ကျွန်မတို့ မိသားစု ကိုဗစ် ၁၉ ကိုအနိုင်ယူခဲ့တဲ့အကြောင်း ပြန်လည်မျှဝေပါတယ်

ကျွန်မတို့ မိသားစု ကိုဗစ် ၁၉ ကိုအနိုင်ယူခဲ့တဲ့အကြောင်း ပြန်လည်မျှဝေပါတယ်

16ရက်နေ့မှာ ကျွန်မအမျိုးသားစဖျားပါတယ်။အဲနေ့ညမှာပဲဝမ်းလျှောပါတယ်

17ရက်နေ့ အမျိုးသားဆေးခန်းပြ ဓူဝံမှာ RDT သွားစစ်တော့ positive ထွက်ပါတယ်။ ကျွန်မအပါအဝင် ကျန်တဲ့ အိမ်သားအားလုံး (ကလေးနှစ်ယောက်နဲ့ Nurse နှစ်ယောက်မပါ) ချက်ချင်းစစ်တဲ့အခါ Negative ထွက်ပါတယ်။

အဲဒါနဲ့ သားသားကလေးဆရာဝန်ကို ဖုန်းဆက်အကျိုးအကြောင်းပြောပြီးတိုင်ပင်တော့ အဖေ positive အမေ negative ဆိုလည်း အမေကစိတ်မချရသေးဘူး။ကလေးနဲ့ ၃ရက်ခွဲနေရမယ်။ ၃ရက်ပြည့်လို့ ပြန်စစ်ရင် PCR Test ကို ဖြစ်နိုင်ရင်စစ်ပါ။သူကပိုပြီးတိကျတယ်။ အဲကျမှ Negative ထွက်ရင်စိတ်ချရပြီ။

 

ကလေးကိုလည်း စစ်ကိုစစ်ပေးရမယ်တဲ့။ ကလေးငယ်ငယ်လေးရဲ့ နှာခေါင်းထဲနှိုက်ပြီးစစ်ရမယ်ဆိုတော့ တွေးရင်း ရင်တွေနာပြီးသနားလိုက်တာ။ အဲနေ့က စပြီး သူ့အဖေကတခန်း ကျွန်မက တခန်း ၊ သားသားက ဖိုးဖိုးဖွားဖွားနဲ့ တခန်းခွဲအိပ်ရပါတယ်။ဖိုးဖိုးဖွားဖွားလည်း risk ယူပြီးတော့ကိုသားသားလေးကိုခေါ်ထားရတာပါ။

ဆရာဝန်မကြီးက အမေအဖေနဲ့ လုံးဝခွဲအိပ်ရမယ်ဆိုလို့ပါ။

18ရက်နေ့ အိမ်သားအားလုံး PCR test ထပ်စစ်ပါတယ်။

19ရက်နေ့ညကျမှ အဖြေသိရတာပါ။ ကျွန်မနဲ့ သားလေးက positive, ကျွန်မအမျိုးသားနဲ့ ကျန်တဲ့ အိမ်သားအားလုံး Negativeတဲ့။ ကျွန်မအမျိုးသားက covid signတွေပြပြီး ဒုတိယတခေါက်စစ်တော့Negative ဆိုတော့ နည်းနည်းတော့ ခေါင်းခြောက်သွားတယ်။ဒါပေမဲ့ signတွေအကုန်ပြတော့ positive လို့ပဲသတ်မှတ်ပြီး နေပါတယ်။

အဲနေ့ညမှာပဲ သားသားစဖျားပါတယ်။အဖျား 101.9 ရှိပါတယ်။ သားသားကို ဂျိုင်းကြားပေါင်ခြံကြား လည်ပင်း ဂုတ်တွေကို ရေပတ်ဝတ်ကပ်ပေးပါတယ်။ Babygesic 1.5ml(ကလေးပေါင်ချိန်နဲ့ ဆေးပမာဏကို တိုက်ရတာပါ)ကို 6နာရီကြား တခါတိုက်ပါတယ်။

ဆေးတိုက်ပြီးခါစပဲ အဖျားကျပြီး ဆေးရှိန်ပြယ်ရင် အဖျားပြန်တက်ပါတယ်။ ကလေးက အရမ်းလည်းညီးပြီးငိုပါတယ်။တော်တော်သနားစရာကောင်းတာပါ။

အဖျားပြန်ပြန်တက်တော့ Babygesic 1.5 ml ကို 4နာရီကြားတခါတိုက်ပါတယ်။ နောက်ရက် City Hospital က ကလေးဆရာဝန်ကြီးနဲ့ Booking ကြိုယူပြီး viber ကနေပြပါတယ်။ ဆရာမကြီးက စိတ်ရှည်ပြီး သေချာရှင်းပြ ပြောပြပြီး သောက်ရမဲ့ ဆေးတွေကိုပေးပါတယ်။

