ဒီပဲရင္းတိုက္ပြဲမွာ ၈တန္းေက်ာင္းသားေလး(၆)ေယာက္ကိုဆုံးရႈံးလိုက္ရလို႔…. ဆရာမတစ္ေယာက္ရဲ႕ရင္နာနာနဲ႔ေရးလိုက္တဲ့စာေလး
ခ်စ္မႀကီးေရ ညီမေလးလဲ ငိုရျပန္ပါၿပီ
(ကြၽန္မရဲ႕ ခ်စ္မ ပထမဆုံးတာဝန္က်ခဲ့တဲ့ ဒီပဲယင္း ဆပ္ျပာက်င္း႐ြာေလးေသတဲ့ကေလးေတြက သူ႔တပည့္ေလးေတြခ်ည္း ဖတ္ရတာ ရင္နာလိုက္တာ မမရယ္)
သားေလးတို႔ဘယ္ေတြေရာက္ပီး ဘာေတြမ်ားလုပ္ေနရွာမလဲ
သူငယ္ခ်င္းေတြအခ်င္းခ်င္း ျပန္ေတြ႕ၾကရဲ႕လား အရင္လိုပဲ ခ်စ္ခ်စ္ခင္ခင္ေနၾကေနာ္
ဆရာမ position ေျပာင္းရေတာ့ မိုး႐ြာႀကီးထဲမွာ အထုပ္ပိုးေတြနဲ႔ ဆိုင္ကယ္စီးပီး လိုက္ပို႔ေပးခဲ့တဲ့ ၈ တန္းေက်ာင္းသားေလး …….
သားေလး ရေဝေအာင္😘
ဆရာမ ဘယ္ခ်ိန္ျပန္မွာလဲ ဆရာမကို သားလိုက္ပို႔မွာေနာ္နဲ႔ အရင္ေန႔ညေနတည္းက ေက်ာင္းထဲမွာ လာေနေတာ့တဲ့သားေလး…
သား ဆရာမကို သတိရတယ္ ဆရာမတို႔႐ြာ အလည္လာခဲ့အုံးမွာနဲ႔အၿမဲေျပာတဲ့သားေလးဖုန္းေတြ ခဏတမ္းဆက္တဲ့သားေလး ဆရာမပုံေတာင္းပီး သူ႔ wallpaper မွာေတာင္ င္ထားတယ္
ပီးေတာ့ ss ႐ိုက္ျပတဲ့ သားေလးခုေတာ့ဘယ္ဆီမ်ားေရာက္ေနမလဲ😢😢
သား ဟိန္းေဇာ္ၿဖိဳး😘
ဆရာဆရာမေတြအေပၚ အရမ္းလဲ႐ိုေသတယ္ အရမ္းလဲအလိုက္သိတယ္…
သားဘယ္ခ်ိန္ ရန္ကုန္က ျပန္လာခဲ့လိုက္တာလဲ..
