ရွှံ့နွံတွေထဲမှာ ရိက္ခာတင်ကားကြီးနစ်နေတာကြောင့် တစ်ဖွဲ့လုံးအားမာန်အပြည့်နဲ့ဆွဲထုတ်နေကြရတဲ့ ပရဟိတဆရာဝန်မလေးတို့ရဲ့ဗီဒီယိုဖိုင်…..







မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေဟာဆိုရင် တစ်နေ့တခြားတင်းမာလျက်ရှိပြီး ဆန္ဒပြပွဲတွေအပြင် ပေါက်ကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေပါနေ့စဉ်ရက်ဆက်ဖြစ်ပေါ်နေတာဖြစ်ပါတယ်လက်ရှိအချိန်ထိ ပြည်သူ ၈၀၀ကျော်သေဆုံးခဲ့ပြီး ပြည်သူထောင်နဲ့ချီဖမ်းဆီးခံခဲ့ရပြီးနောက်မှာတော့ ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဖွဲ့စည်းလာကြပြီး တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့အတူပူးပေါင်းကာ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်နေကြတာဖြစ်ပါတယ်

ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာစစ်ပွဲတွေ ရက်ဆက်ဖြစ်ပေါ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေလည်း တစ်ဆထက်တစ်ဆများပြားလာတာတွေ့ရပါတယ်။ စစ်ဘေးသင့်ပြည်သူတွေအနေနဲ့ စစ်ရှောင်ဒေသတွေမှာ အစားအသောက်ချို့တဲ့မှု

ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများ ကျန်းမာရေးချို့တဲ့မှုတွေနဲ့ကြုံတွေ့နေကြရတယ်လို့သိရပါတယ်

စစ်ဘေးသင့်ဒေသတွေမှာရိက္ခာပြတ်လပ်မှုတွေကြုံတွေ့ကြရတဲ့အတွက် ပရဟိတလူငယ်လေးတွေဟာ ရိက္ခာတွေကိုအခက်အခဲတွေကြားထဲကနေ စစ်ဘေးရှောင်စခန်းတွေထိရောက်အောင် ခက်ခက်ခဲခဲပို့ဆောင်နေကြရတာလဲ တွေ့ရပါတယ်

စစ်ဘေးသင့်ဒေသတွေထိ ကိုယ့်ကျိုးကိုမငဲ့ပဲ သွားရောက်ကူညီနေကြတဲ့ ပရဟိတဆရာဝန်လေးတွေလည်းရှိသလို လူငယ်လေးတွေလည်းများစွာရှိတာကိုတွေ့ရပါတယ် အခုအခါမှာလည်း ပရဟိတဆရာဝန်မလေးတစ်ဦးနဲ့ လူငယ်လေးတွေက ရိက္ခာပို့ဖို့သွားရင်း ရိက္ခာကားကြီး နွံထဲနစ်နေတာကြော

ကြိုးတွေနဲ့ဆွဲကာ ရွှံ့တွေထဲကနေ ခက်ခက်ခဲခဲထုတ်ယူနေကြရတာကိုတွေ့ရပါတယ် ဒီပုံရိပ်တွေကဆိုရင်လည်းလူမှုကွန်ယက်စာမျက်နှာထက်မှာချက်ချင်းပျံ့နှံ့လာပြီး ‌ကောင်းမွန်တဲ့မှတ်ချက်တွေများစွာရနေတာလည်းဖြစ်ပါတယ် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ် credit A Nyein, MM load