ေခါင္းမာတဲ့မိန္းကေလးေတြကိုမွ ေယာက်ာ္းေလးေတြ အ႐ူးအမူးခ်စ္မိတာ ဒီအခ်က္ေတြေၾကာင့္ပါ…

ခေါင်းမာတဲ့မိန်းကလေးတွေကိုမှ ယောကျာ်းလေးတွေ အရူးအမူးချစ်မိတာ ဒီအချက်တွေကြောင့်ပါ…

ခေါင်းမာတဲ့သူလေးတွေဟာ တခါတလေ ပြောရဆိုရခက်လွန်းတာကြောင့် သူတို့ကို စိတ်ရှည်တဲ့သူဆိုတာ နည်းနည်းတော့ ရှားပါတယ်။

ဒါပေမယ့် ယောကျာ်းလေးတွေကတော့ ခေါင်းမာတဲ့မိန်းကလေးတွေကို ချစ်မိတဲ့အခါ အရူးအမူးဖြစ်လောက်အောင် ချစ်မိသွားတတ်ပါတယ်။အဲ့ဒါကတော့ ဒီလိုအကြောင်းရင်းတွေကြောင့်ပါပဲ။

(၁) ခေါင်းပဲမာတာ နှလုံးသားကတော့ နူးညံ့လွန်း

ခေါင်းမာတဲ့သူလေးတွေဟာ နှလုံးသားကတော့ တခြားသူတွေထက် ပိုနူးညံ့ပါတယ်။သူတို့ရဲ့ ကိုယ်ပိုင်ခံယူချက်၊ အတွေးအမြင်နဲ့ပတ်သက်လို့ ခိုင်ခိုင်မာမာ ရပ်တည်တာမျိုးရှိသလို အဆင်မပြေတဲ့သူတွေ တွေ့ရင်လည်း သူများထက်ပိုသနားနေတတ်တာမျိုးပါ။

စိတ်ထိခိုက်စရာမြင်ကွင်းမျိုးကိုမြင်တဲ့အခါ၊ စိတ်ထိခိုက်စရာအကြောင်းအရာတစ်ခုကို ကြားလိုက်ရတဲ့အခါတွေမှာ ဝမ်းနည်းတတ်လွန်းသူလေးတွေပါ။

(၂) စစ်မှန်တဲ့သူတစ်ယောက်

ခေါင်းမာပေမယ့် အပိုတွေ မလုပ်ဘူး၊ အပိုစကားတွေမပြောဘူး၊ ကိုယ့်ရဲ့အားနည်းချက်ကို ထုတ်ပြောပြီး လူတွေ သနားအောင်မလုပ်ဘူး၊ အရှိကိုအရှိအတိုင်း ဖွင့်ပြောတတ်ပြီး သူချစ်ရတဲ့သူအပေါ်မှာလည်း အမြဲရိုးသားတဲ့သူလို့ ပြောလို့ရပါတယ်။

(၃) ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့သူ

ခေါင်းမာတယ်ဆိုတာ ကိုယ့်ခံယူချက်၊ ကိုယ့်အတွေးအမြင်အယူအဆတွေနဲ့ ပတ်သက်ပြီး ယုံကြည်မှုရှိတာပါ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့သူတစ်ယောက်ကို ချစ်မိတဲ့သူကလည်း သက်တောင့်သက်သာ ခံစားချက်မျိုးကို ခံစားရပါတယ်။

(၄) အချစ်ကြီးတဲ့သူ

ခေါင်းမာတဲ့သူတစ်ယောက်က အချစ်အတွက်လည်း ခေါင်းမာပါတယ်။သူချစ်တဲ့သူက ဘာပဲဖြစ်နေပါစေ၊ သူချစ်နေသေးသရွေ့ ဘယ်သူမှ တားလို့မရပါဘူး။

ပြီးတော့ သူ့ချစ်သူကိုလည်း သူများတွေနဲ့မတူအောင်ကို အသေးအမွှားလေးကအစ ဂရုစိုက်နိုင်တာ အဲ့ဒီခေါင်းမာသူလေးတွေပါပဲ။

(၅) စိတ်ဝင်စားဖို့ကောင်းတယ်

ခေါင်းမာတဲ့သူတွေက သူတို့ခံယူချက်တစ်ခုအတွက် အခိုင်အမာ ရပ်တည်နိုင်ပြီး ငြင်းခုန်တတ်ကြပါတယ်။ကိုယ်ပိုင်အယူအဆ၊ အတွေးအခေါ်တွေ ရှိတာကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့သူတွေလို့ပြောလို့ရပါတယ်။

သူတို့နဲ့ စကားပြောတဲ့အခါတိုင်း ကိုယ်မတွေးတဲ့ ရှုထောင့်က ကိုယ်မမြင်တဲ့ဘက်က တွေးနိုင်၊မြင်နိုင်ကြတာကြောင့် စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေဖြစ်သွားပါတယ်။

ခေါင်းမာတဲ့သူတွေ ငြင်းခုန်တတ်တယ်ဆိုပေမယ့် ကိုယ်ထင်တာမှ အမှန်ဆိုပြီး တစ်ဖက်သတ်တည်း ဇွတ်ငြင်းနေတာမျိုး မဟုတ်ပါဘူးနော်၊ ကျိုးကြောင်းဆီလျော်စွာ ငြင်းတာမျိုးပါ။

MAY THAZINHTOO

ေခါင္းမာတဲ့မိန္းကေလးေတြကိုမွ ေယာက်ာ္းေလးေတြ အ႐ူးအမူးခ်စ္မိတာ ဒီအခ်က္ေတြေၾကာင့္ပါ…

