Unicode
တနင်္လာသားသမီးများအတွက် တစ်ပတ်စာဟောစာတမ်း(၁၄.၇.၂၀၂၀ မှ ၂၀.၇.၂၀၂၀ ထိ)
တနင်္လာသား/သမီးများအတွက်
ဒီရက်ပိုင်းအတွင်းထွက်နေတာတွေဆုံးရှုံးနေတာတွေ ပြန်လည်ရရှိပါလိမ့်မယ် …။
အလုပ်ဟောင်းနေရာဟောင်းပြဿနာဟောင်းတွေနဲ့ ပြန်ပြီး ပတ်သက်ရတတ်ပါတယ် …။
ရောဂါဟောင်းတွေလည်း ပေါ်လာတတ်ပါတယ် …။
ဒီအချိန်မှာ မနာလိုသူတွေလည်း ပေါများနေတတ်တယ် …။
အပြိုင်အဆိုင်တွေဖြစ်ပြီးမှ အောင်မြင်မှုတွေလည်း ရရှိတတ်ပါတယ် …။
ရွှေနှင့်ရတနာပစ္စည်းတွေလည်း ဝင်လာမယ် …။
အလှကုန်ကျောက်၊ ကားလုပ်ငန်းတွေ အထူးအကျိုးပေးပါလိမ့်မယ် …။
ပြည်တွင်း၊ပြည်ပခရီးတွေကတော့ မရေရာဘူး ဖြစ်နေတတ်ပါတယ် …။
ရှယ်ယာအလုပ်၊စာချုပ်ရမည့်အလုပ်တွေကိုတော့သတိထား ပြီး လုပ်ပါပြဿနာ ပေါ်တတ်ပါတယ် …။
အိမ်ထောင်ရှင်များအိမ်ထောင်နှင့် ခတ္တခဏခွဲ ခွာ ရတတ်ပါတယ်။ ကောင်းသော ခွဲ ခွာ ခြင်းဖြစ်ပါတယ် …။
ငယ်ရွယ်သူများအချစ်ရေးမင်္ဂလာ ကိစ္စအထိတောင် အောင်မြင်ပါလိမ့်မယ် …။
သင့်ကျန်းမာရေးကတော့ အစာအိမ်ရောဂါ ဖြစ်တတ်ပါတယ် …။
သင့်အတွက်ကံ ကောင်း စေသောအရောင်မှာဆင်စွယ်ရောင်ဖြစ်ပါတယ် …။
သင်ထီထိုးမယ်ဆိုရင် ကံကောင်းစေမည့်ဂဏန်း(၂၇)အတွဲဟာ သင့်အတွက် ကံကောင်းစေပါလိမ့်မယ် …။
ကံကောင်းစေရန်ယတြာ-မိမိအိမ်ဘုရားတွင်ငွေထီး(၉)လက်လှဒါန်းပြီး မိမိလိုရာဆုတောင်းပါ …။
သင်၏အခက်အခဲများအားလုံးတို့သည်ပြီးစီးအောင်မြင်ပါလိမ့်မည်ဟု ကျွန်ုပ်မှယုံကြည်ပါသည် …။
*သင်၏အခက်အခဲများကို 1875 Baydin Messenger တွင်မေးမြန်းနိုင်ပါတယ် …။ ။
#အချစ်ရေး #အိမ်ထောင်ရေး #စီးပွားရေး #1875Baydin #ဗေဒင်