အိမ်အရောက် ဆေးပို့ပေးပါတယ်။ နေ့တိုင်း ဆေးရုံမရောက်မချင်း ဆရာမကြီးနဲ့ viber ကနေပြပါတယ်။ သားသား ၃ရက်လောက်နေတော့ အဖျားလုံးဝမရှိတော့ပါဘူး။

အရင်လို လန်းလန်းဆန်းဆန်း ပြန်ဖြစ်သွားပါပြီ။ အဓိက ကလေးကို သူစားနေကျပုံမှန်ကျွေးနေကြအတိုင်း အစာနဲ့ နို့ဝင်အောင်ကျွေးပါတယ်။ အဲဒါ အရမ်းအရေးကြီးပါတယ်။ ပြီးတော့ အဖျားနဲ့ SPO2 အမြဲစောင့်ကြည့်တိုင်းပေးပါတယ်။ ကလေးတွေက ခံနိုင်ပါတယ်။ ၃ရက်လောက်ဆို လုံးဝကောင်းသွားပါပြီ။

 

ကျွန်မအသိကလေးတော်တော်များများလည်း ၂ရက် ၃ရက်ဆို ပုံမှန်ပြန်ဖြစ်ပါတယ်။ ကလေးဖြစ်ရင် အရမ်းကြီးစိတ်မပူကြနဲ့နော်မေမေတို့။ စိတ်အေးအေးထားပြီး ကလေးအခြေအနေမပြတ်စာင့်ကြည့်ပြီး အစာဝင်အောင်ကျွေးဖို့သာ အဓိကပါနော်။

ခုကျွန်မဖြတ်ကျော်ခဲ့ရတဲ့ stateလေးတွေပြောပြပါမယ်နော်။

19ရက်နေ့ နေ့လည်လောက်ကတည်းက ခေါင်းတွေထိုးကိုက်ပါတယ်။ မဖျားသေးပါဘူး။အစားအသောက်မပျက်သေးပါဘူး။

20ရက်နေ့စဖျားပါပြီ။ ကိုယ်လက်တွေ လုံးဝမလှုပ်ချင်တော့လောက်အောင် joint နေရာတွေက အရမ်းနာပါတယ်။နည်းနည်းစားနိုင်ပါသေးတယ်။ ဒါမဲ့ ကလေးဇောနဲ့ဆိုတော့ ကိုယ့်ကိုကိုယ် careမလုပ်နိုင်ဘူး။ သားကိုတချိန်လုံးစောင့်ကြည့် ရေဝတ်ကပ် ညဆိုလည်း နို့သူတောင်းတိုင်းထတိုက်နဲ့ မအိပ်ခဲ့ရပါဘူး။

21ရက်နေ့ ဘာမှမစားနိုင်တော့ပါ။အသက်ရှူတိုင်းမောဟိုက်နေပြီ။ အစာလုံးဝမစားဘဲ အန်တော့ အဖြူရည်တွေကြီးပဲအန်တာ တော်တော်ခံလိုက်ရတယ်။အစာတလုတ်ဝင်တိုင်း ပျို့တက်ပြီး အန်တာ ဘယ်လိုမှလူကအားမရှိတော့။

အဲဒီမှာ ကိုယ့်ကို အားပြန်တင်း ငါအစာဝင်အောင်စားမှ ဖြစ်မယ် ငါ့သားအတွက်ဆိုပြီး စိတ်ပြန်တင်း နည်းနည်းချင်းစား မျိုမကျတော့ ရေနဲ့မျှောချစားရပါတယ်။ နည်းနည်းချင်း မဆာလည်းစား ဆာလည်းစား ရေနဲ့မျှောချစားပါတယ်။

22ရက်နေ့ သားသားတော်တော်လေးနေကောင်းလာလို့ ကျွန်မနည်းနည်းနားလို့ရလာတယ်။ အဲနေ့မနက် ခဏပဲ လည်ချောင်းနာလိုက်တယ်။နေ့လည်ကျတော့ မနာတော့ဘူး။ အစာတော့ နည်းနည်းချင်းပြန်ဝင်ပါပြီ။အစာဝင်တာနဲ့ တကယ်သိသာတာပါ။

လူကနည်းနည်းပြန်နေလို့ကောင်းလာတယ်။ အဲနေ့ ည7နာရီပဲ ဆေးရုံတက်ခွင့်ရလို့ မိသားစု ၃ယောက် ကိုယ်အထုပ်ကိုယ်ဆွဲ (ကလေးတွက်လိုအပ်တဲ့ပစ္စည်းပေါင်းသောင်းခြောက်ထောင် အထုပ်ကြီး အထုပ်ငယ်အသွယ်သွယ်နဲ့) PPE တွေဝတ်ပြီး ဆေးရုံသွားခဲ့ပါတယ်။

 

