သင့္ခ်စ္သူ သင့္ကို ရူးရူးမူးမူး ပိုခ်စ္လာေစမယ့္ နည္းလမ္းမ်ား …

သင့္ခ်စ္သူ သင့္ကို ရူးရူးမူးမူး ပိုခ်စ္လာေစမယ့္ နည္းလမ္းမ်ား…

Relationship တစ္ခုၾကာလာရင္ ေယာက်ာ္းေလးေတြျဖစ္ျဖစ္၊ မိန္းကေလးေတြျဖစ္ျဖစ္ တစ္ေယာက္နဲ႕တစ္ေယာက္ ျငီးေငြ႕လာတတ္ၾကတယ္။ အဲ့ဒါေၾကာင့္ Relationship ၾကာလာရင္ေတာင္ သင့္ခ်စ္သူ သင့္ကို ရူးရူးမူးမူး ပိုခ်စ္လာေအာင္ ဘယ္လုိမ်ိဳးေတြဆဲြေဆာင္မႈရွိရွိေနရမလဲဆုိတာကို မ်ွေ၀ေပးလုိက္ပါတယ္ေနာ္ …။

(၁) ကေလးတစ္ေယာက္လုိ ခြ်ဲေပးပါ …

ခ်စ္သူေကာင္မေလးက ခ်ြဲရင္ ဘယ္ေကာင္ေလးမွ မေပ်ာ္ဘဲမေနပါဘူး။ ေန႕တုိင္းၾကီးေတာ့လည္း ခ်ြဲေနစရာမလုိပါဘူး။ ဒါေပမယ့္ တစ္ခါတစ္ေလေတာ့ ခ်ြဲေပးပါ …။

အဲ့လုိဆုိ သင္အေပၚမွာ အခ်စ္ေတြတုိးလာမွာပါ။ အဲ့ဒါေၾကာင့္ တစ္ေန႕နဲ႕တစ္ေန႕ မရုိးႏုိင္ေအာင္ကို ခၽြဲေပးပါ …။

(၂) အႏူးအညံ့ စကားေလးေတြေျပာျပီး ခ်ဳပ္ပါ …

သူက သင့္ကိုတစ္ခုခုလုပ္ေပးရင္ အႏူးအညံ့စကားေလးေတြေျပာျပီးခ်ဳပ္ပါ။ သင့္အေပၚလုပ္ေပးတာေတြမွန္သမ်ွကုိ အသိအမွတ္ျပဳေပးျပီး စကားခ်ိဳခ်ိဳေလးေတြ ေျပာေပးပါ …။

အျမဲရန္ျဖစ္ျပီး ေန႕တုိင္းလည္း စကားေျပာၾကတာေတြက မခ်ိဳၾကဘူးဆုိရင္ relationship ၾကီးဟာ ၿငီးေငြ႕လာမွာ ေသခ်ာပါတယ္။ အဲ့ဒါေၾကာင့္ တစ္ခါတစ္ေလ စကားေျပာခ်ိဳခ်ိဳေလးနဲ႕ ႏူးႏူးညံ့ည့ံေလးေျပာေပးပါ …။

(၃) အဆက္အသြယ္မပ်က္ ဖုန္းဆက္ေပးပါ …

ဖုန္းဆက္ေပးပါဆုိတာက အျမဲသူေရာက္ေနတဲ့ ေနရာတုိင္းကိုေတာ့ ဖုန္းဆက္စရာမလုိပါဘူး။ ဒါေပမယ့္ ရံဖန္ရံခါေတာ့ ဖုန္းဆက္ျပီး ခြ်ဲေပးပါ။ အဆက္အသြယ္ မပ်က္ေတာ့ ရွိေနေပးပါ …။

သူ႕ကို တစ္ေန႕လုံးပစ္ထားတာတုိ႕ကိုေတာ့ မလုပ္မိပါေစနဲ႕။ ႏွစ္ၾကာလာတဲ့ relationship ေတြေတာ္ေတာ္မ်ားမ်ား ၾကာလာရင္ ၿငီးေငြ႕လာၾကတာ၊ စိတ္ပ်က္လာၾကတာ ဒါေၾကာင့္ပါပဲ …။

(၄) ရန္ျဖစ္ေပးပါ …

စုံတဲြေတြ ရန္ျဖစ္ျပီးရင္ အခ်စ္ေတြပုိတုိးလာေစလုိ႕ ရန္ျဖစ္ေပးပါေနာ္။ ရန္ျဖစ္ျပီးရင္ေတာ့ မွားတဲ့လူက ျပန္ေခ်ာ့ပါ။ တစ္ေယာက္နဲ႕တစ္ေယာက္ ရန္မျဖစ္ၾကေတာ့ဘူးဆုိရင္ေတာ့ အဲ့ဒါတစ္ေယာက္နဲ႕တစ္ေယာက္ စိတ္ပ်က္သြားၾကလုိ႕ပါ။ အဲ့ဒါေၾကာင့္ ရန္ျဖစ္လုိက္ ျပန္ခ်စ္လုိက္ လုပ္ေပးပါ …။

