အခ်စ္ေရးမွာ အသက္အရြယ္ကြာဟမႈက တကယ္အေရးပါသလား

အခ်စ္ေရးမွာ အသက္အရြယ္ကြာဟမႈက တကယ္အေရးပါသလား

အသက္က နံပါတ္သာျဖစ္ၿပီး အခ်စ္က ထာဝရျဖစ္ပါတယ္။

အေရာင္၊ ဘာသာစကား၊ နယ္ေျမ၊ ကိုးကြယ္တဲ့ဘာသာဘယ္ေလာက္ဘဲကြဲျပားျခားနားေနပါေစ

 

တစ္ေယာက္နဲ႔တစ္ေယာက္ ခ်စ္ေနသေရြ႕ အတူတူေနထိုင္နိုင္ပါတယ္။ ဒါေပမယ့္ အသက္အရြယ္ ကြာျခားလြန္းရင္ေကာ?

အသက္အရြယ္သိသိသာသာကြာဟေနသူႏွစ္ေယာက္ အျမဲတမ္းအတူေနလို႔ျဖစ္နိုင္ပါ့မလား?

သူတို႔ရဲ့အခ်စ္ေရးကေရာ အခ်ိန္ကာလရဲ့စမ္းသပ္မႈကို ခံနိုင္ပါ့မလား?

ဒီေဆာင္းပါးေလးမွာေတာ့ အခ်စ္ေရးမွာ အသက္အရြယ္ကြာဟမႈက တကယ္အေရးပါသလားဆိုတာကို မၽွေဝေပးခ်င္ပါတယ္။

အသက္အရြယ္က အခ်စ္ေရးမွာ တကယ္အေရးပါသလား?

ေယဘုယ်အားျဖင့္ေတာ့ ဒါကသိပ္အေရးမပါပါဘူး။ အခ်စ္ေရးက လူႏွစ္ေယာက္ၾကား ဆက္သြယ္မႈနဲ႔ နားလည္မႈေပၚမွာ မူတည္ပါတယ္။

စုံတြဲတစ္တြဲမွာ တစ္ေယာက္ကတစ္ေယာက္ကို ဂ႐ုစိုက္ေပး၊ ေလးစားေပး၊ ခ်စ္ေပးေနသမၽွ ကာလပါတ္လုံး ခိုင္မာတဲ့အခ်စ္ေရးရွိနိုင္ပါတယ္။

 

ကိုယ့္ထက္ ႏွစ္အနည္းငယ္ ပိုႀကီးတဲ့ အိမ္ေထာက္ဘက္တစ္ေယာက္ရွိျခင္းကို ပုံမွန္လို႔ သတ္မွတ္လို႔ရပါတယ္။

သို႔ေသာ္ အသက္ကြာျခားမႈက မ်ားလြန္းရင္ ပုံမွန္မဟုတ္ဘူးလို ထင္ရနိုင္ပါတယ္။

စုံတြဲအမ်ားစုဟာ အသက္ ၃ႏွစ္မွ ၅ႏွစ္ေလာက္ ကြာဟတာကို ပိုႏွစ္သက္ၾကပါတယ္။

သို႔ေသာ္ အသက္ ၁၅ႏွစ္မွ အႏွစ္၂၀ ကြာဟျခင္း(သို႔) အမ်ိဳးသမီးပါတနာက အမ်ိဳးသားထက္ အသက္ႀကီးေနတာမ်ိဳးလည္း ေတြ႕ရနိုင္ပါတယ္။

ေလ့လာမႈတစ္ခုအရ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးႏွစ္ေယာက္လုံးဟာ သုံးႏွစ္ခန္႔ကြာဟတာကို ႏွစ္သက္တတ္ၾကၿပီး အမ်ိဳးသားက အမ်ိဳးသမီးထက္ အသက္ႀကီးတာကို ပိုႏွစ္သက္ၾကပါတယ္။