23ရက် လူကနေမကောင်းသေးပါ။နုံးနေတုန်းပဲ။အဖျားကတော့ ညည့်ဦးပိုင်းနဲ့ မနက်စောစောပိုင်းဆို စောင်တွေအထပ်ထပ်ခြုံရလောက်အောင် ချမ်းတုန်ပြီး တက်တယ်။ဆေးလာချိတ်ပေးမှ အဖျားပြန်ကျတယ်။နေ့တိုင်းဆေးရုံဆင်းခါနီးထိ တနေ့ Para 3လုံးချိတ်ရတယ်။

24,25 အဖျားမကျဘူး။ပုံမှန်တက်နေကျအချိန်တိုင်း အဖျားတက်တယ်။လူကညောင်းတာ ကိုက်တာတွေမရှိတော့ဘူး။အဲ့၂ရက်မှာ အနံ့လုံးဝပျောက်သွားတာ မဟုတ်ဘဲ ဘယ်ဟာကိုရှူကြည့်ကြည့် စိမ်းရွှင်ရွှင် ခပ်ပြင်းပြင်းအနံ့ တမျိုးတည်းကို ရတော့တာပဲ။ ဘာစားစား အရမ်းငန်နေတာ။အဲ၂ရက်ပြီး အနံ့ပုံမှန်ပြန်ရပြီ။ စားတဲ့အခါလည်းမငန်တော့ဘူး။

26ရက်နေ့ နေလို့ပြန်ကောင်းလာပြီ။အဖျားမရှိတော့ဘူး။အဲနေ့သားသားကို ရေချိုးပေးပြီး ကိုယ်လည်းရေချိုးလိုက်တယ်။အဲမှာ ဇာတ်လမ်းပြန်စတာပဲ။ ပြန်ဖျားပြီးချောင်းတွေတရစပ်ဆိုးတာဆိုတာ လှုပ်လို့တောင့်မရဘူး။

လှုပ်တာ စကားပြောတာနဲ့ တောက်လျှောက်ချောင်းဆိုးတော့တာ။အသက်ကို လုပြီးရှူရတယ်။အသက်ရှူလိုက်တိုင်းခန္ဓာကိုယ်ကြီးက လှုပ်လှုပ်ရှူနေရတယ်။အဲနေ့ကတော်တော်ခံလိုက်ရတာ။

27ရက်နေ့ မနက်ပိုင်း သားသားကို ထမင်းကျွေးနေတုန်းချွေးစီးတွေကျ မောပြီးအသက်ရှူကြပ်လာလို့ ကုတင်ပေါ်အမြန်ပြေး SPO2တိုင်းကြည့်တော့ 92 ရောက်သွားပြီ။အဲဒါနဲ့ ယောကျာ်းက MOဆီဖုန်းဆက် အကြောင်းကြား အောက်ဆီဂျင်ရှူရတယ်။ရင်ဘတ်ကြီးတခုလုံးတင်းကြပ်ပြီးမောဟိုက်နေတာ။

ခဏနားနားနေနေ နေလိုက်တော့ အောက်ဆီဂျင် 94,95,96ပြန်တက်လာတယ်။အဲနေ့တရက်လုံး အောက်ဆီဂျင်ရှူရတယ်။ချောင်းကလည်းတရစပ်ဆိုးတုန်း။

28ရက်နေ့မနက် အောက်ဆီဂျင် 95% , အောက်ဆီဂျင်ပိုက်ဖြုတ်ပြီးအိမ်သာခဏသွားထိုင်လိုက်တာ။ အိမ်သာထဲမှာ မျက်လုံးတွေပြာ မူးပြီးအသက်ရှူကြပ်လာလို့ ကလေးထမင်းကျွေးနေတဲ့ ယောကျာ်းကိုလှမ်းခေါ်ပြီးမနည်းသတိထားပြီး ခုတင်ပေါ်လှဲ အောက်ဆီဂျင်ပြန်ရှူရတယ်။

SPO2 တိုင်းကြည့်တော့ 90ထိကျသွားတယ်။ အဲအချိန် ကိုယ့်ကိုကိုယ် သွားပြီလို့ကိုထင်တာ။တသက်မှာ တခါမှ အဲလောက်အသက်ရှူမကြပ်ဖူးဘူး။ရင်ဘတ်ကြီးဆွဲဆုတ်ထားသလိုပဲ။အဲ၂ရက်က တော်တော်လေးတရားသဘောပေါက်ပြီး သံဝေဂတော်တော်ရခဲ့တ

။လောဘ ဒေါသ မောဟတွေကိုကွက်ကွက်ကွင်းကွင်းကို မြင်ခဲ့ရတာ။ ချောင်းတွေကလည်း သေမတတ်ဆိုးခဲ့ရတာ။တော်တော်လေးခံရပြီး လှန့်ခဲ့ရတဲ့ ၂ရက်ပါ။

29ရက်နေ့ SPO2 96,97 ပြန်ဖြစ်သွားပြီ။ညနေလောက်ကစပြီး အောက်ဆီဂျင်ရှူစရာမလိုတော့ဘူး။လူလည်း အဖျားလုံးဝမရှိတော့ဘူး။နေလို့လည်းကောင်းလာပြီ။ ချောင်းကတော့ ဆိုးမြဲ။အရင်၂ရက်လောက်တော့ အရမ်းမဆိုးတော့ဘူး။

