သူငယ်ချင်းဖြစ်သူ ရေမွန်ရဲ့ လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ သရုပ်ဆောင် မေ..

ကြယ္လြန္တာေတာင္ ရက္ပိုင္းပဲရွိေသးတဲ့ သူငယ္ခ်င္းျဖစ္သူ ေရမြန္ရဲ႔ လူမႈကြန္ယက္မွာပ်ံ႔ႏွံ႔ေနတဲ့ သတင္းေတြေၾကာင့္ စိတ္မေကာင္းျဖစ္ေနတဲ့ သရုပ္ေဆာင္ ေမ..

က်န္းမာေရးအေျခအေနေၾကာင့္ ႐ုတ္တရက္ ကြယ္လြန္သြားတဲ့ အဆိုေတာ္ ေရမြန္အတြက္ ပရိသတ္ေတြသာမကဘဲအႏုပညာအသိုင္းအဝိုင္းက ညီအစ္ကိုေမာင္ႏွမမ်ားအားလုံးကပါ ႏွေမ်ာတသ ျဖစ္ခဲ့ၾကတာ ျဖစ္ပါတယ္။

လူေသသြားေသာ္လည္း နာမည္မေသသြားတဲ့ ေရမြန္ရဲ႕ သီခ်င္းေတြကို အခုထိ အားေပးနားဆင္ေနၾကတာ ျဖစ္ပါတယ္။ ေရမြန္ကို ခ်စ္ၾကသူမ်ားအားလုံးက သူ႔အတြက္ ရည္႐ြယ္ၿပီး ကမာၻေျမကို အက်ိဳးျပဳေစတဲ့ သစ္ပင္ေလးေတြကိုယ္စီစိုက္ပ်ိဳးၾကဖို႔ Raymond Tree ဆိုတဲ့ campaign တစ္ခု ျပဳလုပ္ခဲ့ၾကတာ ျဖစ္ပါတယ္။

ေရမြန္ကြယ္လြန္တာ ရက္ပိုင္းပဲ ရွိေသးေပမယ့္ သူနဲ႔ ပတ္သက္တဲ့ တစ္ခ်ိဳ႕အေၾကာင္းအရာေတြဟာ Facebook ေပၚတြင္ အခုထိ မၿငိမ္သက္ေသးပဲ ေျပာေနၾကဆဲ ျဖစ္ပါတယ္။ မေန႔ညကလည္း အဆိုေတာ္ ေမရဲ႕ Facebook Page တြင္ သူ႔သူငယ္ခ်င္းနဲ႔ ပတ္သက္ၿပီး ခံစားေနရတဲ့အေၾကာင္းေလးေတြကို ဖြင့္ဟေျပာျပလာတာ ျဖစ္ပါတယ္။ ဒါကေတာ့ လူမႈကြန္ယက္တြင္ လတ္တေလာ ျမင္ေနရတဲ့သတင္းေတြေၾကာင့္ သူငယ္ခ်င္းျဖစ္သူ ေရမြန္အတြက္ စိတ္မေကာင္းျဖစ္ေနေၾကာင္း ေျပာျပထားတာ ျဖစ္ပါတယ္။

” တြတ္ပီရဲ႕ “သဘာဝနဲ႔ငါ” သီခ်င္းကိုနားေထာင္ခ်င္တယ္.. သူ Live မွာေျပာသြားတာ ဒီ society ႀကီးကို စိတ္ကုန္ၿပီးသဘာဝနဲ႔နီးတဲ့ေနရာကို တစ္ေယာက္ထဲ ဒိုးသြားတဲ့အေၾကာင္းတဲ့.. အခု ဒီ societyႀကီး က သူသြားတာေတာင္ရက္ပိုင္းပဲရွိေသးတယ္ ျဖစ္ေနၾကတဲ့ပြဲေတြကို

သူသိရင္လည္း စိတ္ေကာင္းမယ္မထင္ဘူး..” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ေမကလည္း အခုလိုပြဲေတြ ျဖစ္ေနတာထက္စာရင္ ေရမြန္ရဲ႕ ဘယ္သီခ်င္းေတြကို အႀကိဳက္ဆုံးျဖစ္ခဲ့ေၾကာင္းနဲ႔ ဘယ္ show မွာ ဘယ္လိုအားေပးခဲ့တာေတြ ေရးသားၾကမယ္ဆိုရင္ သူလည္း ပိုသေဘာက်မွာ ထင္ေၾကာင္း ေျပာျပထားတာပါ။

