မဂ်ဥာဏ် ဖိုလ်ဥာဏ် ရရှိခဲ့မှု ) စသည့် ကုသိုလ်တွေကိုပြန်အောက့်မေ့ပြီးတော့ ထိုကုသိုလ်များနှင့် တကွ မိမိတစ်သက်တာပြုခဲ့သော ကုသိုလ်များအား လောကပါလနတ်မင်းကြီးနှင့် သာသနာစောင့်နတ်မင်းကြီး ၊ လောကပါလ အစောင့်အရှောက်များလုံးကို အမျှဝေပါသည်၊
Unicode
ဗုဒ္ဓဘာသာဝင်တွေလုပ်ကြဖို့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိန့်ကြားချက်
သူ့ဘာသာသူ ယတြာဘယ်လောက်ကောင်းကောင်း
အမိန့်ပြန်တမ်းဘယ်လောက် ပြင်းပြင်း စကြာဝတေးမင်းတောင် အမိန့်ပေးလို့ မရတဲ့ နတ်မင်းကြီး ၂ ပါးရှိပါတယ်
အဲ့နတ်မင်းကြီး ၂ပါးက လောကပါလနတ်မင်းကြီးနဲ့ သာသနာစောင့်နတ်မင်းကြီးပါ။
မည်သူမဆို ဒါန သီလ ဘာဝနာ တစ်ခုခု ပြု ပြီးနောက်
“လောကပါလနတ်မင်းကြီးနှင့် သာသနာစောင့်နတ်မင်းကြီး ဘေးရန်ကင်းပါစေ၊ကိုယ်ဆင်းရဲကင်းပါစေ၊စိတ်ဆင်းရဲကင်းပါစေ။ ကိုယ်စိတ်နှစ်ဖြာချမ်းသာစွာဖြင့် မိမိတို့ ခန္ဓာတာဝန်ကို လွယ်ကူစွာဆောင်ရွက်နိုင်ပါစေ” လို့ ၃ ခေါက်ရွတ်ပြီး အထူး မေတ္တာပို့ပါ
ပြီးရင် မိမိဘဝမှာ အထူးပြုခဲ့ဖူးသောကုသိုလ်
( ဥပမာ။ ။ ရှင်ပြုအလှူ၊ ပုဇင်းတက်ခဲ့ခြင်း၊ ကျောင်းအလှူ၊ ရေတွင်းရေကန် တံတားအလှူ၊ ရွှေသက်န်းအလှူ၊ ကမ္မဌာန်း ဝိပသနာ တရားအားထုတ်ခဲ့မှု ၊
မဂ်ဉာဏ် ဖိုလ်ဉာဏ် ရရှိခဲ့မှု ) စသည့် ကုသိုလ်တွေကိုပြန်အောက့်မေ့ပြီးတော့ ထိုကုသိုလ်များနှင့် တကွ မိမိတစ်သက်တာပြုခဲ့သော ကုသိုလ်များအား လောကပါလနတ်မင်းကြီးနှင့် သာသနာစောင့်နတ်မင်းကြီး ၊ လောကပါလ အစောင့်အရှောက်များလုံးကို အမျှဝေပါသည်၊
သာဓုခေါ်ပါဆိုပြီး သေချာအမျှပေးဝေပါ။
မတရား သတ်ဖြတ်ခံ အကြမ်းဖက်ခံနေရတဲ့ပြည်သူများကိုလည်း ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကိုယ်ပြုထားတဲ့ကုသိုလ်တွေနဲ့ သစ္စာဆိုကြပါ။