ထိုအျပင္ အမ်ိဳးသမီးေတြရဲ့ အျမင့္ဆုံးလက္ခံနိုင္ဖြယ္ အသက္ကြာဟမႈက သူတို႔အသက္ထက္ ၁၀ႏွစ္ျဖစ္တဲ့အခါမွာ

အသက္အရြယ္ႀကီးရင့္တဲ့ အမ်ိဳးသားေတြကေတာ့ သူတို႔ထက္ ပိုငယ္တဲ့ အမ်ိဳးသမီးေတြနဲ႔သာ အခ်စ္ေရးကို စဥ္းစားဖို႔ ဆႏၵရွိေၾကာင္း ေဖာ္ျပထားပါတယ္။

အျခားေလ့လာမႈတစ္ခုက အသက္ကြာဟမႈက အခ်စ္ေရးရဲ့ က်႐ူံးမႈ၊ ေအာင္ျမင္မႈအတြက္ အဆုံးအျဖတ္ေပးတဲ့ အခ်က္မဟုတ္ေၾကာင္း ေဖာ္ျပထားပါတယ္။

အမ်ားစုက သူတို႔ရဲ့ လက္တြဲေဖာ္ေတြကို သူတို႔ထက္ ႏွစ္ႏွစ္ပိုႀကီးသည္ျဖစ္ေစ၊ ငယ္သည္ျဖစ္ေစ ႀကိဳက္ၾကပါတယ္။

အမ်ိဳးသားေတြက သူတို႔ထက္ငယ္ရြယ္တဲ့ အမ်ိဳးသမီးေတြကို ဒိတ္ဖို႔၊ လက္ထက္ဖို႔ ပိုႏွစ္သက္ၾကစဥ္မွာ

အမ်ိဳးသမီးေတြကေတာ့ သူတို႔ထက္ ငယ္ရြယ္တဲ့ အမ်ိဳးသား (သို႔) အသက္ႀကီးတဲ့ အမ်ိဳးသားကို လက္ခံနိုင္ဖြယ္ရွိပါတယ္။

 

အသက္ကြာဟမႈကို လႊမ္းမိုးေစတဲ့ အခ်က္မ်ား

ယဥ္ေက်းမႈ႐ူေထာင့္- ယဥ္ေက်းမႈ႐ူေထာင့္မွာ လိုက္နာက်င့္သုံးတဲ့ အက်င့္ေတြဟာ တစ္ဦးခ်င္းအေပၚ လႊမ္းမိုးမႈရွိနိုင္ပါတယ္။

ဥေရာပႏွင့္ အာရွနိုင္ငံေတြမွာ အမ်ိဳးသားပါတနာ အသက္ႀကီးတာကို ႏွစ္သက္ၾကၿပီး အသက္ကြာဟမႈက အမ်ားအားျဖင့္ ၂ႏွစ္မွ ၃ႏွစ္ဝန္းက်င္ျဖစ္ပါတယ္။

တခ်ိဳ႕ယဥ္ေက်းမႈေတြမွာ အသက္ ၁၅ႏွစ္အထိ အသက္ကြာဟခ်က္ကို လက္ခံနိုင္ပါတယ္။

မိသားစုစီမံကိန္း- တကယ္လို႔ လူတစ္ေယာက္ဟာ လက္ထက္ၿပီး ကေလးေနာက္မွေမြးမယ္၊ ႏွစ္အနည္းငယ္ၾကာမွသာ မိသားစုဘဝကို စတင္ခ်င္တယ္ဆိုရင္

ထိုကဲ့သို႔ေသာ ကိစၥမ်ိဳးမွာ အမ်ိဳးသမီးက အမ်ိဳးသားထက္ငယ္တာကို လိုခ်င္ပါလိမ့္မယ္။

အသက္အရြယ္ဘယ္ေလာက္ဘဲကြာသည္ျဖစ္ပါေစ၊ relationship တစ္ခုမွာ ခ်စ္ျခင္း၊ ယုံၾကည္ျခင္း၊ ေစာင့္ေရွာက္ျခင္းႏွင့္ ၾကင္နာျခင္းရွိမယ္ဆိုရင္ေရရွည္လက္တြဲနိုင္မွာ ျဖစ္ပါတယ္။

တကယ္လို႔ ဒီအေျခခံအခ်က္ေတြဟာ နဂိုအတိုင္းရွိေနတယ္ဆိုပါက အသက္အရြယ္ကြာဟမႈကို ပိုေကာင္းေအာင္ ျပဳလုပ္နိုင္မွာျဖစ္ပါတယ္။

Crd.

