“ပြည်သူ့ဘက်ကို ခိုလှုံချင်တဲ့ တပ်မတော်သားများအတွက်” ဒီပို့စ်လေးကို အဆုံးထိ ဖတ်ပြီး ရှယ်ပေးကြဖို့ အရင်ဆုံး မေတ္တာရပ်ခံချင်ပါတယ်

“ပြည်သူ့ဘက်ကို ခိုလှုံချင်တဲ့ တပ်မတော်သားများအတွက်” ဒီပို့စ်လေးကို အဆုံးထိ ဖတ်ပြီး ရှယ်ပေးကြဖို့ အရင်ဆုံး မေတ္တာရပ်ခံချင်ပါတယ်

“ပြည်သူ့ဘက်ကို ခိုလှုံချင်တဲ့ တပ်မတော်သားများအတွက်” ဒီပို့စ်လေးကို အဆုံးထိ ဖတ်ပြီး ရှယ်ပေးကြဖို့ အရင်ဆုံး မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော့်ရဲ့ စာတွေမှာ ဒါမျိုး ပြောလေ့ မရှိတာကို သိမယ်ဆိုရင် ဒီပို့စ်ရဲ့ အရေးကြီးမှုကိုလည်း သဘောပေါက်မယ်လို့ ထင်ပါတယ်။

၁။ လက်ရှိ စစ်တပ်ရဲ့ လုပ်ရပ်တွေ မှန်သလား။ ယိုင်နဲ့နေတဲ့ ဒီမိုကရေစီကို တည့်မတ်ပေးတာလို့ ဆိုတယ်။ ဟုတ်ရဲ့လား။လက်ရှိ မြင်ရသလောက်တော့ ဒီမိုကရေစီ မပြောနဲ့၊ အာဏာရှင်တွေထဲမှာတောင် အတော်လေးကို ယုတ်ညံ့တဲ့ အာဏာရှင်မျိုး ဖြစ်နေတယ်။ မဲစာရင်း မှားလို့ အာဏာသိမ်းရတာဆိုလည်း လမ်းပေါ် ထွက်နေတဲ့ လူအရေအတွက်ကိုသာ ကြည့်ကြည့်။ မဲလိမ်ပြီး နိုင်ခဲ့တာ ဟုတ်မဟုတ် အလွယ်လေး သိနိုင်တယ်။ သေချာတာကတော့ လက်ရှိ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူများစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ် ဆိုတာပဲ။

၂။ အနီနဲ့ အစိမ်း တိုက်နေကြတာလား။ NLD ကို ထောက်ခံသူတွေကပဲ တော်လှန်နေကြတယ်လည်း မထင်နဲ့။ တခြားတိုင်းရင်းသားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တော်လှန်နေပြီးသား။ခုမှသာ ဗမာတွေပါ ပါလာတာ ပြောရမယ်။ ပြည်ထောင်စု မပြိုကွဲအောင် ခင်ဗျားတို့က ထိန်းသိမ်းတဲ့အနေနဲ့ စစ်တိုက်နေရတာ ဆိုတာလည်း မဟုတ်ဘူး။ သူတို့ဒေသက သယံဇာတတွေ၊ သူတို့ရဲ့ ရပိုင်ခွင့်တွေကို ခင်ဗျားတို့ခေါင်းဆောင်တွေက လက်ဝါးကြီး အုပ်ချင်လို့ ဖြစ်နေရတာ။ အဲဒါကို မသိဘဲ ခင်ဗျားတို့ကသာ ပြည်ထောင်စု မပြိုကွဲရေး တို့အရေး ဆိုပြီး တို့တာဝန်အရေး ၃ ပါး ဆိုတဲ့ ချင်းကြီးအောက်ကနေ အသက်တွေ ပေးနေရတာ။

၃။ “ဒီလူတွေက ပြည်သူတွေ မဟုတ်ဘူး။ အကြမ်းဖက်တွေ။” … “လူငယ်တွေက ဘာမှ မသိဘူး။ နိုင်ငံရေးမှိုင်းတွေ မိနေတာ။” … “သံဃာတွေ မဟုတ်ဘူး။ သင်္ကန်းဝတ်တွေ။” …“ငါတို့က အမျိုးဘာသာ သာသနာကို ကာကွယ်ပေးနေတာ။” အဲဒါတွေ အကုန်လုံးဟာ စစ်အာဏာရှင်တွေက ခင်ဗျားတို့ကို ခိုင်းကောင်းအောင် ထည့်ထားတဲ့ ချင်း (ဂျင်း) တွေ၊ မှိုင်းတွေ ဖြစ်ပါတယ်။