30ရက် , 1 ရက်နေ့တွေကတော့ လုံးဝကိုနေလို့ပြန်ကောင်းပါပြီ။ ချောင်းဆိုးလည်းသက်သာစပြုလာပါပြီ။အဲနေ့ညနေ ဆရာမကြီး Round လှည့်တော့ နက်ဖြန်ဆေးရုံကဆင်းလို့ရပါပြီလို့ပြောပါတယ်။

2ရက်နေ့ မနက်ပိုင်း ကျွန်မတို့ မိသားစု၃ယောက်ဆေးရုံကနေအိမ်ပြန်လာခဲ့ပါတယ်။ ကျွန်မတို့ မိသားစု ၃ယောက် အရင်အတိုင်းပြန်လည်နေကောင်းကျန်းမာလာပါပြီရှင့်။ ကျွန်မကတော့ အမောသိပ်မခံနိုင်သေးပေမဲ့ အရင်လိုလူကောင်းတယောက်လို ပြန်ဖြစ်ပါပြီ။

နောက်ထပ် 10ရက်လုံး ကျွန်မတို့မိသားစု၃ယောက်အိမ်မှာ သီးသန့်နေရမှာပါ။၁၀ရက်ပြည့်သွားရင်တော့ ကျွန်မတို့ ပုံမှန်ပြန်နေလို့ရပါပြီ။သူများဆီလည်း ပိုမကူးတော့ပေမယ့် ကျွန်မတို့ အရင်ထက်ဆင်ဆင်ခြင်ခြင်နေသွားမှာပါ။

အဓိကကတော့ ကျွန်မတို့ covidနဲ့ အပြန်အလှန်တိုက်ထုတ်နေတုန်း စိတ်ဓါတ်လုံးဝမကျပါနဲ့။ကျွန်မ စိတ်ကို ခဏခဏပြန်အားတင်းရပါတယ်။ဝေဒနာခံစားရတော့ လူလည်းဂယောက်ဂယက်ဖြစ်ပါတယ်။

ကျွန်မကတော့ အတတ်နိုင်ဆုံးငြိမ်ငြိမ်လေးနေပြီး ဝင်လေ ထွက်လေမှတ်ပါတယ်။စိတ်တည်ငြိမ်အောင်နေပါတယ်။ကလေးတဖက်နဲ့ပန်းပေမဲ့ ယောကျာ်းက အကုန်လုပ်ပေးလို့သာ ကျွန်မနားနားနေနေ နေနိုင်ခဲ့တာပါ။

အစားအသောက်ကတော့ လုံးဝအပျက်မခံပါဘူး။စားချင်စိတ်ရှိတာမှန်သမျှ မှာစားပါတယ်။အဓိကက အစာကိုသေချာစားနိုင်ခဲ့လို့လဲ ခံနိုင်ရည်ရှိခဲ့တာပါ။ ဒါက ကျွန်မ covid ကိုဖြတ်ကျော်ခဲ့ရတဲ့ပုံစံပါ။ တချို့လည်း ဘာမှမဖြစ်ဘဲ မခံရဘဲကျော်လွှားနိုင်ကြပါတယ်။

တယောက်နဲ့ တယောက် ခံရတာချင်းမတူပေမဲ့ covidကို ရင်ဆိုင်ရတဲ့စိတ်အခြေအနေချင်းကတော့ သိပ်မကွာပါဘူး။ covid ခံစားနေရတဲ့သူများ အားလုံးလဲFighting ပါနော်။

အဓိကကတော့ စိတ်ကို အကောင်းဆုံးပြင်ဆင်ပြီး ကောင်းကောင်းစားဖို့ပါ။ ခံစားနေရသူအားလုံးလည်း ရောဂါကို အကောင်းဆုံး ကျော်လွှားနိုင်ကြပါစေနော်…။

Yu Mon Phwe

Zawgyi

ကြၽန္မတို႔ မိသားစု ကိုဗစ္ ၁၉ ကိုအႏိုင္ယူခဲ့တဲ့အေၾကာင္း ျပန္လည္မွ်ေဝပါတယ္

16ရက္ေန႔မွာ ကြၽန္မအမ်ိဳးသားစဖ်ားပါတယ္။အဲေန႔ညမွာပဲဝမ္းေလွ်ာပါတယ္

17ရက္ေန႔ အမ်ိဳးသားေဆးခန္းျပ ဓူဝံမွာ RDT သြားစစ္ေတာ့ positive ထြက္ပါတယ္။ ကြၽန္မအပါအဝင္ က်န္တဲ့ အိမ္သားအားလုံး (ကေလးႏွစ္ေယာက္နဲ႔ Nurse ႏွစ္ေယာက္မပါ) ခ်က္ခ်င္းစစ္တဲ့အခါ Negative ထြက္ပါတယ္။

