“ပြုံးလိုက်တဲ့ အချိန်တိုင်း အရမ်းချစ်ဖို့ကောင်းတတ်ကြတဲ့ အင်္ဂါ သားသမီးတွေ အကြောင်း”
Credit
Unicode
ပြုံးလိုက်တဲ့ အချိန်တိုင်း အရမ်းချစ်ဖို့ကောင်းတတ်ကြတဲ့ အင်္ဂါ သားသမီးတွေ အကြောင်း…
အင်္ဂါတွေဟာ အပြင်ပန်းသဏ္ဍန် တည်ငြိမ်အေးဆေးစွာနဲ့ နေတတ်ကြပေမဲ့အင်မတန်မှ ဒေါသကြီးတဲ့ နေ့နာမ်တွေ ဖြစ်ကြတယ်။ မဟုတ်ရင် မခံချင်ကြဘူး။
ဒေါသဖြစ်ရင် အပြင်မှာပေါက်ကွဲကြတာထက် ပါးစပ်က ပူညံပူညံနဲ့ ရေရွတ်နေ တတ်ကြတယ်။ လူတွေအပေါ် ဖော်ရွေစွာနဲ့ ခင်မင်တတ်ပါတယ်။ ဝတ္တရားပျက်ကွက်မိရင်လည်း အပြန်ပြန်အလှန်လှန် တွေးပူနေတတ်ကြတယ် …။
မိသားစုတွေအပေါ်မှာ ပျော်ရွှင်မှုတွေ ပေးချင်တဲ့စိတ်တွေ ရှိကြတယ်တည်ငြိမ်အေးချမ်းတဲ့ ပုံစံမျိုးပေမဲ့ တခါတလေ မိသားစုထဲမှာ ပေါကြောင်ကြောင်နိုင်တတ်ကြတယ် အလုပ်လုပ်တဲ့နေရာမှာ သူများအပေါ် ဦးဆောင်လိုတဲ့စိတ် ရှိတယ်။ ကိုယ်လုပ်ရင် ကိုယ်အကောင်းလို့ ထင်မြင်တတ်ကြတာ အင်္ဂါပါ …။
အကောင်းဆုံးဖြစ်အောင်လည်း ကြိုးစားတတ်ကြတယ်။ အင်္ဂါတွေဟာ ကိုယ့်ကိုယုံကြည်မှုအပြည့်အဝရှိတယ်။ တခါတရံ ကိုယ့်ကိုယ်ပင် ချီးမွမ်းတတ်တယ်သူများတွေမြှောက်ပေးရင်တော့သိပ်မကြိုက်ဘူး။
အပေါင်းအသင်း သူငယ်ချင်းတွေကြားမှာ အေးအေးဆေးဆေး နေတတ်ကြတာ အင်္ဂါပါ။ တည်ငြိမ်အေးချမ်းတဲ့ အပြုံးတွေကိုလည်း ပိုင်ဆိုင်ထားကြတယ် …။
ကိုယ့်အပေါ်ကောင်းတဲ့လူဆိုရင် လွယ်လွယ်နဲ့ မမေ့တတ်သလောက် ကိုယ့် အပေါ် မကောင်းတဲ့လူဆိုရင်တော့ တသက်လုံးပြန်လှည့် မကြည့်တတ်ကြဘူး။
အင်္ဂါတွေဟာ တိရစ္ဆာန်လေးတွေကို အသည်းယားစွာနဲ့ ချစ်တတ်ကြတယ် ။အိမ်မက်ထူးထူးဆန်းဆန်းတွေ မက်ရင် သူငယ်ချင်းတွေကို သို့မဟုတ်မိသားစုထဲက လူတစ်ယောက်ယောက်ကို ပြန်လည်ပြီးပြောပြချင်တတ်ကြတယ် …။
ဝမ်းနည်းစရာ တစ်ခုခုနဲ့ကြုံရင် မျက်ရည်လွယ်တတ်ကြတာ အင်္ဂါပါ။ တော်ရုံနဲ့ မမေ့တတ်ကြဘူး။ သို့ပေမဲ့ မေ့ပြီးသွားရင်လည်း သူမဟုတ်သလိုပဲ အသစ်တဖန် ပြန်စတတ်ကြတယ် သူများအပေါ်မှာ ကူညီပေးချင်တဲ့စိတ်အပြည့်အဝရှိတယ်။
