ညၾကီးအခ်ိန္မေတာ္ လင္မယားႏွစ္ေယာက္စီးလာတဲ့ ဆုိင္ကယ္ကုိ မသကၤာလုိ႕ ရွာေဖြ ၾကည့္လုိက္တဲ့အခါ…
ညၾကီးအခ်ိန္မေတာ္ လင္မယား ႏွစ္ေယာက္စီးလာတဲ့ ဆုိင္ကယ္ကုိ မသကၤာလုိ႕ ရွာေဖြ ၾကည့္လုိက္တဲ့အခါ သနားစရာ ေယာက်္ားရဲ႕အျဖစ္ေလးပါ …။
အရမ္းကုိယ္ခ်င္းစာ သနားမိရတဲ့ ကုိယ္ေတြ႕ အျဖစ္အပ်က္ေလး တစ္ခုပါေနာ္ …။
အလုပ္ကျပန္လာ ပုံရပါတယ္။ ေယာက်္ားကုိ ၾကည့္လုိက္ေတာ့ ေနာက္ကုိ ေၾကာက္ေၾကာက္လန္႕လန္႕နဲ႕ ျပန္ၾကည့္တယ္ …။
က်ေတာ္တုိ႕လည္း ဒီလူ သိပ္ရုိးပုံ မရဘူး ဆုိျပီး ဆုိင္ကယ္ကုိ ရပ္ခုိင္းျပီး တားလုိက္ပါတယ္ …။
“ စိတ္မေကာင္းပါဘူးဗ်ာ ဆိုင္ကယ္ Tool box ေလးဖြင့္ျပပါ၊ ရွာပါရေစဆိုေတာ့ ”ဖြင့္ျပတယ္ …။
ပုဆိုးစေလးနဲ႔ပတ္ထားတဲ့ အထုပ္ေလး ဖြင့္ၾကည့္မယ္လုပ္ေတာ့ အတင္း ျပန္ဆြဲလုတယ္ …။
ကိုယ္ေတြလည္း ဘာရမလဲ မူးယစ္ေဆးဝါးျဖစ္မယ္ ဆိုၿပီး ျပန္ဆြဲယူၿပီး ျဖည္ၾကည့္လိုက္ေတာ့မွ
တစ္ေသာင္းတန္ေလးေတြ က်စ္ေနေအာင္လိပ္ထားတာ။ ဥပေဒနဲ႔ မလြတ္ကင္းတာ ဘာမွ မပါရွာပါဘူး …။
ဘာလို႔ မ်က္စိမ်က္ႏွာပ်က္ေနလဲဆိုၿပီး စဥ္းစားေနတုန္း ေနာက္ကပါလာတဲ့သူ႔မိန္းမက အဲ့ပိုက္ဆံက ဘာလုပ္တာလဲေပးဆိုၿပီး
အိတ္ထဲ ေဆာင့္ၾကီးေအာင့္ၾကီးနဲ႕၊ နဂါးမ်က္ေစာင္းလုိ ေယာက်္ားျဖစ္သူကုိ ၾကည့္ျပီး ဆြဲယူ ထည့္လိုက္တယ္ …။
လက္စသတ္ေတာ့ မိန္းမ မသိေအာင္ဘတ္ထားတဲ့ ဘတ္ေငြေတြျဖစ္ေနတာကိုး …။
သူကေတာ့ က်ေတာ္တုိ႕ ေတြကိုေမတၱာပို႔ေနမွာေသခ်ာပါတယ္။ ဒီရဲေတြေမႊလို႔ ငါ့မိန္းမ မသိေေအာင္
ဘတ္ထားတဲ့ ေငြေတြပါသြားၿပီဆိုၿပီးေတာ႔ …။
က်ေတာ္လည္း သူ႕မိန္းမျဖစ္သူကုိ လွမ္းသတိေပး လုိက္ပါတယ္… “အိမ္ေရာက္ရင္ အဲ့ပုိက္ဆံေလး နဲ႔
ေဆးခန္းလုိက္ျပရေအာင္ထိ မလုပ္ပါနဲ႕လုိ႕…”
ရယ္ေမာေပ်ာ္ရႊင္ ျပဳံေပ်ာ္ ၾကပါေစ …။ ။
#Ko Shwe Thura ေလးစားမႈ႕ျဖင့္ မူရင္းကုိ ျပင္ဆင္ျဖည့္စြက္မိပါသည္ …။
#ခရက္ဒစ္
Unicode
