တော်လှန်ရေးကိစ္စတွေမှာ နှုတ်ဆိတ်နေပေမယ့်လည်း အလှူအတန်းတွေလုပ်ပြနေတဲ့ မင်းသား နေတိုး




crd-Cele World

အကယ်ဒမီမင်းသားချော နေတိုးကတော့ ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာယူထားနိုင်သူပဲဖြစ်ပါတယ်နော်. နေတိုးက ကြော်ငြာမှာရော ရုပ်ရှင်ဇာတ်လမ်းကားတွေမှာလည်း သရုပ်ဆောင် ပိုင်နိုင်လွန်းတာကြောင့် လူကြီးရော လူငယ်ပါအသည်းစွဲချစ်နေရတဲ့ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ မင်းသားချော နေ တိုးကတော့ အနေအထိုင်သိုသိပ်သူပီပီချစ်သူရှိနေတာကို သိပေမဲ့ လက်ထပ်ဖို့အတွက် ရည်ရွယ်ပြီလားဆိုတာကိုလည်း ပရိသတ်ကိုအသိမပေးဘဲ နေထိုင်သူလည်း ဖြစ်ပါတယ်။

အရာရာကို သိုသိပ်ပြီးနေတတ်သူပီပီ နိုင်ံငံရေးနဲ့ပက်သက်လာရင်လည်း တိတ်ဆိတ် လွန်းနေတာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံေ နရသူလည်း ဖြစ်ပါတယ်။ မင်းသားချော နေတိုးက ဝေဖန်မှုတွေရှိခဲ့ရင်လည်း ဖြေရှင်းချက်ပေးလေ့မရှိဘဲသူလျောက်လှမ်းနေတဲ့ လမ်းကိုသာဂရုစိုက်ပြီး နေထိုင်သူဖြစ်ပါတယ်။ အလှူအတန်းတွေနဲ့ပက်သက်ရင်လည်း လက်မနှေးတတ်တဲ့ မင်းသားချော နေတိုးက ဇွန်လ ၂ရရက်နေ့မှာရန်ကုန်မြို့မှာရှိတဲ့အလိုတော်ပြည့်ဘု န်းကြီးကျောင်းမှာအရှင်ကုမာရဆီကိုအလှူငွေများလှူဒါန်းနေကြောင်းသိရပါတယ်၊

ဘုန်းဘုန်းအရှင်ကုမာရကလဲဒီနေ့မင်းသားနေတိုးရဲ့ကုသိုလ်တော်ကောင်းမူအလိုတော်ပြည့် ပါစေဆိုပြီးတော့လဲဆုပေးထားပါသေးတယ်။ပြီးနောက် နေတိုးကပရိသတ်ကြီးလည်းသာဓုခေါ်ပါနော် ဆိုပြီးလည်း ဖေ့ဘုတ်စာမျက်နှာထက်မှာ တင်လာခဲ့တာ ဖြစ်ပါတယ်။ နေတိုးကိုချစ်တဲ့ ပရိသတ်ကြီးလည်း သာဓုခေါ်ပေးကြပါအုံးနော်…

crd-Cele World