ရန္ကုန္မွာတုန္းက ေန႔ခင္းပိုင္း ဆႏၵျပထြက္ ညဘက္ေရာက္ရင္ ရက္ကြက္ကင္းေစာင့္နဲ႔
အရမ္းကိုတက္ႂကြခဲ့လို႔ သားက်န္းမာေရးထိအုံးမယ္ က်န္းမာေရးလဲဂ႐ုစိုက္ေခြးေတြလဲ သတိထားလို႔ ဆရာမ အၿမဲမွာခဲ့တေလ
႐ြာျပန္ေရာက္ေနတာ ဆရာမ မသိလိုက္ဘူး သားေခၚတဲ့ video call ကို မကိုင္လိုက္လို႔ ဆရာမကိုစိတ္ဆိုးသြားတာလား အဲ call ကို မကိုင္လိုက္ႏိုင္တာ ဆရာမ ေနာင္တအရဆုံးပဲ
bယ္ေတာ့မွျပန္မဆုံႏိုင္တဲ့လမ္းကို သားတို႔ထြက္သြားၾကပီ သားရဲ႕မီးစိမ္းကို ဆရာမ မျမင္ရေတာ့ဘူး😢😢
သား သန္႔ဇင္ဝင္း ေရ….😘
ဆရာမ ညည့္နက္ေနပီမအိပ္ေသးဘူးလား ဘယ္သူနဲ႔ chat ေနတာလဲ…
ေမးသာေမးရတာ သားတို႔ကလြဲပီး ဘယ္သူမွ chat မယ့္သူရွိမွာဟုတ္ပါဘူးေလလို႔ အၿမဲစေနာက္ေနတဲ့သားေလးဆရာမ ဘယ္ေတာ့စားရမလဲ သားကူညီေပးရမလား
သားတို႔႐ြာက ဦး…….. ကို ေျပာေပးမယ္ေလ(တကယ္ေတာ့ အဲလူႀကီးက စိတ္မႏွံ႔တဲ့သူ) နဲ႔ အၿမဲစေနာက္ေနက် သားေလးဆရာမေနေကာင္းလားမအိပ္ေသးဘူးလားဆိုတဲ့ သားဆီကစာေလးဆရာမေမွ်ာ္ေနတယ္ေလ 😭😭
သား ေနသူ 😘
အရပ္ေလးက ပုပု ကိုယ္လုံးေလးက ေသးေသးအသံေလးက အိစိအိစိ သူငယ္ခ်င္းအခ်င္းခ်င္း စေနာက္ရင္ေတာင္ မ်က္ရည္ေတြဝဲပီး အၿမဲငိုတက္တဲ့သားေလး
သားကဘယ္ခ်ိန္မ်ား ခုလိုစိတ္ဓာတ္ေတခိုင္မာ က်ားယားသြားတာလဲ သားရယ္ သားနဲ႔အဆက္သြယ္မရွိေပမယ့္ သားကို ဆရာမအၿမဲသတိရပါတယ္
သား ေနဇင္လင္း😘
အရပ္ႀကီးကအရွည္ႀကီးလိမၼာတယ္ စကားေျပာရင္ သားကေလ သားကေလနဲ႔ ဆရာမလို႔ေခၚရင္ ေဟ လို႔ ထူးဖို႔ သူ႔ကို ေမာ့ၾကည့္ရတယ္
ဆရာမ ခ်က္စားဖို႔ဆိုပီး သား မႈိေတြယူလာေပးတာခုထိမေမ့ေသးဘူး ဘယ္ေတာ့မွလဲ ေမ့မွာမဟုတ္ပါဘူး သားရယ္😭😭
သား ေအာင္သူထြန္း😘
ဒီေကာင္ကလူေခ်ာေလးလို႔ ဆရာမအၿမဲေျပာခဲ့တဲ့သားေလးအတန္းထဲမွာ ဆရာမ တခုခုခိုင္းရင္ ေပါ့ပါ့ပါးပါးနဲ႔ သူခ်ည္းပဲ ထလုပ္ေပးတဲ့သားေလး လိမၼာလြန္းတဲ့သားေလး