 

Unicode

အချစ်ရေးမှာ အသက်အရွယ်ကွာဟမှုက တကယ်အရေးပါသလား

အသက်က နံပါတ်သာဖြစ်ပြီး အချစ်က ထာဝရဖြစ်ပါတယ်။

အရောင်၊ ဘာသာစကား၊ နယ်မြေ၊ ကိုးကွယ်တဲ့ဘာသာဘယ်လောက်ဘဲကွဲပြားခြားနားနေပါစေ

တစ်ယောက်နဲ့တစ်ယောက် ချစ်နေသရွေ့ အတူတူနေထိုင်နိုင်ပါတယ်။ ဒါပေမယ့် အသက်အရွယ် ကွာခြားလွန်းရင်ကော?

အသက်အရွယ်သိသိသာသာကွာဟနေသူနှစ်ယောက် အမြဲတမ်းအတူနေလို့ဖြစ်နိုင်ပါ့မလား?

သူတို့ရဲ့အချစ်ရေးကရော အချိန်ကာလရဲ့စမ်းသပ်မှုကို ခံနိုင်ပါ့မလား?

ဒီဆောင်းပါးလေးမှာတော့ အချစ်ရေးမှာ အသက်အရွယ်ကွာဟမှုက တကယ်အရေးပါသလားဆိုတာကို မျှဝေပေးချင်ပါတယ်။

အသက်အရွယ်က အချစ်ရေးမှာ တကယ်အရေးပါသလား?

ယေဘုယျအားဖြင့်တော့ ဒါကသိပ်အရေးမပါပါဘူး။ အချစ်ရေးက လူနှစ်ယောက်ကြား ဆက်သွယ်မှုနဲ့ နားလည်မှုပေါ်မှာ မူတည်ပါတယ်။

စုံတွဲတစ်တွဲမှာ တစ်ယောက်ကတစ်ယောက်ကို ဂရုစိုက်ပေး၊ လေးစားပေး၊ ချစ်ပေးနေသမျှ ကာလပါတ်လုံး ခိုင်မာတဲ့အချစ်ရေးရှိနိုင်ပါတယ်။

ကိုယ့်ထက် နှစ်အနည်းငယ် ပိုကြီးတဲ့ အိမ်ထောက်ဘက်တစ်ယောက်ရှိခြင်းကို ပုံမှန်လို့ သတ်မှတ်လို့ရပါတယ်။

သို့သော် အသက်ကွာခြားမှုက များလွန်းရင် ပုံမှန်မဟုတ်ဘူးလို ထင်ရနိုင်ပါတယ်။

စုံတွဲအများစုဟာ အသက် ၃နှစ်မှ ၅နှစ်လောက် ကွာဟတာကို ပိုနှစ်သက်ကြပါတယ်။

သို့သော် အသက် ၁၅နှစ်မှ အနှစ်၂၀ ကွာဟခြင်း(သို့) အမျိုးသမီးပါတနာက အမျိုးသားထက် အသက်ကြီးနေတာမျိုးလည်း တွေ့ရနိုင်ပါတယ်။

လေ့လာမှုတစ်ခုအရ အမျိုးသားနဲ့ အမျိုးသမီးနှစ်ယောက်လုံးဟာ သုံးနှစ်ခန့်ကွာဟတာကို နှစ်သက်တတ်ကြပြီး အမျိုးသားက အမျိုးသမီးထက် အသက်ကြီးတာကို ပိုနှစ်သက်ကြပါတယ်။

