အကယ်ဒမီ(၇)ဆုရှင် မင်းသားကြီး ဦးညွန့်ဝင်း ကွယ်လွန်သွား ပြီလို့သိရှိရ…

အကယ္ဒမီ(၇)ဆုရွင္ မင္းသားႀကီး ဦးၫြန႔္ဝင္း ကြယ္လြန္သြား ၿပီလို႔သိရွိရ

အကယ္ဒမီ(၇)ဆုရွင္ မင္းသားႀကီး ဦးၫြန႔္ဝင္း ယေန႔မွာကြယ္လြန္သြား‌ေၾကာင္းၾကားသိရသည့္အတြက္ မိသားစုနဲ႔ထပ္တူဝမ္းနည္းရပါသည္။

ျမန္မာ့႐ုပ္ရွင္ေလာကအတြက္ အစားထိုးမရတဲ့ဆုံးရႈံးမႈႀကီးပါ။

ေကာင္းမြန္ရာဘုံဘဝ ရရွိ ခံစားရပါေစ…….

Source:Tin Tunn Win

Photo: Credit

႐ုပ္ရွင္သ႐ုပ္ေဆာင္ အကယ္ဒမီမ်ားရွင္ ၫြန႔္ဝင္းကို အဖ အလကၤာေက်ာ္စြာ ေ႐ႊမန္းတင္ေမာင္၊ အမိ ေဒၚသိန္းၫြန႔္တို႔က ၁၉၄၁ ခုႏွစ္ မတ္လ ၈ ရက္ေန႔တြင္ သထုံၿမိဳ႕၊ ဇြဲကလာ႐ြာ၌ ေမြးဖြားခဲ့သည္။ ေမြးခ်င္း ၇ ဦးအနက္ အႀကီးဆုံးသား ျဖစ္သည္။ ကေလးဘဝ၌ မႏၲေလးအမ်ိဳးသားေက်ာင္း ႏွင့္ ရန္ကုန္စိန႔္ဖရန႔္စ္ေက်ာင္း မ်ားတြင္ ပညာသင္ယူခဲ့သည္။

ထို႔ေနာက္ ၁၀ ႏွစ္သားအ႐ြယ္မွ အသက္ ၂၀ အ႐ြယ္အထိ အိႏၵိယႏိုင္ငံ ဒါဂ်ီလင္တကၠသိုလ္တြင္ ပညာသင္ယူခဲ့သည္။ အိႏၵိယႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ ျပန္ေရာက္ၿပီးေနာက္ ၆ လခန႔္အၾကာတြင္ ေရဒီယိုပညာ သင္ယူရန္ အဂၤလန္ႏိုင္ငံ သို႔ သြားေရာက္ခဲ့သည္။ အဂၤလန္ႏိုင္ငံ ကိန္းဘရစ္တကၠသိုလ္ တြင္ ၁ ႏွစ္ခန႔္ ပညာသင္ယူၿပီးေနာက္ ေရဒီယိုအီလက္ထေရာနစ္ ဒီပလိုမာ ရရွိခဲ့သည္။ ယင္းေနာက္ အဂၤလန္ႏိုင္ငံမွ အေမရိကန္ျပည္ေထာင္စု၊ ေအာ္ရီကန္စတိတ္တကၠသိုလ္ တြင္ ဇာတ္ခုံအလင္းအေမွာင္ပညာႏွင့္ ဆက္တင္ဆိုင္ရာပညာမ်ားကို ၁ ႏွစ္ခန႔္ သင္ယူရာ ဇာတ္ခုံအလင္းအေမွာင္ပညာႏွင့္ ဆက္တင္ဆိုင္ရာဒီပလိုမာ ရရွိခဲ့သည္။