ေပ်ာ္ေပ်ာ္ေနတက္တဲ့သားေလးသားတို႔အားလုံးကို ဆုံးရႈံးလိုက္ရတာ ဆရာမ ေျပာမျပတက္ေအာင္ ခံစားရတယ္
သံသရာ တေကြ႕ေကြ႕မွာေတာ့ သားတို႔နဲ႔ဆရာမ ေပ်ာ္ေပ်ာ္ႀကီးျပန္ဆုံခ်င္ေသးတယ္ကြာ
သားတို႔အားလုံး ေကာင္းရာဘုံဘဝမွာ ေရာက္ၾကပါေစ
သားတို႔အားလုံး အ႐ြယ္နဲ႔မမွ်ေအာင္ ႏိုင္ငံ့တာဝန္ေက်လြန္းပါတယ္
ဘယ္ေတာ့မွ ျပန္မေတြ႕ရေတာ့ပဲ ထာဝရေပ်ာက္ကြယ္သြားေတာ့တဲ့ မီးစိမ္းေလးေတြကို ဆရာမ အၿမဲ သတိရေနမွာပါ😭😭
ေကာင္းရာဘုံဌာနမွာ စံျမန္းႏိုင္ၾကပါေစ
Crd… Daw Moe Moe Aung
Unicode
ဒီပဲရင်းတိုက်ပွဲမှာ ၈တန်းကျောင်းသားလေး(၆)ယောက်ကိုဆုံးရှုံးလိုက်ရလို့…. ဆရာမတစ်ယောက်ရဲ့ရင်နာနာနဲ့ရေးလိုက်တဲ့စာလေး
ချစ်မကြီးရေ ညီမလေးလဲ ငိုရပြန်ပါပြီ
(ကျွန်မရဲ့ ချစ်မ ပထမဆုံးတာဝန်ကျခဲ့တဲ့ ဒီပဲယင်း ဆပ်ပြာကျင်းရွာလေးသေတဲ့ကလေးတွေက သူ့တပည့်လေးတွေချည်း ဖတ်ရတာ ရင်နာလိုက်တာ မမရယ်)
သားလေးတို့ဘယ်တွေရောက်ပီး ဘာတွေများလုပ်နေရှာမလဲ
သူငယ်ချင်းတွေအချင်းချင်း ပြန်တွေ့ကြရဲ့လား အရင်လိုပဲ ချစ်ချစ်ခင်ခင်နေကြနော်
ဆရာမ position ပြောင်းရတော့ မိုးရွာကြီးထဲမှာ အထုပ်ပိုးတွေနဲ့ ဆိုင်ကယ်စီးပီး လိုက်ပို့ပေးခဲ့တဲ့ ၈ တန်းကျောင်းသားလေး …….
သားလေး ရဝေအောင်😘
ဆရာမ ဘယ်ချိန်ပြန်မှာလဲ ဆရာမကို သားလိုက်ပို့မှာနော်နဲ့ အရင်နေ့ညနေတည်းက ကျောင်းထဲမှာ လာနေတော့တဲ့သားလေး…
သား ဆရာမကို သတိရတယ် ဆရာမတို့ရွာ အလည်လာခဲ့အုံးမှာနဲ့အမြဲပြောတဲ့သားလေးဖုန်းတွေ ခဏတမ်းဆက်တဲ့သားလေး ဆရာမပုံတောင်းပီး သူ့ wallpaper မှာတောင် င်ထားတယ်
ပီးတော့ ss ရိုက်ပြတဲ့ သားလေးခုတော့ဘယ်ဆီများရောက်နေမလဲ😢😢
သား ဟိန်းဇော်ဖြိုး😘
ဆရာဆရာမတွေအပေါ် အရမ်းလဲရိုသေတယ် အရမ်းလဲအလိုက်သိတယ်…
သားဘယ်ချိန် ရန်ကုန်က ပြန်လာခဲ့လိုက်တာလဲ..