အဲဒါနဲ႔ သားသားကေလးဆရာဝန္ကို ဖုန္းဆက္အက်ိဳးအေၾကာင္းေျပာၿပီးတိုင္ပင္ေတာ့ အေဖ positive အေမ negative ဆိုလည္း အေမကစိတ္မခ်ရေသးဘူး။ကေလးနဲ႔ ၃ရက္ခြဲေနရမယ္။ ၃ရက္ျပည့္လို႔ ျပန္စစ္ရင္ PCR Test ကို ျဖစ္ႏိုင္ရင္စစ္ပါ။သူကပိုၿပီးတိက်တယ္။ အဲက်မွ Negative ထြက္ရင္စိတ္ခ်ရၿပီ။

ကေလးကိုလည္း စစ္ကိုစစ္ေပးရမယ္တဲ့။ ကေလးငယ္ငယ္ေလးရဲ႕ ႏွာေခါင္းထဲႏႈိက္ၿပီးစစ္ရမယ္ဆိုေတာ့ ေတြးရင္း ရင္ေတြနာၿပီးသနားလိုက္တာ။ အဲေန႔က စၿပီး သူ႔အေဖကတခန္း ကြၽန္မက တခန္း ၊ သားသားက ဖိုးဖိုးဖြားဖြားနဲ႔ တခန္းခြဲအိပ္ရပါတယ္။ဖိုးဖိုးဖြားဖြားလည္း risk ယူၿပီးေတာ့ကိုသားသားေလးကိုေခၚထားရတာပါ။

ဆရာဝန္မႀကီးက အေမအေဖနဲ႔ လုံးဝခြဲအိပ္ရမယ္ဆိုလို႔ပါ။

18ရက္ေန႔ အိမ္သားအားလုံး PCR test ထပ္စစ္ပါတယ္။

19ရက္ေန႔ညက်မွ အေျဖသိရတာပါ။ ကြၽန္မနဲ႔ သားေလးက positive, ကြၽန္မအမ်ိဳးသားနဲ႔ က်န္တဲ့ အိမ္သားအားလုံး Negativeတဲ့။ ကြၽန္မအမ်ိဳးသားက covid signေတြျပၿပီး ဒုတိယတေခါက္စစ္ေတာ့Negative ဆိုေတာ့ နည္းနည္းေတာ့ ေခါင္းေျခာက္သြားတယ္။ဒါေပမဲ့ signေတြအကုန္ျပေတာ့ positive လို႔ပဲသတ္မွတ္ၿပီး ေနပါတယ္။

အဲေန႔ညမွာပဲ သားသားစဖ်ားပါတယ္။အဖ်ား 101.9 ရွိပါတယ္။ သားသားကို ဂ်ိဳင္းၾကားေပါင္ၿခံၾကား လည္ပင္း ဂုတ္ေတြကို ေရပတ္ဝတ္ကပ္ေပးပါတယ္။ Babygesic 1.5ml(ကေလးေပါင္ခ်ိန္နဲ႔ ေဆးပမာဏကို တိုက္ရတာပါ)ကို 6နာရီၾကား တခါတိုက္ပါတယ္။

ေဆးတိုက္ၿပီးခါစပဲ အဖ်ားက်ၿပီး ေဆးရွိန္ျပယ္ရင္ အဖ်ားျပန္တက္ပါတယ္။ ကေလးက အရမ္းလည္းညီးၿပီးငိုပါတယ္။ေတာ္ေတာ္သနားစရာေကာင္းတာပါ။

အဖ်ားျပန္ျပန္တက္ေတာ့ Babygesic 1.5 ml ကို 4နာရီၾကားတခါတိုက္ပါတယ္။ ေနာက္ရက္ City Hospital က ကေလးဆရာဝန္ႀကီးနဲ႔ Booking ႀကိဳယူၿပီး viber ကေနျပပါတယ္။ ဆရာမႀကီးက စိတ္ရွည္ၿပီး ေသခ်ာရွင္းျပ ေျပာျပၿပီး ေသာက္ရမဲ့ ေဆးေတြကိုေပးပါတယ္။

အိမ္အေရာက္ ေဆးပို႔ေပးပါတယ္။ ေန႔တိုင္း ေဆး႐ုံမေရာက္မခ်င္း ဆရာမႀကီးနဲ႔ viber ကေနျပပါတယ္။ သားသား ၃ရက္ေလာက္ေနေတာ့ အဖ်ားလုံးဝမရွိေတာ့ပါဘူး။

အရင္လို လန္းလန္းဆန္းဆန္း ျပန္ျဖစ္သြားပါၿပီ။ အဓိက ကေလးကို သူစားေနက်ပုံမွန္ေကြၽးေနၾကအတိုင္း အစာနဲ႔ ႏို႔ဝင္ေအာင္ေကြၽးပါတယ္။ အဲဒါ အရမ္းအေရးႀကီးပါတယ္။ ၿပီးေတာ့ အဖ်ားနဲ႔ SPO2 အၿမဲေစာင့္ၾကည့္တိုင္းေပးပါတယ္။ ကေလးေတြက ခံႏိုင္ပါတယ္။ ၃ရက္ေလာက္ဆို လုံးဝေကာင္းသြားပါၿပီ။

