အရမ္းႀကီး ခ်စ္မိသြားတဲ့အခါ သင့္ကိုယ္သင္ေတာင္ အမိန႔္ေပးလို႔ မရေတာ့တဲ့ အရာမ်ား
အခ်စ္ဆိုတာက သိပ္ကို ဆန္းၾကယ္ပါတယ္။
ခံစားခ်က္ေလး တစ္ခုဆိုေပမယ့္ ရွိရွိသမွ် ခံစားခ်က္ေတြထဲက
အထူးဆန္းဆုံး အရာလည္း ျဖစ္ပါတယ္။
ကိုယ့္ခံစားခ်က္ေတာင္ ကိုယ္ မပိုင္တာမ်ိဳးကို
ခ်စ္မိၾကသူေတြသာ သိနားလည္ၾကပါတယ္။
တစ္ေယာက္ေယာက္ကို ခ်စ္မိတဲ့ သင့္ ခံစားခ်က္ေတြကို
ဘယ္လို လုပ္ရမယ္ဆိုတာကိုေတာင္ သင္ မေျပာင္းလဲႏိုင္ပါဘူး။ ဘယ္လိုမ်ိဳးလဲဆိုရင္။
(၁) စိတ္ဆိုးလို႔ မရဘူး
ခ်စ္မိသြားရင္ေတာ့ သူက ကိုယ္ စိတ္ဆိုးတဲ့ အရာကို လုပ္ရင္ေတာင္မွ အသိစိတ္အရ စိတ္ဆိုးသင့္တဲ့အရာဆိုတာကို လက္ခံေပမယ့္
ခံစားခ်က္ကေတာ့ ဘယ္လိုမွ စိတ္မဆိုး ျဖစ္ေနတတ္ပါတယ္။
စိတ္ဆိုးသင့္တာကို သိေပမယ့္ စိတ္လည္း ဆိုးခ်င္ေပမယ့္
ဘယ္လိုမွ စိတ္ဆိုးမေနတာကေတာ့ အခ်စ္စိတ္ေၾကာင့္ပါပဲ။
(၂) မခ်စ္လို႔ မရဘူး
ခ်စ္မိတဲ့အခါ မခ်စ္သင့္ဘူး မခ်စ္နဲ႔လို႔ တားလို႔ မရေတာ့ပါဘူး။ သူ႔အလိုအေလ်ာက္ ျဖစ္တာမို႔ သင္လည္း တားလို႔ ရမွာ မဟုတ္ပါဘူး။
သူ႔ကို ခ်စ္ေနတာကို သိေနမယ္ ခံစားလို႔ ရေနမယ္။ ဒါေပမယ့္ ဒီခံစားခ်က္ကို သင္ ဘယ္လိုမွ ေျပာင္းလဲ မရပါဘူး။
(၃) မုန္းလို႔ မရဘူး
ခ်စ္မိတဲ့အခါ အရႈံးခ်ည္းပဲလို႔ ၾကားဖူးမွာပါ။ ဒီစကားက တကယ္ပါပဲ။
ခ်စ္မိတဲ့အခါ သူ ကိုယ့္ကို လမ္းခြဲစကားေျပာတာမ်ိဳး သို႔မဟုတ္
ကိုယ္ မႀကိဳက္တာကို လုပ္လိုက္ရင္ေတာင္မွ သူ႔ကို ခဏ စိတ္ဆိုးရင္ စိတ္ဆိုးလိမ့္မယ္။
မုန္းခ်င္တဲ့ဆိုတဲ့ ခံစားခ်က္ ဝင္ရင္ ဝင္လိမ့္မယ္။ တကယ့္လက္ေတြ႕မွာေတာ့ ဘယ္လိုမွ မုန္းလို႔ ရမွာ မဟုတ္ပါဘူး။
(၄) မလြမ္းဘဲ မေနႏိုင္ဘူး
အလြမ္းဆိုတာ အခ်စ္နဲ႔ တြဲ ျဖစ္တည္လာတာပါ။
သီခ်င္းနားေထာင္ကအစ လမ္းေလွ်ာက္တာက အဆုံး သူ႔ကိုပဲ သတိရေနရင္ေတာ့ သင္က သူ႔ကို လြမ္းေနတာပါ။
ဒါကို သင့္ကိုယ္သင္ မတားဆီးႏိုင္ပါဘူး။
(၅) အစားထိုးလို႔ မရဘူး
ခ်စ္ေနတဲ့အခါ ဘာနဲ႔မွ အာ႐ုံေျပာင္းပစ္လိုက္လို႔ မရပါဘူး။
ရည္းစားတစ္ေယာက္ ေကာက္ထားလိုက္ရင္ေတာင္ သူ႔ကို ခ်စ္တဲ့စိတ္က ေပ်ာက္သြားမွာ မဟုတ္ပါဘူး။
ခ်စ္တဲ့စိတ္ကို ေပ်ာက္ေအာင္ ဘာနဲ႔မွ အစားထိုးလို႔ မရပါဘူး ။
crd