သံဃံသရဏံ ဂစ္ဆာမိလို့ နေ့စဉ်နဲ့အမျှ ရွတ်ဖတ်ပူဇော်နေတဲ့သူတွေဟာ ကိုယ်ကိုးကွယ်တဲ့ ရတနာတစ်ပါး ဖြစ်တဲ့ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စပါ။ ဒါကို လုပ်ရဲလာအောင် အဲ့လို ချင်းထည့်လိုက်တာပါ။ “ဒေါ်စုက နိုင်ငံခြားသားကို ယူခဲ့လို့” ဆိုပြီး ပြောတယ်။ သူတို့သားသမီးတွေထဲမှာ နိုင်ငံခြားသား၊ နိုင်ငံခြားသူနဲ့ ယူထားတာတွေ အများကြီး။ သူတို့မြေးတွေဆို နိုင်ငံတကာကျောင်းတွေ တက်ပြီး မြန်မာစကားတောင် မပြောတတ်ကြဘူး။

အ​နောက်အုပ်စုက ဘာဖြစ်တယ် ညာဖြစ်တယ် ​ပြော​နေ​တာ ခဏထားဦး။ ခုကိုပဲ တရုတ်ကို ​ကြောက်​နေရတဲ့၊ သူပြုသမျှ နုရတဲ့ လက်​ဝေခံနိုင်ငံလို ဖြစ်​နေပြီ။ အဲဒါက​​ရော ဘယ်သူ​တွေ​ကြောင့်လဲ။ လမ်းပေါ် ထွက်လာတဲ့ ပြည်သူတွေ၊ တောထဲမှာ စစ်ပညာသင်နေကြတဲ့ လူငယ်တွေဟာလည်း မှိုင်းမိနေကြတာ မဟုတ်ပါဘူး။ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အတွက် ဒီလမ်းကို ရွေးခဲ့ကြရတာပါ။

၄။ ငါတို့တပ်မတော် အုပ်ချုပ်ခဲ့တုန်းက တံတားတွေ ဘယ်နှစင်း၊ ဆည်တွေ ဘယ်နှခုနဲ့ ဘယ်လိုတိုးတက်ခဲ့တာ။ လူတွေဆီကနေ ကောက်လို့ရတဲ့ ငွေတစ်ရာမှာ ၉၉ ကျပ်ကို အိတ်ထဲ ထည့်ပြီး ၁ ကျပ်ဖိုးလောက် လုပ်ပေးသွားတာကို ကျေးဇူးတင်နေတာနဲ့ တူတယ်။ မှန်တယ်။ အဲ့လို တံတားတွေ၊ ဆည်တွေ ဖြစ်လာတယ်။ သို့သော် တစ်တိုင်းပြည်လုံးအနေအထားနဲ့ ပြည်သူပေါင်းများစွာဟာ ဆင်းရဲသွားတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူနေမှု အဆင့်အတန်း ဘယ်ဘက်က ကြည့်ကြည့်၊ အောက်တန်းကျသွားတယ်။ အဲဒီထဲမှာ အောက်ခြေစစ်သားတွေလည်း ပါတယ်။

ကျိကျိတက် ချမ်းသာသွားတာဆိုလို့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ခရိုနီတွေပဲ ရှိတာ။ ခင်ဗျားတို့ ကတိသစ္စာ ဆိုခဲ့တာ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့လား။ ထိပ်ပိုင်းအရာရှိတွေရဲ့ စည်းစိမ်ချမ်းသာကို ကာကွယ်ဖို့ ခင်ဗျားတို့ ဘဝတွေကို စတေးပါမယ် ဆိုပြီးတော့လား။

ပြန်စဉ်းစားကြည့်ပါ။ ဒါကြောင့် အထက်က ပြောသမျှ အဟုတ်ထင်မနေနဲ့။ မြဝတီက သတင်းတွေကိုပဲ မယုံနဲ့။ အပြင်လောကကို ထွက်ကြည့်။ စကားပြောကြည့်။ ပြည်သူ့အသံတွေ နားထောင်ကြည့်။ ခင်ဗျားတို့ လေးစားလှချည်ရဲ့ ဆိုတဲ့ ခေါင်းဆောင်တွေဟာ သူတို့အကျိုးစီးပွားအတွက် ခင်ဗျားတို့ ဦးနှောက်တွေကို ဘယ်လောက်မှိုင်းတိုက်ခဲ့တယ် ဆိုတာ သိလာလိမ့်မယ်။

၅။ ဒါဖြင့် ဘာဆက်လုပ်သင့်လဲ။ ရှင်းပါတယ်။ ပြည်သူဘက်ကို ခိုလှုံလိုက်ပေါ့။ ခင်ဗျားတို့ ကတိသစ္စာ ဆိုထားတဲ့အတိုင်း တိုင်းပြည်ကို ကာကွယ်ပေးမဲ့ တကယ့်စစ်သားစစ်စစ် လုပ်ပေါ့။ အစားအသောက် ကောင်းကောင်းစား၊ အဆင့်ရှိရှိ နေရထိုင်ရတဲ့ ဘဝမျိုးကို ရွေးပေါ့။ ခင်ဗျားတို့ မိန်းမတွေ ဘယ်ကတော်ကိုမှ အောက်ကျို့စရာမလို၊ သူတို့သမီးတွေ ဈေးဝယ်ထွက်ရင် ခြင်းတောင်းဆွဲပြီး နောက်က တကောက်ကောက် လိုက်စရာမလိုဘဲ လူပီပီသသ နေနိုင်တဲ့ ဘဝမျိုးကို ဖန်တီးပေးပေါ့။