ေရမြန္နဲ႔ဆုံျဖစ္လို႔ သီခ်င္းဆိုခိုင္းတဲ့ အခါတိုင္းလည္း ” ခ်န္ခဲ့ကလြဲလို႔ တျခားသီခ်င္းေတာင္းၾကဟာတဲ့.. သူခဏခဏဆိုရလို႔ မဆိုခ်င္ဘူးတဲ့ သူေျပာတာေလး မွတ္မိလိုက္လို႔ပါ” ဆိုၿပီး အမွတ္တရအခ်ိဳ႕ကိုလည္း သတိတရနဲ႔ ေရးသားေျပာျပထားတာ ျဖစ္ပါတယ္။ ေရမြန္တစ္ေယာက္ ေကာင္းကင္ဘုံမွာေအးခ်မ္းစြာ အနားယူႏိုင္ပါေစလို႔ ဆုေတာင္းေပးရင္း ဒီသတင္းေလးကို တင္ဆက္ေပးလိုက္ ရပါတယ္။

Source and Photo Crd-May’s Facebook Page
crd

Unicode

ကွယ်လွန်တာတောင် ရက်ပိုင်းပဲရှိသေးတဲ့ သူငယ်ချင်းဖြစ်သူ ရေမွန်ရဲ့ လူမှုကွန်ယက်မှာပျံ့နှံ့နေတဲ့ သတင်းတွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ သရုပ်ဆောင် မေ..

ကျန်းမာရေးအခြေအနေကြောင့် ရုတ်တရက် ကွယ်လွန်သွားတဲ့ အဆိုတော် ရေမွန်အတွက် ပရိသတ်တွေသာမကဘဲအနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမများအားလုံးကပါ နှမျောတသ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

လူသေသွားသော်လည်း နာမည်မသေသွားတဲ့ ရေမွန်ရဲ့ သီချင်းတွေကို အခုထိ အားပေးနားဆင်နေကြတာ ဖြစ်ပါတယ်။ ရေမွန်ကို ချစ်ကြသူများအားလုံးက သူ့အတွက် ရည်ရွယ်ပြီး ကမ္ဘာမြေကို အကျိုးပြုစေတဲ့ သစ်ပင်လေးတွေကိုယ်စီစိုက်ပျိုးကြဖို့ Raymond Tree ဆိုတဲ့ campaign တစ်ခု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေမွန်ကွယ်လွန်တာ ရက်ပိုင်းပဲ ရှိသေးပေမယ့် သူနဲ့ ပတ်သက်တဲ့ တစ်ချို့အကြောင်းအရာတွေဟာ Facebook ပေါ်တွင် အခုထိ မငြိမ်သက်သေးပဲ ပြောနေကြဆဲ ဖြစ်ပါတယ်။ မနေ့ညကလည်း အဆိုတော် မေရဲ့ Facebook Page တွင် သူ့သူငယ်ချင်းနဲ့ ပတ်သက်ပြီး ခံစားနေရတဲ့အကြောင်းလေးတွေကို ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။ ဒါကတော့ လူမှုကွန်ယက်တွင် လတ်တလော မြင်နေရတဲ့သတင်းတွေကြောင့် သူငယ်ချင်းဖြစ်သူ ရေမွန်အတွက် စိတ်မကောင်းဖြစ်နေကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

” တွတ်ပီရဲ့ “သဘာဝနဲ့ငါ” သီချင်းကိုနားထောင်ချင်တယ်.. သူ Live မှာပြောသွားတာ ဒီ society ကြီးကို စိတ်ကုန်ပြီးသဘာဝနဲ့နီးတဲ့နေရာကို တစ်ယောက်ထဲ ဒိုးသွားတဲ့အကြောင်းတဲ့.. အခု ဒီ societyကြီး က သူသွားတာတောင်ရက်ပိုင်းပဲရှိသေးတယ် ဖြစ်နေကြတဲ့ပွဲတွေကို

သူသိရင်လည်း စိတ်ကောင်းမယ်မထင်ဘူး..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ မေကလည်း အခုလိုပွဲတွေ ဖြစ်နေတာထက်စာရင် ရေမွန်ရဲ့ ဘယ်သီချင်းတွေကို အကြိုက်ဆုံးဖြစ်ခဲ့ကြောင်းနဲ့ ဘယ် show မှာ ဘယ်လိုအားပေးခဲ့တာတွေ ရေးသားကြမယ်ဆိုရင် သူလည်း ပိုသဘောကျမှာ ထင်ကြောင်း ပြောပြထားတာပါ။

ရေမွန်နဲ့ဆုံဖြစ်လို့ သီချင်းဆိုခိုင်းတဲ့ အခါတိုင်းလည်း ” ချန်ခဲ့ကလွဲလို့ တခြားသီချင်းတောင်းကြဟာတဲ့.. သူခဏခဏဆိုရလို့ မဆိုချင်ဘူးတဲ့ သူပြောတာလေး မှတ်မိလိုက်လို့ပါ” ဆိုပြီး အမှတ်တရအချို့ကိုလည်း သတိတရနဲ့ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ ရေမွန်တစ်ယောက် ကောင်းကင်ဘုံမှာအေးချမ်းစွာ အနားယူနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May’s Facebook Page
crd