ၫြန႔္ဝင္းသည္ ဖခင္၏ဇာတ္သဘင္လုပ္ငန္းတြင္ ျပင္ဆင္မြမ္းမံမႈျဖင့္ တစ္ဖက္တစ္လမ္းမွ တာဝန္ယူႏိုင္ရန္ ရည္သန္ႀကိဳးပမ္းခဲ့ျခင္း ျဖစ္သည္။ ၫြန႔္ဝင္းသည္ ျမန္မာ့ဇာတ္သဘင္ႏွင့္အလွမ္းကြာလြန္းခဲ့သျဖင့္ ဇာတ္စင္ေပၚသို႔တက္ရန္ ဝန္ေလးေနခဲ့သည္။ ဖခင္၏ေနာက္သို႔လိုက္ရန္ သူ႔အဖို႔ ႀကိဳးပမ္းစရာ ေျမာက္ျမားစြာ ရွိေနသည္ကို ရိပ္စားမိသည္။ ထို႔ေၾကာင့္ သူ သင္ယူခဲ့ေသာ ေရဒီယိုပညာဆိုင္ရာ လုပ္ငန္းတစ္ခုကို တည္ေထာင္ႏိုင္ရန္ ရည္သန္ခဲ့သည္။ ထိုအခ်ိန္မွာပင္ ျမေဇာ္ဖလင္မွ ႐ုပ္ရွင္႐ိုက္ရန္ ၫြန႔္ဝင္းကို ကမ္းလွမ္းခဲ့သည္။

ျမေဇာ္ဖလင္မွာ ေ႐ႊမန္းတင္ေမာင္ႏွင့္ ဝိမာန ဇာတ္ကား႐ိုက္ကူးရာမွစ၍ ရင္းႏွီးကြၽမ္းဝင္ခဲ့ၾကသည္။ ၫြန႔္ဝင္းသည္ ႐ုပ္ရွင္မွာ သူႏွင့္အလွမ္းမကြာလွ မစိမ္းလွဟု ယူဆသည္။ ႏိုင္ငံျခား႐ုပ္ရွင္ အၾကည့္အရႈမ်ားခဲ့ျခင္း၊ ေက်ာင္းကပြဲ ဆိုပြဲမ်ားမွ အေလ့အက်င့္ရခဲ့ျခင္းတို႔က သူ႔အား အေထာက္အကူျပဳလိမ့္မည္ဟု ေျမာ္လင့္သည္။ ငယ္စဥ္ကလည္း ႐ုပ္ရွင္မင္းသား ျဖစ္လိုျဖစ္ျငား ေမွ်ာ္လင့္ခ်က္ထားခဲ့ဖူးသည္။ ထို႔ေၾကာင့္ ႐ုပ္ရွင္ေလာကသို႔ ေျခခ်ခြင့္ရမည္ကို ဝမ္းပန္းတသာ လက္ခံလိုက္သည္။

ပထမဆုံး စတင္သ႐ုပ္ေဆာင္ေသာ ဇာတ္ကားမွာ ျမေဇာ္ဖလင္မွ ဒါ႐ိုက္တာသိန္းေဇာ္ ႐ိုက္ကူးေသာ သတို႔သမီးအလိုရွိသည္ ဇာတ္ကားျဖစ္သည္။ ၾကည္စိုး၊ ေအာင္တင္၊ ခင္သန္းႏု၊ ေအးေအးသင္း ၊ ေဘဘီႏြဲ႕၊ ၾကယ္နီတို႔ႏွင့္ တြဲဖက္သ႐ုပ္ေဆာင္ရသည္။ ထိုဇာတ္ကားတြင္ ၫြန႔္ဝင္း၏ သ႐ုပ္ေဆာင္မႈအပိုင္းမွာ ထူးျခားမႈမရွိေသာ္လည္း အေခ်ာ့ေတာ္ သီခ်င္းကိုမူ ပရိသတ္က လက္ခံခဲ့ၾကသည္။