ကြၽန္မအသိကေလးေတာ္ေတာ္မ်ားမ်ားလည္း ၂ရက္ ၃ရက္ဆို ပုံမွန္ျပန္ျဖစ္ပါတယ္။ ကေလးျဖစ္ရင္ အရမ္းႀကီးစိတ္မပူၾကနဲ႔ေနာ္ေမေမတို႔။ စိတ္ေအးေအးထားၿပီး ကေလးအေျခအေနမျပတ္စာင့္ၾကည့္ၿပီး အစာဝင္ေအာင္ေကြၽးဖို႔သာ အဓိကပါေနာ္။

ခုကြၽန္မျဖတ္ေက်ာ္ခဲ့ရတဲ့ stateေလးေတြေျပာျပပါမယ္ေနာ္။

19ရက္ေန႔ ေန႔လည္ေလာက္ကတည္းက ေခါင္းေတြထိုးကိုက္ပါတယ္။ မဖ်ားေသးပါဘူး။အစားအေသာက္မပ်က္ေသးပါဘူး။

20ရက္ေန႔စဖ်ားပါၿပီ။ ကိုယ္လက္ေတြ လုံးဝမလႈပ္ခ်င္ေတာ့ေလာက္ေအာင္ joint ေနရာေတြက အရမ္းနာပါတယ္။နည္းနည္းစားႏိုင္ပါေသးတယ္။ ဒါမဲ့ ကေလးေဇာနဲ႔ဆိုေတာ့ ကိုယ့္ကိုကိုယ္ careမလုပ္ႏိုင္ဘူး။ သားကိုတခ်ိန္လုံးေစာင့္ၾကည့္ ေရဝတ္ကပ္ ညဆိုလည္း ႏို႔သူေတာင္းတိုင္းထတိုက္နဲ႔ မအိပ္ခဲ့ရပါဘူး။

21ရက္ေန႔ ဘာမွမစားႏိုင္ေတာ့ပါ။အသက္ရႉတိုင္းေမာဟိုက္ေနၿပီ။ အစာလုံးဝမစားဘဲ အန္ေတာ့ အျဖဴရည္ေတြႀကီးပဲအန္တာ ေတာ္ေတာ္ခံလိုက္ရတယ္။အစာတလုတ္ဝင္တိုင္း ပ်ိဳ႕တက္ၿပီး အန္တာ ဘယ္လိုမွလူကအားမရွိေတာ့။

အဲဒီမွာ ကိုယ့္ကို အားျပန္တင္း ငါအစာဝင္ေအာင္စားမွ ျဖစ္မယ္ ငါ့သားအတြက္ဆိုၿပီး စိတ္ျပန္တင္း နည္းနည္းခ်င္းစား မ်ိဳမက်ေတာ့ ေရနဲ႔ေမွ်ာခ်စားရပါတယ္။ နည္းနည္းခ်င္း မဆာလည္းစား ဆာလည္းစား ေရနဲ႔ေမွ်ာခ်စားပါတယ္။

22ရက္ေန႔ သားသားေတာ္ေတာ္ေလးေနေကာင္းလာလို႔ ကြၽန္မနည္းနည္းနားလို႔ရလာတယ္။ အဲေန႔မနက္ ခဏပဲ လည္ေခ်ာင္းနာလိုက္တယ္။ေန႔လည္က်ေတာ့ မနာေတာ့ဘူး။ အစာေတာ့ နည္းနည္းခ်င္းျပန္ဝင္ပါၿပီ။အစာဝင္တာနဲ႔ တကယ္သိသာတာပါ။

လူကနည္းနည္းျပန္ေနလို႔ေကာင္းလာတယ္။ အဲေန႔ ည7နာရီပဲ ေဆး႐ုံတက္ခြင့္ရလို႔ မိသားစု ၃ေယာက္ ကိုယ္အထုပ္ကိုယ္ဆြဲ (ကေလးတြက္လိုအပ္တဲ့ပစၥည္းေပါင္းေသာင္းေျခာက္ေထာင္ အထုပ္ႀကီး အထုပ္ငယ္အသြယ္သြယ္နဲ႔) PPE ေတြဝတ္ၿပီး ေဆး႐ုံသြားခဲ့ပါတယ္။

23ရက္ လူကေနမေကာင္းေသးပါ။ႏုံးေနတုန္းပဲ။အဖ်ားကေတာ့ ညည့္ဦးပိုင္းနဲ႔ မနက္ေစာေစာပိုင္းဆို ေစာင္ေတြအထပ္ထပ္ၿခဳံရေလာက္ေအာင္ ခ်မ္းတုန္ၿပီး တက္တယ္။ေဆးလာခ်ိတ္ေပးမွ အဖ်ားျပန္က်တယ္။ေန႔တိုင္းေဆး႐ုံဆင္းခါနီးထိ တေန႔ Para 3လုံးခ်ိတ္ရတယ္။

