ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေများလွန်းလို့ အုတ်ဂူတွေပါ အဆင်သင့်ဖြစ်အောင်လုပ်ထားရတဲ့ သုသာန်တစ်ခုရဲ့မြင်ကွင်း

ကလေးမြို့မှာ ကိုဗစ်ကြောင့် သေဆုံးသူတွေများလွန်းလို့ အုတ်ဂူတွေပါ အဆင်သင့်ဖြစ်အောင်လုပ်ထားရတဲ့ သုသာန်တစ်ခုရဲ့မြင်ကွင်း

ယခုလက်ရှိမှာဆိုရင် ကိုဗစ် ရောဂါပိုးက ပိုမိုကူးစက်ပျံ့နှံ့လာပြီး တစ်နေ့ထက်တစ်နေ့ ဆိုသလို ရောဂါပိုးတွေ့ရှိသူ ဦးရေကလည်း တဖြည်းဖြည်းများပြားလာတာ ဖြစ်ပါတယ် ။

 

ကိုဗစ်ဒဏ်ကို အလူးအလဲခံစားနေရတဲ့မြို့တစ်မြို့ဖြစ်တဲ့ ကလေးမြို့မှာဆိုရင်လည်း သေဆုံးသူအရေအတွက်က နေ့စဉ်နဲ့အမျှတိုးလာတာ တွေ့ရပါတယ်။

ကလေးမြို့မှာတော့ ကိုဗစ် ကူးစက်ခံထားရတဲ့ ပြည်သူတွေခမျာ ဝေဒနာခံစားနေရတဲ့အပြင် အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ပါ ရင်ဆိုင်နေရပြီးဒုက္ခရောက်နေကြတာ ဖြစ်ပါတယ် ။

ကလေးမြို့ရဲ့လမ်းထိပ်တိုင်းလိုလိုမှာ နာရေးဆိုင်းဘုတ်တွေ ထားရှိရတဲ့အထိ သူတို့ဆီမှာ အခြေအနေတွေဆိုးနေကြောင်း ပြည်သူတွေက ရင်ဖွင့်နေကြတာ ဖြစ်ပါတယ်။

 

အခုလည်း ပြည်သူတစ်ဦးက လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် ကလေးမြို့ရဲ့အခြေအနေကို အားလုံးသိအောင် မျှဝေပေးခဲ့တာ ဖြစ်ပါတယ် ။

အခုချိန်မှာ ကလေးမြို့ရဲ့ အစည်ကားဆုံးနေရာကိုပြပါဆိုရင် သုသာန်ကိုပဲပြရမှာဖြစ်ကြောင်း သူကပြောပြထားတာ ဖြစ်ပါတယ် ။

ကလေးမြို့မှာတော့ သေဆုံးသူဦးရေက တစ်နေ့တခြား မြင့်တက်လာတာကြောင့် အုတ်ဂူတွေပါ အဆင်သင့်ဖြစ်နေအောင် ပြုလုပ်ထားရတာ ဖြစ်ပါတယ် ။ Credit

 

zawgyi




 






 

Credit