Raymond Tree ကမ်ပိန်းလေးမှာ ပါဝင်ရင်း အေးချမ်းလှပတဲ့ grave လေးတစ်ခုကို ရေမွန်အတွက် ဖန်တီးပြုလုပ်ပေးထားတဲ့ ပရိသတ်တစ်ဦး

အဆိုတော် ရေမွန် ကွယ်လွန်သွားခဲ့ပြီးနောက် သူ့ကိုချစ်ကြတဲ့ အနုပညာမောင်နုမတွေ နဲ့ ပရိသတ်တွေက အမြဲသတိတရဖြစ်အောင် အမှတ်တရလေးတွေကို ပြုလုပ်ခဲ့ပါတယ်။ တချို့ပရိသတ်တွေဆိုရင်လည်း ရေမွန်ရဲ့ ပုံလေးတွေနဲ့ သီချင်းတွေကို ခန္ဓာကိုယ်ပေါ်တွေမှာ ရေးထိုးထားခဲ့ကြသလို တောင်ကြီးမြို့က ဆိုင်တစ်ဆိုင်မှာ အမှတ်တရအနေဖြင့် Idiots Raymond Roomဆိုတဲ့ အခန်းလေးတွေလည်း သီးသန့် ပြုလုပ်ပေးထားတာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ(၂၆)ရက်နေ့ကလည်း ရေမွန်ကို သတိတရဖြစ်အောင်နဲ့ ကမ္ဘာမြေကိုလည်း အကျိုးပြုစေဖို့ Raymond Tree ဆိုတဲ့ သစ်ပင်စိုက် ကမ်ပိန်းလေးကို အဆိုတော် နိုဗန်ထူးက သူ့ရဲ့ အရိုးပြာအချို့နဲ့ သစ်ပင်များစိုက်ပျိုးခဲ့သလို ဒီကမ်ပိန်းလေးမှာလည်း ပါဝင်ကြဖို့ကိုလည်း ဖိတ်ခေါ်ထားခဲ့ပါတယ်။ ယခုအခါမှာလည်း ချစ်တဲ့ ပရိသတ်တစ်ဦးက Raymond Treeမှာကမ်ပိန်းလေးမှာ ပါဝင်ရင်း ရေမွန်အတွက် အေးချမ်းတဲ့ grave လေးကို ဖန်တီး ပြုလုပ်ပေးခဲ့ပါတယ်။

အဆိုတော် ရေမွန်ဟာ တောတောင်တွေကြားမှာ နောက်ဆုံးခေါင်းချခဲ့တာကို ရည်ရွယ်ပြီး ဒီ grave လေးကို သဘာဝတောတောင်တွေပုံစံအဖြင့် အမှတ်တရဖြစ်အောင် ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီ grave လေးထဲမှာ RIP Raymond ဆိုတဲ့ အုပ်ဂူလေးအပြင် သစ်ပင်ပန်းပင်၊ကျောင်ဆောင်တွေကစတဲ့ အသေးစိတ်တွေကအစ သဘာဝတရားကိုပေါ်လွင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ပရိသတ်တွေလည်း ရေမွန်အတွက် ပြုလုပ်ပေးထားတဲ့ အေးချမ်းတဲ့ grave လေးကိုကြည့်ပြီး လွမ်းဆွတ်သတိရနေမယ်လို့ ထင်မိပါတယ်။

အဆိုေတာ္ ေရမြန္ ကြယ္လြန္သြားခဲ့ၿပီးေနာက္ သူ႔ကိုခ်စ္ၾကတဲ့ အႏုပညာေမာင္ႏုမေတြ နဲ႔ ပရိသတ္ေတြက အၿမဲသတိတရျဖစ္ေအာင္ အမွတ္တရေလးေတြကို ျပဳလုပ္ခဲ့ပါတယ္။ တခ်ိဳ႕ပရိသတ္ေတြဆိုရင္လည္း ေရမြန္ရဲ႕ ပုံေလးေတြနဲ႔ သီခ်င္းေတြကို ခႏၶာကိုယ္ေပၚေတြမွာ ေရးထိုးထားခဲ့ၾကသလို ေတာင္ႀကီးၿမိဳ႕က ဆိုင္တစ္ဆိုင္မွာ အမွတ္တရအေနျဖင့္ Idiots Raymond Roomဆိုတဲ့ အခန္းေလးေတြလည္း သီးသန္႔ ျပဳလုပ္ေပးထားတာ ေတြ႕ရပါတယ္။

ၿပီးခဲ့တဲ့ ဇြန္လ(၂၆)ရက္ေန႔ကလည္း ေရမြန္ကို သတိတရျဖစ္ေအာင္နဲ႔ ကမာၻေျမကိုလည္း အက်ိဳးျပဳေစဖို႔ Raymond Tree ဆိုတဲ့ သစ္ပင္စိုက္ ကမ္ပိန္းေလးကို အဆိုေတာ္ ႏိုဗန္ထူးက သူ႔ရဲ႕ အ႐ိုးျပာအခ်ိဳ႕နဲ႔ သစ္ပင္မ်ားစိုက္ပ်ိဳးခဲ့သလို ဒီကမ္ပိန္းေလးမွာလည္း ပါဝင္ၾကဖို႔ကိုလည္း ဖိတ္ေခၚထားခဲ့ပါတယ္။ ယခုအခါမွာလည္း ခ်စ္တဲ့ ပရိသတ္တစ္ဦးက Raymond Treeမွာကမ္ပိန္းေလးမွာ ပါဝင္ရင္း ေရမြန္အတြက္ ေအးခ်မ္းတဲ့ grave ေလးကို ဖန္တီး ျပဳလုပ္ေပးခဲ့ပါတယ္။

အဆိုေတာ္ ေရမြန္ဟာ ေတာေတာင္ေတြၾကားမွာ ေနာက္ဆုံးေခါင္းခ်ခဲ့တာကို ရည္႐ြယ္ၿပီး ဒီ grave ေလးကို သဘာဝေတာေတာင္ေတြပုံစံအျဖင့္ အမွတ္တရျဖစ္ေအာင္ ဖန္တီးျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။ ဒီ grave ေလးထဲမွာ RIP Raymond ဆိုတဲ့ အုပ္ဂူေလးအျပင္ သစ္ပင္ပန္းပင္၊ေက်ာင္ေဆာင္ေတြကစတဲ့ အေသးစိတ္ေတြကအစ သဘာဝတရားကိုေပၚလြင္ေအာင္ ဖန္တီးထားတာ ေတြ႕ရပါတယ္။ ပရိသတ္ေတြလည္း ေရမြန္အတြက္ ျပဳလုပ္ေပးထားတဲ့ ေအးခ်မ္းတဲ့ grave ေလးကိုၾကည့္ၿပီး လြမ္းဆြတ္သတိရေနမယ္လို႔ ထင္မိပါတယ္။