ထိုအပြင် အမျိုးသမီးတွေရဲ့ အမြင့်ဆုံးလက်ခံနိုင်ဖွယ် အသက်ကွာဟမှုက သူတို့အသက်ထက် ၁၀နှစ်ဖြစ်တဲ့အခါမှာ

အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသားတွေကတော့ သူတို့ထက် ပိုငယ်တဲ့ အမျိုးသမီးတွေနဲ့သာ အချစ်ရေးကို စဉ်းစားဖို့ ဆန္ဒရှိကြောင်း ဖော်ပြထားပါတယ်။

အခြားလေ့လာမှုတစ်ခုက အသက်ကွာဟမှုက အချစ်ရေးရဲ့ ကျရူံးမှု၊ အောင်မြင်မှုအတွက် အဆုံးအဖြတ်ပေးတဲ့ အချက်မဟုတ်ကြောင်း ဖော်ပြထားပါတယ်။

အများစုက သူတို့ရဲ့ လက်တွဲဖော်တွေကို သူတို့ထက် နှစ်နှစ်ပိုကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ကြိုက်ကြပါတယ်။

အမျိုးသားတွေက သူတို့ထက်ငယ်ရွယ်တဲ့ အမျိုးသမီးတွေကို ဒိတ်ဖို့၊ လက်ထက်ဖို့ ပိုနှစ်သက်ကြစဉ်မှာ

အမျိုးသမီးတွေကတော့ သူတို့ထက် ငယ်ရွယ်တဲ့ အမျိုးသား (သို့) အသက်ကြီးတဲ့ အမျိုးသားကို လက်ခံနိုင်ဖွယ်ရှိပါတယ်။

အသက်ကွာဟမှုကို လွှမ်းမိုးစေတဲ့ အချက်များ

ယဉ်ကျေးမှုရူထောင့်- ယဉ်ကျေးမှုရူထောင့်မှာ လိုက်နာကျင့်သုံးတဲ့ အကျင့်တွေဟာ တစ်ဦးချင်းအပေါ် လွှမ်းမိုးမှုရှိနိုင်ပါတယ်။

ဥရောပနှင့် အာရှနိုင်ငံတွေမှာ အမျိုးသားပါတနာ အသက်ကြီးတာကို နှစ်သက်ကြပြီး အသက်ကွာဟမှုက အများအားဖြင့် ၂နှစ်မှ ၃နှစ်ဝန်းကျင်ဖြစ်ပါတယ်။

တချို့ယဉ်ကျေးမှုတွေမှာ အသက် ၁၅နှစ်အထိ အသက်ကွာဟချက်ကို လက်ခံနိုင်ပါတယ်။

မိသားစုစီမံကိန်း- တကယ်လို့ လူတစ်ယောက်ဟာ လက်ထက်ပြီး ကလေးနောက်မှမွေးမယ်၊ နှစ်အနည်းငယ်ကြာမှသာ မိသားစုဘဝကို စတင်ချင်တယ်ဆိုရင်

ထိုကဲ့သို့သော ကိစ္စမျိုးမှာ အမျိုးသမီးက အမျိုးသားထက်ငယ်တာကို လိုချင်ပါလိမ့်မယ်။

အသက်အရွယ်ဘယ်လောက်ဘဲကွာသည်ဖြစ်ပါစေ၊ relationship တစ်ခုမှာ ချစ်ခြင်း၊ ယုံကြည်ခြင်း၊ စောင့်ရှောက်ခြင်းနှင့် ကြင်နာခြင်းရှိမယ်ဆိုရင်ရေရှည်လက်တွဲနိုင်မှာ ဖြစ်ပါတယ်။

တကယ်လို့ ဒီအခြေခံအချက်တွေဟာ နဂိုအတိုင်းရှိနေတယ်ဆိုပါက အသက်အရွယ်ကွာဟမှုကို ပိုကောင်းအောင် ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Crd.