မော်ဒယ်တွေ၊ နာမည်ကျော် Celebrity တွေရဲ့ အသားအရေတွေကို ကြည့်လိုက်ရင် စိုပြေတောက်ပနေတတ်ပါတယ်။ အခုပြောပြမယ့် နည်းလမ်းမှာ ပါဝင်ပစ္စည်း ၂ မျိုးပဲ လိုအပ်ပါတယ်။
ဒီပါဝင်ပစ္စည်း နှစ်မျိုးနဲ့ အတူ ရေခဲတစ်မျိုးပဲ လိုအပ်ပါတယ်။ လိုအပ်တဲ့ ပစ္စည်း နှစ်မျိုးကတော့-
၁။ Green Tea
Green Tea ရဲ့ အသားအရေ အတွက် အကျိုးကျေးဇူးတွေကတော့ အသားအရေ ယားယံတာ၊ ယောင်ယမ်း နီမြန်းတာတွေကို သက်သာစေပါတယ်။
နေလောင်ဒဏ်ကိုပါ သက်သာလျော့ပါးစေပါတယ်။ ဒါ့အပြင် အသားအရေကို နုပျိုစိုပြေစေပါတယ်။
၂။ သခွားသီး
သခွားသီးက ဝက်ခြံ ဖြစ်လွယ်တဲ့ အသားအရေနဲ့ သင့်တော်ပါတယ်။ ရေဓာတ်ဖြည့်တင်းပေးပြီး အိုမင်းရင့်ရော်မှုကို နှေးကွေးစေပါတယ်။
ပြုလုပ်ပုံ
Green Tea နဲ့ သခွားသီးကို Blender နဲ့ ရောကျိတ်ပေးရပါမယ်။ ပြီးနောက် ရေခဲ ပုံစံခွက်တွေထဲ ထည့်ပေးရပါမယ်။
ထည့်ပြီးနောက်မှာတော့ ရေခဲသေတ္တာ Freezer ထဲ ထည့်ပြီး ရေခဲအတုံးလေးတွေ ရအောင် ထားပေးရပါမယ်။
သခွားသီး Green Tea Ice ရဲ့ အကျိုးကျေးဇူးတွေက
ချွေးပေါက်ကျဉ်းစေပါတယ်။ မျက်နှာဖောင်းတာကို သက်သာစေပါတယ်။
ယောင်ယမ်းခြင်းကို လျှော့ချပေးပြီး Anti-Aging အာနိသင် ပိုင်ဆိုင်စေပါတယ်။
ရလာတဲ့ ရေခဲတုံးကို မျက်နှာပေါ် ၁ မိနစ်ခန့် ပွတ်ပေးရပါမယ်။ ကျန်တဲ့ ရေခဲတုံးတွေကို နောက်နေ့ လိုသလို အသုံးပြုနိုင်ပါတယ်။
ဒီနည်းလမ်းကို ပုံမှန်လုပ်ပေးမယ်ဆိုရင်တော့ စိုပြေတောက်ပတဲ့ Glow Skin ကို ပိုင်ဆိုင်လာစေမှာပါ။
By MyStyle Myanmar
Zawgyi
ေမာ္ဒယ္ေတြ၊ နာမည္ေက်ာ္ Celebrity ေတြရဲ႕ အသားအေရေတြကို ၾကည့္လိုက္ရင္ စိုေျပေတာက္ပေနတတ္ပါတယ္။ အခုေျပာျပမယ့္ နည္းလမ္းမွာ ပါဝင္ပစၥည္း ၂ မ်ိဳးပဲ လိုအပ္ပါတယ္။
ဒီပါဝင္ပစၥည္း ႏွစ္မ်ိဳးနဲ႔ အတူ ေရခဲတစ္မ်ိဳးပဲ လိုအပ္ပါတယ္။ လိုအပ္တဲ့ ပစၥည္း ႏွစ္မ်ိဳးကေတာ့-
၁။ Green Tea
Green Tea ရဲ႕ အသားအေရ အတြက္ အက်ိဳးေက်းဇူးေတြကေတာ့ အသားအေရ ယားယံတာ၊ ေယာင္ယမ္း နီျမန္းတာေတြကို သက္သာေစပါတယ္။
ေနေလာင္ဒဏ္ကိုပါ သက္သာေလ်ာ့ပါးေစပါတယ္။ ဒါ့အျပင္ အသားအေရကို ႏုပ်ိဳစိုေျပေစပါတယ္။
၂။ သခြားသီး
သခြားသီးက ဝက္ၿခံ ျဖစ္လြယ္တဲ့ အသားအေရနဲ႔ သင့္ေတာ္ပါတယ္။ ေရဓာတ္ျဖည့္တင္းေပးၿပီး အိုမင္းရင့္ေရာ္မႈကို ေႏွးေကြးေစပါတယ္။
ျပဳလုပ္ပုံ
Green Tea နဲ႔ သခြားသီးကို Blender နဲ႔ ေရာက်ိတ္ေပးရပါမယ္။ ၿပီးေနာက္ ေရခဲ ပုံစံခြက္ေတြထဲ ထည့္ေပးရပါမယ္။
ထည့္ၿပီးေနာက္မွာေတာ့ ေရခဲေသတၱာ Freezer ထဲ ထည့္ၿပီး ေရခဲအတုံးေလးေတြ ရေအာင္ ထားေပးရပါမယ္။
သခြားသီး Green Tea Ice ရဲ႕ အက်ိဳးေက်းဇူးေတြက
ေခြၽးေပါက္က်ဥ္းေစပါတယ္။ မ်က္ႏွာေဖာင္းတာကို သက္သာေစပါတယ္။
ေယာင္ယမ္းျခင္းကို ေလွ်ာ့ခ်ေပးၿပီး Anti-Aging အာနိသင္ ပိုင္ဆိုင္ေစပါတယ္။
ရလာတဲ့ ေရခဲတုံးကို မ်က္ႏွာေပၚ ၁ မိနစ္ခန႔္ ပြတ္ေပးရပါမယ္။ က်န္တဲ့ ေရခဲတုံးေတြကို ေနာက္ေန႔ လိုသလို အသုံးျပဳႏိုင္ပါတယ္။
ဒီနည္းလမ္းကို ပုံမွန္လုပ္ေပးမယ္ဆိုရင္ေတာ့ စိုေျပေတာက္ပတဲ့ Glow Skin ကို ပိုင္ဆိုင္လာေစမွာပါ။
By MyStyle Myanmar