နွေဦးတော်လှန်ရေးလမ်းခုလတ်တွင် ကျဆုံးခဲ့သော ဂီတအနုပညာရှင် “ရေမွန်” အတွက် သူငယ်ချင်းများရဲ့ အမှတ်တရစကား(ရုပ်သံ)….

အင်မတန် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ခလေး၊ လူကြီးကနေ ကလေးတွေထိ ခင်ခင်မင်မင်ပေါင်းတယ်၊ တွတ်ပီလိုအဖြစ်မျိုး ဘဘ်သူ့ကိုမှလည်းမကြုံစေချင်ဘူး၊ မခံချင်လည်းဖြစ်တယ်၊ မခံစားနိုင်ဘူး တကယ်ရင်ကျိုးရတယ်” R ဇာနည်

“ညီလေး တွတ်ပီ အခုလိုဖြစ်သွားတဲ့အတွက် တော်တော်စိတ်မကောင်းဖြစ်ရပါတယ်၊ ပထမတော့ မယုံဘူး ဒါပေမယ့် ယုံလိုက်ရတယ်၊ ဂီတလောကအတွက် အဖိုးမဖြတ်နိုင်တဲ့ လူငယ် တစ်ယောက်ဆုံးရှုံးရတယ်၊ ညီလေး ကောင်းရာမွန်ရာရောက်နေမယ်လို့ ဆုတောင်းပါတယ်၊ လူပြန်ဖြစ်ရင်လည်း ဂီတသမားတယောက်ဖြစ်ပါစေ” ရန်ရန်ချမ်း

” သူ့နာမည်က သိမ်းရှာ၊ ကျနော့်နာမည်က ပျောက်ရှာ၊ သူက ပစ္စည်းတွေသိမ်းပြီးတော့ အဲဗားပျောက်နေတာ၊ ကျနော်ကတော့ ဟိုနေရာမှာ ပစ္စည်းကျန် ဒီမှာ ပစ္စည်းကျန် အမြဲရှာရပြီ၊ သူက သိမ်းပြီးတော့ ရှာရတာ ကျနော်က ပျောက်ပြီးရှာရတာ သိမ်းရှာနဲ့ ပျောက်ရှာပေါ့၊ ကိုတွတ်ကြိုက်တဲ့ ရော့ခ်စတားတွေ ခါ့ကိုဗိန်း၊ ချက်စတာ၊ ဦးငှက် တို့နဲ့ စကားစမည်ပြောရင်း ကျနော်တို့လာတာကို စောင့်မြှော်ပေးပါ” နိုဗန်ထူး

ကြည့်နေရင်းနဲ့ မျက်ရည်ကျလာတယ် ဘဝမှာ တစ်ခါမှ သူစိမ်းတစ်ယောက်ဆုံးရှုံးရတာကို မငိုခဲ့ဘူး ဒါပထမဆုံးပဲ ရင်ထဲမှာ ဟာတာတာကြီး

ဂီတ ပရိတ်သတ်တွေအတွက်ကတော့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုပဲ၊ ကိုတွတ် လိုချင်တဲ့ ဒီမိုကရေစီလဲ အမြန်ဆုံးရရှိပါစေ နောက်ဘဝမှာလဲ တရားမျှတမှုရှိတဲ့ လူသားချင်းစာနာတတ်တဲ့နိူင်ငံမှာပဲ ချစ်တဲ့ဂီတနဲ့ပြန်လည်မွေးဖွားနိုင်ပါစေ

zawgyi

“အင္မတန္ ေပါင္းသင္းဆက္ဆံေရးေကာင္းတဲ့ ခေလး၊ လူႀကီးကေန ကေလးေတြထိ ခင္ခင္မင္မင္ေပါင္းတယ္၊ တြတ္ပီလိုအျဖစ္မ်ိဳး ဘဘ္သူ႔ကိုမွလည္းမႀကဳံေစခ်င္ဘူး၊ မခံခ်င္လည္းျဖစ္တယ္၊ မခံစားႏိုင္ဘူး တကယ္ရင္က်ိဳးရတယ္” R ဇာနည္

“ညီေလး တြတ္ပီ အခုလိုျဖစ္သြားတဲ့အတြက္ ေတာ္ေတာ္စိတ္မေကာင္းျဖစ္ရပါတယ္၊ ပထမေတာ့ မယုံဘူး ဒါေပမယ့္ ယုံလိုက္ရတယ္၊ ဂီတေလာကအတြက္ အဖိုးမျဖတ္ႏိုင္တဲ့ လူငယ္ တစ္ေယာက္ဆုံးရႈံးရတယ္၊ ညီေလး ေကာင္းရာမြန္ရာေရာက္ေနမယ္လို႔ ဆုေတာင္းပါတယ္၊ လူျပန္ျဖစ္ရင္လည္း ဂီတသမားတေယာက္ျဖစ္ပါေစ” ရန္ရန္ခ်မ္း

” သူ႔နာမည္က သိမ္းရွာ၊ က်ေနာ့္နာမည္က ေပ်ာက္ရွာ၊ သူက ပစၥည္းေတြသိမ္းၿပီးေတာ့ အဲဗားေပ်ာက္ေနတာ၊ က်ေနာ္ကေတာ့ ဟိုေနရာမွာ ပစၥည္းက်န္ ဒီမွာ ပစၥည္းက်န္ အၿမဲရွာရၿပီ၊ သူက သိမ္းၿပီးေတာ့ ရွာရတာ က်ေနာ္က ေပ်ာက္ၿပီးရွာရတာ သိမ္းရွာနဲ႔ ေပ်ာက္ရွာေပါ့၊ ကိုတြတ္ႀကိဳက္တဲ့ ေရာ့ခ္စတားေတြ ခါ့ကိုဗိန္း၊ ခ်က္စတာ၊ ဦးငွက္ တို႔နဲ႔ စကားစမည္ေျပာရင္း က်ေနာ္တို႔လာတာကို ေစာင့္ေျမႇာ္ေပးပါ” ႏိုဗန္ထူး

ၾကည့္ေနရင္းနဲ႔ မ်က္ရည္က်လာတယ္ ဘဝမွာ တစ္ခါမွ သူစိမ္းတစ္ေယာက္ဆုံးရႈံးရတာကို မငိုခဲ့ဘူး ဒါပထမဆုံးပဲ ရင္ထဲမွာ ဟာတာတာႀကီး

ဂီတ ပရိတ္သတ္ေတြအတြက္ကေတာ့ ႀကီးမားတဲ့ဆုံးရႈံးမႈႀကီးတစ္ခုပဲ၊ ကိုတြတ္ လိုခ်င္တဲ့ ဒီမိုကေရစီလဲ အျမန္ဆုံးရရွိပါေစ ေနာက္ဘဝမွာလဲ တရားမွ်တမႈရွိတဲ့ လူသားခ်င္းစာနာတတ္တဲ့ႏိူင္ငံမွာပဲ ခ်စ္တဲ့ဂီတနဲ႔ျပန္လည္ေမြးဖြားႏိုင္ပါေစ