ဘဝမှာ အစ်ကို့ရဲ့ အရိုးပြာကို ကိုယ်တိုင်ကောက်ရမယ်လို့ထင်မထားကြောင်း ဝမ်းနည်းခြင်းများစွာဖြင့် ရင်ဖွင့်လာတဲ့ ရေမွန်ရဲ့ညီမလေး

မနေ့ကတော့ အဆိုတော် ရေမွန်ကွယ်လွန်တာ ခုနှစ်ရက်ပြည့်မြောက်ပြီဖြစ်တာကြောင့် သူနေထိုင်ခဲ့တဲ့ အိမ်မှာပဲရက်လည်ဆွမ်းကျွေးတရားနာပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလော ကိုဗစ်ရောဂါကူးစက်ပြန့်ပွားမှုတွေကြောင့် နာရေးကို လူနည်းငယ်သာ ဖိတ်ခဲ့တာ ဖြစ်ပါတယ်။ ရေမွန်ရဲ့ နာရေးကို လာကြသူတိုင်းကလည်း သူ့ရဲ့ အိပ်ခန်းလေးကို ဝင်ကြည့်ပြီးလွမ်းဆွတ်သတိရနေကြတာ ဖြစ်ပါတယ်။

မနေ့ညကလည်း ရေမွန်ရဲ့ ညီမဖြစ်သူ လပြည့်ကဗျာက သူမရဲ့ လူမှုကွန်ယက်တွင် အစ်ကိုဆုံးပါးသွားချိန်ကစပြီးရက်လည်တဲ့ အချိန်ထိဘေးမှာ အစအဆုံး ပါဝင်ကူညီပေးကြသူတိုင်းကို ကျေးဇူးတင်ရှိကြောင်း ရေးသားထားတာဖြစ်ပါတယ်။

အစ်ကိုဖြစ်သူက ဗြုန်းစားကြီး ခွဲခွာသွားတာကြောင့် အားလုံးရဲ့ တာဝန်တွေက သူမအပေါ်ကျရောက်လာပြီး မလွယ်ကူမှန်းသိပေမယ့် အကောင်းဆုံးရှင်သန် ရပ်တည်ပါ့မယ်လို့ ကတိပေးကြောင်းကိုလည်းရေးသားထားပါတယ်။

လူသေသွားပေမယ့် နာမည်မသေတဲ့ သူ့အစ်ကိုအတွက် သိပ်ကိုဂုဏ်ယူကြောင်းကိုလည်းအခုလို ပြောပြထားတာ ဖြစ်ပါတယ်။

” ဘပီ ရက်လည်နေ့မှာ အားလုံးဝိုင်းဝန်း ကူညီပေးကြလို့အဆင်ပြေပြေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ဘပီရက်လည် အစမှသည် အဆုံး ပါဝင်ကူညီပေးတဲ့Idiots မိသားစုဝင်များ ကြွရောက်ပေးကြတဲ့ ဧည့်သည်များအားလုံးနှင့်တကွနာရေးကူငွေများ လှူပေးကြတဲ့ အနယ်နယ်အရပ်ရပ်ကချစ်ခင်သူများ အားလုံးက်ို ရင်ထဲလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရှိပါတယ်။

Covid အခြေအနေအရ အခက်ခဲရှိလို့လူအများကြီး မဖိတ်နိုင်တာ Sorry ပါနော် ဗြုန်းစားကြီး ဘပီခွဲသွားတော့ အားလုံးရဲ့တာဝန်တွေက ကိုယ့်အပေါ်ပုံကျလာတယ် သိပ်တော့မလွယ်ကူလှဘူးဆိုတာသိပေမယ့် ညီမလေးတို့မိသားစု အကောင်းဆုံးရှင်သန်ရပ်တည်ပါ့မယ်လို့ ကတိပေးပါတယ်။

လူသေသော်လည်း နာမည်မသေတဲ့ ငါ့အကိုအတွက်သိပ်ဂုဏ်ယူတယ် ♥” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘဝမှာ အစ်ကို့ရဲ့ အရိုးပြာကို ကိုယ်တိုင်ကောက်ရမယ်လို့ထင်မထားကြောင်း ဝမ်းနည်းခြင်းများစွာဖြင့် ရင်ဖွင့်ရေးသားထားပါသေးတယ်။

ရေမွန်ဟာ သူသေသွားတဲ့အခါ မီးသဂြိုလ်မှာကို အရမ်းမုန်းပြီး အအေးကြိုက်တဲ့သူမို့ အပူဒဏ်ကို မခံနိုင်ဘူးဆိုတဲ့အကြောင်းကိုလည်း စိတ်မကောင်းစွာနဲ့ ပြောပြထားတာ ဖြစ်ပါတယ်။ ရေမွန်တစ်ယောက် သူချစ်တဲ့ သီချင်းတွေနဲ့ကောင်းကင်ဘုံမှာ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို
တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Lapyae Kabyar’s Facebook Account။