၆။ အဲ့လို ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ အရင်ဆုံး ပြောချင်တာက စစ်တပ်ကနေ ထွက်လာဖို့ စဉ်းစားနေတဲ့ စစ်သားဆိုလို့ ခင်ဗျားတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး ဆိုတာပါပဲ။ ထွက်လာပြီးတဲ့သူတွေလည်း အများကြီး ရှိသလို ထပ်ထွက်ဖို့ တာစူနေတဲ့သူတွေလည်း ရာနဲ့ ထောင်နဲ့ချီ ရှိနေတယ်။ နားလည်ပါတယ်။ တပ်ကနေ ထွက်လာဖို့ ဘယ်လောက်ခက်တယ် ဆိုတာကို။ အဲ့လို ခက်အောင်၊ ထွက်မရအောင်၊ မထွက်ရဲအောင်လည်း လုပ်ထားကြတာကိုး။ ဒါမှလည်း ခင်ဗျားတို့ သူတို့အတွက် သေတစ်ပန် သက်တစ်ဆုံး အလုပ်အကျွေး ပြုသွားရတော့မှာလေ။

သို့သော်လည်း ကိုယ့်ဘက်ကနေ သတ္တိမွေးဖို့ လိုတယ်။ ကိုယ့်ဂုဏ်သိက္ခာအတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်သားသမီးတွေရဲ့ နောင်ရေးအတွက် သတ္တိရှိစေချင်တယ်။

ဘာလက်နက်မှ မရှိတဲ့ ပြည်သူကို လက်နက်အားကိုးနဲ့ စိန်ခေါ်ရဲတာ သတ္တိမှ မဟုတ်တာ။ မှန်တဲ့ဘက်ကနေ ရပ်တည်ရဲမှ သတ္တိ ဖြစ်တာပါ။ အဲ့လို ထွက်လာချင်တဲ့သူတွေအတွက် ကူညီပေးနေတဲ့ အဖွဲ့လည်း ရှိနေပြီ။ CDM လုပ်ထားတဲ့ ဗိုလ်ကြီး လင်းထက်အောင် အပါအဝင် တခြားဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေက ပြည်သူနဲ့ အတူလက်တွဲပြီး ကူညီပေးနေတာ ဖြစ်ပါတယ်။

၇။ အဲဒီအဖွဲ့ကို ဘယ်ကနေ ဆက်သွယ်လို့ ရမလဲ။ဒီ Telegram ကနေ ဆက်သွယ်လို့ ရပါတယ်။ http://t.me/MyanmarPeople လိုအပ်တာအကုန်လုံးကို ချိတ်ဆက်ကူညီပေးနေတယ်။ ကိုယ်တိုင်အတွက်ဖြစ်ဖြစ်၊ အမျိုးသမီးက ဖတ်မိတယ်ဆိုလည်း ကိုယ့်အမျိုးသားအတွက်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အမျိုးထဲက စစ်တပ်ထဲ ရောက်နေပြီး ထွက်ချင်ပေမဲ့ မထွက်ရဲ၊ ဘယ်လိုထွက်ရမှန်းမသိ ဖြစ်နေတဲ့သူတွေအတွက် ဒါလေးကို မျှဝေအသိပေးစေချင်ပါတယ်။

၈။ Telegram ဘယ်လိုသုံးရမလဲ။ တပ်တွေထဲမှာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေ လုပ်ရင်း အောက်ခြေစစ်သားတွေ၊ သူတို့ မိသားစုဝင်တွေနဲ့ ထိတွေ့ဖူး၊ ဆက်ဆံဖူးသူမို့ ကျွန်တော် ကောင်းကောင်းသိတယ်။ ခင်ဗျားတို့ ဘယ်လောက် ရိုးကြ အကြတယ် ဆိုတာ။ အထက်လူကြီးရဲ့ အမိန့်ရယ်၊ မြဝတီက သတင်းတွေရယ်နဲ့ပဲ ခင်ဗျားတို့ဘဝကို ဖြတ်သန်းနေကြရတာ။ အဲ့လို ပြင်ပလောကနဲ့ အထိအတွေ့ မရှိ၊ သတင်းတွေ မကြားရ၊ မမြင်ရမှလည်း သူတို့ မှိုင်းတိုက်သမျှ၊ ပြည်သူနဲ့ သွေးခွဲသမျှ အောင်မြင်မှာကိုး။ ဒီတော့ Telegram ဘယ်လိုသုံးရမယ် မသိတဲ့သူတွေတောင် ရှိနေနိုင်တယ်။