24,25 အဖ်ားမက်ဘူး။ပုံမွန္တက္ေနက်အခ်ိန္တိုင္း အဖ်ားတက္တယ္။လူကေညာင္းတာ ကိုက္တာေတြမရွိေတာ့ဘူး။အဲ့၂ရက္မွာ အနံ႔လုံးဝေပ်ာက္သြားတာ မဟုတ္ဘဲ ဘယ္ဟာကိုရႉၾကည့္ၾကည့္ စိမ္း႐ႊင္႐ႊင္ ခပ္ျပင္းျပင္းအနံ႔ တမ်ိဳးတည္းကို ရေတာ့တာပဲ။ ဘာစားစား အရမ္းငန္ေနတာ။အဲ၂ရက္ၿပီး အနံ႔ပုံမွန္ျပန္ရၿပီ။ စားတဲ့အခါလည္းမငန္ေတာ့ဘူး။

26ရက္ေန႔ ေနလို႔ျပန္ေကာင္းလာၿပီ။အဖ်ားမရွိေတာ့ဘူး။အဲေန႔သားသားကို ေရခ်ိဳးေပးၿပီး ကိုယ္လည္းေရခ်ိဳးလိုက္တယ္။အဲမွာ ဇာတ္လမ္းျပန္စတာပဲ။ ျပန္ဖ်ားၿပီးေခ်ာင္းေတြတရစပ္ဆိုးတာဆိုတာ လႈပ္လို႔ေတာင့္မရဘူး။

လႈပ္တာ စကားေျပာတာနဲ႔ ေတာက္ေလွ်ာက္ေခ်ာင္းဆိုးေတာ့တာ။အသက္ကို လုၿပီးရႉရတယ္။အသက္ရႉလိုက္တိုင္းခႏၶာကိုယ္ႀကီးက လႈပ္လႈပ္ရႉေနရတယ္။အဲေန႔ကေတာ္ေတာ္ခံလိုက္ရတာ။

27ရက္ေန႔ မနက္ပိုင္း သားသားကို ထမင္းေကြၽးေနတုန္းေခြၽးစီးေတြက် ေမာၿပီးအသက္ရႉၾကပ္လာလို႔ ကုတင္ေပၚအျမန္ေျပး SPO2တိုင္းၾကည့္ေတာ့ 92 ေရာက္သြားၿပီ။အဲဒါနဲ႔ ေယာက်ာ္းက MOဆီဖုန္းဆက္ အေၾကာင္းၾကား ေအာက္ဆီဂ်င္ရႉရတယ္။ရင္ဘတ္ႀကီးတခုလုံးတင္းၾကပ္ၿပီးေမာဟိုက္ေနတာ။

ခဏနားနားေနေန ေနလိုက္ေတာ့ ေအာက္ဆီဂ်င္ 94,95,96ျပန္တက္လာတယ္။အဲေန႔တရက္လုံး ေအာက္ဆီဂ်င္ရႉရတယ္။ေခ်ာင္းကလည္းတရစပ္ဆိုးတုန္း။

28ရက္ေန႔မနက္ ေအာက္ဆီဂ်င္ 95% , ေအာက္ဆီဂ်င္ပိုက္ျဖဳတ္ၿပီးအိမ္သာခဏသြားထိုင္လိုက္တာ။ အိမ္သာထဲမွာ မ်က္လုံးေတြျပာ မူးၿပီးအသက္ရႉၾကပ္လာလို႔ ကေလးထမင္းေကြၽးေနတဲ့ ေယာက်ာ္းကိုလွမ္းေခၚၿပီးမနည္းသတိထားၿပီး ခုတင္ေပၚလွဲ ေအာက္ဆီဂ်င္ျပန္ရႉရတယ္။

SPO2 တိုင္းၾကည့္ေတာ့ 90ထိက်သြားတယ္။ အဲအခ်ိန္ ကိုယ့္ကိုကိုယ္ သြားၿပီလို႔ကိုထင္တာ။တသက္မွာ တခါမွ အဲေလာက္အသက္ရႉမၾကပ္ဖူးဘူး။ရင္ဘတ္ႀကီးဆြဲဆုတ္ထားသလိုပဲ။အဲ၂ရက္က ေတာ္ေတာ္ေလးတရားသေဘာေပါက္ၿပီး သံေဝဂေတာ္ေတာ္ရခဲ့တ

။ေလာဘ ေဒါသ ေမာဟေတြကိုကြက္ကြက္ကြင္းကြင္းကို ျမင္ခဲ့ရတာ။ ေခ်ာင္းေတြကလည္း ေသမတတ္ဆိုးခဲ့ရတာ။ေတာ္ေတာ္ေလးခံရၿပီး လွန႔္ခဲ့ရတဲ့ ၂ရက္ပါ။

