မိန်းမ ၃၈ ယောက်ကို တစ်အိမ်တည်း ထားပေါင်းတဲ့ အမျိုးသားကွယ်လွန်

မိန်းမ ၃၈ ယောက်ကို တစ်အိမ်တည်း ထားပေါင်းတဲ့ အမျိုးသားကွယ်လွန်

မောင်ယဿ

ကမ္ဘာ့ အကြီးဆုံးမိသားစုလို့ မှတ်တမ်း မတင်ထားပေမဲ့ အဲ့လို မှတ်ထင်ရမယ့် ဇနီး ၃၈ ယောက် ၊ သားသမီး ၈၉ ယောက်နဲ့ မြေး ၃၆ ယောက်တို့ရဲ့ ဖခင်ဖြစ်သူက ပြီခဲ့တဲ့ တနင်္ဂနွေနေ့မှာ ဆုံးပါးသွားခဲ့ပါတယ်။

 

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သား ဇီအိုပါချာနာမှာ နလုံး ဆီးချို သွေးတိုးရောဂါတွေ ရှိပေမဲ့ သူက လန်းလန်းဆန်းဆန်းပဲ ရှိနေပါတယ်။

ဒါပေမဲ့ ဇွန်လ ၇ ရက်နေ့မှာ ကောက်ကာငင်ကာ အဖျားဝင်ပြီး အိပ်ရာထဲလဲ ဇွန်လ ၁၁ ရက်နေ့ မှာ သတိမလည်တော့လို့ မိသားစုက ဆေးရုံပို့ခဲ့ပါတယ်။

 

ဆေးရုံရောက်တော့ အရေးပေါ် သွေးသွင်းပေးစရာမရှိလို့ ၁၃ ရက်နေ့ မှာ ကွယ်လွန်သွားခဲ့ပါတယ်၊ သူ က အိပ်ရာထဲလဲပြီး တစ်ပတ်တောင် မပြည့်ခင်မှာပဲ ဆုံးပါးသွားတာပါ။

မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ် က ဇီအိုပါချာနာရဲ့ ဈာပန သတင်းအတွက် အလွန်စိတ်မကောင်း ဖြစ်မိကြောင်း သူ့ရဲ့တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

ကျနော်တို့ မီဇိုရမ်ပြည်ကို နိုင်ငံခြားသားတော်တော်များများက သူတို့ မိသားစုကိုကြည့်ချင်လို့ လာကြတာများတယ်ဗျ၊

သူတို့ရွာကလေး ဘတ်တဝမ်တလဂူရမ်းမှာ တစ်နှစ်ပတ်လုံး နိုင်ငံခြားသားတွေ မပြတ်ဘူးဗျ၊ သူတို့ မိသားစုနဲ့ တွဲပြီး ဓာတ်ပုံအရိုက်ခံဖို့အတွက် မိုင်ပေါင်းများစွာ အဝေးကနေလာကြပါတယ်၊

 

အခုတော့ မစ္စတာဇီအိုအတွက် ကျနော်စိတ်မကောင်း ကြီးစွာဖြစ်ရပါတယ် ၊ ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ” လို့ ဝန်ကြီးချုပ်က ရေးတင်ခဲ့တာပါ။

မစ္စတာ ဇီအိုတို့ မိသားစုကြီးက ကမ္ဘာ့အကြီးဆုံးမိသားစုလို့ မှတ်တမ်းမတင်ထားပေမဲ့ မီဇိုရမ်ကို အလည်လာတဲ့ နိုင်ငံခြားသား တော်တော်များများကသူတို့ ဆီကို အလည်လာပြီး

မှတ်တမ်းဓာတ်ပုံ ရိုက်လေ့ရှိတဲ့ အတွက်ကြောင့် ကမ္ဘာလှည့်ခရီးသည် ဆွဲဆောင်တဲ့ မိသားစုလည်းဖြစ်ပါတယ်။သူတို့ မိသားစုက လေးထပ်တိုက်ကြီး တစ်လုံးထဲမှာပဲ အားလုံးစုနေထိုင်ကြပါတယ်။

သမီးကြီး အချို့ကတော့ အိမ်ထောင်ကျပြီး သူတို့ရဲ့ ခင်ပွန်းသည်တွေအိမ်မှာ လိုက်နေတာကလွဲရင် အားလုံး တစ်စုတစ်ဝေးတည်း နေကြပါတယ်၊ သူတို့ရဲ့ အိမ်မှာ အိပ်ခန်းပေါင်း ရာကျော်ရှိပါတယ်။

မစ္စတာဇီအို က ၁၇ နှစ်အရွယ်မှာ သူ့ထက် အသက် ၃နှစ်ကြီးတဲ့ အမျိုးသမီး တစ်ဦးနဲ့ ၁၉၄၅ခုနှစ်မှာ အိမ်ထောင်ကျခဲ့ပါတယ်၊ ၂၀၀၄ ခုနှစ်မှာ သူနောက်ဆုံး အိမ်ထောင်ပြုခဲ့ပါတယ်။

zawgyi

မိန္းမ ၃၈ ေယာက္ကို တစ္အိမ္တည္း ထားေပါင္းတဲ့ အမ်ိဳးသားကြယ္လြန္

ေမာင္ယႆ

ကမာၻ႔ အႀကီးဆုံးမိသားစုလို႔ မွတ္တမ္း မတင္ထားေပမဲ့ အဲ့လို မွတ္ထင္ရမယ့္ ဇနီး ၃၈ ေယာက္ ၊ သားသမီး ၈၉ ေယာက္နဲ႔ ေျမး ၃၆ ေယာက္တို႔ရဲ႕ ဖခင္ျဖစ္သူက ၿပီခဲ့တဲ့ တနဂၤေႏြေန႔မွာ ဆုံးပါးသြားခဲ့ပါတယ္။

အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္သား ဇီအိုပါခ်ာနာမွာ နလုံး ဆီးခ်ိဳ ေသြးတိုးေရာဂါေတြ ရွိေပမဲ့ သူက လန္းလန္းဆန္းဆန္းပဲ ရွိေနပါတယ္။

ဒါေပမဲ့ ဇြန္လ ၇ ရက္ေန႔မွာ ေကာက္ကာငင္ကာ အဖ်ားဝင္ၿပီး အိပ္ရာထဲလဲ ဇြန္လ ၁၁ ရက္ေန႔ မွာ သတိမလည္ေတာ့လို႔ မိသားစုက ေဆး႐ုံပို႔ခဲ့ပါတယ္။

ေဆး႐ုံေရာက္ေတာ့ အေရးေပၚ ေသြးသြင္းေပးစရာမရွိလို႔ ၁၃ ရက္ေန႔ မွာ ကြယ္လြန္သြားခဲ့ပါတယ္၊ သူ က အိပ္ရာထဲလဲၿပီး တစ္ပတ္ေတာင္ မျပည့္ခင္မွာပဲ ဆုံးပါးသြားတာပါ။

မီဇိုရမ္ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ က ဇီအိုပါခ်ာနာရဲ႕ ဈာပန သတင္းအတြက္ အလြန္စိတ္မေကာင္း ျဖစ္မိေၾကာင္း သူ႔ရဲ႕တြစ္တာမွာ ေရးတင္ခဲ့ပါတယ္။

က်ေနာ္တို႔ မီဇိုရမ္ျပည္ကို ႏိုင္ငံျခားသားေတာ္ေတာ္မ်ားမ်ားက သူတို႔ မိသားစုကိုၾကည့္ခ်င္လို႔ လာၾကတာမ်ားတယ္ဗ်၊

သူတို႔႐ြာကေလး ဘတ္တဝမ္တလဂူရမ္းမွာ တစ္ႏွစ္ပတ္လုံး ႏိုင္ငံျခားသားေတြ မျပတ္ဘူးဗ်၊ သူတို႔ မိသားစုနဲ႔ တြဲၿပီး ဓာတ္ပုံအ႐ိုက္ခံဖို႔အတြက္ မိုင္ေပါင္းမ်ားစြာ အေဝးကေနလာၾကပါတယ္၊

အခုေတာ့ မစၥတာဇီအိုအတြက္ က်ေနာ္စိတ္မေကာင္း ႀကီးစြာျဖစ္ရပါတယ္ ၊ ၿငိမ္းခ်မ္းစြာ အနားယူႏိုင္ပါေစ” လို႔ ဝန္ႀကီးခ်ဳပ္က ေရးတင္ခဲ့တာပါ။

မစၥတာ ဇီအိုတို႔ မိသားစုႀကီးက ကမာၻ႔အႀကီးဆုံးမိသားစုလို႔ မွတ္တမ္းမတင္ထားေပမဲ့ မီဇိုရမ္ကို အလည္လာတဲ့ ႏိုင္ငံျခားသား ေတာ္ေတာ္မ်ားမ်ားကသူတို႔ ဆီကို အလည္လာၿပီး

မွတ္တမ္းဓာတ္ပုံ ႐ိုက္ေလ့ရွိတဲ့ အတြက္ေၾကာင့္ ကမာၻလွည့္ခရီးသည္ ဆြဲေဆာင္တဲ့ မိသားစုလည္းျဖစ္ပါတယ္။သူတို႔ မိသားစုက ေလးထပ္တိုက္ႀကီး တစ္လုံးထဲမွာပဲ အားလုံးစုေနထိုင္ၾကပါတယ္။

သမီးႀကီး အခ်ိဳ႕ကေတာ့ အိမ္ေထာင္က်ၿပီး သူတို႔ရဲ႕ ခင္ပြန္းသည္ေတြအိမ္မွာ လိုက္ေနတာကလြဲရင္ အားလုံး တစ္စုတစ္ေဝးတည္း ေနၾကပါတယ္၊ သူတို႔ရဲ႕ အိမ္မွာ အိပ္ခန္းေပါင္း ရာေက်ာ္ရွိပါတယ္။

မစၥတာဇီအို က ၁၇ ႏွစ္အ႐ြယ္မွာ သူ႔ထက္ အသက္ ၃ႏွစ္ႀကီးတဲ့ အမ်ိဳးသမီး တစ္ဦးနဲ႔ ၁၉၄၅ခုႏွစ္မွာ အိမ္ေထာင္က်ခဲ့ပါတယ္၊ ၂၀၀၄ ခုႏွစ္မွာ သူေနာက္ဆုံး အိမ္ေထာင္ျပဳခဲ့ပါတယ္။