နေ့စဉ် ရေနွေးကြမ်းတစ်ခွက်တွင် ချင်းပါးပါးလှီး တစ်ဖတ်နှစ်ဖတ်နဲ့ ဆားပွင့်လေးပါ လက်တစ်ဖျစ်ခန့်ထည့်သောက််ပါ
ချင်းထည့်ပါ
နေ့စဉ် ရေနွေးကြမ်းတစ်ခွက်တွင် ချင်းပါးပါးလှီး တစ်ဖတ်နှစ်ဖတ်ထည့်သောက်ပါ။
ဆားပွင့်လေးပါ လက်တစ်ဖျစ်ခန့်ထည့်သောက်လျှင်ပိုကောင်းပါသည်။
ချင်းသည်တော်ရုံအာနိသင်ရှိသည်မဟုတ် ပိုးကိုပင်သေစေနိုင်သောသတ္တိရှိသည်။
အာယုဗေဒဆေးကျမ်းများအဆိုအရ အစပ်သုံးပါး(တြိကဋုတ်သုံးပါး)တွင်အပါအဝင်ဖြစ်သည်။
ထိုသုံးပါးသည် လူတို့စားသောအစာကိုကြေစေရုံမက ကိုယ်ခံအားကိုပါဖြစ်စေတတ်သည်။
ကိုယ်ခံအားကောင်းသောသူတွင် တော်ရုံရောဂါပိုးများမကပ်ငြိနိုင်ပေ။ ပိုးသည်ကိုယ်ခံအားမကောင်းသောအိမ်တွင်သာ ပေါက်ပွားနိုင်ပေသည်။ အစာမကြေသောသူတွင်သာ ရောဂါရောက်နိုင်သည်ဟု ဆေးကျမ်းများကဆိုသည်။ ရောဂါမူလံ အဇိဏ္ဏကံ ဟုဆိုသည်။ ‘အဇီဏ္ဏ’ ဆိုသည်မှာ အစာမကြေရောဂါဖြစ်သည်။
ချင်းသည် အစာကြေစေသောအရာဖြစ်သဖြင့် ဟင်းချက်သောအခါတိုင်းချင်းထည့်ချက်လေ့ရှိကြသည်။
ဥတုဘောဇန သင်္ဂဟကျမ်းတွင်,,, အစပ်ရသ။ ။ အစပ်သည်ပူ၏။ ထက်၏။ မစေးထန်းသွက်၏။ လေသည်းခြေကိုပျက်စေတတ်၏။ သလိပ်ကိုနိုင်၏။ ကြေလွယ်၏။ဝမ်းမီးတောက်၏။ ပိုးနာ၊ယားနာ၊အဆိပ်သင့်သောအနာကိုနိုင်၏ ..ဟုဆိုထားလေသည်။
အစပ်သုံးပါးတွင်တစ်ပါးအပါအဝင်ဖြစ်သော ချင်းကို တစ်နေ့လျှင် လက်ညှိုးနှစ်ဆစ်ခန့် စားသုံးပေးပါ။ သင့်အတွက် ကိုယ်ခံအားကိုဖြစ်စေရုံမက၊ အစာမကြေရောဂါ’အဇိဏ္ဏ’ကိုပါ ကာကွယ်နိုင်ကြောင်း တင်ပြလိုပါသည်။
ရာသီပေါ်ရောဂါဘေး။ ကပ်ရောဂါဘေးများမှကင်းဝေးကြပါစေ။
ကြည်လွင်မြင့်(မုဒြာ)
၃.၇,၂၀၂၁
ေန႔စဥ္ ေရေႏြးၾကမ္းတစ္ခြက္တြင္ ခ်င္းပါးပါးလွီး တစ္ဖတ္ႏွစ္ဖတ္နဲ႔ ဆားပြင့္ေလးပါ လက္တစ္ဖ်စ္ခန႔္ထည့္ေသာက္္ပါ
ခ်င္းထည့္ပါ
ေန႔စဥ္ ေရေႏြးၾကမ္းတစ္ခြက္တြင္ ခ်င္းပါးပါးလွီး တစ္ဖတ္ႏွစ္ဖတ္ထည့္ေသာက္ပါ။
ဆားပြင့္ေလးပါ လက္တစ္ဖ်စ္ခန႔္ထည့္ေသာက္လၽွင္ပိုေကာင္းပါသည္။
ခ်င္းသည္ေတာ္႐ုံအာနိသင္ရွိသည္မဟုတ္ ပိုးကိုပင္ေသေစနိုင္ေသာသတၱိရွိသည္။
အာယုေဗဒေဆးက်မ္းမ်ားအဆိုအရ အစပ္သုံးပါး(ႀတိကဋုတ္သုံးပါး)တြင္အပါအဝင္ျဖစ္သည္။
ထိုသုံးပါးသည္ လူတို႔စားေသာအစာကိုေၾကေစ႐ုံမက ကိုယ္ခံအားကိုပါျဖစ္ေစတတ္သည္။
ကိုယ္ခံအားေကာင္းေသာသူတြင္ ေတာ္႐ုံေရာဂါပိုးမ်ားမကပ္ၿငိနိုင္ေပ။ ပိုးသည္ကိုယ္ခံအားမေကာင္းေသာအိမ္တြင္သာ ေပါက္ပြားနိုင္ေပသည္။ အစာမေၾကေသာသူတြင္သာ ေရာဂါေရာက္နိုင္သည္ဟု ေဆးက်မ္းမ်ားကဆိုသည္။ ေရာဂါမူလံ အဇိဏၰကံ ဟုဆိုသည္။ ‘အဇီဏၰ’ ဆိုသည္မွာ အစာမေၾကေရာဂါျဖစ္သည္။
ခ်င္းသည္ အစာေၾကေစေသာအရာျဖစ္သျဖင့္ ဟင္းခ်က္ေသာအခါတိုင္းခ်င္းထည့္ခ်က္ေလ့ရွိၾကသည္။
ဥတုေဘာဇန သဂၤဟက်မ္းတြင္,,, အစပ္ရသ။ ။ အစပ္သည္ပူ၏။ ထက္၏။ မေစးထန္းသြက္၏။ ေလသည္းေျခကိုပ်က္ေစတတ္၏။ သလိပ္ကိုနိုင္၏။ ေၾကလြယ္၏။ဝမ္းမီးေတာက္၏။ ပိုးနာ၊ယားနာ၊အဆိပ္သင့္ေသာအနာကိုနိုင္၏ ..ဟုဆိုထားေလသည္။
အစပ္သုံးပါးတြင္တစ္ပါးအပါအဝင္ျဖစ္ေသာ ခ်င္းကို တစ္ေန႔လၽွင္ လက္ညႇိုးႏွစ္ဆစ္ခန႔္ စားသုံးေပးပါ။ သင့္အတြက္ ကိုယ္ခံအားကိုျဖစ္ေစ႐ုံမက၊ အစာမေၾကေရာဂါ’အဇိဏၰ’ကိုပါ ကာကြယ္နိုင္ေၾကာင္း တင္ျပလိုပါသည္။
ရာသီေပၚေရာဂါေဘး။ ကပ္ေရာဂါေဘးမ်ားမွကင္းေဝးၾကပါေစ။
ၾကည္လြင္ျမင့္(မုျဒာ)
၃.၇,၂၀၂၁