ေခါင္းမာတဲ့သူေလးေတြဟာ တခါတေလ ေျပာရဆိုရခက္လြန္းတာေၾကာင့္ သူတို႔ကို စိတ္ရွည္တဲ့သူဆိုတာ နည္းနည္းေတာ့ ရွားပါတယ္။

ဒါေပမယ့္ ေယာက်ာ္းေလးေတြကေတာ့ ေခါင္းမာတဲ့မိန္းကေလးေတြကို ခ်စ္မိတဲ့အခါ အ႐ူးအမူးျဖစ္ေလာက္ေအာင္ ခ်စ္မိသြားတတ္ပါတယ္။အဲ့ဒါကေတာ့ ဒီလိုအေၾကာင္းရင္းေတြေၾကာင့္ပါပဲ။

(၁) ေခါင္းပဲမာတာ ႏွလုံးသားကေတာ့ ႏူးညံ့လြန္း

ေခါင္းမာတဲ့သူေလးေတြဟာ ႏွလုံးသားကေတာ့ တျခားသူေတြထက္ ပိုႏူးညံ့ပါတယ္။သူတို႔ရဲ႕ ကိုယ္ပိုင္ခံယူခ်က္၊ အေတြးအျမင္နဲ႔ပတ္သက္လို႔ ခိုင္ခိုင္မာမာ ရပ္တည္တာမ်ိဳးရွိသလို အဆင္မေျပတဲ့သူေတြ ေတြ႕ရင္လည္း သူမ်ားထက္ပိုသနားေနတတ္တာမ်ိဳးပါ။

စိတ္ထိခိုက္စရာျမင္ကြင္းမ်ိဳးကိုျမင္တဲ့အခါ၊ စိတ္ထိခိုက္စရာအေၾကာင္းအရာတစ္ခုကို ၾကားလိုက္ရတဲ့အခါေတြမွာ ဝမ္းနည္းတတ္လြန္းသူေလးေတြပါ။

(၂) စစ္မွန္တဲ့သူတစ္ေယာက္

ေခါင္းမာေပမယ့္ အပိုေတြ မလုပ္ဘူး၊ အပိုစကားေတြမေျပာဘူး၊ ကိုယ့္ရဲ႕အားနည္းခ်က္ကို ထုတ္ေျပာၿပီး လူေတြ သနားေအာင္မလုပ္ဘူး၊ အရွိကိုအရွိအတိုင္း ဖြင့္ေျပာတတ္ၿပီး သူခ်စ္ရတဲ့သူအေပၚမွာလည္း အၿမဲ႐ိုးသားတဲ့သူလို႔ ေျပာလို႔ရပါတယ္။

(၃) ကိုယ့္ကိုယ္ကိုယုံၾကည္မႈအျပည့္ရွိတဲ့သူ

ေခါင္းမာတယ္ဆိုတာ ကိုယ့္ခံယူခ်က္၊ ကိုယ့္အေတြးအျမင္အယူအဆေတြနဲ႔ ပတ္သက္ၿပီး ယုံၾကည္မႈရွိတာပါ။

ကိုယ့္ကိုယ္ကို ယုံၾကည္မႈရွိတဲ့သူတစ္ေယာက္ကို ခ်စ္မိတဲ့သူကလည္း သက္ေတာင့္သက္သာ ခံစားခ်က္မ်ိဳးကို ခံစားရပါတယ္။

(၄) အခ်စ္ႀကီးတဲ့သူ

ေခါင္းမာတဲ့သူတစ္ေယာက္က အခ်စ္အတြက္လည္း ေခါင္းမာပါတယ္။သူခ်စ္တဲ့သူက ဘာပဲျဖစ္ေနပါေစ၊ သူခ်စ္ေနေသးသေ႐ြ႕ ဘယ္သူမွ တားလို႔မရပါဘူး။

ၿပီးေတာ့ သူ႔ခ်စ္သူကိုလည္း သူမ်ားေတြနဲ႔မတူေအာင္ကို အေသးအမႊားေလးကအစ ဂ႐ုစိုက္ႏိုင္တာ အဲ့ဒီေခါင္းမာသူေလးေတြပါပဲ။

(၅) စိတ္ဝင္စားဖို႔ေကာင္းတယ္

ေခါင္းမာတဲ့သူေတြက သူတို႔ခံယူခ်က္တစ္ခုအတြက္ အခိုင္အမာ ရပ္တည္ႏိုင္ၿပီး ျငင္းခုန္တတ္ၾကပါတယ္။ကိုယ္ပိုင္အယူအဆ၊ အေတြးအေခၚေတြ ရွိတာေၾကာင့္ စိတ္ဝင္စားဖို႔ေကာင္းတဲ့သူေတြလို႔ေျပာလို႔ရပါတယ္။

သူတို႔နဲ႔ စကားေျပာတဲ့အခါတိုင္း ကိုယ္မေတြးတဲ့ ရႈေထာင့္က ကိုယ္မျမင္တဲ့ဘက္က ေတြးႏိုင္၊ျမင္ႏိုင္ၾကတာေၾကာင့္ စိတ္ဝင္စားစရာ အေၾကာင္းအရာေလးေတြျဖစ္သြားပါတယ္။

ေခါင္းမာတဲ့သူေတြ ျငင္းခုန္တတ္တယ္ဆိုေပမယ့္ ကိုယ္ထင္တာမွ အမွန္ဆိုၿပီး တစ္ဖက္သတ္တည္း ဇြတ္ျငင္းေနတာမ်ိဳး မဟုတ္ပါဘူးေနာ္၊ က်ိဳးေၾကာင္းဆီေလ်ာ္စြာ ျငင္းတာမ်ိဳးပါ။

MAY THAZINHTOO