ဒါ အထင်သေးလို့ ပြောတာ မဟုတ်ဘူး။ ခင်ဗျားမဟုတ်တောင် ခင်ဗျားပတ်ဝန်းကျင်က သွေးသောက်ရဲဘော်တွေထဲ ရှိနိုင်တယ်။ မသိရင် သိတဲ့သူကို မေး။ ကိုယ်သိရင် မသိတဲ့သူကို ပြပေး။ အဲ့လို အပြန်အလှန် ကူညီပြီး ကုတ်သွေးစုပ် အမြတ်ထုတ်ခံနေရတဲ့ ဘဝကြီးကနေ ရုန်းထွက်ခဲ့ကြပါ။

၉။ ပြည်သူတွေကရော ဘာလုပ်ရမလဲ။ ပြည်သူနဲ့ အောက်ခြေစစ်သားကို တစ်ဖက်နဲ့ တစ်ဖက် မယုံအောင် လုပ်တာ စစ်တပ်ရဲ့ ဗျူဟာတွေထဲက တစ်ခုပဲ။ ဒါကြောင့် ပြည်သူကို အကြမ်းဖက်တွေ၊ တာလီဘန်တွေလို ပုံဖော်ပြီး အောက်ခြေစစ်သားတွေကို မှိုင်းတိုက်တယ်။ ဒီစစ်သားတွေ တပ်ကနေ ထွက်မသွားရဲအောင် လုပ်တယ်။ ထွက်သွားလည်း ပြည်သူက လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ အသိကို ထည့်ထားတယ်။ တကယ်တော့ စစ်တပ်ကနေ စစ်သားတစ်ယောက် ထွက်လာတယ်ဆိုတာ ကိုယ့်ဘက်က ကျည်တစ်တောင့်မှ မကုန်ဘဲ သူတို့ဘက်မှာ လူတစ်ယောက် လျော့သွားအောင် လုပ်လိုက်တာနဲ့ အတူတူပဲ။

တည့်တည့်ပြောရရင် တိုက်ပွဲမှာ စစ်သားတစ်ယောက် ကျသွားတာလို့ မှတ်ယူနိုင်တယ်။ ဒါကြောင့်လည်း တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ မူဝါဒကို NUG ဘက်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒီလိုထွက်လာတိုင်း ကိုယ့်ဘက်က စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ပေးသိနေတာမျိုးလည်း မဟုတ်ပါဘူး။ ဒီအတွက် ကျည်တစ်တောင့် မကုန်ဘဲ တစ်ဖက်အင်အားကို ချည့်နဲ့သွားစေနိုင်တဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ပေးစေချင်ပါတယ်။

အရင်ဆုံး ဒီပို့စ်လေးကို ရှယ်ပေးပါ။ ဒါမှ ကိုယ့်ရဲ့ Facebook မိတ်ဆွေထဲ စစ်တပ်ကနေ ထွက်လာချင်သူတွေ ရှိရင် မြင်သွားမယ်။ နောက်ပြီး ကိုယ့်အသိ၊ ကိုယ့်အမျိုးထဲမှာ အဲ့လိုလူတွေရှိရင်လည်း ဒီ Telegram link လေးကို လက်ဆင့်ကမ်းပေးပါ။ @PTH Photo credit

zawgyi

“ျပည္သူ႔ဘက္ကို ခိုလႈံခ်င္တဲ့ တပ္မေတာ္သားမ်ားအတြက္” ဒီပို႔စ္ေလးကို အဆုံးထိ ဖတ္ၿပီး ရွယ္ေပးၾကဖို႔ အရင္ဆုံး ေမတၱာရပ္ခံခ်င္ပါတယ္

“ျပည္သူ႔ဘက္ကို ခိုလႈံခ်င္တဲ့ တပ္မေတာ္သားမ်ားအတြက္” ဒီပို႔စ္ေလးကို အဆုံးထိ ဖတ္ၿပီး ရွယ္ေပးၾကဖို႔ အရင္ဆုံး ေမတၱာရပ္ခံခ်င္ပါတယ္။ ကြၽန္ေတာ့္ရဲ႕ စာေတြမွာ ဒါမ်ိဳး ေျပာေလ့ မရွိတာကို သိမယ္ဆိုရင္ ဒီပို႔စ္ရဲ႕ အေရးႀကီးမႈကိုလည္း သေဘာေပါက္မယ္လို႔ ထင္ပါတယ္။