29ရက္ေန႔ SPO2 96,97 ျပန္ျဖစ္သြားၿပီ။ညေနေလာက္ကစၿပီး ေအာက္ဆီဂ်င္ရႉစရာမလိုေတာ့ဘူး။လူလည္း အဖ်ားလုံးဝမရွိေတာ့ဘူး။ေနလို႔လည္းေကာင္းလာၿပီ။ ေခ်ာင္းကေတာ့ ဆိုးၿမဲ။အရင္၂ရက္ေလာက္ေတာ့ အရမ္းမဆိုးေတာ့ဘူး။

30ရက္ , 1 ရက္ေန႔ေတြကေတာ့ လုံးဝကိုေနလို႔ျပန္ေကာင္းပါၿပီ။ ေခ်ာင္းဆိုးလည္းသက္သာစျပဳလာပါၿပီ။အဲေန႔ညေန ဆရာမႀကီး Round လွည့္ေတာ့ နက္ျဖန္ေဆး႐ုံကဆင္းလို႔ရပါၿပီလို႔ေျပာပါတယ္။

2ရက္ေန႔ မနက္ပိုင္း ကြၽန္မတို႔ မိသားစု၃ေယာက္ေဆး႐ုံကေနအိမ္ျပန္လာခဲ့ပါတယ္။ ကြၽန္မတို႔ မိသားစု ၃ေယာက္ အရင္အတိုင္းျပန္လည္ေနေကာင္းက်န္းမာလာပါၿပီရွင့္။ ကြၽန္မကေတာ့ အေမာသိပ္မခံႏိုင္ေသးေပမဲ့ အရင္လိုလူေကာင္းတေယာက္လို ျပန္ျဖစ္ပါၿပီ။

ေနာက္ထပ္ 10ရက္လုံး ကြၽန္မတို႔မိသားစု၃ေယာက္အိမ္မွာ သီးသန႔္ေနရမွာပါ။၁၀ရက္ျပည့္သြားရင္ေတာ့ ကြၽန္မတို႔ ပုံမွန္ျပန္ေနလို႔ရပါၿပီ။သူမ်ားဆီလည္း ပိုမကူးေတာ့ေပမယ့္ ကြၽန္မတို႔ အရင္ထက္ဆင္ဆင္ျခင္ျခင္ေနသြားမွာပါ။

အဓိကကေတာ့ ကြၽန္မတို႔ covidနဲ႔ အျပန္အလွန္တိုက္ထုတ္ေနတုန္း စိတ္ဓါတ္လုံးဝမက်ပါနဲ႔။ကြၽန္မ စိတ္ကို ခဏခဏျပန္အားတင္းရပါတယ္။ေဝဒနာခံစားရေတာ့ လူလည္းဂေယာက္ဂယက္ျဖစ္ပါတယ္။

ကြၽန္မကေတာ့ အတတ္ႏိုင္ဆုံးၿငိမ္ၿငိမ္ေလးေနၿပီး ဝင္ေလ ထြက္ေလမွတ္ပါတယ္။စိတ္တည္ၿငိမ္ေအာင္ေနပါတယ္။ကေလးတဖက္နဲ႔ပန္းေပမဲ့ ေယာက်ာ္းက အကုန္လုပ္ေပးလို႔သာ ကြၽန္မနားနားေနေန ေနႏိုင္ခဲ့တာပါ။

အစားအေသာက္ကေတာ့ လုံးဝအပ်က္မခံပါဘူး။စားခ်င္စိတ္ရွိတာမွန္သမွ် မွာစားပါတယ္။အဓိကက အစာကိုေသခ်ာစားႏိုင္ခဲ့လို႔လဲ ခံႏိုင္ရည္ရွိခဲ့တာပါ။ ဒါက ကြၽန္မ covid ကိုျဖတ္ေက်ာ္ခဲ့ရတဲ့ပုံစံပါ။ တခ်ိဳ႕လည္း ဘာမွမျဖစ္ဘဲ မခံရဘဲေက်ာ္လႊားႏိုင္ၾကပါတယ္။

တေယာက္နဲ႔ တေယာက္ ခံရတာခ်င္းမတူေပမဲ့ covidကို ရင္ဆိုင္ရတဲ့စိတ္အေျခအေနခ်င္းကေတာ့ သိပ္မကြာပါဘူး။ covid ခံစားေနရတဲ့သူမ်ား အားလုံးလဲFighting ပါေနာ္။

အဓိကကေတာ့ စိတ္ကို အေကာင္းဆုံးျပင္ဆင္ၿပီး ေကာင္းေကာင္းစားဖို႔ပါ။ ခံစားေနရသူအားလုံးလည္း ေရာဂါကို အေကာင္းဆုံး ေက်ာ္လႊားႏိုင္ၾကပါေစေနာ္…။

Yu Mon Phwe