တနင်္ဂနွေသားသမီးများ၂၀၂၁ခုနှစ် ဇူလိုင်လအတွက် တစ်လစာဟောစာတမ်း…

တနင်္ဂနွေသားသမီးများ၂၀၂၁ခုနှစ် ဇူလိုင်လအတွက် တစ်လစာဟောစာတမ်း…

အလှူမင်္ဂလာကိစ္စတွေကြုံတွေ့ရမယ့်အကြောင်းအရာလေးတွေကြုံရတတ်ပါတယ်လုပ်ငန်းအသစ်တစ်ခုအဆင်မပြေမှုတွေကြောင့်ရက်ရွှေ့ရတာမျိုးလုပ်ငန်းနေရာပြောင်းရတာ စာချုပ်ချုပ်တာမျိုးတွေကြုံရတတ်ပါတယ်။မိသားစုဝင်တစ်ဦးရဲ့စိတ်မကောင်းစရာသတင်းတွေကြားရတတ်ပါတယ်။မကြာခင်မှာတော့လုပ်ငန်းများပြန်လည်အဆင်ပြေလာပါလိမ့်မယ်။

 

လူမျိုးခြားဘာသာခြားများနဲ့ဆက်ဆံရေးအခြေအနေတွေသတိပြုဆင်ခြင်သင့်ပါတယ်။စွန့်စားပြီးတော့၊စွန့်လွှတ်ပြီးတော့လုပ်ကိုင်ရမယ့်လုပ်ငန်းမျိုးကိုတော့ရှောင်ကြဉ်သင့်ပါတယ်။စပ်တူလုပ်ကိုင်ရမယ်ဆိုရင်တော့အဆင်ပြေပါလိမ့်မယ်။စပ်တူလုပ်ကိုင်ပါကသောကြာသားသမီးများနှင့်လုပ်ကိုင်ပါကပို၍အဆင်ပြေပါလိမ့်မယ်။

အတိုက်အခံလေးတွေတော့အနည်းငယ်တွေ့ရတတ်ပါတယ်။လူအများရဲ့ယုံကြည်မှုကိုရရှိအောင်စွမ်းဆောင်ပါ။လုံ့လ၊ဝရိယတွေစိုက်ထုတ်ကြိုးစားမှသာအောင်မြင်မှုရရှိနိုင်ပါတယ်။တိုးတက်မှုတွေတွေ့ရှိရမှာဖြစ်ပါတယ်။

ဝန်ထမ်းများအနေနဲ့ဆုံးရှုံးမှုတွေနဲ့အပြိုင်အဆိုင်အတိုက်အခိုက်လေးတွေနဲ့ကြုံတွေ့ပြီးမှသာအောင်မြင်မှုရရှိနိုင်ပါတယ်။နေရာကောင်းတွေတာဝန်သစ်တွေနဲ့ကြုံတွေ့ရပါလိမ့်မယ်။ချစ်သူအိမ်ထောင်ဘက်နှင့်ပျော်ရွှင်စရာကောင်းတဲ့ခရီးတစ်ခုမျိုးသွားရတတ်ပါတယ်။

ထိုခရီးမှာတော့ကျန်းမာရေးအညံ့အနေနဲ့ကြုံရတတ်ပါတယ်အစားအသောက်အနေအထိုင်လေးသတိထားစေချင်ပါတယ်။တယူသန်စိတ်အထင်နဲ့လုပ်တတ်ခြင်းများကိုတော့ရှောင်ကြဉ်သင့်ပါတယ်။သတိထားပြီးတော့စဉ်းစားဆင်ခြင်ပြီးမှသာလုပ်ကိုင်သင့်ပါတယ်။

အထက်လူကြီးရဲ့ကူညီမှုတွေတော့ရရှိပါလိမ့်မယ်။အချစ်ရေးအိမ်ထောင်ရေးမှာတော့အမြတမ်းကို့ကိုအနိုင်ယူနေတဲ့ချစ်သူကကိုယ့်ကိုအလျှော့ပေးတာမျိုးတွေကြုံရတတ်ပါတယ်။ကျန်းမာရေးအနေနဲ့အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါသတိထားစေချင်ပါတယ်။ကံကောင်းစေရန်ယတြာအနေနဲ့သစ်သီးတစ်မျိုးဆပ်ကပ်လှူဒါန်းပါ။

ကံကောင်းဂဏန်းကတော့၂၊၇၊၄ဖြစ်ပြီးကံကောင်းစေသောအရောင်ကတော့အနီရောင်ရင့်ရင့်ဖြစ်ပါတယ်

Credit

 

Zawgyi





 





 

Credit