ဒုတိယေျမာက္ ပါဝင္သ႐ုပ္ေဆာင္ေသာ ဇာတ္ကားမွာ ဒါ႐ိုက္တာေအဝမ္းတင္ေမာင္ ႐ိုက္ကူးေသာ မမထားႏွင့္ အပါ ဇာတ္ကားျဖစ္သည္။ ျမင့္ျမင့္ခင္၊ ေအာင္တင္၊ ေဘဘီႏြဲ႕တို႔ႏွင့္ တြဲဖက္သ႐ုပ္ေဆာင္ရသည္။ ဤဇာတ္ကားမွ စတင္ၿပီး ၫြန႔္ဝင္း၏သ႐ုပ္ေဆာင္မႈကို ပရိသတ္လက္ခံလာၾကသည္။ ေအဝမ္းေမာင္တင္ေမာင္ထံမွ ႐ုပ္ရွင္ပညာရရန္သာ အဓိကထားၿပီး ေငြေၾကးေတာင္းဆိုမႈ လုံးဝမရွိဘဲ သ႐ုပ္ေဆာင္ခဲ့ေသာ ဇာတ္ကားျဖစ္သည္။ ေခါင္းေဆာင္မင္းသမီး ျမင့္ျမင့္ခင္ကလည္း သ႐ုပ္ေဆာင္မႈမ်ား၌ ၫြန႔္ဝင္းကို လက္တြဲေခၚခဲ့သည္။

႐ုပ္ရွင္ေလာကတြင္ မင္းသား ၫြန႔္ဝင္း ဟူ၍ နာမည္ေက်ာ္ၾကားခိုင္မာေစခဲ့ေသာ ဇာတ္ကားမွာ ဒါ႐ိုက္တာေအဝမ္းေမာင္လွမ်ိဳး ႐ိုက္ကူးေသာ ဗန္တိုလူေလးႏွင့္ သူဇာ ဇာတ္ကားပင္ ျဖစ္သည္။ ထိုဇာတ္ကားတြင္ ၫြန႔္ဝင္းသည္ လူေကာင္းႏွင့္လူဆိုး အသြင္ႏွစ္မ်ိဳးျဖင့္ ႏွစ္ကိုယ္ခြဲ သ႐ုပ္ေဆာင္ရာ ဇာတ္လမ္းႏွင့္ အံဝင္ေသာသ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ပထမဆုံး ဆြတ္ခူးရရွိခဲ့သည္။ ၫြန႔္ဝင္း၏အႏုပညာသက္တမ္းတစ္ေလွ်ာက္ အမ်ားဆုံးတြဲဖက္သ႐ုပ္ေဆာင္ခဲ့ေသာ မင္းသမီး ၂ ဦးမွာ အကယ္ဒမီဝါဝါဝင္းေ႐ႊႏွင့္ အကယ္ဒမီခင္သန္းႏုတို႔ ျဖစ္သည္။ ၫြန႔္ဝင္း၏ဇာတ္ကားမ်ားစြာကို ႀကီးၾကပ္႐ိုက္ကူးခဲ့ေသာ ဒါ႐ိုက္တာမွာ ေအဝမ္းေမာင္လွမ်ိဳး ျဖစ္သည္။

