မိသားစုထမင်းဝိုင်းလိုတော့ မဖွယ်ရာပေမယ့် ရှိတာလေးနဲ့သာ ရောင့်ရဲတင်းတိမ်ပြီး တစ်နေ့တာဘယ်လိုဖြတ်သန်းနေရလဲဆိုတာကို ပြသလာတဲ့ PDFတစ်ဦး

ကိုယ်ကျိုးစွန့်အနစ်နာခံပြီး ပြည်သူတွေကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ PDF လူငယ်လေးတွေကတော့ဘယ်လို အခက်အခဲ၊အတားအဆီးမျိုးကိုမဆို ကြံ့ကြံ့ခံရင်ဆိုင်နေတာပဲဖြစ်ပါတယ်။

ပြည်သူတွေအားလုံး ဒီမိုကရေစီရရှိဖို့အတွက် တောတောင်ထဲမှာနေထိုင်ပြီး ကြမ်းတမ်းတဲ့ခရီးကို လျှောက်လှမ်းနေကြတာဖြစ်ပါတယ်။

PDF လူငယ်လေးတွေအတွက် ပြည်သူလူထုကလည်း စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ မရှိတဲ့ကြားက လှူဒါန်းပေးနေကြတာဖြစ်ပါတယ်။

PDF လူငယ်လေးတွေကတော့ တောထဲမှာ အနေအထိုင်အဆင်မပြေရတဲ့အပြင် အစားအသောက်ကလည်း ရှိတာကိုသာ ချက်ပြုတ်စားသောက်ရတာဖြစ်ပါတယ်။ဒါ့အပြင် တောထဲဖြစ်လို့ အင်းစက်၊ပိုးမွှားတွေပေါများတာကြောင့်တချို့လူငယ်တွေရဲ့ ခန္ဓာကိုယ်မှာလည်း အနာတွေဖြစ်လို့နေပါတယ်။

PDF လူငယ်လေးတွေရဲ့ အရာရာကို စွန့်လွှတ်ရဲပြီး အများအကျိုးကို ရှေ့ရှုပေးတတ်တဲ့ စိတ်ဓာတ်တွေက အရမ်းလေးစားဖို့ကောင်းပါတယ်။အခုဆိုရင်တော့PDF လူငယ်လေးတစ်ဦးက စားနပ်ရိက္ခာ၊ဆေးဝါး၊မိုးကာ၊စောင် စတဲ့ ပစ္စည်းလေးတွေကို အလှူခံထားတာဖြစ်ပါတယ်။

သူတို့ PDF လူငယ်လေးတွေ တောတောင်ထဲမှာ တစ်နေ့တာဘယ်လိုဖြတ်သန်းရလဲဆိုတာကို ပုံလေးတွေနဲ့ ပြသလာတာဖြစ်ပါတယ်။အစားအသောက်ကလည်း ဆန်ပြုတ်တလှည့်၊ထမင်းတလှည့် စားရပြီး ဟင်းကတော့ ရှိတာလေးနဲ့သာ ဝမ်းဖြည့်ရတာဖြစ်ပါတယ်။

တစ်လတစ်ခါတော့ အသားဟင်းချက်ကျွေးတယ်လို့လည်း သိရပါတယ်။အိမ်မှာလိုတော့ ကောင်းကောင်းမွန်မွန် မစားမသောက်ရပေမယ့် ရှိတာလေးနဲ့သာ ရောင့်ရဲတင်းတိမ်ပြီး ရှေ့ဆက်နေရတဲ့PDF လူငယ်လေးတွေရဲ့ပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit: Original Uploder







