– တန်ဖိုးထားတယ်”
– လျစ်လျူရှုနိုင်တယ်”
– သစ္စာရှိတယ်”
Credit – Trend
Unicode
သင့်အပေါ် တကယ်ချစ်မြတ်နိုးတဲ့ လူတစ်ယောက်ဆီကသာ ဒီလိုအရာတွေ ရနိုင်မယ်…
လူတစ်ယောက် ကိုယ့်အပေါ် တကယ်ချစ်၊မချစ်ဆိုတာ အချိန်ကာလနဲ့လည်းမဆိုင်သလို အနှောင်အဖွဲ့တွေ သံယောဇဉ်တွေနဲ့လည်းသိပ်တော့ မဆိုင်လှပါဘူး . . .။
တစ်ယောက်ကိုတစ်ယောက်ချစ်တဲ့ စိတ်နဲ့ကြည့်တဲ့အခါမှာ အချိန်အတိုင်းတာတွေ ဘာလို့တွေညာလို့တွေဆိုတဲ့အကြောင်းပြချက်တွေထက်ချစ်တဲ့စိတ်လေးနဲ့ပဲ ချစ်မိနေတာမျိုးပါ . . .။
ဟုတ်ပီ။ ဒါဆိုရင် သင့်အပေါ် လူတစ်ယောက်သာ တကယ်ချစ်ခဲ့ရင် အောက်ကပြောပြတဲ့ အရာတွေကို သင် ဒီလူဆီကနေ ရကို ရနိုင်ပါတယ်နော် . . .။
– သင့်အတွက်ကြိုးစားတယ်”
ပြောချင်တာက သင်တို့နှစ်ယောက်ကြား အတားဆီးများစွာ ရှိနေရင်တောင် တစ်နည်းမဟုတ် တစ်နည်း ဘယ်နည်းနဲ့အဆင်ပြေမလဲ ဆိုတာမျိုး၊ သင်စိတ်ဆင်းရဲပြီး ငိုရဖို့မပြောနဲ့ သင့်မျက်နှာတစ်ချက် မညိုးစေချင်လို့ သင်တစ်ချက် မငိုရအောင် သူ အရာရာတိုင်းကို ကြိုးစားနေမိမှာပါ . . .။
– တန်ဖိုးထားတယ်”
ဘာကြီးဝယ်ပေးမှဘယ်လောက်နဲ့တင်တောင်းမှတန်ဖိုး ထားတယ်ခေါ်တာမဟုတ်ပါဘူး။ မပေးနိုင်ရင်တောင် ဘယ်သွားသွား ဘာစားစားဘယ်သူနဲ့တွေ့တွေ့ သင့်ကိုအများအမြင်မှာ ကံကောင်းတဲ့ မိန်းကလေးတစ်ယောက်လို ထားခြင်းက သင့်ကို မြတ်နိုးခြင်းပါပဲ . . .။
– လျစ်လျူရှုနိုင်တယ်”
သင်ကသူ့အပေါ် ပေးဆပ်မှုတွေ နည်းပါးသွားခဲ့တဲ့ အချိန်၊ သူလိုအပ်တာတွေကို မလုပ်ပေးနိုင်တဲ့အချိန်၊ သင်ကသူ့အတွက်ဘာမှ အထောက်ကူမပြုရင်တောင် သင်ရှိနေတာနဲ့တင် သူ့ကိုဒုက္ခမပေးတာနဲ့တင်ကို အနားမှာရှိနေရတာက ပြည့်စုံနေတာ မျိုးပါ . . .။
– သစ္စာရှိတယ်”
လူတိုင်းက စိတ်ဖောက်ပြန် တတ်ကြပါတယ်။ ကိုယ့်ရဲ့လက်တွဲဖော်မဟုတ်ပဲ တစ်ခြားသူကို တဒင်္ဂ စိတ်ရောက်မိသွားရင်တောင် ကိုယ့်လက်တွဲဖော်ကို တကယ်ချစ်တဲ့သူက မကောင်းတဲ့စိတ်ကို အချိန်မှီဖျောက်ပစ်နိုင်ပြီး စည်းကမ်းနဲ့ အနေထိုင်တတ်ပါတယ် . . .။(မလွှဲသာမရှောင်သာဆိုတာ အကြောင်းပြချက်သက်သက်ပါ)
– သေချာတာကတော့ သင့်ကို တကယ်ချစ်မြတ်နိုးတဲ့ သူနားမှာ သင်နေရတဲ့အခါ နွေးထွေးပြီးအေးချမ်းတဲ့စိတ်ခံစားမှုမျိုး၊ လောကကြီးမှာ ငါဟာကံကောင်းသူ တစ်ယောက်ပါလားဆိုပြီး ကျေနပ်တဲ့ခံစားမှုမျိုး၊ဒီလူနဲ့သာဆိုရင် ခက်ခဲလည်း အိုကေမှာပါဆိုတဲ့ ယုံကြည်ချက်မျိုး ဝင်နေမိပြီဆိုရင်တော့ ဒီလူက သင့်အပေါ် တကယ်မြတ်နိုးသူ ဖြစ်နေလို့ပါပဲနော် . . .။ ။
Credit – Trend