ၫြန႔္ဝင္းသည္ ဒါ႐ိုက္တာ ေအဝမ္းေမာင္လွမ်ိဳး၏ ဗန္တိုလူေလးႏွင့္ သူဇာတ္ကားျဖင့္ ၁၉၆၈ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ဒါ႐ိုက္တာ အကယ္ဒမီ ဝါဝါဝင္းေ႐ႊ၏ ခ်စ္သူဝိုင္းဝိုင္းလည္ ဇာတ္ကားျဖင့္ ၁၉၇၁ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ဒါ႐ိုက္တာ ဝင္းေဖ ႀကီးၾကပ္၍ ဒါ႐ိုက္တာ မင္းမာဃႏွင့္ ေက်ာ္သိုက္ထြန္း ႐ိုက္ကူးသည့္ တတိယအ႐ြယ္၏ဒုတိယေဝဒနာ ဇာတ္ကားျဖင့္ ၁၉၈၃ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ေဆာင္ဆု၊ ဒါ႐ိုက္တာ ေမာင္နႏၵ၏ သီတာခုႏွစ္တန္ ဇာတ္ကားျဖင့္ ၁၉၉၃ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ပို႔ဆု၊ ဒါ႐ိုက္တာ အကယ္ဒမီ ၾကည္စိုးထြန္း ၏ သူ႔ကြၽန္မခံၿပီ ဇာတ္ကားျဖင့္ ၁၉၉၇ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ပို႔ဆု၊ ဒါ႐ိုက္တာ အကယ္ဒမီ ၾကည္စိုးထြန္း၏ ဆန္ေရ ဇာတ္ကားျဖင့္ ၂၀၀၂ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ပို႔ဆု၊ ဒါ႐ိုက္တာ အကယ္ဒမီ စင္ေရာ္ေမာင္ေမာင္၏ လွ်ိဳ႕ဝွက္ေသာႏွင္း ဇာတ္ကားျဖင့္ ၂၀၀၄ ခုႏွစ္အတြက္ အမ်ိဳးသားဇာတ္ပို႔ဆု စသည္ျဖင့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု ၇ ႀကိမ္ရရွိထားၿပီး ျဖစ္သည္………

Wikipedia

အကယ်ဒမီ(၇)ဆုရှင် မင်းသားကြီး ဦးညွန့်ဝင်း ကွယ်လွန်သွား ပြီလို့သိရှိရ

အကယ်ဒမီ(၇)ဆုရှင် မင်းသားကြီး ဦးညွန့်ဝင်း ယနေ့မှာကွယ်လွန်သွား‌ကြောင်းကြားသိရသည့်အတွက် မိသားစုနဲ့ထပ်တူဝမ်းနည်းရပါသည်။

မြန်မာ့ရုပ်ရှင်လောကအတွက် အစားထိုးမရတဲ့ဆုံးရှုံးမှုကြီးပါ။

ကောင်းမွန်ရာဘုံဘဝ ရရှိ ခံစားရပါစေ…….

Source:Tin Tunn Win

Photo: Credit

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် ညွန့်ဝင်းကို အဖ အလင်္ကာကျော်စွာ ရွှေမန်းတင်မောင်၊ အမိ ဒေါ်သိန်းညွန့်တို့က ၁၉၄၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် သထုံမြို့၊ ဇွဲကလာရွာ၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ ဦးအနက် အကြီးဆုံးသား ဖြစ်သည်။ ကလေးဘဝ၌ မန္တလေးအမျိုးသားကျောင်း နှင့် ရန်ကုန်စိန့်ဖရန့်စ်ကျောင်း များတွင် ပညာသင်ယူခဲ့သည်။

ထို့နောက် ၁၀ နှစ်သားအရွယ်မှ အသက် ၂၀ အရွယ်အထိ အိန္ဒိယနိုင်ငံ ဒါဂျီလင်တက္ကသိုလ်တွင် ပညာသင်ယူခဲ့သည်။ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်ရောက်ပြီးနောက် ၆ လခန့်အကြာတွင် ရေဒီယိုပညာ သင်ယူရန် အင်္ဂလန်နိုင်ငံ သို့ သွားရောက်ခဲ့သည်။ အင်္ဂလန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ် တွင် ၁ နှစ်ခန့် ပညာသင်ယူပြီးနောက် ရေဒီယိုအီလက်ထရောနစ် ဒီပလိုမာ ရရှိခဲ့သည်။ ယင်းနောက် အင်္ဂလန်နိုင်ငံမှ အမေရိကန်ပြည်ထောင်စု၊ အော်ရီကန်စတိတ်တက္ကသိုလ် တွင် ဇာတ်ခုံအလင်းအမှောင်ပညာနှင့် ဆက်တင်ဆိုင်ရာပညာများကို ၁ နှစ်ခန့် သင်ယူရာ ဇာတ်ခုံအလင်းအမှောင်ပညာနှင့် ဆက်တင်ဆိုင်ရာဒီပလိုမာ ရရှိခဲ့သည်။