၁။ လက္ရွိ စစ္တပ္ရဲ႕ လုပ္ရပ္ေတြ မွန္သလား။ ယိုင္နဲ႔ေနတဲ့ ဒီမိုကေရစီကို တည့္မတ္ေပးတာလို႔ ဆိုတယ္။ ဟုတ္ရဲ႕လား။လက္ရွိ ျမင္ရသေလာက္ေတာ့ ဒီမိုကေရစီ မေျပာနဲ႔၊ အာဏာရွင္ေတြထဲမွာေတာင္ အေတာ္ေလးကို ယုတ္ညံ့တဲ့ အာဏာရွင္မ်ိဳး ျဖစ္ေနတယ္။ မဲစာရင္း မွားလို႔ အာဏာသိမ္းရတာဆိုလည္း လမ္းေပၚ ထြက္ေနတဲ့ လူအေရအတြက္ကိုသာ ၾကည့္ၾကည့္။ မဲလိမ္ၿပီး ႏိုင္ခဲ့တာ ဟုတ္မဟုတ္ အလြယ္ေလး သိႏိုင္တယ္။ ေသခ်ာတာကေတာ့ လက္ရွိ စစ္တပ္ရဲ႕ လုပ္ရပ္ေတြဟာ လူမ်ားစုရဲ႕ ဆႏၵနဲ႔ ဆန႔္က်င္ေနတယ္ ဆိုတာပဲ။

၂။ အနီနဲ႔ အစိမ္း တိုက္ေနၾကတာလား။ NLD ကို ေထာက္ခံသူေတြကပဲ ေတာ္လွန္ေနၾကတယ္လည္း မထင္နဲ႔။ တျခားတိုင္းရင္းသားေတြက လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက ေတာ္လွန္ေနၿပီးသား။ခုမွသာ ဗမာေတြပါ ပါလာတာ ေျပာရမယ္။ ျပည္ေထာင္စု မၿပိဳကြဲေအာင္ ခင္ဗ်ားတို႔က ထိန္းသိမ္းတဲ့အေနနဲ႔ စစ္တိုက္ေနရတာ ဆိုတာလည္း မဟုတ္ဘူး။ သူတို႔ေဒသက သယံဇာတေတြ၊ သူတို႔ရဲ႕ ရပိုင္ခြင့္ေတြကို ခင္ဗ်ားတို႔ေခါင္းေဆာင္ေတြက လက္ဝါးႀကီး အုပ္ခ်င္လို႔ ျဖစ္ေနရတာ။ အဲဒါကို မသိဘဲ ခင္ဗ်ားတို႔ကသာ ျပည္ေထာင္စု မၿပိဳကြဲေရး တို႔အေရး ဆိုၿပီး တို႔တာဝန္အေရး ၃ ပါး ဆိုတဲ့ ခ်င္းႀကီးေအာက္ကေန အသက္ေတြ ေပးေနရတာ။

၃။ “ဒီလူေတြက ျပည္သူေတြ မဟုတ္ဘူး။ အၾကမ္းဖက္ေတြ။” … “လူငယ္ေတြက ဘာမွ မသိဘူး။ ႏိုင္ငံေရးမႈိင္းေတြ မိေနတာ။” … “သံဃာေတြ မဟုတ္ဘူး။ သကၤန္းဝတ္ေတြ။” …“ငါတို႔က အမ်ိဳးဘာသာ သာသနာကို ကာကြယ္ေပးေနတာ။” အဲဒါေတြ အကုန္လုံးဟာ စစ္အာဏာရွင္ေတြက ခင္ဗ်ားတို႔ကို ခိုင္းေကာင္းေအာင္ ထည့္ထားတဲ့ ခ်င္း (ဂ်င္း) ေတြ၊ မႈိင္းေတြ ျဖစ္ပါတယ္။

သံဃံသရဏံ ဂစာၦမိလို႔ ေန႔စဥ္နဲ႔အမွ် ႐ြတ္ဖတ္ပူေဇာ္ေနတဲ့သူေတြဟာ ကိုယ္ကိုးကြယ္တဲ့ ရတနာတစ္ပါး ျဖစ္တဲ့ သံဃာေတာ္ေတြကို ဖမ္းဆီးႏွိပ္စက္ဖို႔ဆိုတာ အင္မတန္ ခက္ခဲတဲ့ ကိစၥပါ။ ဒါကို လုပ္ရဲလာေအာင္ အဲ့လို ခ်င္းထည့္လိုက္တာပါ။ “ေဒၚစုက ႏိုင္ငံျခားသားကို ယူခဲ့လို႔” ဆိုၿပီး ေျပာတယ္။ သူတို႔သားသမီးေတြထဲမွာ ႏိုင္ငံျခားသား၊ ႏိုင္ငံျခားသူနဲ႔ ယူထားတာေတြ အမ်ားႀကီး။ သူတို႔ေျမးေတြဆို ႏိုင္ငံတကာေက်ာင္းေတြ တက္ၿပီး ျမန္မာစကားေတာင္ မေျပာတတ္ၾကဘူး။