မေန႔ကေတာ့ အဆိုေတာ္ ေရမြန္ကြယ္လြန္တာ ခုႏွစ္ရက္ျပည့္ေျမာက္ၿပီျဖစ္တာေၾကာင့္ သူေနထိုင္ခဲ့တဲ့ အိမ္မွာပဲရက္လည္ဆြမ္းေကြၽးတရားနာျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

လတ္တေလာ ကိုဗစ္ေရာဂါကူးစက္ျပန႔္ပြားမႈေတြေၾကာင့္ နာေရးကို လူနည္းငယ္သာ ဖိတ္ခဲ့တာ ျဖစ္ပါတယ္။ ေရမြန္ရဲ႕ နာေရးကို လာၾကသူတိုင္းကလည္း သူ႔ရဲ႕ အိပ္ခန္းေလးကို ဝင္ၾကည့္ၿပီးလြမ္းဆြတ္သတိရေနၾကတာ ျဖစ္ပါတယ္။

မေန႔ညကလည္း ေရမြန္ရဲ႕ ညီမျဖစ္သူ လျပည့္ကဗ်ာက သူမရဲ႕ လူမႈကြန္ယက္တြင္ အစ္ကိုဆုံးပါးသြားခ်ိန္ကစၿပီးရက္လည္တဲ့ အခ်ိန္ထိေဘးမွာ အစအဆုံး ပါဝင္ကူညီေပးၾကသူတိုင္းကို ေက်းဇူးတင္ရွိေၾကာင္း ေရးသားထားတာျဖစ္ပါတယ္။

အစ္ကိုျဖစ္သူက ျဗဳန္းစားႀကီး ခြဲခြာသြားတာေၾကာင့္ အားလုံးရဲ႕ တာဝန္ေတြက သူမအေပၚက်ေရာက္လာၿပီး မလြယ္ကူမွန္းသိေပမယ့္ အေကာင္းဆုံးရွင္သန္ ရပ္တည္ပါ့မယ္လို႔ ကတိေပးေၾကာင္းကိုလည္းေရးသားထားပါတယ္။

လူေသသြားေပမယ့္ နာမည္မေသတဲ့ သူ႔အစ္ကိုအတြက္ သိပ္ကိုဂုဏ္ယူေၾကာင္းကိုလည္းအခုလို ေျပာျပထားတာ ျဖစ္ပါတယ္။

” ဘပီ ရက္လည္ေန႔မွာ အားလုံးဝိုင္းဝန္း ကူညီေပးၾကလို႔အဆင္ေျပေျပနဲ႔ ၿပီးဆုံးခဲ့ပါတယ္။ ဘပီရက္လည္ အစမွသည္ အဆုံး ပါဝင္ကူညီေပးတဲ့Idiots မိသားစုဝင္မ်ား ႂကြေရာက္ေပးၾကတဲ့ ဧည့္သည္မ်ားအားလုံးႏွင့္တကြနာေရးကူေငြမ်ား လႉေပးၾကတဲ့ အနယ္နယ္အရပ္ရပ္ကခ်စ္ခင္သူမ်ား အားလုံးက္ို ရင္ထဲလႈိက္လႈိက္လွဲလွဲေက်းဇူးတင္ရွိပါတယ္။

Covid အေျခအေနအရ အခက္ခဲရွိလို႔လူအမ်ားႀကီး မဖိတ္ႏိုင္တာ Sorry ပါေနာ္ ျဗဳန္းစားႀကီး ဘပီခြဲသြားေတာ့ အားလုံးရဲ႕တာဝန္ေတြက ကိုယ့္အေပၚပုံက်လာတယ္ သိပ္ေတာ့မလြယ္ကူလွဘူးဆိုတာသိေပမယ့္ ညီမေလးတို႔မိသားစု အေကာင္းဆုံးရွင္သန္ရပ္တည္ပါ့မယ္လို႔ ကတိေပးပါတယ္။

လူေသေသာ္လည္း နာမည္မေသတဲ့ ငါ့အကိုအတြက္သိပ္ဂုဏ္ယူတယ္ ♥” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။

ဒါ့အျပင္ ဘဝမွာ အစ္ကို႔ရဲ႕ အ႐ိုးျပာကို ကိုယ္တိုင္ေကာက္ရမယ္လို႔ထင္မထားေၾကာင္း ဝမ္းနည္းျခင္းမ်ားစြာျဖင့္ ရင္ဖြင့္ေရးသားထားပါေသးတယ္။

ေရမြန္ဟာ သူေသသြားတဲ့အခါ မီးသၿဂိဳလ္မွာကို အရမ္းမုန္းၿပီး အေအးႀကိဳက္တဲ့သူမို႔ အပူဒဏ္ကို မခံႏိုင္ဘူးဆိုတဲ့အေၾကာင္းကိုလည္း စိတ္မေကာင္းစြာနဲ႔ ေျပာျပထားတာ ျဖစ္ပါတယ္။ ေရမြန္တစ္ေယာက္ သူခ်စ္တဲ့ သီခ်င္းေတြနဲ႔ေကာင္းကင္ဘုံမွာ ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းကို
တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-Lapyae Kabyar’s Facebook Account။