အားနာတတ်တယ် စကားပြောရင်လည်း သူများနားလည်အောင် ရှင်းလင်းစွာနဲ့ ပြောပြတတ်ကြတယ် အမှတ်တရတွေကိုတော့ တခုမကျန် မမေ့တတ်တာ အင်္ဂါပါပဲ …။
သီချင်းအေးအေးလေးတွေဆို တည်ငြိမ်အေးချမ်းတဲ့နေရာမှာ တိုးတိုးတိတ်တိတ် နားကျပ်နဲ့နားထောင်နေရတာတွေကို နှစ်သက်ကြတာ အင်္ဂါပါ။
အင်္ဂါသားသမီးလေးတွေဟာ အမြင်မှာ မထူးဆန်းဘူးထင်ရပေမဲ့ တကယ်တော့ အများနှင့်မတူတဲ့ အချက်တွေကို ပိုင်ဆိုင်ထားသူတွေပါ။ သူတို့ဟာ အနေအေးတယ်။ အရှက်အကြောက်ကြီးတယ်။ စိတ်ရင်းကောင်းသလောက် အားနာလည်းကြီးတတ်ကြတယ် …။
လူစိမ်းတွေနဲ့ဆိုမာနကြီးသလိုလို နေတတ်ကြပေမဲ့သူတို့နဲ့ ရင်းနှီးတဲ့သူတွေနဲ့ကြတော့ ကလေးလေးတစ်ယောက်လို အမြဲပျော်ရွှင်နေတတ်ကြတယ်။ ရိုးသားကြတယ်များသောအားဖြင့်စကားနည်းတယ်။
လူအများကြီးရှေ့မှာဆို စကားသိပ်မပြောပေမဲ့ သူတို့ရင်းနှီးတဲ့ သူတွေနဲ့ဆို ဖောင်ဖွဲ့အောင်ပြောနေတတ်တဲ့သူမျိုး ရိုးရိုးလေးနေရတာကို သဘောကျတယ်။ ဒါပေမဲ့ ခေတ်နဲ့လျော်ည်ီအောင်လည်း ဝတ်တတ်စားတတ်နေတတ်တယ် …။
ထိုင်တတ်ကြတယ်အချစ်ရေးမှာ ကံကောင်းကြတယ်… ချစ်သူခင်သူလည်း ပေါတယ်….. ချစ်သူရဲ့ အလိုလိုက်ခြင်းကိုလည်း ခံရတတ်တယ်..တကယ်ချစ်တဲ့သူနဲ့ပဲ လက်ထပ်ရလိမ့်မယ် ရည်းစားမများဘူးဆိုပေမဲ့ နှစ်ယောက်သုံးယောက် ထားပြီးမှ အချစ်စစ်ကို တွေ့လိမ့်မယ်…..
သူတို့ကို ခင်တဲ့သူပေါကြတယ်… အထူးသဖြင့် သူတို့လေးတွေရဲ့ ရိုးသားခြင်းကို သဘောကျပြီး မိတ်ဆွေပေါတာ ဖြစ်တယ် …။
အနုပညာကို နှစ်သက်တယ်…. အရမ်းကြီးတော့ မရူးသွပ်ဘူး…ဘယ်အရာကိုဖြစ်ဖြစ် အရမ်းကြီး အစွဲအလန်းမထားဘူး… ဒါ့ကြောင့် သိပ်ပြီး မခံစားရတတ်ဘူး… အထူးသဖြင့် သူတို့လေးတွေက အလုပ်လုပ်ရမှာ ပျင်းတတ်ကြတယ်
ဒါပေမဲ့ သူတို့ စိတ်ရှိတဲ့အချိန်ဆိုလည်း မငြီးမငြူ လုပ်တတ်ကြတယ် အအိပ်မက်တယ် အစားမကြီးဘူးဆိုပေမဲ့ အသင့်အတင့်စားတတ်တဲ့သူမျိုးသူတို့လေးတွေဟာ အရမ်းရိုးသားကြတဲ့ အတွက် ချစ်စရာကောင်းကြတယ်… မိသားစုမှာ သူတို့လေးတွေက အရေးပေးခံရတယ်… အထူးခြားဆုံးကတော့ သူများတွေထက် ရိုးသားတာကြောင့် လူချစ်လူခင် ပေါကြတယ် …။ ။
မှန်ရင် Shareလိုက်တော့နော်…။ ။
Credit