မြန်မာနိုင်ငံအတွက် နေပူကြီးထဲမှာ တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ရဲ့စကားလေးကြောင့် မျက်ရည်ကျခဲ့ရတဲ့ ပြည်သူတစ်ဦး

အမှန်တရားဘက်ကနေ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြတဲ့ နိုင်ငံတွေထဲ ကိုရီးယားနိုင်ငံနဲ့ဂျပန်နိုင်ငံတွေလည်း ထိပ်ဆုံးကပါဝင်ကြပါတယ်။

ကိုရီးယားရောက်မြန်မာပြည်သူတွေကလည်း အာဏာရှင်ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးကို မကြာခဏဆင်နွှဲနေကြပါတယ်။

ကိုရီးယားသတင်းဌာနတွေကလည်း မြန်မာနိုင်ငံအ​ကြောင်းစိတ်ဝင်တစားရှိကြပြီး အာဏာရှင်တွေရဲ့ မတရားလုပ်ရပ်တွေ၊ဖမ်းဆီးပြီးညှင်းပန်းနှိပ်စက်တဲ့ သတင်းအမှန်တွေကို မကြာခဏဖော်ပြပေးလေ့ရှိပါတယ်။

ယခုမှာတော့ ကိုရီးယားလူမျိုးတစ်ယောက်ဟာ မြန်မာနိုင်ငံအရေးအတွက် နေပူကြီးထဲမှာ တစ်ကိုယ်တော်ဆန္ဒပြနေခဲ့ပါတယ်။

ပြည်သူတွေကတော့ အခက်အခဲတွေ၊ပြဿနာတွေရင်ဆိုင်နေရတဲ့ မြန်မာပြည်အတွက် အခုလိုဆန္ဒထုတ်ဖော်ပေးနေတဲ့ ကိုရီးယားလူမျိုးကို ကျေးဇူးတင်စကားတွေ ပြောဆိုနေကြပါတယ်။

ကိုရီးယားရောက်မြန်မာပြည်သူတစ်ယောက်က ဆန္ဒထုတ်ဖော်နေကြတဲ့ အဆိုပါအမျိုးသားကို သွားမိတ်ဆက်ရင်း ကိုရီးယားလူမျိုးပြောလိုက်တဲ့ စကားလေးကြောင့် မျက်ရည်ကျခဲ့ရပါတယ်။

မြန်မာပြည်သူတစ်ဦးကတော့ ” ဒီနေ့ ဘူဆန် ဘူတာရှေ့မှာ မြန်မာနိုင်ငံအတွက်နေပူထဲမှာတစ်ကိုယ်တော် ဆန္ဒပြနေတဲ့ ကိုရီးယား လူမျိုး သူကိုဓါတ်ပုံရိုက်ပြီး ကျွန်တော်မြန်မာလူမျိုးဆိုပြီး သွားမိတ်ဆက်တယ် ပြန်မိတ်ဆက်မယ်ထင်တာ သူပြန်ပြောလိုက်တာက ဘာမှအားမငယ်နဲ့ ငါတို့နိုင်မှာတဲ့ လူမျိုးခြားဆီက ကြားလိုက်တဲ့ စကားတစ်ခွန်းက မျက်ရည်ပါကျခဲ့တယ် ။

ဘယ်တော့မှ ကျေးဇူးမမေ့ဘူး Korea နိုင်ငံနဲ့ korea လူမျိုးကို”ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။တစ်ကိုယ်တော်ဆန္ဒပြနေတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ရဲ့ ပုံရိပ်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

အမွန္တရားဘက္ကေန ျမန္မာျပည္သူေတြနဲ႔အတူ ရပ္တည္ၾကတဲ့ ႏိုင္ငံေတြထဲ ကိုရီးယားႏိုင္ငံနဲ႔ဂ်ပန္ႏိုင္ငံေတြလည္း ထိပ္ဆုံးကပါဝင္ၾကပါတယ္။

ကိုရီးယားေရာက္ျမန္မာျပည္သူေတြကလည္း အာဏာရွင္ဆန႔္က်င္တဲ့ ေႏြဦးေတာ္လွန္ေရးကို မၾကာခဏဆင္ႏႊဲေနၾကပါတယ္။

ကိုရီးယားသတင္းဌာနေတြကလည္း ျမန္မာႏိုင္ငံအ​ေၾကာင္းစိတ္ဝင္တစားရွိၾကၿပီး အာဏာရွင္ေတြရဲ႕ မတရားလုပ္ရပ္ေတြ၊ဖမ္းဆီးၿပီးညႇင္းပန္းႏွိပ္စက္တဲ့ သတင္းအမွန္ေတြကို မၾကာခဏေဖာ္ျပေပးေလ့ရွိပါတယ္။

ယခုမွာေတာ့ ကိုရီးယားလူမ်ိဳးတစ္ေယာက္ဟာ ျမန္မာႏိုင္ငံအေရးအတြက္ ေနပူႀကီးထဲမွာ တစ္ကိုယ္ေတာ္ဆႏၵျပေနခဲ့ပါတယ္။

ျပည္သူေတြကေတာ့ အခက္အခဲေတြ၊ျပႆနာေတြရင္ဆိုင္ေနရတဲ့ ျမန္မာျပည္အတြက္ အခုလိုဆႏၵထုတ္ေဖာ္ေပးေနတဲ့ ကိုရီးယားလူမ်ိဳးကို ေက်းဇူးတင္စကားေတြ ေျပာဆိုေနၾကပါတယ္။

ကိုရီးယားေရာက္ျမန္မာျပည္သူတစ္ေယာက္က ဆႏၵထုတ္ေဖာ္ေနၾကတဲ့ အဆိုပါအမ်ိဳးသားကို သြားမိတ္ဆက္ရင္း ကိုရီးယားလူမ်ိဳးေျပာလိုက္တဲ့ စကားေလးေၾကာင့္ မ်က္ရည္က်ခဲ့ရပါတယ္။

ျမန္မာျပည္သူတစ္ဦးကေတာ့ ” ဒီေန႔ ဘူဆန္ ဘူတာေရွ႕မွာ ျမန္မာႏိုင္ငံအတြက္ေနပူထဲမွာတစ္ကိုယ္ေတာ္ ဆႏၵျပေနတဲ့ ကိုရီးယား လူမ်ိဳး သူကိုဓါတ္ပုံ႐ိုက္ၿပီး ကြၽန္ေတာ္ျမန္မာလူမ်ိဳးဆိုၿပီး သြားမိတ္ဆက္တယ္ ျပန္မိတ္ဆက္မယ္ထင္တာ သူျပန္ေျပာလိုက္တာက ဘာမွအားမငယ္နဲ႔ ငါတို႔ႏိုင္မွာတဲ့ လူမ်ိဳးျခားဆီက ၾကားလိုက္တဲ့ စကားတစ္ခြန္းက မ်က္ရည္ပါက်ခဲ့တယ္ ။

ဘယ္ေတာ့မွ ေက်းဇူးမေမ့ဘူး Korea ႏိုင္ငံနဲ႔ korea လူမ်ိဳးကို”ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားထားခဲ့ပါတယ္။တစ္ကိုယ္ေတာ္ဆႏၵျပေနတဲ့ ကိုရီးယားလူမ်ိဳးတစ္ေယာက္ရဲ႕ ပုံရိပ္ေလးကို ျပန္လည္ေဖာ္ျပေပးလိုက္ရပါတယ္။

Source : Original Uploder