အ​ေနာက္အုပ္စုက ဘာျဖစ္တယ္ ညာျဖစ္တယ္ ​ေျပာ​ေန​တာ ခဏထားဦး။ ခုကိုပဲ တ႐ုတ္ကို ​ေၾကာက္​ေနရတဲ့၊ သူျပဳသမွ် ႏုရတဲ့ လက္​ေဝခံႏိုင္ငံလို ျဖစ္​ေနၿပီ။ အဲဒါက​​ေရာ ဘယ္သူ​ေတြ​ေၾကာင့္လဲ။ လမ္းေပၚ ထြက္လာတဲ့ ျပည္သူေတြ၊ ေတာထဲမွာ စစ္ပညာသင္ေနၾကတဲ့ လူငယ္ေတြဟာလည္း မႈိင္းမိေနၾကတာ မဟုတ္ပါဘူး။ စစ္တပ္ရဲ႕ လုပ္ရပ္ေတြကို ဘယ္လိုမွ သည္းမခံႏိုင္ေတာ့တဲ့အတြက္ ဒီလမ္းကို ေ႐ြးခဲ့ၾကရတာပါ။

၄။ ငါတို႔တပ္မေတာ္ အုပ္ခ်ဳပ္ခဲ့တုန္းက တံတားေတြ ဘယ္ႏွစင္း၊ ဆည္ေတြ ဘယ္ႏွခုနဲ႔ ဘယ္လိုတိုးတက္ခဲ့တာ။ လူေတြဆီကေန ေကာက္လို႔ရတဲ့ ေငြတစ္ရာမွာ ၉၉ က်ပ္ကို အိတ္ထဲ ထည့္ၿပီး ၁ က်ပ္ဖိုးေလာက္ လုပ္ေပးသြားတာကို ေက်းဇူးတင္ေနတာနဲ႔ တူတယ္။ မွန္တယ္။ အဲ့လို တံတားေတြ၊ ဆည္ေတြ ျဖစ္လာတယ္။ သို႔ေသာ္ တစ္တိုင္းျပည္လုံးအေနအထားနဲ႔ ျပည္သူေပါင္းမ်ားစြာဟာ ဆင္းရဲသြားတယ္။ ပညာေရး၊ က်န္းမာေရး၊ လူေနမႈ အဆင့္အတန္း ဘယ္ဘက္က ၾကည့္ၾကည့္၊ ေအာက္တန္းက်သြားတယ္။ အဲဒီထဲမွာ ေအာက္ေျခစစ္သားေတြလည္း ပါတယ္။

က်ိက်ိတက္ ခ်မ္းသာသြားတာဆိုလို႔ ထိပ္ပိုင္းေခါင္းေဆာင္ေတြနဲ႔ ခ႐ိုနီေတြပဲ ရွိတာ။ ခင္ဗ်ားတို႔ ကတိသစၥာ ဆိုခဲ့တာ ျပည္သူရဲ႕ အသက္အိုးအိမ္ စည္းစိမ္ကို ကာကြယ္ဖို႔လား။ ထိပ္ပိုင္းအရာရွိေတြရဲ႕ စည္းစိမ္ခ်မ္းသာကို ကာကြယ္ဖို႔ ခင္ဗ်ားတို႔ ဘဝေတြကို စေတးပါမယ္ ဆိုၿပီးေတာ့လား။

ျပန္စဥ္းစားၾကည့္ပါ။ ဒါေၾကာင့္ အထက္က ေျပာသမွ် အဟုတ္ထင္မေနနဲ႔။ ျမဝတီက သတင္းေတြကိုပဲ မယုံနဲ႔။ အျပင္ေလာကကို ထြက္ၾကည့္။ စကားေျပာၾကည့္။ ျပည္သူ႔အသံေတြ နားေထာင္ၾကည့္။ ခင္ဗ်ားတို႔ ေလးစားလွခ်ည္ရဲ႕ ဆိုတဲ့ ေခါင္းေဆာင္ေတြဟာ သူတို႔အက်ိဳးစီးပြားအတြက္ ခင္ဗ်ားတို႔ ဦးေႏွာက္ေတြကို ဘယ္ေလာက္မႈိင္းတိုက္ခဲ့တယ္ ဆိုတာ သိလာလိမ့္မယ္။

၅။ ဒါျဖင့္ ဘာဆက္လုပ္သင့္လဲ။ ရွင္းပါတယ္။ ျပည္သူဘက္ကို ခိုလႈံလိုက္ေပါ့။ ခင္ဗ်ားတို႔ ကတိသစၥာ ဆိုထားတဲ့အတိုင္း တိုင္းျပည္ကို ကာကြယ္ေပးမဲ့ တကယ့္စစ္သားစစ္စစ္ လုပ္ေပါ့။ အစားအေသာက္ ေကာင္းေကာင္းစား၊ အဆင့္ရွိရွိ ေနရထိုင္ရတဲ့ ဘဝမ်ိဳးကို ေ႐ြးေပါ့။ ခင္ဗ်ားတို႔ မိန္းမေတြ ဘယ္ကေတာ္ကိုမွ ေအာက္က်ိဳ႕စရာမလို၊ သူတို႔သမီးေတြ ေဈးဝယ္ထြက္ရင္ ျခင္းေတာင္းဆြဲၿပီး ေနာက္က တေကာက္ေကာက္ လိုက္စရာမလိုဘဲ လူပီပီသသ ေနႏိုင္တဲ့ ဘဝမ်ိဳးကို ဖန္တီးေပးေပါ့။