ညွန့်ဝင်းသည် ဖခင်၏ဇာတ်သဘင်လုပ်ငန်းတွင် ပြင်ဆင်မွမ်းမံမှုဖြင့် တစ်ဖက်တစ်လမ်းမှ တာဝန်ယူနိုင်ရန် ရည်သန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ ညွန့်ဝင်းသည် မြန်မာ့ဇာတ်သဘင်နှင့်အလှမ်းကွာလွန်းခဲ့သဖြင့် ဇာတ်စင်ပေါ်သို့တက်ရန် ဝန်လေးနေခဲ့သည်။ ဖခင်၏နောက်သို့လိုက်ရန် သူ့အဖို့ ကြိုးပမ်းစရာ မြောက်မြားစွာ ရှိနေသည်ကို ရိပ်စားမိသည်။ ထို့ကြောင့် သူ သင်ယူခဲ့သော ရေဒီယိုပညာဆိုင်ရာ လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ရန် ရည်သန်ခဲ့သည်။ ထိုအချိန်မှာပင် မြဇော်ဖလင်မှ ရုပ်ရှင်ရိုက်ရန် ညွန့်ဝင်းကို ကမ်းလှမ်းခဲ့သည်။

မြဇော်ဖလင်မှာ ရွှေမန်းတင်မောင်နှင့် ဝိမာန ဇာတ်ကားရိုက်ကူးရာမှစ၍ ရင်းနှီးကျွမ်းဝင်ခဲ့ကြသည်။ ညွန့်ဝင်းသည် ရုပ်ရှင်မှာ သူနှင့်အလှမ်းမကွာလှ မစိမ်းလှဟု ယူဆသည်။ နိုင်ငံခြားရုပ်ရှင် အကြည့်အရှုများခဲ့ခြင်း၊ ကျောင်းကပွဲ ဆိုပွဲများမှ အလေ့အကျင့်ရခဲ့ခြင်းတို့က သူ့အား အထောက်အကူပြုလိမ့်မည်ဟု မြော်လင့်သည်။ ငယ်စဉ်ကလည်း ရုပ်ရှင်မင်းသား ဖြစ်လိုဖြစ်ငြား မျှော်လင့်ချက်ထားခဲ့ဖူးသည်။ ထို့ကြောင့် ရုပ်ရှင်လောကသို့ ခြေချခွင့်ရမည်ကို ဝမ်းပန်းတသာ လက်ခံလိုက်သည်။

ပထမဆုံး စတင်သရုပ်ဆောင်သော ဇာတ်ကားမှာ မြဇော်ဖလင်မှ ဒါရိုက်တာသိန်းဇော် ရိုက်ကူးသော သတို့သမီးအလိုရှိသည် ဇာတ်ကားဖြစ်သည်။ ကြည်စိုး၊ အောင်တင်၊ ခင်သန်းနု၊ အေးအေးသင်း ၊ ဘေဘီနွဲ့၊ ကြယ်နီတို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်း၏ သရုပ်ဆောင်မှုအပိုင်းမှာ ထူးခြားမှုမရှိသော်လည်း အချော့တော် သီချင်းကိုမူ ပရိသတ်က လက်ခံခဲ့ကြသည်။

