စုထက်ဝိုင်းရဲ့မိခင်ကို အချုပ်ကားနဲ့တင်ဆောင်ပြီး ဘယ်ခေါ်သွားမှန်းမသိလို့ ဇနီးအတွက် အရမ်းစိတ်ပူနေရတဲ့ မိုးကုတ်မြို့ကကိုစိုးဌေး

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ စတင်ချိန်ကတည်းက လူကြီး၊လူငယ်တွေအပြင် ကလေးတွေကပါတစ်တပ်တစ်အားပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

မိုးကုတ်မြို့က ကိုစိုးဌေးရဲ့ သမီးငယ်လေး စုထက်ဝိုင်း ဆိုရင်လည်း (၅)နှစ်အရွယ်လေးနဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ကိုစိုးဌေးကလည်း တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်လို့ လုံခြုံမယ့်နေရာမှာ ရှောင်တိမ်းနေထိုင်နေရတာဖြစ်ပါတယ်။

ကိုစိုးဌေးကို ဖမ်းလို့မမိတာကြောင့် သူ့ရဲ့ဇနီးသည်နဲ့ သမီးကြီး၊သမီးငယ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။သမီးငယ်လေး စုထက်ဝိုင်းဆိုရင် (၅)နှစ်အရွယ်လေးနဲ့ ထောင်ထဲမှာ နေခဲ့ရတာဖြစ်ပါတယ်။

ဇွန်လ (၃၀)ရက်နေ့မှာ သမီးငယ်လေး စုထက်ဝိုင်းကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဇနီးသည်နဲ့ သမီးကြီးကိုတော့ အခုချိန်ထိဖမ်းဆီးထားဆဲပဲဖြစ်ပါတယ်။ကိုစိုးဌေးကလည်း သမီးကြီးရဲ့ ကျန်းမာရေးအခြေအနေအရမ်းဆိုးနေတယ်လို့ကြားတာကြောင့် စိတ်ပူနေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ကိုစိုးဌေးက သူ့ရဲ့ ဇနီးသည်ကို အချုပ်ကားနဲ့ တင်ပြီး ဘယ်နေရာကိုခေါ်သွားမှန်းမသိဘူးလို့ ဖွင့်ဟလာတာဖြစ်ပါတယ်။

ကိုစိုးဌေးရဲ့ဇနီးကလည်း လမ်းပေါ်မှာတွေ့တဲ့ မိုးကုတ်ကလူအချို့ကို လက်ဟန်ခြေဟန်နဲ့ပြောသွားခဲ့တယ်လို့ သိရပါတယ်။

ကိုစိုးဌေးခမျာ ဇနီးသည်ကို ဘယ်ခေါ်သွားမှန်းလဲမသိရတဲ့အပြင် သမီးကြီးလည်း အချုပ်ထဲမှာ အသက်ရှင်လျှက်ရှိနေသေးလား ဆိုတာလည်း မသိရလို့ အရမ်းစိတ်ပူနေရတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

လက္ရွိျဖစ္ေပၚေနတဲ့အေျခအေန စတင္ခ်ိန္ကတည္းက လူႀကီး၊လူငယ္ေတြအျပင္ ကေလးေတြကပါတစ္တပ္တစ္အားပါဝင္လႈပ္ရွားခဲ့ၾကတာျဖစ္ပါတယ္။

မိုးကုတ္ၿမိဳ႕က ကိုစိုးေဌးရဲ႕ သမီးငယ္ေလး စုထက္ဝိုင္း ဆိုရင္လည္း (၅)ႏွစ္အ႐ြယ္ေလးနဲ႔ လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ခဲ့သူျဖစ္ပါတယ္။

ကိုစိုးေဌးကလည္း တက္ႂကြလႈပ္ရွားသူတစ္ေယာက္ျဖစ္တာေၾကာင့္ ဖမ္းဝရမ္းထုတ္ခံထားရသူျဖစ္လို႔ လုံၿခဳံမယ့္ေနရာမွာ ေရွာင္တိမ္းေနထိုင္ေနရတာျဖစ္ပါတယ္။

ကိုစိုးေဌးကို ဖမ္းလို႔မမိတာေၾကာင့္ သူ႔ရဲ႕ဇနီးသည္နဲ႔ သမီးႀကီး၊သမီးငယ္တို႔ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့တာျဖစ္ပါတယ္။သမီးငယ္ေလး စုထက္ဝိုင္းဆိုရင္ (၅)ႏွစ္အ႐ြယ္ေလးနဲ႔ ေထာင္ထဲမွာ ေနခဲ့ရတာျဖစ္ပါတယ္။

ဇြန္လ (၃၀)ရက္ေန႔မွာ သမီးငယ္ေလး စုထက္ဝိုင္းကို ျပန္လႊတ္ေပးလိုက္ေပမယ့္ ဇနီးသည္နဲ႔ သမီးႀကီးကိုေတာ့ အခုခ်ိန္ထိဖမ္းဆီးထားဆဲပဲျဖစ္ပါတယ္။ကိုစိုးေဌးကလည္း သမီးႀကီးရဲ႕ က်န္းမာေရးအေျခအေနအရမ္းဆိုးေနတယ္လို႔ၾကားတာေၾကာင့္ စိတ္ပူေနရတာျဖစ္ပါတယ္။

အခုဆိုရင္လည္း ကိုစိုးေဌးက သူ႔ရဲ႕ ဇနီးသည္ကို အခ်ဳပ္ကားနဲ႔ တင္ၿပီး ဘယ္ေနရာကိုေခၚသြားမွန္းမသိဘူးလို႔ ဖြင့္ဟလာတာျဖစ္ပါတယ္။

ကိုစိုးေဌးရဲ႕ဇနီးကလည္း လမ္းေပၚမွာေတြ႕တဲ့ မိုးကုတ္ကလူအခ်ိဳ႕ကို လက္ဟန္ေျခဟန္နဲ႔ေျပာသြားခဲ့တယ္လို႔ သိရပါတယ္။

ကိုစိုးေဌးခမ်ာ ဇနီးသည္ကို ဘယ္ေခၚသြားမွန္းလဲမသိရတဲ့အျပင္ သမီးႀကီးလည္း အခ်ဳပ္ထဲမွာ အသက္ရွင္လွ်က္ရွိေနေသးလား ဆိုတာလည္း မသိရလို႔ အရမ္းစိတ္ပူေနရတဲ့အေၾကာင္းေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။