၆။ အဲ့လို ျဖစ္ေအာင္ ဘယ္လိုလုပ္ရမလဲ။ အရင္ဆုံး ေျပာခ်င္တာက စစ္တပ္ကေန ထြက္လာဖို႔ စဥ္းစားေနတဲ့ စစ္သားဆိုလို႔ ခင္ဗ်ားတစ္ေယာက္တည္း ရွိတာ မဟုတ္ဘူး ဆိုတာပါပဲ။ ထြက္လာၿပီးတဲ့သူေတြလည္း အမ်ားႀကီး ရွိသလို ထပ္ထြက္ဖို႔ တာစူေနတဲ့သူေတြလည္း ရာနဲ႔ ေထာင္နဲ႔ခ်ီ ရွိေနတယ္။ နားလည္ပါတယ္။ တပ္ကေန ထြက္လာဖို႔ ဘယ္ေလာက္ခက္တယ္ ဆိုတာကို။ အဲ့လို ခက္ေအာင္၊ ထြက္မရေအာင္၊ မထြက္ရဲေအာင္လည္း လုပ္ထားၾကတာကိုး။ ဒါမွလည္း ခင္ဗ်ားတို႔ သူတို႔အတြက္ ေသတစ္ပန္ သက္တစ္ဆုံး အလုပ္အေကြၽး ျပဳသြားရေတာ့မွာေလ။

သို႔ေသာ္လည္း ကိုယ့္ဘက္ကေန သတၱိေမြးဖို႔ လိုတယ္။ ကိုယ့္ဂုဏ္သိကၡာအတြက္၊ ကိုယ့္မိသားစုအတြက္၊ ကိုယ့္သားသမီးေတြရဲ႕ ေနာင္ေရးအတြက္ သတၱိရွိေစခ်င္တယ္။

ဘာလက္နက္မွ မရွိတဲ့ ျပည္သူကို လက္နက္အားကိုးနဲ႔ စိန္ေခၚရဲတာ သတၱိမွ မဟုတ္တာ။ မွန္တဲ့ဘက္ကေန ရပ္တည္ရဲမွ သတၱိ ျဖစ္တာပါ။ အဲ့လို ထြက္လာခ်င္တဲ့သူေတြအတြက္ ကူညီေပးေနတဲ့ အဖြဲ႕လည္း ရွိေနၿပီ။ CDM လုပ္ထားတဲ့ ဗိုလ္ႀကီး လင္းထက္ေအာင္ အပါအဝင္ တျခားဗိုလ္ႀကီးေတြ၊ ဗိုလ္မႉးေတြက ျပည္သူနဲ႔ အတူလက္တြဲၿပီး ကူညီေပးေနတာ ျဖစ္ပါတယ္။

၇။ အဲဒီအဖြဲ႕ကို ဘယ္ကေန ဆက္သြယ္လို႔ ရမလဲ။ဒီ Telegram ကေန ဆက္သြယ္လို႔ ရပါတယ္။ http://t.me/MyanmarPeople လိုအပ္တာအကုန္လုံးကို ခ်ိတ္ဆက္ကူညီေပးေနတယ္။ ကိုယ္တိုင္အတြက္ျဖစ္ျဖစ္၊ အမ်ိဳးသမီးက ဖတ္မိတယ္ဆိုလည္း ကိုယ့္အမ်ိဳးသားအတြက္ျဖစ္ျဖစ္၊ ဒါမွမဟုတ္ အမ်ိဳးထဲက စစ္တပ္ထဲ ေရာက္ေနၿပီး ထြက္ခ်င္ေပမဲ့ မထြက္ရဲ၊ ဘယ္လိုထြက္ရမွန္းမသိ ျဖစ္ေနတဲ့သူေတြအတြက္ ဒါေလးကို မွ်ေဝအသိေပးေစခ်င္ပါတယ္။