ဒုတိယမြောက် ပါဝင်သရုပ်ဆောင်သော ဇာတ်ကားမှာ ဒါရိုက်တာအေဝမ်းတင်မောင် ရိုက်ကူးသော မမထားနှင့် အပါ ဇာတ်ကားဖြစ်သည်။ မြင့်မြင့်ခင်၊ အောင်တင်၊ ဘေဘီနွဲ့တို့နှင့် တွဲဖက်သရုပ်ဆောင်ရသည်။ ဤဇာတ်ကားမှ စတင်ပြီး ညွန့်ဝင်း၏သရုပ်ဆောင်မှုကို ပရိသတ်လက်ခံလာကြသည်။ အေဝမ်းမောင်တင်မောင်ထံမှ ရုပ်ရှင်ပညာရရန်သာ အဓိကထားပြီး ငွေကြေးတောင်းဆိုမှု လုံးဝမရှိဘဲ သရုပ်ဆောင်ခဲ့သော ဇာတ်ကားဖြစ်သည်။ ခေါင်းဆောင်မင်းသမီး မြင့်မြင့်ခင်ကလည်း သရုပ်ဆောင်မှုများ၌ ညွန့်ဝင်းကို လက်တွဲခေါ်ခဲ့သည်။

ရုပ်ရှင်လောကတွင် မင်းသား ညွန့်ဝင်း ဟူ၍ နာမည်ကျော်ကြားခိုင်မာစေခဲ့သော ဇာတ်ကားမှာ ဒါရိုက်တာအေဝမ်းမောင်လှမျိုး ရိုက်ကူးသော ဗန်တိုလူလေးနှင့် သူဇာ ဇာတ်ကားပင် ဖြစ်သည်။ ထိုဇာတ်ကားတွင် ညွန့်ဝင်းသည် လူကောင်းနှင့်လူဆိုး အသွင်နှစ်မျိုးဖြင့် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ရာ ဇာတ်လမ်းနှင့် အံဝင်သောသရုပ်ဆောင်ချက်များကြောင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ပထမဆုံး ဆွတ်ခူးရရှိခဲ့သည်။ ညွန့်ဝင်း၏အနုပညာသက်တမ်းတစ်လျှောက် အများဆုံးတွဲဖက်သရုပ်ဆောင်ခဲ့သော မင်းသမီး ၂ ဦးမှာ အကယ်ဒမီဝါဝါဝင်းရွှေနှင့် အကယ်ဒမီခင်သန်းနုတို့ ဖြစ်သည်။ ညွန့်ဝင်း၏ဇာတ်ကားများစွာကို ကြီးကြပ်ရိုက်ကူးခဲ့သော ဒါရိုက်တာမှာ အေဝမ်းမောင်လှမျိုး ဖြစ်သည်။

ညွန့်ဝင်းသည် ဒါရိုက်တာ အေဝမ်းမောင်လှမျိုး၏ ဗန်တိုလူလေးနှင့် သူဇာတ်ကားဖြင့် ၁၉၆၈ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ အကယ်ဒမီ ဝါဝါဝင်းရွှေ၏ ချစ်သူဝိုင်းဝိုင်းလည် ဇာတ်ကားဖြင့် ၁၉၇၁ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ ဝင်းဖေ ကြီးကြပ်၍ ဒါရိုက်တာ မင်းမာဃနှင့် ကျော်သိုက်ထွန်း ရိုက်ကူးသည့် တတိယအရွယ်၏ဒုတိယဝေဒနာ ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်အတွက် အမျိုးသားဇာတ်ဆောင်ဆု၊ ဒါရိုက်တာ မောင်နန္ဒ၏ သီတာခုနှစ်တန် ဇာတ်ကားဖြင့် ၁၉၉၃ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း ၏ သူ့ကျွန်မခံပြီ ဇာတ်ကားဖြင့် ၁၉၉၇ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ ကြည်စိုးထွန်း၏ ဆန်ရေ ဇာတ်ကားဖြင့် ၂၀၀၂ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု၊ ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်၏ လျှို့ဝှက်သောနှင်း ဇာတ်ကားဖြင့် ၂၀၀၄ ခုနှစ်အတွက် အမျိုးသားဇာတ်ပို့ဆု စသည်ဖြင့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၇ ကြိမ်ရရှိထားပြီး ဖြစ်သည်………

Wikipedia