စစ်ကောင်စီမှ လွတ်ပေးသူများစာရင်းတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ သမီးပါလာမလား စောင့်မျှော်နေရာ သမီးလွတ်မလာသည့်အတွက် နှလုံးအောင့်သွေးတက်ပြီး နေအိမ်တွင် ရုတ်တရက် သေဆုံးသွားခဲ့သူ မဘောက်ဂျာ၏ ဖခင်ဦးဇော်ဖန်၏ နောက်ဆုံးခရီးကို မနက်ဖြန် ပို့ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်တွင် နေထိုင်သည့် ဦးဇော်ဖန်သည် ဇွန် ၃၀ရက်နေ့တွင် ကျန်းကျန်းမာမာ ရှိနေရာကနေ စစ်ကောင်စီမှ ဖမ်းဆီးခြင်းခံထားရသူသမီးမဘောက်ဂျာ လွတ်မြောက်လာမည်ကို သွားရောက်စောင့်မျှော်ခဲ့ရာ မွန်းလွဲ ၃နာရီခန့်တွင် လွတ်လာမည့်စာရင်း၌ ၎င်း၏ သမီးမပါသေးကြောင်း သိရှိရပြီးနောက် နေအိမ်ပြန်ရောက်လာကာ ညနေ ၄နာရီအချိန်တွင် နှလုံးအောင့်သွေးတက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အိမ်ပြန်ရောက်လာပြီးနောက် ဗိုက်နာသည်ဟု ပြောဆိုပြီး သွေးတက်ကာ ညနေ ၄နာရီခန့်တွင် နေအိမ်၌ သေဆုံးသွားသည်ဟု သိရသည်။
“ဗိုက်လေထိုးတယ်ဆိုပြီး ဆေးလိမ်းပြီး ရေနွေးအိတ် ကပ်ထားပေးတာ နောက်တော့ သွေးတိုးလာတယ်”ဟု နီးစပ်သူတစ်ဦးကပြောသည်။
မဘောက်ဂျာသည် စစ်ကောင်စီမှ ဖမ်းဆီးခြင်းကို ခံရပြီး ပုဒ်မ ၅၀၅ – ကဖြင့် တရားစွဲဆိုခြင်းခံထားရသူ ဖြစ်သည်။
စစ်အာဏာရှင်ကိုဆန့်ကျင်ရေးလှုပ်ရှားမှုများနှင့်ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ (၁၄၅)ဦးသည် ယမန်နေ့ ဇွန်လ ၃၀ရက်နေ့တွင် မြစ်ကြီးနားမြို့ အကျဥ်းထောင်မှ လွတ်မြောက်လာခဲ့ကြသည်။ မြစ်ကြီးနားအကျဥ်းထောင်းမှ လွတ်မြောက်လာသူများသည် အမျိုးသမီး(၅၀)ဦး၊ အမျိုးသား (၉၅)ဦး ဖြစ်ကြောင်း သိရသည်။
Zawgyi
စစ္ေကာင္စီမွ လြတ္ေပးသူမ်ားစာရင္းတြင္ ဖမ္းဆီးထိန္းသိမ္းခံထားရသူ သမီးပါလာမလား ေစာင့္ေမွ်ာ္ေနရာ သမီးလြတ္မလာသည့္အတြက္ ႏွလုံးေအာင့္ေသြးတက္ၿပီး ေနအိမ္တြင္ ႐ုတ္တရက္ ေသဆုံးသြားခဲ့သူ မေဘာက္ဂ်ာ၏ ဖခင္ဦးေဇာ္ဖန္၏ ေနာက္ဆုံးခရီးကို မနက္ျဖန္ ပို႔ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
ျမစ္ႀကီးနားၿမိဳ႕ လယ္ကုန္းရပ္ကြက္တြင္ ေနထိုင္သည့္ ဦးေဇာ္ဖန္သည္ ဇြန္ ၃၀ရက္ေန႔တြင္ က်န္းက်န္းမာမာ ရွိေနရာကေန စစ္ေကာင္စီမွ ဖမ္းဆီးျခင္းခံထားရသူသမီးမေဘာက္ဂ်ာ လြတ္ေျမာက္လာမည္ကို သြားေရာက္ေစာင့္ေမွ်ာ္ခဲ့ရာ မြန္းလြဲ ၃နာရီခန္႔တြင္ လြတ္လာမည့္စာရင္း၌ ၎၏ သမီးမပါေသးေၾကာင္း သိရွိရၿပီးေနာက္ ေနအိမ္ျပန္ေရာက္လာကာ ညေန ၄နာရီအခ်ိန္တြင္ ႏွလုံးေအာင့္ေသြးတက္ၿပီး ႐ုတ္တရက္ ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အိမ္ျပန္ေရာက္လာၿပီးေနာက္ ဗိုက္နာသည္ဟု ေျပာဆိုၿပီး ေသြးတက္ကာ ညေန ၄နာရီခန္႔တြင္ ေနအိမ္၌ ေသဆုံးသြားသည္ဟု သိရသည္။
“ဗိုက္ေလထိုးတယ္ဆိုၿပီး ေဆးလိမ္းၿပီး ေရေႏြးအိတ္ ကပ္ထားေပးတာ ေနာက္ေတာ့ ေသြးတိုးလာတယ္”ဟု နီးစပ္သူတစ္ဦးကေျပာသည္။
မေဘာက္ဂ်ာသည္ စစ္ေကာင္စီမွ ဖမ္းဆီးျခင္းကို ခံရၿပီး ပုဒ္မ ၅၀၅ – ကျဖင့္ တရားစြဲဆိုျခင္းခံထားရသူ ျဖစ္သည္။
စစ္အာဏာရွင္ကိုဆန႔္က်င္ေရးလႈပ္ရွားမႈမ်ားႏွင့္ဆက္စပ္ၿပီး ဖမ္းဆီးထိန္းသိမ္းခံခဲ့ရသူ (၁၄၅)ဦးသည္ ယမန္ေန႔ ဇြန္လ ၃၀ရက္ေန႔တြင္ ျမစ္ႀကီးနားၿမိဳ႕ အက်ဥ္းေထာင္မွ လြတ္ေျမာက္လာခဲ့ၾကသည္။ ျမစ္ႀကီးနားအက်ဥ္းေထာင္းမွ လြတ္ေျမာက္လာသူမ်ားသည္ အမ်ိဳးသမီး(၅၀)ဦး၊ အမ်ိဳးသား (၉၅)ဦး ျဖစ္ေၾကာင္း သိရသည္။