ခရက်ဒစ်
Unicode
ချစ်သူသက်တမ်းကြာလာတဲ့အခါ…
ချစ်သူသက်တမ်းကြာလာတဲ့အခါ ချစ်သူနှစ်ဦးလုံးက ပြောင်းလဲသွားကြတယ် …။
တစ်ယောက်က သိပ်ချစ်လို့ ဆွဲထားတဲ့လက်ဖြစ်လာသလို တစ်ယောက်က ငြီးငွေ့လို့ အသစ်ရှာချင်လာတဲ့ ပုံစံပါပဲ …။
ချစ်ခါစလေသံတွေမာ အထက်စီးကပြောခဲ့သူကလေသံကို အတက်နိင်ဆုံး နိမ့်ပြောလာသလို
ချစ်ခါစ မင်းမျက်နာငြိုးမှာစိုးလို့ ဆိုသူက လေသံတွေ သူစိမ်းဆန်နေပြီ …။
သူများနည်းတူ ချစ်သူရည်းစားထားမိရာကနေမင်းမျက်နာ တစ်ဘဝ ဖြစ်လာပေမယ့်
မင်းမျက်နာ တစ်ဘဝပါဆိုတဲ့သူက ချစ်သူရည်းစား အဖြစ်ကို စိတ်ကုန်နေခဲ့ပြီ …။
ဘာတွေကပြောင်းလဲသွားစေတာလဲ ၊ ဘာတွေက သူ့ကို စိတ်ကုန်သွားစေတာလဲ ၊ သေချာတဲ့ အဖြေတစ်ခုမှ မထွက်လာခဲ့ပေမယ့်
မရေမရာ ရှေ့ဆက်လျှောက်မဲ့လမ်းကို ကြမ်းတမ်းနေပါစေ ၊ ကိုယ့်ဘက်က ရင်ကွဲခံပြီး ဒီလက်တွေမြဲဖို့ ဆက်ဆွဲထားအုံးမယ် …။
ဆုတောင်းတိုင်းသာ ပြည့်ခဲ့မယ်ဆိုရင်
ဟိုတစ်ချိန် သူသိပ်ဂရုစိုက်ခဲ့တဲ့အချိန်ထိ ပြန်ဆွဲခေါ်သွားပြီ အချိန်တွေကို အဲ့နားမှာပဲ ရပ်တန့်လိုက်မယ် …။
ဒီလူကိုပဲ အရင်ပုံစံပြန်ဖြစ်ပါစေ ဆုတောင်းနေရတာလဲ ငရဲပဲ …။ ။
ခရက်ဒစ်