(၅) အနမ္းေလးေတြေခ်ြေပးပါ …

သူမသိရင္မသိလုိက္သလုိ ပါးေလးကို နမ္းေပးလုိက္ပါ။ သူ႕အတြက္ အရမ္းလည္း အံ့ၾသသြားမွာျဖစ္သလုိ ေပ်ာ္လည္းေပ်ာ္သြားမွာပါ။ အဲ့လုိ ၾကည္ႏူးစရာအနမ္းေလးကို ေခ်ြေပးလုိက္ပါ။ အျမဲတမ္းဆုိ ရုိးသြားတတ္တယ္။ တစ္ခါတစ္ေလ သူမထင္ရင္ မထင္သလုိ ပါးေလးကို နမ္းနမ္း ေပးပါ …။ ။

Credit-Auntymay

 

Unicode

သင့်ချစ်သူ သင့်ကို ရူးရူးမူးမူး ပိုချစ်လာစေမယ့် နည်းလမ်းများ…

Relationship တစ်ခုကြာလာရင် ယောကျာ်းလေးတွေဖြစ်ဖြစ်၊ မိန်းကလေးတွေဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ငြီးငွေ့လာတတ်ကြတယ်။ အဲ့ဒါကြောင့် Relationship ကြာလာရင်တောင် သင့်ချစ်သူ သင့်ကို ရူးရူးမူးမူး ပိုချစ်လာအောင် ဘယ်လိုမျိုးတွေဆွဲဆောင်မှုရှိရှိနေရမလဲဆိုတာကို မျှဝေပေးလိုက်ပါတယ်နော် …။

(၁) ကလေးတစ်ယောက်လို ချွဲပေးပါ …

ချစ်သူကောင်မလေးက ချွဲရင် ဘယ်ကောင်လေးမှ မပျော်ဘဲမနေပါဘူး။ နေ့တိုင်းကြီးတော့လည်း ချွဲနေစရာမလိုပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေတော့ ချွဲပေးပါ …။

အဲ့လိုဆို သင်အပေါ်မှာ အချစ်တွေတိုးလာမှာပါ။ အဲ့ဒါကြောင့် တစ်နေ့နဲ့တစ်နေ့ မရိုးနိုင်အောင်ကို ချွဲပေးပါ …။

(၂) အနူးအညံ့ စကားလေးတွေပြောပြီး ချုပ်ပါ …

သူက သင့်ကိုတစ်ခုခုလုပ်ပေးရင် အနူးအညံ့စကားလေးတွေပြောပြီးချုပ်ပါ။ သင့်အပေါ်လုပ်ပေးတာတွေမှန်သမျှကို အသိအမှတ်ပြုပေးပြီး စကားချိုချိုလေးတွေ ပြောပေးပါ …။

အမြဲရန်ဖြစ်ပြီး နေ့တိုင်းလည်း စကားပြောကြတာတွေက မချိုကြဘူးဆိုရင် relationship ကြီးဟာ ငြီးငွေ့လာမှာ သေချာပါတယ်။ အဲ့ဒါကြောင့် တစ်ခါတစ်လေ စကားပြောချိုချိုလေးနဲ့ နူးနူးညံ့ညံ့လေးပြောပေးပါ …။

(၃) အဆက်အသွယ်မပျက် ဖုန်းဆက်ပေးပါ …

ဖုန်းဆက်ပေးပါဆိုတာက အမြဲသူရောက်နေတဲ့ နေရာတိုင်းကိုတော့ ဖုန်းဆက်စရာမလိုပါဘူး။ ဒါပေမယ့် ရံဖန်ရံခါတော့ ဖုန်းဆက်ပြီး ချွဲပေးပါ။ အဆက်အသွယ် မပျက်တော့ ရှိနေပေးပါ …။

သူ့ကို တစ်နေ့လုံးပစ်ထားတာတို့ကိုတော့ မလုပ်မိပါစေနဲ့။ နှစ်ကြာလာတဲ့ relationship တွေတော်တော်များများ ကြာလာရင် ငြီးငွေ့လာကြတာ၊ စိတ်ပျက်လာကြတာ ဒါကြောင့်ပါပဲ …။

(၄) ရန်ဖြစ်ပေးပါ …

စုံတွဲတွေ ရန်ဖြစ်ပြီးရင် အချစ်တွေပိုတိုးလာစေလို့ ရန်ဖြစ်ပေးပါနော်။ ရန်ဖြစ်ပြီးရင်တော့ မှားတဲ့လူက ပြန်ချော့ပါ။ တစ်ယောက်နဲ့တစ်ယောက် ရန်မဖြစ်ကြတော့ဘူးဆိုရင်တော့ အဲ့ဒါတစ်ယောက်နဲ့တစ်ယောက် စိတ်ပျက်သွားကြလို့ပါ။ အဲ့ဒါကြောင့် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် လုပ်ပေးပါ …။

(၅) အနမ်းလေးတွေချွေပေးပါ …

သူမသိရင်မသိလိုက်သလို ပါးလေးကို နမ်းပေးလိုက်ပါ။ သူ့အတွက် အရမ်းလည်း အံ့သြသွားမှာဖြစ်သလို ပျော်လည်းပျော်သွားမှာပါ။ အဲ့လို ကြည်နူးစရာအနမ်းလေးကို ချွေပေးလိုက်ပါ။ အမြဲတမ်းဆို ရိုးသွားတတ်တယ်။ တစ်ခါတစ်လေ သူမထင်ရင် မထင်သလို ပါးလေးကို နမ်းနမ်း ပေးပါ …။ ။

Credit-Auntymay