္ျဖစ္ျခင္း”

လူၾကားထဲ ရန္ျဖစ္ျခင္းဟာ တစ္ဦးနဲ႔တစ္ဦး မေလးစားရာ ေရာက္သလို ပတ္ဝန္းက်င္က လူေတြကိုပါ မေလးစားသလို ျဖစ္ပါတယ္။ သင္တို႔ ၾကားက ျပႆနာကို လူၾကားထဲ ခ်ျပလို႔ ၿပီးမွာမဟုတ္တဲ့အျပင္ ပိုႀကီးလာေစမွာပဲ ျဖစ္ပါတယ္ေနာ္ …။ ။

Writer – Dr Jue (XYZ News)

Unicode

ချစ်သူနဲ့ ရန်ဖြစ်တဲ့အခါ လုံးဝ မပြုလုပ်သင့်တဲ့ အပြုအမူ (၇) ခု…

ကျွန်ုပ်တို့ ရန်ဖြစ်တဲ့အခါမှာ တဖက်သားကို စကားနဲ့ သော်လည်းကောင်း အပြုအမူတစ်ခုနဲ့ သော်လည်းကောင်း နာကျင်အောင် ပြုလုပ်တတ်ကြပါတယ် …။

ဒါဟာ Limit တစ်ခုထက် ကျော်လွန်သွားပါက ပြင်ဆင်မရတဲ့ နောင်တကို ရစေနိုင်ပါတယ်။ ဒါကြောင့်မို့ ချစ်သူနဲ့ ရန်ဖြစ်ရင် ဘာတွေကို ရှောင်သင့်လဲဆိုတာ သိထားသင့်ပါတယ်နော် …။

(1) ရန်ဖြစ်ရာမှာ မိသားစုတွေ မပါပါစေနဲ့”

ရန်ဖြစ်ခြင်းဟာ သင်နဲ့သူ ၂ယောက်ကြားမှာ စတင်တာဖြစ်လို့ မိဘ သို့ မောင်နှမများကို တိုင်တောခြင်း၊ ပါဝင်စေခြင်း ပြုလုပ်ခြင်းဟာ ပုံမှန်ရန်ဖြစ်ခြင်းကနေ ပဋိပက္ခအကြီးကြီးကို ဖြစ်ပေါ်စေပါတယ် …။

သင်တို့ ၂ ဦး ပြန်အဆင်ပြေသွားလျှင် တောင်မှ မိသားစုဝင်တွေက အမှတ်ထားပြီး နောင်အခါ အဖုအထစ်များကို ဖြစ်ပေါ်စေပါတယ် …။

(2) အကြမ်းဖက်ခြင်း”

ရန်ဖြစ်စဉ်မှာ ဒေါသတကြီး အော်ဟစ်တာ၊ လက်ပါတာ စတာတွေဟာ သင်ချစ်တဲ့ သူအပေါ် သေရာပါဒဏ်ရာ ဖြစ်စေတတ်ပါတယ်။ သူမ သင့်အပေါ်ထားတဲ့ ခံစားချက်များကို သေဆုံးစေပါတယ်။ ကိုယ်ချစ်လို့ ရွေးချယ်ထားသူကို နာကျင်အောင် မလုပ်သင့်ပါဘူး။ လူအများရဲ့ အထင်သေးမှုကိုလည်း ရစေပါတယ် …။

(3) ကိစ္စတိုင်းကို ရောထွေးရန်ရှာခြင်း”

သင်တို့ ရန်ဖြစ်ရခြင်းအကြောင်းက အိမ်အလုပ်တွေ ကူမလုပ်ပေးလို့ဆိုပါက ထိုကိစ္စကိုပဲ ဦးတည်ပြောဆိုပါ။ ယခင်က ပြဿနာများကိုပါ ဆွဲထည့်နေပါက သူ့အနေနဲ့ စိတ်ပျက်လာမှပါ။ ဒီလောက် တောင်းဆိုမှုတွေ များနေတဲ့ ဆက်ဆံရေးကို ရှေ့ဆက်သင့်လားဆိုတဲ့ အတွေးဝင် လာနိုင်ပါတယ် …။

(4) ကွာရှင်းဖို့ပြောခြင်း”

ဘာမဟုတ်တဲ့ အသေးအဖွဲကိစ္စကြောင့် ရန်ဖြစ်ရာကနေ ကွာရှင်းဖို့ထိ တောင်းဆိုပါက တစ်ဖက်သားကို အကြီးအကျယ် စော်ကားမိသလို ဖြစ်ပါတယ်။ ပြင်းထန်စွာ နာကျင်စေပါတယ် …။

ခဏခဏပြောဆိုပါက တကယ် ဖြစ်လာတတ်ပါတယ်။ ကိုယ်တကယ် ချစ်မြတ်နိုးသူကို အနိုင်ပိုင်းလိုစိတ်နဲ့တော့ ကွာရှင်းဖို့ မတောင်းဆိုလိုက်ပါနဲ့နော် …။

(5) ရန်ဖြစ်စဉ် အိမ်ကထွက်သွားခြင်း”

ဒါဟာ သင့်ချစ်သူနဲ့ တမိုးအောက်မှာ မနေလိုကြောင်း ပြသရာရောက်ပါတယ်။ သင့်အနေနဲ့ ကလေးဆန်လွန်းရာ ကျပါတယ်။ ထွက်မသွားပဲ ၂ဦးစလုံး စိတ်ပြေစဉ်မှာ မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးရမှာပဲ ဖြစ်ပါတယ် …။

(6) ကုတင်ခွဲအိပ်ခြင်း”

ရန်ဖြစ်ထားတယ်ဆိုပြီး တစ်နေရာစီ အိပ်လိုက်ခြင်းထက် တစ်ကုတင်တည်းအိပ်တာ ပဋိပက္ခကိုပြေစေပါတယ်။ အိပ်ရာဝင်စဉ်မှာ တကုတင်တည်း ကျောခိုင်းအိပ်ပေမယ့် မိုးလင်းတဲ့အခါ တစ်ယောက်လက်မောင်းထဲ တစ်ယောက် နိုးထ လာနိုင်ပါတယ် …။

(7) လူကြားသူကြားထဲ ရန်ဖြစ်ခြင်း”

လူကြားထဲ ရန်ဖြစ်ခြင်းဟာ တစ်ဦးနဲ့တစ်ဦး မလေးစားရာ ရောက်သလို ပတ်ဝန်းကျင်က လူတွေကိုပါ မလေးစားသလို ဖြစ်ပါတယ်။ သင်တို့ ကြားက ပြဿနာကို လူကြားထဲ ချပြလို့ ပြီးမှာမဟုတ်တဲ့အပြင် ပိုကြီးလာစေမှာပဲ ဖြစ်ပါတယ်နော် …။ ။

Writer – Dr Jue (XYZ News)