







Unicode

လက်ရှိကိစ္စတွေ နဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို ဒဲ့ပြောလာတဲ့ မင်းသားချော နေတိုး

သူလဲ နှင်းဆီအဖွဲ့ရဲ့ ဆူးများရှင်ပဲလေ အဲ့ဒါတွေကြောင့် ချစ်တာ ရှင်သန်နေဆဲ နှင်းဆီသို့မြန်မာပြည်သူ ပြည်သားတွေ ကတော့ စိတ်အားထက် သန်မှုအပြည့်နဲ့ လူထုလှုပ်ရှားမှုတွေမှာ မမောနိုင်မပန်းနိုင် ပါဝင်နေကြတာ ဖြစ်ပြီးထိခိုက်ဒဏ်ရာ ရရှိကြတဲ့ ပြည်သူတွေလည်းများစွာရှိနေခဲ့ပါတယ်။

လူထုလှုပ်ရှားမှုမှာ ပါဝင်ကြရင်း အသက်ပေးလိုက်ရတဲ့ သူရဲကောင်းတွေလည်း ရှိနေခဲ့ကာယနေ့မှာလည်းလူထုလှုပ်ရှားမှု ပြုလုပ်ကြရင်းကြွေလွင့်ခဲ့ ရသူတွေ ရှိနေခဲ့ပါတယ်မင်းသားချော နေတိုး ကတော့ လက်ရှိကိစ္စတွေနဲ့ပတ်သက်ပြီး သူရဲ့ခံစားချက်ကို လူမှုကွန်ယက်ထက်မှာ မျှဝေပေးလေ့ ရှိပါတယ်

အနုပညာရှင်တွေများစွာကလည်း အမှန်တရားဘက်ကနေ ရပ်တည်လျက်ရှိနေပြီး ပြည်သူတွေနဲ့အတူလူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်နေခဲ့ ကြပါတယ်နေတိုးကတော့ မြန်မာပြည်သူတွေ ဘက်ကနေရပ်တည် လျက်ရှိနေပြီး လူထုလှုပ်ရှားမှုတွေမှာလည်း ပါဝင်လျက် ရှိနေခဲ့ပါတယ်။

နေတိုးကတော့ ယခုမှာ သွေးခွဲတိုင်း ကွဲရအောင်ပြည်သူတွေမမျက်စိတွေ နားတွေပါပြီး အခုဆိုရင်မိသားစုတစ်ခု တည်းလို ဖြစ်သွားတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။နေတိုးကတော့ အားလုံးတစ်စိတ်တည်း သွေးခွဲတိုင်းကွဲရအောင်ပြည်သူတွေမှာ မျက်စိတွေ နားတွေ ဦးနှောက်တွေ ပါတယ်။

အခုဆိုရင်ပြည်သူတွေအားလုံးဟာ မေတ္တာတွေနဲ့ တည်ဆောက်ထားတဲ့ မိသားစု တစ်ခုတည်း ဖြစ်သွားကြပြီဗျပြည်သူ့ဘက်မှာ ပြည်သူတွေ ရှိနေသရွေ့ ပြည်သူတွေအမြဲနိုင်နေဦးမှာပါ ဆိုပြီး လူမှုကွန်ယက်စာမျက်နှာ ထက်မှာ ရေးသားထား ခဲ့ပါတယ်။

ယနေ့မှာ လူထုလှုပ်ရှားမှု ပြုလုပ် နေကြတဲ့ မြန်မာပြည်သူတွေ ဘေးရန်ကင်းရှင်း ကြပါစေကြောင်းဆုတောင်းမေတ္တာ ပို့သပေးလိုက် ရပါတယ်။ဝင်ရောက် ဖတ်ရှုသူ တစ်ယောက်စီတိုင်းကိုကျေးဇူးအထူး တင် ကြောင်း ပြောကြားပါရစေနော်။