ရန်ကုန်မှာတုန်းက နေ့ခင်းပိုင်း ဆန္ဒပြထွက် ညဘက်ရောက်ရင် ရက်ကွက်ကင်းစောင့်နဲ့
အရမ်းကိုတက်ကြွခဲ့လို့ သားကျန်းမာရေးထိအုံးမယ် ကျန်းမာရေးလဲဂရုစိုက်ခွေးတွေလဲ သတိထားလို့ ဆရာမ အမြဲမှာခဲ့တလေ
ရွာပြန်ရောက်နေတာ ဆရာမ မသိလိုက်ဘူး သားခေါ်တဲ့ video call ကို မကိုင်လိုက်လို့ ဆရာမကိုစိတ်ဆိုးသွားတာလား အဲ call ကို မကိုင်လိုက်နိုင်တာ ဆရာမ နောင်တအရဆုံးပဲ
bယ်တော့မှပြန်မဆုံနိုင်တဲ့လမ်းကို သားတို့ထွက်သွားကြပီ သားရဲ့မီးစိမ်းကို ဆရာမ မမြင်ရတော့ဘူး😢😢
သား သန့်ဇင်ဝင်း ရေ….😘
ဆရာမ ညည့်နက်နေပီမအိပ်သေးဘူးလား ဘယ်သူနဲ့ chat နေတာလဲ…
မေးသာမေးရတာ သားတို့ကလွဲပီး ဘယ်သူမှ chat မယ့်သူရှိမှာဟုတ်ပါဘူးလေလို့ အမြဲစနောက်နေတဲ့သားလေးဆရာမ ဘယ်တော့စားရမလဲ သားကူညီပေးရမလား
သားတို့ရွာက ဦး…….. ကို ပြောပေးမယ်လေ(တကယ်တော့ အဲလူကြီးက စိတ်မနှံ့တဲ့သူ) နဲ့ အမြဲစနောက်နေကျ သားလေးဆရာမနေကောင်းလားမအိပ်သေးဘူးလားဆိုတဲ့ သားဆီကစာလေးဆရာမမျှော်နေတယ်လေ 😭😭
သား နေသူ 😘
အရပ်လေးက ပုပု ကိုယ်လုံးလေးက သေးသေးအသံလေးက အိစိအိစိ သူငယ်ချင်းအချင်းချင်း စနောက်ရင်တောင် မျက်ရည်တွေဝဲပီး အမြဲငိုတက်တဲ့သားလေး
သားကဘယ်ချိန်များ ခုလိုစိတ်ဓာတ်တေခိုင်မာ ကျားယားသွားတာလဲ သားရယ် သားနဲ့အဆက်သွယ်မရှိပေမယ့် သားကို ဆရာမအမြဲသတိရပါတယ်
သား နေဇင်လင်း😘
အရပ်ကြီးကအရှည်ကြီးလိမ္မာတယ် စကားပြောရင် သားကလေ သားကလေနဲ့ ဆရာမလို့ခေါ်ရင် ဟေ လို့ ထူးဖို့ သူ့ကို မော့ကြည့်ရတယ်
ဆရာမ ချက်စားဖို့ဆိုပီး သား မှိုတွေယူလာပေးတာခုထိမမေ့သေးဘူး ဘယ်တော့မှလဲ မေ့မှာမဟုတ်ပါဘူး သားရယ်😭😭
သား အောင်သူထွန်း😘
ဒီကောင်ကလူချောလေးလို့ ဆရာမအမြဲပြောခဲ့တဲ့သားလေးအတန်းထဲမှာ ဆရာမ တခုခုခိုင်းရင် ပေါ့ပါ့ပါးပါးနဲ့ သူချည်းပဲ ထလုပ်ပေးတဲ့သားလေး လိမ္မာလွန်းတဲ့သားလေး
ပျော်ပျော်နေတက်တဲ့သားလေးသားတို့အားလုံးကို ဆုံးရှုံးလိုက်ရတာ ဆရာမ ပြောမပြတက်အောင် ခံစားရတယ်
သံသရာ တကွေ့ကွေ့မှာတော့ သားတို့နဲ့ဆရာမ ပျော်ပျော်ကြီးပြန်ဆုံချင်သေးတယ်ကွာ
သားတို့အားလုံး ကောင်းရာဘုံဘဝမှာ ရောက်ကြပါစေ
သားတို့အားလုံး အရွယ်နဲ့မမျှအောင် နိုင်ငံ့တာဝန်ကျေလွန်းပါတယ်
ဘယ်တော့မှ ပြန်မတွေ့ရတော့ပဲ ထာဝရပျောက်ကွယ်သွားတော့တဲ့ မီးစိမ်းလေးတွေကို ဆရာမ အမြဲ သတိရနေမှာပါ😭😭
ကောင်းရာဘုံဌာနမှာ စံမြန်းနိုင်ကြပါစေ
Crd… Daw Moe Moe Aung