ညကြီးအချိန်မတော် လင်မယားနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို မသင်္ကာလို့ ရှာဖွေ ကြည့်လိုက်တဲ့အခါ…
ညကြီးအချိန်မတော် လင်မယား နှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ကို မသင်္ကာလို့ ရှာဖွေ ကြည့်လိုက်တဲ့အခါ သနားစရာ ယောက်ျားရဲ့အဖြစ်လေးပါ …။
အရမ်းကိုယ်ချင်းစာ သနားမိရတဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေး တစ်ခုပါနော် …။
အလုပ်ကပြန်လာ ပုံရပါတယ်။ ယောက်ျားကို ကြည့်လိုက်တော့ နောက်ကို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်ကြည့်တယ် …။
ကျတော်တို့လည်း ဒီလူ သိပ်ရိုးပုံ မရဘူး ဆိုပြီး ဆိုင်ကယ်ကို ရပ်ခိုင်းပြီး တားလိုက်ပါတယ် …။
“ စိတ်မကောင်းပါဘူးဗျာ ဆိုင်ကယ် Tool box လေးဖွင့်ပြပါ၊ ရှာပါရစေဆိုတော့ ”ဖွင့်ပြတယ် …။
ပုဆိုးစလေးနဲ့ပတ်ထားတဲ့ အထုပ်လေး ဖွင့်ကြည့်မယ်လုပ်တော့ အတင်း ပြန်ဆွဲလုတယ် …။
ကိုယ်တွေလည်း ဘာရမလဲ မူးယစ်ဆေးဝါးဖြစ်မယ် ဆိုပြီး ပြန်ဆွဲယူပြီး ဖြည်ကြည့်လိုက်တော့မှ
တစ်သောင်းတန်လေးတွေ ကျစ်နေအောင်လိပ်ထားတာ။ ဥပဒေနဲ့ မလွတ်ကင်းတာ ဘာမှ မပါရှာပါဘူး …။
ဘာလို့ မျက်စိမျက်နှာပျက်နေလဲဆိုပြီး စဉ်းစားနေတုန်း နောက်ကပါလာတဲ့သူ့မိန်းမက အဲ့ပိုက်ဆံက ဘာလုပ်တာလဲပေးဆိုပြီး
အိတ်ထဲ ဆောင့်ကြီးအောင့်ကြီးနဲ့၊ နဂါးမျက်စောင်းလို ယောက်ျားဖြစ်သူကို ကြည့်ပြီး ဆွဲယူ ထည့်လိုက်တယ် …။
လက်စသတ်တော့ မိန်းမ မသိအောင်ဘတ်ထားတဲ့ ဘတ်ငွေတွေဖြစ်နေတာကိုး …။
သူကတော့ ကျတော်တို့ တွေကိုမေတ္တာပို့နေမှာသေချာပါတယ်။ ဒီရဲတွေမွှေလို့ ငါ့မိန်းမ မသိအောင်
ဘတ်ထားတဲ့ ငွေတွေပါသွားပြီဆိုပြီးတော့ …။
ကျတော်လည်း သူ့မိန်းမဖြစ်သူကို လှမ်းသတိပေး လိုက်ပါတယ်… “အိမ်ရောက်ရင် အဲ့ပိုက်ဆံလေး နဲ့
ဆေးခန်းလိုက်ပြရအောင်ထိ မလုပ်ပါနဲ့လို့…”
ရယ်မောပျော်ရွှင် ပြုံပျော် ကြပါစေ …။ ။
#Ko Shwe Thura လေးစားမှု့ဖြင့် မူရင်းကို ပြင်ဆင်ဖြည့်စွက်မိပါသည် …။
#ခရက်ဒစ်