Unicode
အရမ်းကြီး ချစ်မိသွားတဲ့အခါ သင့်ကိုယ်သင်တောင် အမိန့်ပေးလို့ မရတော့တဲ့ အရာများ
အချစ်ဆိုတာက သိပ်ကို ဆန်းကြယ်ပါတယ်။
ခံစားချက်လေး တစ်ခုဆိုပေမယ့် ရှိရှိသမျှ ခံစားချက်တွေထဲက
အထူးဆန်းဆုံး အရာလည်း ဖြစ်ပါတယ်။
ကိုယ့်ခံစားချက်တောင် ကိုယ် မပိုင်တာမျိုးကို
ချစ်မိကြသူတွေသာ သိနားလည်ကြပါတယ်။
တစ်ယောက်ယောက်ကို ချစ်မိတဲ့ သင့် ခံစားချက်တွေကို
ဘယ်လို လုပ်ရမယ်ဆိုတာကိုတောင် သင် မပြောင်းလဲနိုင်ပါဘူး။ ဘယ်လိုမျိုးလဲဆိုရင်။
(၁) စိတ်ဆိုးလို့ မရဘူး
ချစ်မိသွားရင်တော့ သူက ကိုယ် စိတ်ဆိုးတဲ့ အရာကို လုပ်ရင်တောင်မှ အသိစိတ်အရ စိတ်ဆိုးသင့်တဲ့အရာဆိုတာကို လက်ခံပေမယ့်
ခံစားချက်ကတော့ ဘယ်လိုမှ စိတ်မဆိုး ဖြစ်နေတတ်ပါတယ်။
စိတ်ဆိုးသင့်တာကို သိပေမယ့် စိတ်လည်း ဆိုးချင်ပေမယ့်
ဘယ်လိုမှ စိတ်ဆိုးမနေတာကတော့ အချစ်စိတ်ကြောင့်ပါပဲ။
(၂) မချစ်လို့ မရဘူး
ချစ်မိတဲ့အခါ မချစ်သင့်ဘူး မချစ်နဲ့လို့ တားလို့ မရတော့ပါဘူး။ သူ့အလိုအလျောက် ဖြစ်တာမို့ သင်လည်း တားလို့ ရမှာ မဟုတ်ပါဘူး။
သူ့ကို ချစ်နေတာကို သိနေမယ် ခံစားလို့ ရနေမယ်။ ဒါပေမယ့် ဒီခံစားချက်ကို သင် ဘယ်လိုမှ ပြောင်းလဲ မရပါဘူး။
(၃) မုန်းလို့ မရဘူး
ချစ်မိတဲ့အခါ အရှုံးချည်းပဲလို့ ကြားဖူးမှာပါ။ ဒီစကားက တကယ်ပါပဲ။
ချစ်မိတဲ့အခါ သူ ကိုယ့်ကို လမ်းခွဲစကားပြောတာမျိုး သို့မဟုတ်
ကိုယ် မကြိုက်တာကို လုပ်လိုက်ရင်တောင်မှ သူ့ကို ခဏ စိတ်ဆိုးရင် စိတ်ဆိုးလိမ့်မယ်။
မုန်းချင်တဲ့ဆိုတဲ့ ခံစားချက် ဝင်ရင် ဝင်လိမ့်မယ်။ တကယ့်လက်တွေ့မှာတော့ ဘယ်လိုမှ မုန်းလို့ ရမှာ မဟုတ်ပါဘူး။
(၄) မလွမ်းဘဲ မနေနိုင်ဘူး
အလွမ်းဆိုတာ အချစ်နဲ့ တွဲ ဖြစ်တည်လာတာပါ။
သီချင်းနားထောင်ကအစ လမ်းလျှောက်တာက အဆုံး သူ့ကိုပဲ သတိရနေရင်တော့ သင်က သူ့ကို လွမ်းနေတာပါ။
ဒါကို သင့်ကိုယ်သင် မတားဆီးနိုင်ပါဘူး။
(၅) အစားထိုးလို့ မရဘူး
ချစ်နေတဲ့အခါ ဘာနဲ့မှ အာရုံပြောင်းပစ်လိုက်လို့ မရပါဘူး။
ရည်းစားတစ်ယောက် ကောက်ထားလိုက်ရင်တောင် သူ့ကို ချစ်တဲ့စိတ်က ပျောက်သွားမှာ မဟုတ်ပါဘူး။
ချစ်တဲ့စိတ်ကို ပျောက်အောင် ဘာနဲ့မှ အစားထိုးလို့ မရပါဘူး ။
crd