၈။ Telegram ဘယ္လိုသုံးရမလဲ။ တပ္ေတြထဲမွာ က်န္းမာေရး အသိပညာေပး ေဟာေျပာပြဲေတြ လုပ္ရင္း ေအာက္ေျခစစ္သားေတြ၊ သူတို႔ မိသားစုဝင္ေတြနဲ႔ ထိေတြ႕ဖူး၊ ဆက္ဆံဖူးသူမို႔ ကြၽန္ေတာ္ ေကာင္းေကာင္းသိတယ္။ ခင္ဗ်ားတို႔ ဘယ္ေလာက္ ႐ိုးၾက အၾကတယ္ ဆိုတာ။ အထက္လူႀကီးရဲ႕ အမိန႔္ရယ္၊ ျမဝတီက သတင္းေတြရယ္နဲ႔ပဲ ခင္ဗ်ားတို႔ဘဝကို ျဖတ္သန္းေနၾကရတာ။ အဲ့လို ျပင္ပေလာကနဲ႔ အထိအေတြ႕ မရွိ၊ သတင္းေတြ မၾကားရ၊ မျမင္ရမွလည္း သူတို႔ မႈိင္းတိုက္သမွ်၊ ျပည္သူနဲ႔ ေသြးခြဲသမွ် ေအာင္ျမင္မွာကိုး။ ဒီေတာ့ Telegram ဘယ္လိုသုံးရမယ္ မသိတဲ့သူေတြေတာင္ ရွိေနႏိုင္တယ္။

ဒါ အထင္ေသးလို႔ ေျပာတာ မဟုတ္ဘူး။ ခင္ဗ်ားမဟုတ္ေတာင္ ခင္ဗ်ားပတ္ဝန္းက်င္က ေသြးေသာက္ရဲေဘာ္ေတြထဲ ရွိႏိုင္တယ္။ မသိရင္ သိတဲ့သူကို ေမး။ ကိုယ္သိရင္ မသိတဲ့သူကို ျပေပး။ အဲ့လို အျပန္အလွန္ ကူညီၿပီး ကုတ္ေသြးစုပ္ အျမတ္ထုတ္ခံေနရတဲ့ ဘဝႀကီးကေန ႐ုန္းထြက္ခဲ့ၾကပါ။

၉။ ျပည္သူေတြကေရာ ဘာလုပ္ရမလဲ။ ျပည္သူနဲ႔ ေအာက္ေျခစစ္သားကို တစ္ဖက္နဲ႔ တစ္ဖက္ မယုံေအာင္ လုပ္တာ စစ္တပ္ရဲ႕ ဗ်ဴဟာေတြထဲက တစ္ခုပဲ။ ဒါေၾကာင့္ ျပည္သူကို အၾကမ္းဖက္ေတြ၊ တာလီဘန္ေတြလို ပုံေဖာ္ၿပီး ေအာက္ေျခစစ္သားေတြကို မႈိင္းတိုက္တယ္။ ဒီစစ္သားေတြ တပ္ကေန ထြက္မသြားရဲေအာင္ လုပ္တယ္။ ထြက္သြားလည္း ျပည္သူက လက္ခံမွာ မဟုတ္ဘူးဆိုတဲ့ အသိကို ထည့္ထားတယ္။ တကယ္ေတာ့ စစ္တပ္ကေန စစ္သားတစ္ေယာက္ ထြက္လာတယ္ဆိုတာ ကိုယ့္ဘက္က က်ည္တစ္ေတာင့္မွ မကုန္ဘဲ သူတို႔ဘက္မွာ လူတစ္ေယာက္ ေလ်ာ့သြားေအာင္ လုပ္လိုက္တာနဲ႔ အတူတူပဲ။

တည့္တည့္ေျပာရရင္ တိုက္ပြဲမွာ စစ္သားတစ္ေယာက္ က်သြားတာလို႔ မွတ္ယူႏိုင္တယ္။ ဒါေၾကာင့္လည္း တပ္မေတာ္သားေတြနဲ႔ ပတ္သက္တဲ့ မူဝါဒကို NUG ဘက္က ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။ ဒီလိုထြက္လာတိုင္း ကိုယ့္ဘက္က စစ္ေရးဆိုင္ရာ လွ်ိဳ႕ဝွက္ခ်က္ေတြကို ေပးသိေနတာမ်ိဳးလည္း မဟုတ္ပါဘူး။ ဒီအတြက္ က်ည္တစ္ေတာင့္ မကုန္ဘဲ တစ္ဖက္အင္အားကို ခ်ည့္နဲ႔သြားေစႏိုင္တဲ့ ဒီလႈပ္ရွားမႈမွာ ပါဝင္ေပးေစခ်င္ပါတယ္။

အရင္ဆုံး ဒီပို႔စ္ေလးကို ရွယ္ေပးပါ။ ဒါမွ ကိုယ့္ရဲ႕ Facebook မိတ္ေဆြထဲ စစ္တပ္ကေန ထြက္လာခ်င္သူေတြ ရွိရင္ ျမင္သြားမယ္။ ေနာက္ၿပီး ကိုယ့္အသိ၊ ကိုယ့္အမ်ိဳးထဲမွာ အဲ့လိုလူေတြရွိရင္လည္း ဒီ Telegram link ေလးကို လက္ဆင့္ကမ္းေပးပါ။ @PTH Photo credit